အငိုမျက်လုံး အပြုံးမျက်နှာ

in #myanmar6 years ago

”အမေ့…ဆရာမက ဆရာကန်တော့ပွဲကြေး ဒီနေ့
နောက်ဆုံးတဲ့မပေးတဲ့သူတွေ ကျောင်းအုပ်ကြီး
ရုံးခန်းပို့မှာတဲ့”

”အေးပါသားရယ်...အမေပေးပ့ါမယ်။ နင့်အဖေ မနေ့က နေမကောင်းလို့ အလုပ်မသွားရလို့ပါ။
နက်ဖန်ကျပေးပါ့မယ်လို့ ဆရာမကိုသေချာရှင်းပြ
လိုက်...ကြားလား”

”ဟုတ်ကဲ့.....”

ကျနော်ကဒီနှစ် လေးတန်းမှာပညာသင်နေတာပါ။ ကျနော်တို့က ဆင်းရဲပါတယ်ဗျာ။ ကျနော်တို့နေတာက မြို့စွန်က အမှိုက်ပုံကြီးနားမှာ ဖြစ်သလို တဲလေးနဲ့နေရတာပါ။ အဖေက စည်ပင်က အမှိုက်ကား
မောင်းနောက်လိုက်၊ အမေက အမှိုက်ပုံထဲက ရေဗူး၊ ပလပ်စတစ်နဲ့ရောင်းစားလို့ ရတာတွေကောက်ပြီး
ရောင်းစားရတာပါ။ ပညာတတ်ကြီးဖြစ်ချင်လွန်းလို့သာ သင်ရတာ။ ကျနော့်အောက် ညီလေးနဲ့
ညီမလေးတို့ကျောင်းစရိတ်နဲ့ မိသားစုစားဖို့အားလုံး အမေပဲရှာရတာ၊ အဖေကပေးပေမယ့် သူ့အရက်ဖိုး
ပြန်တောင်းတာနဲ့ မကာမိပါဘူး။

image
image source

ဒါ့ကြောင့် ကျနော်တို့ မောင်နှမတွေ အားလုံး
ကျောင်းပိတ်ရက်ဆို အမေနဲ့အတူ အမှိုက်ကောက်ရတယ်။ အမေက ပြောတယ်။ ပညာမတတ်ရင်
ဒိထက် ပိုအောက်တန်းကျမယ်တဲ့။ ပညာတွေတတ်မှ အရိပ်ထဲမှာနေပြီး ပိုက်ဆံရှာလို့ရမှာတဲ့။ အမေက သူ့ဘဝနဲ့ နှိုင်းယှဉ်ပြီး ကျနော်တို့ မောင်နှမတွေကို
ဆုံးမတာ။ ကျနော်တို့တွေကို သူကအငတ်ခံပြီး ကျွေးတာဗျာ။ အဖေရော၊ အမေရော ဆုံးမတာကကျနော်တို့တွေကို သူများပစ္စည်း မခိုးနဲ့၊ မဝှက်နဲ့။ အခုဘဝ
ဆင်းရဲတာ အရင်က သူများ ပစ္စည်း ခိုးဝှက်ခဲ့လို့တဲ့။

image

တော်ပါပြီဗျာ....ခုထက်တော့ မဆင်းရဲပါရစေနဲ့
တော့ ။ ခုတောင်..ကျနော် ကျောင်းမှာ ဘယ်လောက်မျက်နှာငယ်ရသလဲ...အမှိုက်ကောက်တဲ့ကောင်နဲ့ အတူတူမထိုင်ချင်ဘူး ပြောလို့် ကျနော့်တစ်ယောက်တည်း နောက်ဆုံးခုံမှာ ထိုင်ရတယ်။ ဆော့ရင်တော့ တခါတလေသူတို့ခိုင်းတာ လုပ်ပေးလို့ ခဏဆော့ခွင့်ရပါတယ်။

အဖေလဲ ပင်ပန်းပါတယ်။ မနက်ဆို အစောကြီး
ထပြီး သတ်မှတ်ထားတဲ့ ရပ်ကွက်အမှိုက်ကန်က
အမှိုက်တွေ လိုက်သယ်။ ပြီးရင် ကျနော်တို့ မြို့စွန် ကိုလာပစ်။ အဲ့ဒီလို ခဏခဏလာလာသွန်ရတာ။ ကျနော်တို့က အဖေတို့လို ဦးကြီးတွေ လာပစ်သွားတဲ့ အမှိုက်တွေထဲကမှ ရောင်းစားလို့ရတာတွေ ထပ်ရှာ၊ သိပ်တော့ မရတော့ပါဘူးဗျာ။ ဟိုးအရင်ကဆို အမှိုက်ထဲက ပြန်ရောင်းစားလို့ရတာတွေ
အများကြီးပဲ။ ခုကျ အမှိုက်ကန်မှာ စောင့်ပြီး
ကောက်တဲ့သူတွေ ရှိလို့တဲ့။

image

အဖေ့တော့ ကျနော်တို့ မောင်နှမတွေ အကြောက်သားဗျ။ မထင်ရင် မထင်သလို တွေ့ကရာနဲ့ကောက်ထုတာ။ ညနေအလုပ်သိမ်းလို့ အိမ်ပြန်လာရင် တဲရှေ့ကကွပ်ပစ်မှာ အရက်သောက်ပြီး ကျနော်တို့
မောင်နှမတွေ အမှိုက်ကောက်ရင်း ဆော့တာကြည့်
ရင်းပေါ့။ တခြား ကျနော်တို့လို ဒီမှာနေပြီး အမှိုက်
ကောက်သူတွေလဲ ရှိသေးတယ်ဗျ။

အဖေမနေ့က နေမကောင်းဘူး။ အလုပ်ပင်ပန်းတာလဲ ပါတာပေါ့။ အစကနည်းနည်း သောက်တာပါ။
အခုနောက်ပိုင်းကျ ပိုသောက်လာတယ်။ အဖေ့ကို မသောက်ပါနဲ့ တားချင်ပေမယ့် မတားရဲဘူး။ အရင်တခါက အဲ့လိုတားတာ အဖေ့ထက်တစ်လကြီးချင်အုံးဆိုပြီး နပန်ကျင်းတာ ပူထူသွားတာပဲ။

image

ဒီနေ့တော့ အဖေအလုပ်သွားတယ်။ ဟော...ပြောရင်းဆိုရင်း အဖေတို့ ကားကြီးဝင်လာပြီ။ ကျနော်တို့
ကလေးတသိုက် အဖေ့ကားနောက်ကနေ အပြေး
လိုက်ပြီး အမှိုက်ထဲက ရောင်းလို့ရစရာတွေ ကောက်ဖို့ ပြင်ကြတာပေါ့။

ဟာ!!! ဒါ...ဒါ ဘာလေးလဲ။ ကြည့်စမ်း... နားကပ်
လေး တဖက်ပါလား။ အိုး...ဒါရွှေအစစ်ထင်တယ်။ ဒါလေးရောင်းလိုက်ရင် ငါ့ရဲ့ကျောင်းစရိတ်အတွက်မပူရတော့ဘူး။ ပျော်လိုက်တာ......။

image

အဖေ့အမှိုက်ယာဉ်ထဲက နားကပ်လေးတစ်ဖက်
ကျနော်ကောက်ရလို့ ပျော်နေတာပါ။ နားကပ်လေး ကိုင်ကြည့်ပြီးစိတ်ကူးယဉ်နေတုန်း.....

ဖျောင်း....!!!

ကျနော့်မျက်စိထဲ ကြယ်တွေ လတွေမြင်ပြီး မူးမိုက်သွားတယ်။ မျက်စိဖွင့်ကြည့်တော့...အဖေ၊
လက်ထဲကလွတ်ကျသွားတဲ့ နားကပ်လေးက အဖေ့လက်ထဲမှာ ကိုင်လျက်သား။

ဟေ့ကောင်....ဒါ..ဘယ်သူ့ပစ္စည်းလဲ ပြော။
ဘယ်သူဟာခိုးထားတာလဲ...။ ဟမ်...ငါမင်းတို့ကို
ဘယ်လိုသင်ထားလဲ။ သူများပစ္စည်းမခိုးရဘူးလို့
သင်ထားတာ မင်းမမှတ်ဘူးလား။ ကွာ..စိတ်ရှိ
လက်ရှိရိုက်ရရင် သေတော့မယ်။

အဖေ့ရိုက်ချက်ကြောင့် ရုတ်တရက် အံ့အားသင့်သွားတဲ့ ကျနော်....ဘာစကားမှမပြောနိုင်ဘူး။ ကျနော်
မပြောလေ...အဖေစိတ်ဆိုးလေ...။ နောက်တချီရိုက်ဖို့ပြင်နေတုန်း အမေရောက်လာပြီး လှမ်းဆွဲလိုက်
တယ်။

”နေစမ်းပါအုံးကိုဘကောင်းရယ်...ဘာဖြစ်တာလဲ။ ဘာလို့ ကလေးကိုရိုက်နေရတာလဲ”

”ဘာဖြစ်ရမလဲ...မင့်သားလေ၊ သူများပစ္စည်း
ခိုးတတ်နေပြီ။ ဒီမှာ နားကပ်တစ်ဖက်၊ မေးစမ်း
အဲ့ကောင်ကို၊ ဒီပစ္စည်းဘယ်ကခိုးလာတာလဲ...
ရအောင်မေး”

”မဟုတ်ဘူး...အမေ၊ မဟုတ်ဘူး၊ သားအဲ့ပစ္စည်း မခိုးဘူး၊ အဲ့နားကပ်ကလေ...သား...သားကောက်ရတာ။ ဒီအမှိုက်ပုံထဲက”

”အို..ဟုတ်လား”

”ဟုတ်တယ်အမေ၊ သားတကယ်ကောက်ရတာပါ။ ဒီနားကပ်တစ်ဖက်ရောင်းလိုက်ရင် သားကျောင်းစရိတ်အတွက် အမေမပူရတော့ဘူးလို့ တွေးနေတုန်း၊
အဖေရောက်လာပြီး သားကိုရိုက်လိုက်တာ၊ သား
မညာပါဘူး အမေရယ်။ အမေသင်ထားတာ သား
မမေ့ပါဘူး။ သားဘယ်သူ့ပစ္စည်းမှ မခိုးပါဘူး...”

image

ကျနော်လေ...ဝဲလာတဲ့ မျက်ရည်တွေ ထိန်းပြီး
အမေ့ ဖက်ထားရင်း အကြောင်းစုံရှင်းပြမိတယ်။ အဲ့အချိန်မှာ ပူနွေးကြမ်းတမ်းတဲ့ လက်တစုံဟာ ကျနော့်
ပုခုံးကို လာတင်လို့မော့ကြည့်လိုက်တော့...

...အဖေရယ်...မျက်လုံးမှာ မျက်ရည်တွေနဲ့ ကျနော့် ကိုကြည့်နေတယ်။

”သားရယ်...အဖေတောင်းပန်ပါတယ်ကွာ။ မမေး
မစမ်းပဲ ငါ့သားကို ရိုက်မိတယ်”

လို့ပြောတော့ ခုနက အဖေရိုက်လို့မကျတဲ့ မျက်ရည် တွေဟာ..အခုမှ တာကျိုးသလို တလဟောကျလာ
တယ်။ ဒါဟာ ဝမ်းနည်းလို့ကျတဲ့ မျက်ရည်တွေ
မဟုတ်ဘူးဆိုတာ ကျနော်သိတာပေါ့။ အဖေ့ရဲ့ ခုလို
ကြင်နာတဲ့အပြုအမူရမယ်ဆိုရင် အဖေသတ်မယ်ဆိုတောင် သားသေရဲပါတယ်။

”ဝမ်းမနည်းပါနဲ့ အဖေရယ်၊ အဖေကျနော့်ကို
ရိုက်တာ မုန်းလို့မဟုတ်ဘူးဆိုတဲ့အသိဟာ နားကပ်
ကောက်ရတာထက်ပျော်တယ်” လို့ပြောရင်း ကျနော်တို့ သားအဖ မျက်ရည်များနှင့် တစ်ဦးကိုတစ်ဦး
ကြည့်ရင်း ပြုံးနေမိပါတော့တယ်။

Author@nweoomon
Photo @nweoomon
MSC 265
5.7.2018

Sort:  

စိတ်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးက ကောင်းလှပါတယ်။ခေါင်းစဉ်လေးနဲ့ စာသားများ အံဝင်ခွင်ကျရှိပါတယ်။အားပေးလျက်ပါ။

ဟုတ်ကဲ့ပါရှင်
အားပေးလို့ ကျေးဇူးတင်ပါတယ် 🌹🌹🌹

လူ့ဘဝဇတ်ခုံအကြောင်းမျိုးစုံပါလားသမီးရေ

ဟုတ်ပါတယ် တီတီရေ

ဖတ်​လို့​ကောင်းလိုက်​ထာ​နော်

ဖတ်လိုကောင်းတယ်ဆိုလို့ ကျေးဇူး 🌹🌹

ထည့်ထားတဲ့ဓါတ်ပုံနှစ်ပုံက steem post မှာသူများသုံးပြီးသား
ဖြစ်နေတယ် ပုံကို edit လုပ်ပြီးသုံးရင် အကောင်းဆုံးပေါ့

အပေါ်ဆုံးပုံကလွဲလို့ ကျန်ပုံတွေအားလုံး ဒီနေ့မှ ကျမကိုယ်တိုင်ရိုက်လာတာပါရှင်။ အပေါ်ဆုံးပုံကလဲ link ချထားပေးပါတယ်။

အင်းနော် သမီး
ဘယ်လိုကြီးလည်းမသိတော့ဘူး
စာလေးကလည်းဖတ်ကောင်းလိုက်တာ

သိ​ပ်​​ကောင်းတဲ့ဝတ္ထုတို

ကျေးဇူး 🌹🌹🌹

အ‌ရေးအသားက ထိတယ်‌ဗျာ။

တကယ်ပြောတယ်လို့ မှတ်လိုက်ပါပြီ

ဇာတ်​လမ်း​လေးက မိုက်​တယ်​ ဖတ်​လို့​ကောင်းတယ်​အမ​ရေ့

ကျေးဇူးပါ ညီမလေးရေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thanks. 🌹🌹🌹

ဟေးဟေး ချီတက် လာပြီဟ

မြင်ကပ်တာ အဲ့ချီတက်ကို

ဇာတ်လမ်းကကောင်းတုန်းရှိသေး
အခန်းဆက်ပါလားဗျ

ဟုတ်ကဲ့ စိတ်ကူးသေးတယ်
အီသွားမှာစိုးလို့ 😁

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63869.25
ETH 3055.04
USDT 1.00
SBD 3.88