ဆွမ်းဆက်ကပ်ပူဇော်ခြင်း(ဇာတ်သိမ်းပိုင်း)

in #myanmar6 years ago (edited)

FB_IMG_1525056215696.jpg

မနက် (း၃၀)တော့ သူငယ်ချင်းက နှိုးတော့ အိပ်ချင်မူးတူးနဲ့ ကုန်းရုန်းထလိုက်တယ်။
မျက်လုံးဖွင့်ဖွင့်ချင်း ကိုယ်ကြည့်လိုက်မိတာက လျှပ်စစ်မီး ။ ဟူးတော်သေးတယ် မီး
က ကိုယ့်ရှေ့မှာတင် လင်းလင်းထင်းထင်းကြီးရှိတုန်း ။ အိပ်ကတည်းကဆုတောင်း
အိပ်နေရတာ ။ မီးမပျက်ပါစေနဲ့လို့။
လျှပ်စစ်မီးကလည်း ခုနောက်ပိုင်း သိတဲ့အတိုင်းဘဲ လေပြေလေးတစ်ချက်ဝှေ့လည်း
ပျက် ၊ မိုးခြိမ်းသံကြားလည်းပျက် ၊ မိုးစက်ကလေးတစ်ပေါက်နှစ်ပေါက်လာ ကျလာရင်လည်
းပျက် ။နောက်ပိုင်း အီးတောင်မြည်အောင်မပေါက်ရဲတော့ဘူး ။(ဟီးးးးးး)

မီးပျက်ရင်ကိုယ်ဘဲဒုက္ခရောက်မှာလေ မှောင်မှောင်မဲမဲကြီးထဲ အလုပ်လုပ်ရမှာဆိုတော့ ။
မီးမပျက်ဖို့ဘဲ ဆုတောင်းအိပ်ခဲ့လိုက်တယ်။ မျက်နှာကို ရေနဲ့တင်ဖြစ်သလိုသစ်လိုက်ပြီး
(ဘုန်းကြီးကျောင်းမှာဆိုတော့ ဆပ်ပြာကဘယ်ထားမှန်းကိုယ်မှမသိတာ)
FB_IMG_1525056220114.jpg
မီးမွှေးဖို့အတွက် ထင်းချောင်းတွေကိုသွားသယ်ကြတယ်။
ထင်းသယ်ပြီး မီးဖိုလုပ်ဖို့အတွက် အုတ်နီခဲ့တွေဝိုင်းရှာကြရပြန်တယ်။ အုတ်နီခဲကလည်း
သိပ်မပေါတော့ ဟိုနားတစ်ခဲ ဒီနားတစ်ခဲ လိုက်စုနေရတာ။ ရလာပြီဆိုတော့ မီးမွှေးပြီး
ရေနွေးအိုး အရင်တည်နှင့်လိုက်တယ်။

အကူခေါ်ထားတဲ့ ထမင်းချက်ပေးမယ့်အစ်မကြီး
တွေရောက်မလာခင်ကိုယ်ဘက်က ကြိုတင်ပြီးရေနွေးအိုးတည်ထားလိုက်တာလေ။ သူ
တို့လာရင်အဆင်သင့်ဖြစ်အောင် ။ လာတာနဲ့ ဆန်ကို လိုသလောက်ခပ်ယူပြီးရေနွေးအိုး
ထဲ ထည့်ပြီး ထမင်းချက်ကြပါတယ်။
ပထမထမင်းအိုးကျက်လာတော့ ထမင်းရေသွန်ဖို့
ဒန်အိုးလိုက်ရှာပေးရသေးတယ်။ အောက်ကိုငှဲ့ရင် မမြင်နိုင်တဲ့ပိုးကောင်လေးတွေသေ
မှာစိုးရိမ်လို့ ။ ဒယ်အိုးထဲဘဲအရင်ငှဲ့ခိုင်းလိုက်တယ်။ ကျွန်တော်တို့သူငယ်ချင်းတစ်တွေ
က ပန်းသီးအခွံနွာသူကနွှာ ၊ ကျောက်ကြောလှီးတဲ့သူကလှီး ၊ စနွင်းမကင်းလှီးတဲ့သူက
လှီးနဲ့ အကုန်လုံးအလုပ်ရှုပ်နေကြတယ်။ ခဏနေ ရင် ဘုန်းကြီးတွေ ကြွလာကြတော့
မှာလေ။ အဲတာကြောင့် ကိုယ့်ဘက်က အရင်ပြီးစီးနှင့်အောင် ပြင်ဆင်ထားနေကြပါ
တယ်။

စားပွဲခုံတွေခင်းပြီး စားပွဲခင်းတွေပြင်ဆင် ၊ ဆွမ်းစားပန်းကန်ပြားတွေကို စားပွဲစေ့လိုက်
ချပြီးတော့ ကိုယ့်အိမ်ကိုယ် ခဏပြန်ကြပါတယ်။ တစ်ချို့ ၃ယောက်လောက်တော့ ကျန်
နေခဲ့တယ်။ ကျွန်တော်တို့ပြန်လာမှ သူတို့ကို တစ်ခါပြန်ခိုင်းမှာလေ ။ အိမ်ကိုပြန်တော့
သူငယ်ချင်းဆိုင်ကယ်နဲ့လိုက်လာခဲ့လိုက်တယ်။ အပြန်သူနဲ့ပြန်လိုက်မယ်လို့ စိတ်ကူးခဲ့
တယ်။ ကျွန်တော်လည်းအိမ်ရောက်တာနဲ့ မိန်းမကိုလှမ်းနိုးတယ်။ အစောကြီးဆိုတော့
ဘေးအိမ်တွေကိုလည်း ဒုက္ခမရောက်စေချင်လို့ အသံကိုလည်း အကျယ်ကြီးအော်ပြီး
မခေါ်ရဲဘူးလေ။
IMG_20180101_172059.jpg
ခဏအကြာမှာတော့ မိန်းမဖြစ်သူက တံခါးလာဖွင့်ပေးတယ်။ (အိပ်ချင်မူးတူးနဲ့) ။ ပြီး
တော့အ၀တ်အစားတွေထုတ်ပေးတယ်။ ကျွန်တော်လည်း နောက်ဖေး အပေါ့ အလေး
သွားပြီးတော့ မျက်နှစ်သစ်လိုက်တယ်။ ပထမတော့ရေချိုမလို့စိတ်ကူးသေးတယ်။
နည်းနည်းလေးအချမ်းဓါတ်လေးရှိနေသေးတော့ မချိုးဖြစ်တော့ပါဘူး။ ကိုယ်လက်လေး
သန့်စင်ပြီး အင်္ကျီအ၀တ်အစားလဲပြီး သူငယ်ချင်းလာမဲ့အချိန်ကို ပက်လက်ကုလားထိုင်
ခုံပေါ်မှီရင်းစောင့်မျှော်နေလိုက်တယ်။ ဆယ်မိနစ်ကြာလည်းသူငယ်ချင်းကပေါ်မလာဘူး

ဒါနဲ့မထူးပါဘူးကိုယ့်ဘာသာသွားမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ဆိုင်ကယ်ကလည်း
ဘုန်းကြီးကျောင်းမှာထားခဲ့တာဆိုတော့ ခြေလျှင်လျှောက်သွားရတော့တာပေါ့။ မော
လိုက်တာဗျာ။ လမ်းမလျှောက်တာကြာလို့လားမသိဘူး။ ခြေတွေကိုသိပ်မလှမ်းချင်တော့
ဘူးဖြစ်နေတယ်။ ဆိုင်ကယ်ကြုံတွေကလည်း တစ်စီးမှမတွေ့ဘူး။(ကံဆိုးလိုက်တာ)
ဒီလိုနဲ့လျှောက်ရင်းလျှောက်လာရင်းနဲ့ ဘုန်းကြီးကျောင်းရောက်လာတော့ ဆွမ်းဘုန်းပေး
ဖို့ ဘုန်းကြီးတွေကရောက်လာကြပြီး ။ ကျွန်တော်တို့တွေကခါတိုင်းနှစ်တွေဒီအချိန်
ဘုန်းကြီးတွေ ကြွမလာသေးဘူးဆိုပြီး ဆွမ်းကိုဘာမှမပြင်ဆင်ထားကြသေးဘူးလေ။
IMG_20180506_163942.jpg
ခုတော့ဘုန်းကြီးတွေကနည်းနည်းလေးစောကြွလာကြတော့ သူငယ်ချင်းတွေပျာပျာ
နဲ့ ဆွမ်းနဲ့ပဲတွေကိုရောနယ် ။ ဆွမ်းထည့်ဖို့လုပ်နည်း နည်းနည်းတော့ အလျင်စလို
လုပ်လိုက်ကြရတယ်။ဆွမ်းခူးခပ်ပြီးတော့ ဘုန်းကြီးတွေကိုပင့်ပြီးဆွမ်းဆပ်ကပ်လှူ
ဒါန်းကြပါတယ်။ ဘုန်းကြီးအားလုံးဆွမ်းဘုန်းပေးပြီးတော့ ပဌာန်းပွဲမှာလာရောက်
ကူညီလုပ်ကိုင်ပေးနေကြတဲ့အစ်ကိုကြီးတွေကို သွားခေါ်ပြီး ထမင်းခူးခပ်ကျွေးမွေး
ပေးလိုက်ပါတယ်။

ဧည့်သည်တွေတစ်ချို့ကိုကျွေးမွေးပြီးတော့ ကျွန်တော်တို့သူငယ်ချင်းတစ်တွေစားဖို့
အတွက်ပြင်ဆင်သူကပြင်ဆင် စားနှင့်သူကစားနှင့်နေကြပြီ ။ စားသောက်ပြီးကြတာ
နဲ့ ဘုန်းကြီးက ရေစက်ချပေးပါတယ် ။ ဒီသူငယ်ချင်းတွေပြုလုပ်တဲ့ကုသိုလ်အဖို့ကို
လည်း သာဓုအကြိမ်ကြိမ်ခေါ်ဆိုရင်း နောင်နှစ်နောင်နှစ်တွေမှာလည်း သူငယ်ချင်း
တွေစုံစုံလင်လင်နဲ့ ကုသိုလ်ကောင်းမှုများ လက်တွဲပြီးအတူတကွလုပ်နိုင်ကြပ်ါစေလို့
ဆုတောင်းပေးလို့ ကျွန်တော်တို့ တစ်ငယ်ချင်းတစ်တွေက ပေးတဲ့ဆုနဲ့ပြည့်ပါရစေ
လို့ ဦးချကန်တော့လိုက်ပါတော့တယ်။

နောင်နှစ်နောင်နှစ်များတွင် ဒီထက်မကပိုမိုလှူဒါန်းနိုင်ပါစေလို့ ဆုတောင်းနေလိုက်
မိပါတော့တယ်။

MSC-164
Author @nannhtike
photo ; Friend and me

Sort:  

You got a 76.92% upvote from @bid4joy courtesy of @nannhtike!

သာဓု သာဓု သာဓုပါဗျာ

ကုသိုလ်အား မျှဝေပေးပါတယ်ဗျာ

နှစ်စဉ်နှစ်တိုင်း လှူတန်းနိုင်ပါစေ ဗျာ

ပေးတဲ့ဆုနဲ့ပြည့်ပါရစေဗျ

သာဓုပါဗျာ နောက်ကို ဒီထက်ပိုပြီး ကုသိုလ်ယူနိင်ပါစေဗျာ

ပေးတဲ့ဆုနဲ့ပြည့်ပါရစေဗျ

သာဓု သာဓု သာဓု ကိုနန်း​ရေ။

ကုသိုလ်မျှဝေပေးပါတယ်ဗျာ

နှစ်စဉ်နှစ်တိုင်းလှူနိုင်ပါစေနော်

ပေးတဲ့ဆုနဲ့ပြည့်ပါရစေဗျ မမ

သဒ္ဓါတရားထက်သန်တဲ့ အစ်ကိုတို့ အလှူရေစက် လက်နဲ့မကွာ အမြဲလှူနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

ပေးတဲ့ဆုနဲ့ပြည့်ပါရစေဗျာ

အ လှူပီးလို့ လူပင်ပန်းပေမယ့်
အကိုတို့စိတ်ထဲမှာတော့ ပီတိတွေနဲ့အားပြည့်နေမှာဘဲဗျာ
သာဓု သာဓု သာဓုပါ အကိုရေ

ပြန်လည်တွေးသောပီတိဖြင့်လည်း ကုသိုလ်ထပ်ရစေပါတယ်

ကောင်းနွန်သော အလုပ်လေးပါ

ကျေးဇူးပါ ကိုအေးချမ်း

အလှူအကြောင်းအသေးစိတ်ရေးထားတာစိတ်ဝင်စားဖို့ကောင်းပါတယ် သာဓုပါဗျာ

အားပေးတဲ့အတွက်ကျေးဇူးပါဗျာ

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70733.96
ETH 3563.16
USDT 1.00
SBD 4.76