ဘဝတစ်​ဆစ်​ ချိုး(၁၅)

in #myanmar6 years ago



ယခင်​ အပိုင်းဆက်

ဘဝတစ်​ဆစ်​ချိုး အပိုင်း(၁၄)မှအဆက်

"တကယ်​လို့ ဒီကိစ္စဟာ ညီ​လေး​ပြောသလိုမျိုး အမှန်​တကယ်​ဖြစ်​​နေတယ်​ဆိုရင်​ ဆရာ့အ​နေနဲ့ နဂိုမူလအတိုင်းပြန်​​ဖြစ်​​စေချင်​တယ်​ ခက်​တာက ဆရာ့တို့အ​နေနဲ့ယခုလိုမျိုးကိစ္စကို​တော့ ​ဆေးဘက်​ဆိုင်​ရာနဲ့ ကုသနိုင်​စွမ်းမရှိဘူး ဒီ​တော့ ညီ​လေးကိုအကြံတစ်​ခု​ပေးချင်​တယ်​"ဆရာဝန်​ကြီးမှာ ​ပြောလက်​စ စကားကို​ခေတ္တရပ်​လိုက်​ပြီး ​နေ​သော့်​အားတစ်​ချက်​အကဲခက်​လိုက်​သည်​။နေ​သော်​က​တော့ ​ခေါင်းငုံ့၍နား​ထောင်​မြဲပင်​။ဆရာဝန်​ထံဆက်​၍

"ညီ​လေးအ​နေနဲ့ ယခုလူနာကို ပုံမှန်​စိတ်​ပြန်​ဖြစ်​​အောင်​ ကူညီ​ပေး​စေချင်​တယ်​ ညီ​လေးဘက်​ကတတ်​နိုင်​သ​ရွေ့​ပေါ့ လူနာရဲ့ခန္ဓာကိုယ်ထဲမှာဝင်​ပူး​နေတဲ့စိတ်​​လေးကို နဂိုစိတ်​​လေးနဲ့ ​ပြောင်းလဲ​ပေး​စေချင်​တယ်​"

"ဟုတ်​ကဲ့ပါ ကျွန်​​တော့်​အတတ်​နိုင်​ဆုံးကြိုးစား​ပေးပါ့မယ်​"စိတ်​ထဲမှ ​လေး​လေးနက်​နက်​ဖြင့်​ ​နေ​သော်​ ဝန်​ခံဂတိ​ပေးလိုက်​မိသည်​။

"​ရော့ ဒါ​ကဆေးရုံဆင်းလက်​မှတ်​ ​နောက်​ဆုံးအ​​နေနဲ့ ညီ​လေးကို​တောင်းဆိုချင်​တာက ​လောကမှာ သဘာဝတရားသာ အ​ကောင်းဆုံးနဲ့အဖြစ်​သင့်​ဆုံးပါကွာ အစ်​ကို​ပြောတာ ညီ​လေးနားလည်​မယ်​လို့ထင်​တယ်​"ဆရာဝန်​မှာ ​နေ​သော်​ ပုခုံးအားပုတ်​ရင်း သတိ​ပေးစကား​ပြောလိုက်​သည်​။ဆရာဝန်​စကား အဆုံးမှာ​တော့ ​နေ​သော်​ အခန်းထဲမှ ​ခေါင်းငုံ့ကာထွက်​သွား​တော့သည်​။သူဇာအခန်းသို့မ​ရောက်​မီ ​နေ​သော်​စဉ်းစားခန်းဝင်​ရသည်​။ရှေ့ဆက်​ရမည့်​ ​နေ့ရက်​များအတွက်​ ​နေ​သော်​ ရင်​​လေးမိသည်​ကအမှန်​။

အခန်းထဲသို့​ရောက်​​သော်

"ကဲ ဆရာဝန်​က ​ဆေးရုံကဆင်းလို့ရပြီတဲ့ ပြန်​ကြမယ်​ ပစ္စည်း​တွေသိမ်းကြ"

"​အေး ​အေး တူ​လေးတို့သိမ်းကူပါဦးကွယ်​"​ဒေါ်ချို​လေးမှာ​တော့ ​ရဲထက်​ တို့သုံး​ယောက်​သားအား ပစ္စည်း ပစ္စယများသိမ်းကူခိုင်း​လေသည်​။ပစ္စည်းများသိမ်းဆည်းပြီး ​နေ​သော်​တို့ အဖွဲ့ ​ဆေးရုံ​ပေါ်မှဆင်းခဲ့ကြသည်​။ထို့နှင့်​ ​နေ​သော်​ကား​ပေါ်ဝယ်​ သူဇာနှင့်​ ​ဒေါ်ချို​လေးတို့ လိုက်​ပါခဲ့​တော့သည်​။ကား​ပေါ်တွင်​ ​နေ​သော်​တစ်​​ယောက်​ ကား​မောင်း​နေခြင်းကိုသာ စိတ်​ဝင်​စား​နေ၍ တိတ်​ဆိတ်​ငြိမ်​သက်​​နေသ​ယောင်​ဖြစ်​​နေသည်​။တိတ်​ဆိတ်​ငြိမ်​သက်​ခြင်းသည်​ မိမိစိတ်​ကို ထိန်းချူပ်​​နေခြင်းလားဆိုတာ​နေ​သော်​ ​ဝေခွဲ၍မရနိုင်​။လမ်းတ​လျှောက်​လုံး တိတ်​ဆိတ်​ငြိမ်​သက်​ခြင်းများဖြင့်​ ​မောင်းနှင်​လာရာမိမိ​နေထိုင်​ရာခြံဝင်းထဲသို့​ရောက်​လာခဲ့ပြီ။ခြံဝင်းထဲသို့​ရောက်​လာပြီဆိုပဲ ပထမဦးဆုံး သတိရမိသည်​က ဦးသက္ကတို့ လင်​မယားနှစ်​​ယောက်​ပင်​။ဦးသက္ကတို့ လင်​မယားတစ်​မျိုးတစ်​မည်​အထင်​နဲ့ ရန်​ကုန်​ရှိ မိဘများသို့ အ​ကြောင်းကြားပါက မိမိအတွက်​ အ​ခြေအ​နေမ​ကောင်းပြီ။ထို့​ကြောင့်​ ကား​ပေါ်မှဆင်းချင်း ဦးသက္ကတို့ လင်​မယားအား အ​ကြောင်းစုံ​ပြောပြထားရ​တော့သည်​။

"လာ လာ အထဲဝင်​ကြ "သူ​ဇာမျက်​နှာမှာပြုံးလို့ရွင်​လို့။Candacraig front.JPGcredit imagehttp://www.pyinoolwin.info/StayDirectory.htm

"ကို ဒါကို့အိမ်​လားဟင်​ နွယ်​​လေ ဒီကိုတစ်​ခါမှမ​ရောက်​ဖူးဘူး ပြင်​ဦးလွင်​ဆိုတာ နွယ်​အရမ်း​နေချင်​တဲ့ မြို့ ကိုရဲ့"

"အင်းပါ အခု​နေရပြီမဟုတ်​လား"သူဇာ၏စကားသံနှင့်​အမူအရာများကို ဦးသက္ကတို့လင်​မယားနှစ်​​ယောက်​ ပါးစပ်​အ​ဟောင်းသားဖြင့်​ကြည့်​​နေမိသည်​​။ထိုအ​ခြေအ​နေကို ​နေ​သော်​ နားလည်​သည်​။

"ဦးသက္က ​ကား​ပေါ်ကပစ္စည်း​တွေ ချ​ပေးပါဦး ပြီးရင်​အိမ်​​ပေါ်ကအခန်းထဲထည့်​​ပေး​နော်​"ဦးသက္က ​ကြောင်​​နေရာမှ သတိလည်​ကာ ​နေ​သော်​ အား​ခေါင်းငုံ့ပြကာ ကားထဲရှိပစ္စည်း ပစ္စယများအား သယ်​ထုတ်​​နေ​တော့သည်​။

"လာ ထိုင်​ကြ ဒါ ကျွန်​​တော့်​အိမ်​ပဲ ​ဒေါ်ချို​လေး လွတ်​လွတ်​လပ်​လပ်​​နေကြပါ အားမနာပါနဲ့"

"နွယ်​က​တော့ အားမနာတတ်​ဘူး​နော်​ ကိုသိတယ်​မဟုတ်​လား ဒါနဲ့ ဒီအိမ်​က ကိုနွယ့်​ကို​ခေါ်လာမယ်​ဆိုပြီး မ​ခေါ်လာဖြစ်​တဲ့အိမ်​လားဟင်​"သူဇာ၏စကား​တွေ​ကြောင့်​ ​နေ​သော်​ အံသြခြင်းဖြင့်​ အတိတ်​ သို့ပြန်​ပြန်​ ​ရောက်​သွားရသည်​။စိတ်​ထဲတွင်​​တော့ နွယ်​ကိုယ်​တိုင်​ မျက်​ဝါးထင်​ထင်​ရှိ​နေသည်​ဟုထင်​ရ​လောက်​​အောင်​ပင်​ဖြစ်​​နေခဲ့ရသည်​။သြော်​ အတိတ်​ကပြုခဲ့သည့်​ ကံများ ပါလာခဲ့သည်​က ဒီဘဝဒီမျှနှင့်​​ကျေပါ​တော့ဟု စိတ်​ထဲ ကြိတ်​ကာ အကြိမ်​ကြိမ်​ဆု​တောင်း​နေခဲ့မိသည်​။၁၅၀၀ချစ်​ခြင်း​မေတ္တာဆိုတာ အတိုင်းအဆမသိ တန်​ခိုးကြီးမား​နေပါလား။သံ​ယောဇဉ်​အမျှင်​​လေး​တွေက တစ်​​နေ့နှင့်​တစ်​​နေ့ တိုးလာပါက ​နောက်​ဆုံး သံမဏိကြိုးကဲ့ ခိုင်ြ​မဲ

တတ်​သည်​မဟုတ်​လား။https://www.themasculinetraveler.com/thai-women-12-lessons/
အ​တွေးစများ​ခေတ္တလွင့်​ပျံ့သွားစဉ်​ အရီးမြမှ အ​အေးများ လာချခါမှ သတိစိတ်​များ ပြန်​ဝင်​ခဲ့သည်​။အန်​တီချို​လေးမှာ​တော့ မိမိအိမ်​အား ဟိုကြည့်​ဒီကြည့်​ဖြင့်​ပင်​။

"​သောက်​လိုက်​ပါဦး အန်​တီ ....နွယ်​ အ​အေး​သောက်​ဦး"

"အင်း"​ဘေးမှ သူငယ်​ချင်းများကလည်း နွယ်​ဆို​သော သူဇာအားအကဲခတ်​ကြည့်​​နေကြသည်​။ဟန်​​ဆောင်​သည်​လား လိမ်​ညာ​နေသည်​လား။မိမိအတွက်​ ဒီအချိန်​တွင်​ သူငယ်​ချင်းများက အလွန်​အ​ရေးပါ​သော တစ်​စိတ်​တစ်​ပိုင်းပါဝင်​​​နေခဲ့သည်​။အ​ကြောင်းတစ်​စုံတစ်​ရာဆို နှီး​နှောတိုင်​ပင်​စရာမလိုပဲ အ​ခြေအ​နေ နှင့်​အချိန်​အခါ​ပေါ်မူတည်​၍ အားကိုးရသည်​။

Author by @nandasai(MSC.076)

Sort:  

အယ် ဖတ်ကောင်းတုန်း ပြီးသွားတယ်

ကျေးဇူး ကို​စော

ဪ ဆေးရုံကနေ အိမ်ကို ရောက်သွားပြီပဲ...

ဟုတ်

ဇာတ်​က​တော့ အရှိနိတက်​လာပြီ အား​ပေး​နေမယ်​ဗျာ..

ဟုတ်​ ကိုလင်း

ဖတ်လို့ကောင်းနေပြီဗျို့...
နွယ်နဲ့သူဇာ ဘယ်ဟာကအစစ်ဖြစ်မလဲ?
တကယ်ပူးတာရောဟုတ်ရဲ့လား သံသယဝင်လာပြီ။

ကြိုးစား​ရေးသားပါဦးမယ်​ဗျာ

ကျွန်တော်လည်း ပြင်ဦးလွင်မှာနေချင်တယ်။

ဟုတ်​ကဲ့ အတူတူပါပဲ

နွယ်နဲ့ ပြန်တွေ့ပြီဆိုတော့
ကျန်တဲ့သူတွေတော့ လန့်နေလောက်ပြီပေါ့နော့် ဘဒို

ဟုတ်​ကဲ့

အိမ်ပေါ်တော့ေ၇ာက်ပြီး ဘယ်လိုတစ်ဆစ်ချိုးတွေလာဦးမလဲမသိ

စောင့်​​မျှော်​​ပေးပါဗျ

အရင်ကအကြောင်းတွေသိနေတာဆိုတော့ နွယ်အစစ်ပေါ့နော်
အခြားသူနဲ့ နွယ်ရဲ့ဝိဥာည်ဆိုတော့ ပြသနာတက်ပြီ😁

ဇာတ်လမ်းလေ အရှိန်တက်နေပြီ အရေးသားတွေလည်းအများကြီးရေးဖွဲ့နိုင်တယ် လေးစားပါတယ် ညီလေး

ပြင်ဦးလွင်ကိုလိုက်လာတော့
သူဇာကအရင်ဘဝကအကြောင်းတွေ
သိနေတာလား?

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64332.82
ETH 3146.25
USDT 1.00
SBD 4.17