အကြွေးမှရသော သင်ခန်းစာ

in #myanmar6 years ago (edited)

မင်္ဂလာ Steemit မိတ်ဆွေများရှင်။ ကျမသည်
စကားပုံများ၊ ဆိုရိုးစကားများမှရရှိသော အတွေး
အမြင်များဖြင့် စာရေးရသည်ကို အလွန်နှစ်သက်ပါသည်။ ထိုစကားပုံများ၊ ဆိုရိုးစကားများ၊ အဆို
အမိန့်များကို သာမန်မဟုတ်ပဲ လေးလေးနက်နက်
ဖတ်၍ မှတ်သားလိုက်နာလျှင် မိမိအတွက် ဗဟုသုတ အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရှိမိသောကြောင့် ဖြစ်ပါသည်။

image

ဝဋ်မှာအမြဲ ငရဲမှာအပ
ပြုသူအသစ် ဖြစ်သူအဟောင်း
သစ်ငုတ်မြင့်တုံ မြက်မြင့်တုံ

စသော စကားပုံများကို လူတိုင်းကြားဖူးကြမှာပါ။
အဓိပ္ပာယ်ကတော့ မကောင်းတာလုပ်ရင် ကိုယ်လဲပဲ
ပြန်ခံရမယ်။ ကိုယ်ကသူများကို အနိုင်ယူလျှင် ကိုယ့်ကိုအနိုင်ယူသူ ပေါ်ပေါက်မယ်။ ကိုယ်အနိုင်ယူခဲ့တဲ့ သူက ကိုယ့်ကိုပြန်နိုင်တာမဟုတ်ဘဲ အခြားသူတစ်ဦးက အနိုင်ယူလျှင် ဒါက ပြုသူအသစ်ဖြစ်သူ
အဟောင်းပေါ့။ နောက်ဆုံး ဘယ်သူကမှ အနိုင်မယူ
ရင်တောင် သဘာဝတရားကြီးက ဒဏ်ပြန်ခတ်ပါ
တယ်။ ဒါကို ဝဋ်လို့ခေါ်ပါတယ်။

FB_IMG_1528873270215.jpg
image source
ပြုသူအသစ် ဖြစ်သူအဟောင်းနဲ့ပတ်သက်လို့
ကျမတွေ့ဖူးတဲ့အမျိုးသမီးတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ သူ့အမည်ကို မဝါလို့ပဲ ခေါ်ပါ့
မယ်။ မဝါက သာမန်ကုမ္ပဏီဝန်ထမ်းတစ်ဦးပါ။
သူ့ယောက်ျားကပွဲစားပါ။ အသွင်တူ အိမ်သူဖြစ်ဆိုသလို လင်မယားနှစ်ယောက်လုံး စိတ်ဓာတ်တော်
တော်တူပါတယ်။

မဝါက နဂိုထဲက အကြွားသန်၊ လူအထင်ကြီးအောင်
ပြင်ဆင်နေထိုင်ပြီး ရပ်ကွက်ထဲ ပိုက်ဆံချေးပါ
တယ်။ သူပိုက်ဆံချေးပုံက သင်းပါတယ်။ သူ့အတွက်မဟုတ်၊ သူ့သူငယ်ချင်းက ငွေလို၍ ကူညီပေးခြင်း
ဖြစ်ကြောင်း၊ သူငယ်ချင်းလဲအဆင်ပြေ၊ ငွေချေးသူလဲအတိုးရ နှစ်ဦးနှစ်ဖက်အဆင်ပြေအောင်လုပ်ပေးတာဆိုပြီး ချေးပါတယ်။

FB_IMG_1528873236901.jpg
image source

ထုံးစံအတိုင်းပေါ့။ အတိုးကအစတော့မှန်တယ်။
နောက်ပိုင်းကျကျဲကျဲနဲ့ နောက်ကျ လုံးဝမပေးတော့ ဘူး။ ကိုယ်လဲ ပိုက်ဆံချေးတဲ့သူကို ချော့ပြောရတာ
ပေါ့။ ဘယ်လောက်ဖြစ်ဖြစ် နည်းနည်းချင်းရအောင် တောင်းဖို့။

ဇာတ်လမ်းတွေကွဲပြားစွာနဲ့ချေးထားတဲ့ငွေတွေဟာ
မနည်းပါဘူး။ ဟိုလူ၊ဒီလူဆီကချေးထားပြီး
ခေါင်းစဉ်သာပြောင်းသွားတယ်။ ငွေလဲမဆပ်။
တောင်းလဲမကြိုက်။ သည်းမခံနိုင်လို့ ရန်ဖြစ်ကြတဲ့အခါ မပေးနိုင်ဘူး တိုင်ချင်ရာတိုင်ဆိုပြီး အဆုံးသတ်ပါတယ်။ သူ့ယောက်ျားနှင့် မိဘများကလည်း
စိုက်မလျော်ပါဘူး။

ဒါက မိန်းမလုပ်သူအပိုင်းပါ။ ယောက်ျားရဲ့ ပွဲစား
လုပ်ငန်းထဲလဲ သူပါပါတယ်။ ယောက်ျားက
သူ့လောက်မလည်ပါဘူး။ သူ့ယောက်ျားခံရတဲ့
ကိစ္စတွေဆို မဝါကိုယ်တိုင်လိုက်ပြီး ဖြေရှင်းပါတယ်။

တခါကလဲ သူ့ယောက်ျားရဲ့လုပ်ငန်းတစ်ခု
လုယူခြင်း ခံရပါတယ်။ အဲ့ဒီအခါမှာ မဝါက
သူ့ယောက်ျား လုပ်ငန်းနှောင့်ယှက်ရမလားဆိုပြီး
ဝင်ဖြေရှင်းပါတယ်။ သူ့ဖြေရှင်းနည်းက ငယ်တဲ့အမှုကို ကြီးအောင်လုပ်ခြင်းပါပဲ။ သူသူကိုယ်ကိုယ် ကိုယ့်ကိစ္စမဟုတ်ရင် ကိုယ့်အလုပ်ထိခိုက်ခံပြီး သူတပါး
ကိစ္စ မဖြေရှင်းချင်ကြပါဘူး။ မဝါက အောက်ကလူနဲ့ အလုပ်မဖြစ်ရင် ဟိုးထိပ်ကလူထိ ဝင်ပြောရဲ ဆိုရဲတဲ့ ”ဇ” ရှိပါတယ်။

image

သူမက ဥပဒေလမ်းကြောင်းတွေ၊ ပုဒ်မတွေ၊ လုပ်ငန်း
စဉ်တွေလဲ နားလည်ပါတယ်။ အစကတော့ သူဝါသနာပါလို့ လေ့လာထားတယ်ပဲမှတ်တာ။ နောက်မှ သူမဟုတ်တာလုပ်ရင် ကာကွယ်ရအောင် လေ့လာထားမှန်း ရိပ်မိတော့တယ်။ ရိုးသားစွာနေထိုင်တဲ့
လူတွေအဖို့ကတော့ ဒီလိုဥပဒေတွေကို လေ့လာလဲ သာမန်လောက်ပဲနားလည်မှာပါ။ အလွန်ဆုံးလေ့လာလဲ ကိုယ်ရင်ဆိုင်ကြုံတွေ့ရတဲ့ကိစ္စလောက်ပဲလေ့လာမှာပေါ့။ မဝါကဒီလိုမဟုတ်ပါ။ စကားလဲတတ်၊
လမ်းကြောင်းလဲနားလည်တော့အဲ့လိုဖြေရှင်းတဲ့အခါမှာ ကြမ်းပိုးကိုလိပ်ဖြစ်အောင်၊ လိပ်ကို ကြမ်းပိုး
ဖြစ်အောင်ပြောတော့ သူနိုင်တာပဲများပါတယ်။

သို့ပေသိ ဝဋ်ဆိုတာလည်စမြဲပါ။ သူများကို မဟုတ်တာ လုပ်ရင် ကိုယ်လဲမဟတ်တာဖြစ်တတ်ပါတယ်။
ဒီလို မလိမ့်တပတ် ယူထားတဲ့ ငွေကြေးတွေက သူသုံးရတာနည်းနည်း အလဟဿ ကုန်ဆုံးသွားတာက များပါတယ်။ ကုလားခပ်တဲ့ရေ ကုလားချိုးလို့
ကုန်ဆိုသလို ရှာသမျှ စီးပွားတွေဟာ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေနဲ့ ကုန်နေတာ မျက်မြင်ပါပဲ။
ရှာနိုင်လို့ ကုန်နိုင်တာဆိုရင်တောင် ဖြစ်သမျှကိစ္စတွေက စိတ်ဆင်းရဲစရာချည်းပါပဲ။

ဘာပဲပြောပြော...လောကကြီးက တရားပါတယ်။ ခုခေတ်မှာ ဝဋ်လိုက်တာက ပိုမြန်ပါတယ်။ သတိထားမိဖို့သာ လိုတာပါ။ လူတွေအပေါ် အလျှောက်ကောင်းလို့ အထောင်းသက်သာဆိုသလို ကိုယ့်တရားကိုယ်
စီရင်ပြီးနေပေမယ့် မိမိပြုလုပ်သမျှ ကံတရားဟာ
နောက်ကထပ်ချပ်မကွာလိုက်ပြီး အတိုးရော အရင်းပါပေါင်းဆပ်ရမည် ဖြစ်ပါကြောင်း ထပ်လောင်း
ပြောပြရင်း ကျမဆောင်းပါးလေးကိုအဆုံးသတ်ပါတယ်ရှင်။

Author@nweoomon
Photo@nweoomon
13.6.2018

Sort:  

ဟိဟိ..လောကမှာ အသက်တစ်ရာသာမနေရတာ အမှုတစ်ရာကတော့ ကြုံနေကြရတာပဲနော် အစ်မကြီးရေ...အနေကြာလာတာနဲ့အမျှ သင်ခန်းစာတွေ နောင်တတွေ ကတော့ ရနေကြတာပဲဗျာ။ရင့်ကျက်မှုနဲ့ ကျော်ဖြတ်ကြပါစို့ အစ်မရေ။

အမှုက တစ်ရာတောင် က ပါ့မလားမသိ
အမှုတစ်ထောင်များဖြစ်နေမလား

နွယ်ဦးမွန် ရေးပြထားတဲ့ ပုံတွေထဲကအတိုင်းပဲပေါ့ဗျာ လို့ 

စကားတွေအများကြီးမပြောတော့ဘူးပေါ့

You got a 3.01% upvote from @emperorofnaps courtesy of @nweoomon!

Want to promote your posts too? Send 0.05+ SBD or STEEM to @emperorofnaps to receive a share of a full upvote every 2.4 hours...Then go relax and take a nap!

မှန်လိုက်လေဝဠ်ဆိုတာချက်ချင်းလည်မှာပါ

ကာလဝိဘက် နောက်ပိုးတက်ကမြန်တယ်အမရေ

Congratulation ပါ @nweoomon
spg1 contest #12 မှာ winner ဖြစ်သွားပါပြီ ...
အသေးစိတ်ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်
https://steemit.com/myanmar/@steempowergroup1/spg1-supporting-plan-contest-13

ဟုတ်ကဲ့

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.034
BTC 64418.55
ETH 3157.64
USDT 1.00
SBD 4.06