ချည်ကြိုးပုတီးစေ့ လက်ကောက်လုပ်နည်း အပိုင်း(၂)

in #myanmar6 years ago (edited)

image

ယခင်အပတ်ကတင်ပေးထားသော လက်ကောက်လုပ်နည်းအဆက် ဒုတိယပိုင်းလေးပါ။

နောက်တစ်ရစ်အတွက် ထိုနည်းအတိုင်း တစ်ဖက်က ကြိုးစကို နှစ်ချောင်းပူးကြိုးအောက်ကနေ တစ်ဖက်ကိုသွင်း ကွင်းလိုပုံစံပေါ်။တစ်ဖက်ကကြိုးစကိုတော့ အခြားတစ်ဖက်ကွင်းလိုဖြစ်နေသည့်အထဲထည့်ရန် နှစ်ချောင်းပူးကြိုးနှစ်စအပေါ်ကနေယူကာ ထည့်သွင်းပါ။ပြီးလျှင် တင်းတင်းဆွဲပါ။နောက်တစ်ရစ်ရပါပြီ။

အရစ်များကိုလုပ်ရာတွင် ပထမအကြိမ်ညာဘက်ကကြိုးစကို နှစ်ချောင်းပူးကြိုးအောက်သို့ ထည့်သွင်းပြီးလုပ်လျှင် ဒုတိယအကြိမ်လုပ်ရာတွင် ဘယ်ဘက်ကစပြီးလုပ်ပါ။ထိုသို့တစ်ဖက်တစ်ချက် အပြန်အလှန်လုပ်သွားပါ။

image
တစ်လက်မခန့်ရလျှင် ရပ်လိုက်ပါ။ပြီးလျှင် ခရစ်စတယ်ပုတီးစေ့အဖြူအသေးလေးများ(ခရစ်စတယ်စေ့လေးများကိုသိမ်ကြီးဈေး၂၅လမ်း,၂၆လမ်းတွင် ဝယ်ယူနိုင်သည်။)ယူ၍ ကြိုးတစ်ဖက်တစ်ချက်စီမှာထည့်ပြီး အပေါ်ကအရစ်လုပ်နည်းအတိုင်း ကြိုးကို ထည့်ပြီးလုပ်ပါ။တစ်လက်မခန့်အထိ ပုတီးစေ့လေးတွေသီပြီးအရစ်လေးတွေ လုပ်ပါ။

ထိုသို့ ၁လက်မခန့်စီရှိသော ပုတီးစေ့လေးတွေသီပြီးလုပ်ထားသော အရစ်,ရိုးရိုးအရစ်များကို တစ်လက်မစီခန့် တစ်လှည့်စီလုပ်ပေးပြီး ကိုယ်လိုချင်သော အရှည်ရောက်လျှင် ရပ်လိုက်ပါ။သတင်းစာမှာ ချည်ထားသော ကြိုးကိုဖြတ်လိုက်ပါက သီထားသောအရစ်များနှင့် လက်ကောက်ကြိုးအရှည် ပုံစံထွက်လာပါလိမ့်မည်။ပြီးလျှင် အရစ်များ ထပ်လုပ်ရန်မလိုတော့သဖြင့် အရစ်လုပ်ရန်အသုံးပြုထားသောကြိုး၏ဘေးစနှစ်ဖက်ကို ကတ်ကျေးဖြင့်ဖြတ်လိုက်ပါ။နည်းနည်းသပ်သပ်ရပ်ရပ်ဖြစ်သွားစေရန် မီးလေးနှင့်တို့ပြီးအနားသပ်ပေးပါ။ကော်တောင့်တို့ glue gunတို့ ရှိပါက ထိုအရာများနှင့်တို့ပြီး အနားသပ်ပေးပါက ပို၍သေသပ်ခိုင်ခံ့ပါသည်။

image
လက်ကောက်လုပ်ထားသောကြိုးစနှစ်ဖက်ကိုလည်း တစ်ဖက်၃လက်မခန့်စီချန်ပြီး ဖြတ်လိုက်ပါ။ထိပ်လေးမှာ အတုံးလေးဖြစ်သွားအောင် သီလိုက်ပါ။ထိုသီထားသော ကြိုးစနှစ်ဖက်နှင့်လက်ကောက်လေးကို အဝိုင်းပုံစံ ပြုလုပ်၍ ကြိုးစနှစ်ဖက်ကိုလည်း တစ်ခုပေါ်တစ်ခုတင်လိုက်ပါ။ထို့နောက်ကြိုးစအတိုလေးတစ်ခုယူပြီး ထိုကြိုးစနှစ်ဖက်ပေါ်တွင် သီပြီးအရစ်အနည်းငယ်လုပ်ပါ။အရစ်လေးငါးခုလောက်ရရင် ရပ်ပြီး ပိုသောကြိုးစများကိုဖြတ်လိုက်ပါ။ဖြတ်စလေးမျာကို သပ်သပ်ရပ်ရပ်ဖြစ်အောင် မီးနှင့်တို့ပေးပါ။ကော်တောင့်တို့ glue gun တို့ရှိရင်လည်း ထိုအရာများနှင့်တို့ပေးပါ။

image
နောက်ဆုံးအထက်ပါ ပုံစံအတိုင်းရပါက မိမိတို့လိုချင်သော လက်ကောက်တစ်ခု ရပါပြီ။

Author-myothuzar,MSC-033

Sort:  

ကိုယ်တိုင်လုပ်လို့ရတဲ့ လက်မှုပညာလေးတွေ မျှဝေပေးလို့ကျေးဇူးတင်ပါတယ် မမျိုးရေ

ဟုတ်ကဲ့ မဇင်။

အမရေ မင်ဂါပါ

ဟုတ်ကဲ့။မင်္ဂလာပါ။

Thank for sharing

Yes.Thank you.

လုပ်ေ၇ာင်းလားအား​ပေးမယ်​:-)

အိမ်မှာပဲ နည်းနည်းပါးပါးရောင်းတယ်။

မိုက်တယ်နော်

ဟုတ်ကဲ့။ကျေးဇူး

ဝိုး မိုက်ဒေဗျာ...

ဟုတ်ကဲ့။ကျေးဇူး။

နောက်လည်း လက်မှုပညာလေးတွေတင်ပေးနော်

ဟုတ်။

Yes.

လှလိုက်​တာ။

ဟုတ်။ကျေးဇူးပါအမ။

အသိပညာ တစ်ခုတိုးရတယ်ဗျာ ကျေးဇူးပါဗျ

ဟုတ်ကဲ့။

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64837.84
ETH 3174.86
USDT 1.00
SBD 4.17