ဘဝတစ်​ဆစ်​ချိုးအပိုင်း(၈)

in #myanmar6 years ago

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၁)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၂)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၃)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၄)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၅)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၆)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၇)

..........(ယခင်​တစ်​ပတ်​ အပိုင်း(၇)မှအဆက်​)...........

``ဆရာ ဆရာ ကျွန်​မတူမ​လေး​ အ​ခြေအ​နေ​ဘယ်​လို​နေလဲဟင်​ ​ပြောပြပါဆရာ"​ကောင်​မ​လေး အ​ဒေါ်ဖြစ်​သူမှ ဆရာဝန်​ထွက်​လာသည်​နှင့်​အရူးတစ်​ပိုင်းပမာ အတင်း​မေး​နေ​တော့သည်​။

တာဝန်​ယူခွဲစိတ်​​ပေး​သော ဆရာဝန်​မှ ချက်​ချင်းမ​ဖြေကြား​သေးဘဲလူနာရှင်​ အုပ်​ထိန်းသူ အား​စေ့​စေ့ကြည့်​လိုက်​ကာ-

"လူနာရဲ့ အုပ်​ထိန်းသူထင်​တယ်​ နာမည်​ဘယ်​လို​ခေါ်လဲ ​ပြောပြ​ပေးပါလား" ဆရာဝန်​မှာတည်​ငြိမ်​လွန်း၍​နေသည်​။ချက်​ချင်းဆိုသလိုပါပဲ

"ကျွန်​မနာမည်​ မချို​ ​လေးပါ လူနာရှင်​ရဲ့ အ​ဒေါ်ပါ"လူနာရှင်​၏ အေ​ခြအ​နေအားအလျင်​စလိုသိချင်​သည်​နှင့်​ ခပ်​သွက်သွက်​ပင်​​ဖြေကြားလိုက်​​လေသည်​။ယခုမှပဲ ​နေ​သော်​တို့သူငယ်​ချင်း​လေး​ယောက်​လည်း ထိုအ​ဒေါ်ကြီးနာမည်​ကို သိခွင့်​ရ​တော့သည်​။ဒေါ်ချို​လေး ဆိုသည်​လား။14740919-beauty-girl-cry.jpgcredit image;http://bigthink.com/rightly-understood/only-real-men-and-especially-real-women-cry

"ဟုတ်​ကဲ့ လူနာအ​ခြေအ​နေက​တော့အသက်​အန္တရာယ်​ စိုးရိမ်​ရတဲ့အ​ခြေအ​နေကို ​ကျော်​ဖြတ်​နိုင်​ခဲ့ပါပြီ ဦး​ခေါင်းကို ထိခိုက်​သွားတယ်​ဆို​တော့ အနည်းငယ်​​စောင့်​ကြည့်​ရဦးမှာ သူမကြာခင်​ပြန်​သတိရလာမှာပါလိုအပ်​တဲ့​ဆေး​တွေလည်း ကျွန်​​တော်​ ညွန်​ကြား​ပေးထားပါတယ်​ ကဲ ကျွန်​​တော့်​ကိုသွားခွင့်​ပြုပါဦး"ဆရာဝန်​ကြီးမှာ အ​ကြောင်းစုံအား ပွင့်​ပွင့်​လင်းလင်းပင်​ ​ဖြေကြားခဲ့ပြီး ထွက်​သွား​တော့သည်​။ဒေါ်ချို​လေး တစ်​​ယောက်​ ဆရာဝန်​ကြီး၏ ​ကျောပြင်​အား ​ငေးကြည့်​ရင်းကျန်​ခဲ့​​လေသည်​။ထိုအခါမှ ​နေ​သော်တို့လည်း ​ဒေါ်ချို​ ​လေးနား ကပ်​သွားခဲ့ပြီး

"အ​ဒေါ် ဘာမှမစိုးရိမ်​ပါနဲ့ အ​ဒေါ့်တူမ ပြန်​ကောင်း​လာတဲ့အထိ ကျွန်​​တော်​ကုသ​ပေးမှာပါ ပြီး​တော့အမှုမဖွင့်​ပါနဲ့ဗျာ ဒါ​လေးတစ်​ခု​တော့ ​တောင်းဆိုပရ​စေ"​ဒေါ်ချို ​လေးမှာ ​နေ​သော့်​အား ဖြည်းညင်းစွာ လှည့်​ကြည့်​လိုက်​ပြီး

""​ဒေါ်​လေး နားလည်​ပါတယ်​ကွယ်​ အခုကိစ္စက မင်းတို့်​အပြစ်​မဟုတ်​ဘူးဆိုတာ ​ဒေါ်​လေးသိပါတယ်​ ​နောက်​ပြီး ​စောနက ​ဒေါ်​လေးမင်းကို ​ပြောခဲ့ဆိုခဲ့တာ​တွေအတွက်​လည်း ​တောင်းပန်​ပါတယ်​ကွယ်​ အ​ဒေါ်က စိုးရိမ်​စိတ်​နဲ့​ပြောခဲ့​ပြောလိုက်​မိတာပါ မင်းတို့​တွေ ဒီ​လောက်​ကူညီ​ပေး​နေတာကိုပဲ စိတ်​ထဲ​ကျေးဇူးတင်​​နေမိပါတယ်​"

"ရပါတယ်​ အ​ဒေါ် ​တောင်းပန်​စရာမလိုပါဘူးဗျာ ကျွန်​​တော်​တို့မှာလည်း စိတ်​ထဲ အပြစ်​ရှိသလိုခံစားရလို့ပါ စိတ်​ထဲဘာမှမထားပါဘူး ​သြော်​ဒါနဲ့ သူရဲ့မိဘ​တွေ​ရော မလာကြ​သေးဘူးလား"​နေ​သော်​ ရုတ်​တရက်​ သူမ၏မိဘများအား​မေးလိုက်​မိသည်​။ထိုစကားအ​မေးခံရ​သော​ဒေါ်ချို​လေးမှာ

ဟင်းးးးခနဲ..သက်​ပြင်းချလိုက်​ရင်းညိုးငယ်​​သော မျက်​နှာများဖြင့်

"သူဇာ​လေးက ကံမ​ကောင်းရှာဘူးကွယ်​ သူ့အ​မေ​တော့ သူဇာ ငယ်​ငယ်​​လေးထဲက ဆုံးသွားရှာပါပြီ သူ့အ​ဖေက​တော့ ........."​ဒေါ်ချို​လေးမှာ ​ပြောလက်​စစကားအား ​ခေတ္တရပ်​လိုက်​သည်​။girl-in-hospital-decor-popular-jpg-w-720.jpgcredit image;http://www.robinsuites.co/girl-in-hospital.html/girl-in-hospital-decor-popular-jpg-w-720
"သူ့အ​ဖေကဘာဖြစ်​လို့လဲဟင်​"​နေ​သော်​မှာ သိချင်​​ဇောဖြင့်​ ဝင်​​မေးလိုက်​သည်​။

"သူ့အ​ဖေက ​ထောင်​ထဲမှာကွဲ့"

"ဗျာာာာ.."​နေ​သော်​ အံ့သြလွန်း၍ မျက်​လုံးများပင်​ ပြူးသွားသည်​။ဒေါ်ချို​လေးမှာ​တော့ ကုတင်​ထက်​က ခင်​သူဇာ​လေးအား ​ကြည့်​ရင်းမျက်​ရည်​များဝဲလို့​နေ​တော့သည်​။ဒေါ်ချို​လေး၏စကား​ကြောင့်​​နေ​သော်​ ခင်​သူဇာအား သနားမိသွားသည်​။ဒေါ်ချို​လေးကိုလည်း ဂရုဏာသက်​မိသည်​။ဘာအတွက်​ဖြင့်​​ထောင်​ကျသည်​ကိုလည်း ​မေးချင်​မိသွားသည်​။သို့​သော်​ ကိုယ်​​ရေးကိုယ်​တာ ကိစ္စတစ်​ခုဖြစ်​သည်​ဖြစ်​၍ ​မေးလို့မ​ကောင်း​သောအရာဟု သတ်​မှတ်​လိုက်​သည်​။

"​သြော်​..ဒါနဲ့အခု အ​ဒေါ့် ​အမျိုးသား​ရော ဘာအလုပ်​လုပ်​လဲ?"

"အ​ဒေါ့်​ယောက်ျားက​တော့ ရုံးဝန်​ထမ်းတစ်​​ယောက်​ပါ သူ့လစာ​လေးရယ်​ အ​ဒေါ်တို့ တို့ဟူးသုပ်​​ရောင်းလို့ရတဲ့ ​ငွေ​လေးနဲ့ ​ဝမ်း​ရေးအတွက်​ ​ဖြေရှင်း​နေရတာ က​လေးက နှစ်​​ယောက်​​လေ အခုလည်း သူတို့နှစ်​​ယောက်​ကို ​ဘေးအိမ်​မှာခဏအပ်​ထားပြီးထွက်​လာတာ"​​နေ​သော်​ ဆက်​မ​မေးချင်​​တော့ပါ။သူတို့ဘဝ​လေးက ကြမ်းတမ်းလွန်းသည်​ဟူ၍မဟုတ်​​သော်​လည်း ရုန်းကန်​​နေရ​သော ဘဝဟု​ဆိုရမည်​။

"ဒီလိုလုပ်​ပါလား အ​ဒေါ် အ​သိမိတ်​​ဆွေ​တွေထဲက တစ်​​ယောက်​​ယောက်​ကို ​ဆေးရုံလာ​စောင့်​ခိုင်း​ချေ အဖိုးအခ​ပေးပြီး​တော့​ပေါ့ အဲ့အတွက်​ ကုန်​ကျမဲ့စရိတ်​စကအားလုံး ကျွန်​​တော်​တာဝန်​ယူ​ပေးပါ့မယ်​ ပြီး​တော့ ဒါကကျွန်​​တော့်​ရဲ့လိပ်​စာကဒ်​ပါ အ​ရေးအ​ကြောင်းကိစ္စရှိရင်​ ဆက်​သွယ်​လိုက်​ပါ ကျွန်​​တော်​ချက်​ချင်းလာခဲ့ပါ့မယ်​ အခု​တော့ကျွန်​​တော့်​ကိုပြန်​ခွင့်​ပြုပါဦး မနက်​ထဲကထွက်​လာတာဆို​တော့ အိမ်​ခဏပြန်​ချင်​လို့ပါ အ​ဒေါ်ဘယ်​လိုမှ သ​ဘောမထားနဲ့​နော်​"​နေ​သော်​ ​ပြော​ပြောဆိုဆိုကာဖြင့်​ မိမိအိမ်​လိပ်​စာနှင့်​ဆက်​သွယ်​ရန်​ဖုန်းနံပတ်​တို့အား​ပေးထားခဲ့ပြီး အိမ်​ပြန်​ရန်​ ​ပြော​တော့သည်​။s-l400.jpgcrd imagehttps://m.ebay.com/itm/Hot-Handsome-Boys-Full-Wig-New-Korean-Short-Black-Mens-Male-Hair-Cosplay-Wigs-/131567181203?_mwBanner=1&_rdt=1

အေးပါကွယ်​ ​အေးပါ ပြန်​ပါပြန်​ပါ အ​ဒေါ့်​ယောက်ျ​"ားကိုလည်း လှမ်း​ခေါ်ထားပါတယ်​ အ​ဒေါ့်စိတ်​ထဲလည်းဘာမှမရှိ​တော့ပါဘူး"

"ဒါဆို ကျွန်​​တော်​တို့ကိုခွင့်​ပြုပါဦး"​နေ​သော်​တို့သူငယ်​ချင်း​လေး​ယောက်​သားလည်း အ​ဒေါ်ကြီးအား နှုတ်​ဆက်​ကာ အိမ်​သို့ပြန်​လာခဲ့​တော့သည်​။

ဆက်​လက်​​ရေးသားပါဦးမည်

Author by @nandasai(MSC.076)

Sort:  

This post has received a 2.31 % upvote from @boomerang.

နေသော်ကတော့ ဂရုဏာမိုးတွေ စွေနေပီဟ

ဟုတ်​တယ်​ဘုရား

ခလေးမလေး အခုချိန်ထိ ဆေးရုံက မဆင်းရသေးဘူးပေါ့😁😁

ဆင်း​သေးဘူး သတိ​တောင်​မရ​သေးဘူး

ခေါင် ထိခိုက်သွားတယ်ဆိုတော့ အတိက်မေ့သွားမလားမသိဘူး
ဆက်လက်စောက်မျှော်နေမယ်

ဟုတ်​ကဲ့ ​ကျေးဇူးပါ

အ​ရေးအသား​တွေ ညက်​​​ညောလာပြီ ​ရှေ့ဆက်​အား​ပေး​နေပါ့မယ်​ဗျာ

ကျေးဇူး ကိုလင်း

ကိုယ့်ကြောင့်မဟုတ်ပေမယ့် ကိုယ်ချင်းသာတရား ရှိတဲ့ နေသော်

ဟုတ်​တယ်​ခင်​ဗျ

ဇာတ်လမ်းလေးတွေဖြစ်တော့မယ် 😁

ဟုတ်​တယ်​လို့ဆိုရမယ်

တစ်​ပတ်​လွတ်​သွားပါ​ကြောင်း😁😁😁

ဟုတ်​ကဲ့

နောင်တစ်ဆစ်ချိုး ဘာတွေဖြစ်ကြမလဲဗျ

စောင့်​​မျှော်​​ပေးပါ

ဘာတွေများဆက်ဖြစ်ဦးမလဲ...
ကောင်မလေးနေမြန်မြန်ကောင်းပါစေတော့ဗျာ

ဟုတ်​ကဲ့ ​နေ​ကောင်းမှာပါ

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 66765.98
ETH 3234.00
USDT 1.00
SBD 4.23