တစ်နှစ်ပြည့်သွားသော steemit account လေး

in #myanmar6 years ago (edited)

မနေ့က steemitမှစာများကို လိုက်လံဖတ်ရှု့ရင်း မမမြန်မာ၏one year anniversary postကို ဖတ်မိတော့ ကျွန်မရဲ့ steemit account လေးသည်လည်း တစ်နှစ်ခန့်ရှိပြီဆိုတာ သတိရမိသွားပါသည်။မနှစ်က ဇူလိုင်လလောက်တွင် ဖွင့်ခဲ့သော ကျွန်မ၏account လေးသည် ယခုအခါ တစ်နှစ်ခန့်ပြည့်ပြီဟု ဆိုနိုင်လေသည်။

Photo credit-

online ငွေရှာ group တစ်ခုထဲမှ leader အကိုဟင်နရီအောင်၏ steemit အကြောင်းတင်ထားသော postsများကို တွေ့မိရာမှ စိတ်ဝင်စားကာ တစ်ဖြည်းဖြည်းနဲ့ steemit account လေး စတင်ဖွင့်ဖြစ်ခဲ့သည်။စစချင်း မဝံ့မရဲနှင့်တင်ထားသော introducing postလေးကို leaderနှင့် msc admins များ ,အခြား မြန်မာ steemit account ပိုင်ရှင်များ,နိုင်ငံခြားမှ account ပိုင်ရှင်များက commentsများရေးကာ အားပေးချီးကျူးကြိုဆိုကြတော့ ဝမ်းသာအားရခဲ့သည်။အထူးသဖြင့် leaderရဲ့ a very good introducing postဆိုသော ချီးကျူးမှု့လေးကိုတွေ့ရတော့ စစချင်းဝင်လာသော အသစ်တစ်ယောက်အနေနဲ့ ခွန်အားရသလို ဖြစ်ကာ ဝမ်းသာ အားတက်ခဲ့ရပါသည်။

ဒီလိုနဲ့ စစချင်းpostလေးမှာပဲ admin အကိုသက်ကိုဇော်၏ သူရဲ့facebook account link လေးကိုချပေးပြီး friend လုပ်ကာ မသိတာမေးမြန်းနိုင်ပါသည် ဟူသော စာသားကြောင့် အကိုသက်ကိုဇော်၏facebook account အား friend လုပ်ကာ မသိတာတွေ မေးမြန်းခဲ့ရသည်။နောက်တော့ အကိုသက်ကိုဇော်ပဲထည့်ပေးလို့ steemit myanmar chat groupထဲဝင်ရောက်လာနိုင်ခဲ့သည်။Groupထဲရောက်တော့ adminsများနှင့် မြန်မာ steemit account ပိုင်ရှင် အမည်များကို ပိုမိုသိရှိလာရသည်။မသိရှိရင်လည်း မေးမြန်းနိုင်လာသည်။

ဒီလိုနဲ့ ကျွန်မ proတွေလည်း ရရှိလာသည်။စစချင်းတုန်းကတော့ မိမိကိုယ်ကို စာသိပ်မရေးနိုင်ဘူးဟုဆိုကာစာ သိပ်မရေးဖြစ်။အဲ့ဒီ့တုန်းက proကတော့ ၈ဒေါ်လာ,၉ဒေါ်လာခန့်ရသည်။pro ကောင်းကောင်းရသော ကာလဖြစ်သည်။proကောင်းကောင်းရသော်လည်း ကျွန်မက သိပ်မရေးဖြစ်တော့ သူများတွေလို sbdတွေ,spတွေ အများကြီး မရှာဖွေမစုဆောင်းနိုင်ခဲ့ပါ။အဲ့ဒီ့ပထမproရပ်ပြီး နှစ်လလောက်အကြာ နောက်proတစ်ခုထပ်ရတော့မှ အရင်က သိပ်မရေးဘဲ sbdတွေspတွေ သူများလောက် မစုဆောင်းနိုင်ခဲ့တာ နောင်တရပြီး ယခုရသည့် proကိုတော့ တတ်နိုင်သမျှ ကြိုးစားရေးတင်နေခဲ့သည်။

ယခုချိန်မှာတော့ သူများတွေလို sbdတွေspတွေ အများကြီးမဟုတ်သော်လည်း အနည်းအပါးတော့ ရှာဖွေစုဆောင်းသိမ်းဆည်းနိုင်ခဲ့ပြီ။ဘာပဲဖြစ်ဖြစ် ကိုယ့်ခွန်ကိုယ့်အား ကိုယ့်ဥာဏ်စွမ်းအားနှင့်ကြိုးစားရှာဖွေထားတာလေးမို့ ဘယ်လောက်ပဲဖြစ်ဖြစ် ရသမျှလေးကိုတော့ ဂုဏ်ယူကျေနပ်ဝမ်းသာသည်။ဈေးတက်လာလျှင် တိုးလာသော amount လေးကိုကြည့်ပြီး ပို၍ဝမ်းသာရသည်။ဈေးကျသွားလျှင်တော့ မျက်လုံးများမှာ estimate valueဆိုသော နေရာလေးကို မကြည့်မိအောင် ရှောင်လွဲနေမိလေသည်။

ကျွန်မ steemitမှာ စာရေးသားနေချိန်အတွင်း MSCမှလူများ တစ်ဖြည်းဖြည်းနဲ့လျော့နည်းလာတာကို တွေ့ရသည်ကိုလည်း စိတ်မကောင်းဖြစ်မိပါသည်။လူချင်းမရင်းနှီးသော်လည်း သူတို့စာများဖတ်နေကျမို့ စာကြောင့်စိတ်ထဲရင်းနှီးသလို ခံစားရကာ တစ်ယောက်ထွက်ထွက်သွားလျှင် ကျွန်မစိတ်ထဲမှာလည်း သူငယ်ချင်းတစ်ယောက် ကိုယ်နဲ့ခရီးဝေးထွက်သွားသည့်အခါ ခံစားရသလို ဟာလာဟင်းလင်းဖြစ်ပြီးကျန်ကျန်နေခဲ့ပါသည်။အဖွဲ့သားများအတွက် sbdများ,spများ ရအောင် အချိန်ကုန်,ငွေကုန်,လူပင်ပန်း,စိတ်ပင်ပန်းခံကာ အားစိုက်လုပ်ကိုင်ပေးနေသော leaderနှင့် adminaများဆိုလျှင် အဖွဲ့သားများထွက်ထွက်သွားခြင်းအတွက် ပို၍ခံစားရမည်ထင်ပါသည်။

အခုချိန်မှာတော့ MSCမှ ကူညီပံ့ပိုးမှု့,ကျွန်မ၏ကြိုးစားအားထုတိမှု့များနှင့် myothuzarဟု အမည်တွင်သော ဒီaccountလေးသည် အတိုင်းအတာတစ်ခုထိတော့ ခရီးရောက်နေခဲ့ပါပြီ။ရှေ့ဆက်ပြီးလည်း ခရီးရောက်အောင် တတ်နိုင်သမျှ ရွေ့ရှားခရီးနှင်နေဦးမည်။ဒီအချိန်အထိ ဒီaccountလေးအသက်ဝင်လှုပ်ရှားနိုင်အောင်,ရှာဖွေစုဆောင်းနိုင်အောင် ဝိုင်းဝန်းကူညီပေးသော MSC leaderနှင့် adminsများ,steemit account ပိုင်ရှင် သူငယ်ချင်းညီအကို မောင်နှမများအားလုံးကိုလည်း ကျေးဇူးတင်ပါသည်ဟု ဆိုရင်း စာလေးကို နိဂုံးချုပ်လိုက်ပါတော့မည်။

Photo credit-https://upload.wikimedia.org/

Author-myothuzar,MSC-033

Sort:  

တစ်နှစ်ပြည့် ခရီးလျှောက်လှမ်းခဲ့ခြင်းအတွက် ဂုဏ်ယူပါတယ်ဗျာ။

ဟုတ်ကဲ့။

myothuzarအောင်မြင်ပါစေ

ဟုတ် ကျေးဇူးပါ အန်တီ။

နောင်တစ်ချိန်တော့ ကိုယ်စိုက်ထားတဲ့ steemit အပင်ကြီးရဲ့အသီးအပွင့်တွေကို ခံစားရမယ်လို့မျော်လင့်ထားပါတယ်ဗျာ

ဟုတ်ပါတယ်။မျှော်လင့်ချက်တွေနဲ့ ခရီးဆက်လျက်ပါ။

တစ်နှစ်ပြည့်သွားသော steemit account လေး ဆိုလို့
ဟင် ...ဒါ မနေ့က မမမြန်မာရဲ့ ပို့စ် အမည်ပဲ ကော်ပီများလား
တစ်ဦးတည်းများလား တွေးထင်မိရင်း ဖတ်လိုက်တော့မှ ...

သူ့ဟာဖတ်ရင်း ကိုယ်လည်း အဲ့လိုရေးဖို့ idea ရသွားခြင်း။

ဘာလိုလိုနဲ့တစ်နှစ်ပြည့်ခဲ့ပြီကော

ဟုတ်တယ် ဦး။

ကျွန်တော်လုပ်တာကတော့ခြောက်လလောက်ပဲရှိသေးတယ် သင်္ကြန်ရောက်ပါစေတောင်ဆုတောင်းမိတယ်
သင်္ကြန်တုန်းကSBDဈေးလှိမ့်တက်တာကို
ကြုံခဲ့ရလို့

ဟုတ်တယ်။ကျွန်မလည်း ဈေးတက်တာကို မျှော်နေပါတယ်။

ဟုတ်ပ ကျွန်တော်တို့တတွေ လျောက်လှမ်းလာခဲ့တာ တနှစ်ပြည့်ခဲ့ပြီပဲ။ အောင်မြင်ပါစေဗျာ။

ဟုတ်ကဲ့။

@myothuzar I gave you an upvote on your post! Please give me a upvote and I will give you a follow in return and possible future votes!

Thank you in advance!

သြော် ဘော်ဒါတွေ တနှစ်ပြည့်သွားပြီကော
ဝမ်းသာပါတယ်ဗျာ
ရှေ့လျှောက်အောင်မြင်မှုရပါစေ

ဟုတ်။ဒီစာရေးတုန်း အကို့ကိုတောင် သတိရမိတယ်။တစ်groupထဲ တူတူ စာရေးခဲ့ တာ ဆိုတော့။

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.033
BTC 64550.89
ETH 3156.32
USDT 1.00
SBD 4.30