ရှာတော့ ရှာနေပြီ

in #myanmar5 years ago (edited)

image

[Image source] (https://nextcolony.io/galaxy#)

ပြီးခဲ့တဲ့တစ်ရက်ကျော်လောက်က Explorer တစ်ခုတည်ဆောက်ပြီးစီးခဲ့ပြီး အခုချိန်မှာ ဂြိုလ်များကို စတင်ရှာဖွေနေခဲ့ပါပြီ။လောလောဆယ် အကွက်အနည်းငယ် ရှာဖွေလို့ပြီးပေမဲ့ ဘာဂြိုလ်အသစ်မှတော့ မတွေ့သေးပါဘူး။ဆက်လက်ရှာဖွေနေဆဲပါ။ယခုလောလောဆယ် explorerထုတ်တာပြီးသွားပြီဆိုတော့ ထွက်ရှိလာတဲ့ rssတွေကို မိုင်းတွင်း level မြှင့်တင်ခြင်းများ ပြုလုပ်နေပါတယ်။လက်ရှိမှာ နောက်ထပ် explorer တစ်ခု အာကာသထဲထပ်လွှင့်တင်နိုင်ဖို့ mission control တင်နိုင်ဖို့လည်း ကြိုးစားနေရပါတယ်။Mission control ကအတွက် လိုအပ်တဲ့ rss ပမာဏက များနေတာကြောင့် တိုက်ပွဲမစခင်လေး mission control တစ်ဆင့်လောက်တောင် တင်နိုင်ပါ့မလားလို့တောင် စိုးရမ်နေမိပါတယ်။Drugwars ကတော့ လက်ရှိမှာ ပုံမှန်တိုက်ပွဲများတိုက်ရင်း pantheonနဲ့ headquarters များပုံမှန်တင်နိုင်အောင် ကြိုးစား ကစားနေပါတယ်။

Steemitမှာ ယခင်တုန်းကနဲ့မတူ ယခုနောက်ပိုင်း လုပ်စရာတွေ တော်တော်များပါတယ်။အရင်တုန်းကတော့ ရပေါက်ရလမ်းက စာရေးပြီး proတင်တာဆီကပဲ ရပါတယ်။အခုက အခြားprojectတွေ dapp တွေ ဆီကလည်းရဆိုတော့ ကိုယ့်မှာ ဟိုဟာပြေးလုပ်ရ ဒီဟာပြေးလုပ်ရနဲ့ ပတ်ချာလည်နေပါတယ်။အခုတစ်လော steemitမှာ drugwarsနဲ့ nextcolony ဂိမ်းနှစ်ခုကစားတဲ့အပြင် dlikeလေးလည်း လုပ်နေပါတယ်။Dlikeက တစ်နေ့ကို link နှစ်ခု shareလို့ ရပြီး voteလေးလည်း လာပေးတတ်တော့ သုံးရတာ မဆိုးဘူးလို့ထင်ပါတယ်။စာမရေးဖြစ်တဲ့နေ့တွေမှာ dlikeလေး share ထားရင် အနည်းအကျဉ်းတော့ ရနေတဲ့အတွက် အခုတစ်လော dlikeလေး ပုံမှန်လုပ်ဖြစ်နေပါတယ်။နောက်တစ်ခုက တော့ steemhunt လည်း လုပ်ပါတယ်။Steemhunt ကတော့ သတိရတဲ့နေ့shareလိုက်၊သတိမရတဲ့နေ့ မshareလိုက်နဲ့ ပုံမှန်တော့ မလုပ်ဖြစ်ပါဘူး။နောက်တစ်ခုကတော့ onlineပေါ်မှာ စာရေးလို့ရတဲ့ အခြားsiteတစ်ခုဖြစ်တဲ့ wekuပါ။သူ့ဆီကိုလည်း နေ့တိုင်းတော့ သွားpostမတင်ဖြစ်ပေမဲ့ သတိရရင်ရသလို အဆင်ပြေရင်ပြေသလိုတော့ ကျို့ကျား ကျို့ကျားpost သွားတင်ပါတယ်။အခုတစ်လော online ပေါ်မှာ လုပ်စရာတွေတော်တော်များလာတယ်လို့ ခံစားရပါတယ်။နည်းပညာအသစ်တွေ၊siteအသစ်တွေ၊project အသစ်တွေ တစ်နေ့တစ်ခြားပေါ်လာလိုက်တာ လုပ်စရာတွေ များပြားလွန်းလို့ နောက်ဆိုရင် လိုက်မမှီတော့ဘူးလို့တောင် ထင်မိပါတယ်။

မှတ်ချက်။ ။Dlike သုံးတာ သိပ်မကောင်းဘူးလို့ထင်တယ်။ညကျမှ ကြည့်မိတာ dlike postတစ်ခုမှာ steemcleaners လာပြီး မန့်တယ်။သူ မန့်တဲ့စာကတော့ မူရင်းလင့်ထည့်ရတယ်တို့ ထပ်ခါထပ်ခါဖြစ်တဲ့စာ ကို spam အဖြစ်သတ်မှတ်တယ်တို့ ဘာတို့ ရေးထားတဲ့စာပဲ။Dlike postတွေမှာ source of shared link ဆိုပြီး မူရင်းလင့်တော့ ပါပါတယ်။အဲ့တာကြောင့် ထင်မိတာက ကိုယ်share တဲ့ စာက သူများshare တဲ့စာနဲ့ တူသွားလို့ spamလို့ သတ်မှတ်တာလားမသိဘူး။သူ့စာထဲမှာတော့ သူမှားတယ်ထင်ရင် discord မှာလာပြောပါလို့တော့ ရေးထားတာတွေ့တယ်။ဒါပေမဲ့ ကျွန်မလည်း အင်္ဂလိပ်စာ သိပ်မကျွမ်းဘူး။သွားလည်း မပြောရဲဘူး ဆိုတော့ ဒီကိစ္စ ဒီအတိုင်းပဲထားပြီး dlike သုံးတာပဲ လက်လျှော့လိုက်တာ ကောင်းမယ် ထင်ပါတယ်လေ။

ပြင်ဆင်ချက်။ ။ Dlikeနဲ့ ပက်သက်ပြီး လေ့လာကြည့်မိတော့ dlike သုံးရင် ကိုယ်ပိုင်အတွေးအရေး နဲ့စာသားတစ်ပုဒ်လောက်ထည့်ရတယ်ဆိုတာ သိလာရပါတယ်။ကျွန်မ အရင် shareမိတဲ့ စာတွေက ကိုယ်ပိုင်အရေးအသား တစ်ပုဒ်မှ မပါဘဲ ဒီတိုင်း shareထားမိတော့ ကျွန်မshare ထားတဲ့စာတစ်ခုက သူများshareထားတဲ့စာနဲ့တူသွားပြီး သူတို့က spam လို့သတ်မှတ်လိုက်တယ် ထင်ပါတယ်။အဲ့ဒါကြောင့် နောက်ပိုင်း dlike postတွေမှာ ကိုယ်ပိုင်အရေးအသား တစ်ပုဒ်လောက်ပါရေးထည့်ပြီး share ကြည့်ပါဦးမယ်။

https://nextcolony.io

Author-myothuzar,MSC-033

Sort:  

Congratulations @myothuzar! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 250 as payout for your posts. Your next target is to reach a total payout of 500

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

You can upvote this notification to help all Steem users. Learn how here!

Thank you.

Posted using Partiko Android

ဂြိုလ်ကောင်းကောင်းလေးတွေ အများကြီးရှာတွေ့ပါစေ ညီမလေး
ဝီကူးမှာလဲ ကူညီပါအုံးနော် မလုပ်ပဲပစ်ထားတာ အခုပြန်လုပ်နေပြီမို့
steemit မှာလုပ်စရာတွေက များလာတာတော့ အမှန်ပဲ အားလုံးလိုက်လုပ်နိုင်ဖို့က အဆင်မပြေဘူး ဖြစ်နေတယ် ။
လုပ်စရာများပြီး စာရေးဖို့ စဉ်းစားမရတာတွေကဆိုးနေတာ
fightting ! အောင်မြင်ပါစေ ညီမလေး

ဟုတ်။ကူညီမယ်အကို။fighting!

Posted using Partiko Android

Weku က အခြေနေကောင်းလားဗျ

Posted using Partiko Android

weku ကလောလောဆယ် 0.05လောက်ပေါက်တယ်။နောက်ထပ်ဈေးတက်လာနိုင်တယ်ပြောကြလို့ အခုတစ်လော weku ဘက် ပြန်သွားကြတဲ့သူတွေများလာတယ်။

Posted using Partiko Android

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64332.82
ETH 3146.25
USDT 1.00
SBD 4.17