ဓာတ်တော်တောင်သွား အမှတ်တရများ

in #myanmar6 years ago (edited)

မင်္ဂလာပါ steemit မိတ်ဆွေများရှင်။

ဖေ့စ်ဘွတ်မှာ memory တွေ တက်လာတော့ လွန်ခဲ့တဲ့ နှစ်နှစ်ကဓာတ်တော်တောင်ကို အလည်သွားရောက်ခဲ့ တဲ့ပုံလေးတွေလိုက်ရပါတယ်။ ဒါကြောင့် steemit မိတ်ဆွေများကို အဲ့တုန်းကသွားရောက်ခဲ့တဲ့အကြောင်း လေး မှတ်မိသလောက် ပြန်လည်မျှဝေချင်ပါတယ်ရှင်။

image
(ဓာတ်တော်တောင်အတွင်းမှ ဖူးမျော်ရသော လျောင်းတော်မူ ရုပ်ပွားတော်မြတ်ကြီး)

အဲ့ဒီအချိန်တုန်းက မှတ်မိကြမလားမသိဘူး။ စွန်ရဲအင်း ဟာ ဖေ့စ်ဘွတ်တခွင်မှာ အလွန်နာမည်ကြီးတဲ့နေရာ ပေါ့။ စွန်ရဲအင်းတစ်ခုလုံးက ကြာပန်းတွေအပြည့်နဲ့ အလွန် ဓာတ်ပုံရိုက်ချင်စရာ ကောင်းတဲ့နေရာပါ။ စွန်ရဲအင်းကို မရောက်ဖူးရင်ကို ခေတ်မမှီသလောက် ဟိုနေရာလဲ စွန်ရဲအင်း၊ ဒီနေရာလဲ စွန်ရဲအင်း၊ သွားလိုက် ကြတာ။ နာမည်ကြီးသလောက် တကယ်လဲ လှတဲ့နေရာ ပါရှင်။ ကျမရဲ့ ဖေ့ဘွတ်မိတ်ဆွေတွေကဓာတ်ဆရာတွေ
များတော့ အပြိုင်အဆိုင် လက်စွမ်းပြကြတာ။

ဒါနဲ့ကျမလဲ အဲ့နေရာမှာ ဓာတ်ပုံရိုက်ချင်စိတ်တွေ ဖြစ် လာရော။ အဲ့ဒီတော့ ရုံးကအမတွေကိုမြှူဆွယ်ရတာ ပေါ့။ စွန်ရဲအင်းက အလွန်လှကြောင်း၊ မရောက်ဖူးရင် ခေတ်နောက်ကျလိမ့်မယ်စသဖြင့် တော်ကီ နည်းနည်း ထည့်မိတာ။ မစွမ်းရင်းကလဲရှိ ကန်စွန်းခင်းကလဲငြိ ဆိုသလို စိတ်ပါလာကြပြီး သွားဖြစ်ဖို့ အခြေအနေ ဖန်တီးလာပါတယ်။

ဦးဆောင်စီစဉ်သူက AE (လက်ထောက်အင်ဂျင်နီယာ) ပါ။ ကျမရယ်၊ ရုံးကလုပ်ဖော်ကိုင်ဖက် ငါးယောက်ရယ် ဟာ စနေနေ့မှာ ဆရာ့ရဲ့ Mazda Jeep လေးနဲ့ မနက် ရှစ်နာရီလောက်မှာ သွားကြတာပေါ့ရှင်။ စွန်ရဲအင်း ဆိုတာက ကျောက်ဆည်နားက ဘယ်လင်းဆိုတဲ့မြို့ အနီးမှာရှိတာပါ။ စွန်ရဲအင်းရောက်တော့ ကိုယ့်လို အလည်လာတဲ့သူတွေ မနည်းဘူး။ လှေငှါးဖို့ တန်းစီ နေကြတာလဲ အများကြီးပဲ။ အဲ့လောက်လူများတော့ ကျမတို့လဲ စိတ်ပျက်မိတာပေါ့။

image

image
(စွန်ရဲအင်းရောက်ကြောင်း သက်သေခံဓာတ်ပုံပေါ့)

ဒါနဲ့ အဲ့ဒီနားမှာ ဘာလည်ပတ်စရာရှိလဲလို့ဒေသခံတစ်ဦး ကို မေးကြည့်တော့ စွန်ရဲအင်းကနေ အရှေ့တောင်ဘက် ငါးမိုင်အကွာမှာ ဓာတ်တော်တောင်ဆိုတာရှိတယ်တဲ့။ အဲ့ဒီကိုပဲသွားကြမယ်ဆိုပြီးပြင်ကြတာပေါ့။ ကျမလဲ စွန်ရဲအင်းရောက်မှတော့ ရောက်ကြောင်းအမှတ်တရ လေး ဓာတ်ပုံရိုက်ပါရစေ ဆိုပြီး ကမ်းစပ်က လှေပေါ် ဇွတ်တက်ပြီး ဓာတ်ပုံရိုက်ခိုင်းတာပေါ့။ ဘာရမလဲ...။

ဓာတ်တော်တောင်ခြေရောက်တော့ စေတီလေးတစ်ဆူ တွေ့ရပါတယ်။ တောင်တက်လမ်းကပြေပြေလေး။ လမ်းတစ်လျောက် သစ်ရိပ်ဝါးရိပ်တွေနဲ့ တကယ် အေးချမ်းတဲ့နေရာလေးပါ။ ရှုခင်းတွေကစိမ်းစိမ်းစိုစိုနဲ့ အရမ်းလှတော့ ကိုယ်စီဓာတ်ပုံတွေ ရိုက်ရင်း တောင်ပေါ် တက်လာတာ ပျော်စရာကြီးပါရှင်။တောင်တက်လမ်း တလျှောက်မှာလဲ ထုံးဖြူဖြူစေတီလေးတွေနဲ့ ဇရပ်တွေ နဲ့၊ ချွေးစို့စို့မှာလေးအေးလေးတိုက်သွားတော့ အရသာရှိ လိုက်ပုံများ အမောကိုပြေလို့။

image
(တောင်ခြေက စေတီလေးမှာ အမှတ်တရ)

image
(တောင်တက်လမ်း အမောဖြေရင်း....)

တောင်ပေါ်မှာ ဘုန်းကြီးကျောင်းတစ်ကျောင်း ရှိပါ တယ်။ ကျမတို့ရောက်သွားတော့ ဆရာတော်က တရား ပေးနေတာပါ။ ကျမတို့အဖွဲ့ ဆရာတော်ကို ဝတ်ပြုပြီး တော့ ဓာတ်တော်တောင်ရဲ့ ထူးခြားမှုတွေရှင်းပြပါ တယ်။ အခုတော့ ကျမမမှတ်မိတော့လို့ ရေးမပြနိုင်တာ ခွင့်လွှတ်ပါ။ ဆရာတော်က သားသတ်လွတ်ထမင်းကျွေး ပါတယ်။ လူတိုင်းကိုကျွေးတာပါ။ သဗြွန်းဟင်း၊ ငရုတ်သီးကြော်၊ သရက်ချဉ်သုပ်နဲ့အလွန်စားကောင်း ပါတယ်။

image
(တောင်ခြေမှ သက်တော် ၁၀၈ နှစ်ရှိ ဆရာတော်နှင့် တောင်ပေါ်မှဆရာတော်တို့အား ကန်တော့)

ကျမတို့အဖွဲ့လဲ ဆရာတော်ကိုဝတ္ထုကပ်ပြီး ဓာတ်တော် တောင် ဂူထဲကိုသွားကြပါတယ်။ ဂူထဲမှာအေးစိမ့်နေ ပါတယ်။ လျောင်းတော်မူရုပ်ပွားတော်ကြီးတစ်ဆူနဲ့ ကျောက်ခက်ပန်းဆွဲတွေ၊ ဂြိုလ်ပြေနံပြေဘုရား စသဖြင့် မျိုးစုံရှိပါတယ်။ ကျမတို့အဖွဲ့လဲ ဘုရားကို ဆီမီး၊ အမွှေးတိုင်ပူဇော်သူကပူဇော်၊ပဌာန်းရွတ်ဖတ်သူကရွတ်၊ ဓာတ်ပုံရိုက်သူကရိုက်ပြီး ဂူတွင်းကို လျှောက်ကြည့်ကြ ပါတယ်။ ဝေးဝေးလံလံတော့ မသွားရဲလို့ မသွားကြပါ ဘူး။ တစ်နာရီကျော် အချိန်ဖြုန်းပြီးတော့ တောင်ပေါ်က ပြန်ဆင်းလာကြပါတယ်။

image

image
(ဓာတ်တော်တောင် ဂူတွင်းရှိစေတီပုထိုးများနှင့် အမိအရမှတ်တမ်းတင်နေကြသော ကျမတို့အဖွဲ့)

တောင်ခြေကဘုန်းကြီးကျောင်းကိုလည်း ဝင်ခဲ့ပါသေး တယ်။ တောင်ခြေမှာ သက်တော် (၁၀၈) နှစ်ရှိတဲ့ ဘုန်းတော်ကြီးကိုဖူးတွေ့ရပါတယ်။ ခုချိန်မှာ
ဆရာတော်ကြီးရှိသေးလားမသိပါ။ ဆရာတော်ကြီး ကိုလည်း ဝတ္ထုငွေကပ်ပြီး ပြန်လာခဲ့ကြပါတယ်။ အပြန် ခရီးမှာတော့ ကျမတို့အားလုံး အတွေးကိုယ်စီနဲ့ တိတ်ဆိတ်နေကြပါတယ်။ ကျမစိတ်ထဲမှာတော့
ဓာတ်တော်တောင်ရဲ့ ရှုခင်းတွေ၊ တောင်ပေါ်က
လှမ်းမြင်ရတဲ့ ရှုခင်း၊ ဓာတ်တော်တောင်ရဲ့ ထူးခြားမှု နဲ့ တောင်ပေါ်မှာ စားခဲ့ရတဲ့ ထမင်းတစ်နပ်တို့ကို ယခုတိုင် အမှတ်ရနေမိပါတော့တယ်ရှင်။

image
(တောင်ခြေမှ မြင်ရသော ဓာတ်တော်တောင်ရှုခင်း)

Author@nweoomon
Photo @htwegyi & @nweoomon
MSC 265
9.7.2018

Sort:  

သွားချင်မိတယ်ဗျာ 😊😊

ဟုတ်ကဲ့
သွားကြည့်ပါအုံးလို့ 😁

သွားချင်တယ်

တကယ်ကို သွားသင့်တဲ့နေရာလေးပါရှင့်

မရောက်ဖူးသေးဘူး
သွားဦးမှပဲ

မန္တလေးနဲ့ နီးနီးလေးပါ
တကယ်သွာကြည့်ပါရှင်

အင်းမရောက်ဖူးဘူးဗျ

သွာကြည့်
တကယ်သာယာတယ်

အမှန်အတိုင်းပြောရင်
မရောက်ဖူးဘူးဗျ
ခေတ်နောက်ကျပါပြီဗျာ

အခုတော့ သွေးအေးကုန် ကြပါပြီ
ခေတ်မနောက်ကျတော့ပါဘူး 😁

ရောက်ဖူးသေးဘူး😁

ရောက်ဖူးအောင်သွာကြည့်

အခုဖတ်​လိုက်​ရ​တော့ ပိုသွားချင်​တယ်

တကယ်သာယာလို့ညွှန်းတာပါ

ကြာပန်းမတွေ့ရဘူး
ဗေဒါစိမ်းတွေကတော့လှပ

ကြာပန်းတွေက လှေစီးမှတွေ့ရမှာပါ
ဒါက ကမ်းစပ်ဆိုတော့ ရှိဘူးလေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကောင်းပါတယ်​ဗျာ အဲ့လိုခရီးသွားတာသ​ဘောကျတယ်

ဟုတ်တယ်နော်
မကြာခဏ ခရီးထွက်ပေးမှ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63457.41
ETH 3119.12
USDT 1.00
SBD 3.94