ဒေါသကြီးမိသောအခါ

in #myanmar5 years ago (edited)

ဖြစ်ပုံများ မပြောချင်ပါဘူး။ ဒီရက်ပိုင်း ကျမ
စာမရေးဖြစ်တာ အမွေကိစ္စလေး လုံးပမ်းနေလို့ပါ။
အမွေဆိုတာ ကိုယ်သိထားတာက မောင်နှမတွေ
အမွေခွဲရင် စိတ်ဝမ်းကွဲရတယ် ကြားဖူးထါးတယ်။
မျက်စေ့အောက်တွင်လည်း အမွေခွဲလို့ သွေးကွဲ သွားတဲ့သားချင်းတွေမြင်ဖူးထားတယ်။

image

ဒီတော့ ကိုယ်တွေအမွေခွဲရင် အဲ့လို သွေးကွဲမယ့်
အဖြစ်မျိုးရောက်မှာစိုးလို့ ညီအမတွေ တိုင်တိုင်
ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ အမွေခွဲလိုက်တာ တဝက်
တော့ အောင်မြင်သွားပြီ။ ဒီတော့ ရလာတဲ့အမွေထဲကနေ ညီမတွေစုပြီး အမေတို့ဇာတိရွာမှာ အဖေနဲ့အမေကိုရည်စူးပြီး အလှူလုပ်ဖို့ တိုင်ပင်ကြတာ
ပေါ့။

ဘာကိုလှူမယ်၊ ဘယ်လိုလှူမယ်တိုင်ပင်တုန်းမှာ ရွာကအမေ့ညီမ အဒေါ်ငယ်ရောက်လာတယ်။ ကိုယ်တွေက ညီမတွေထဲ အငယ်ဆိုတော့ ဘာမှဝင်မစွက်ပါဘူး။ အမတွေက ဒါလှူမယ် ဘယ်လောက်ပေးဆိုမှ
ပေးမှာပေါ့။ ပြီးတော့ အလှူတစ်ခုကို ကမကထ
ဦးမဆောင်နိုင်ဘူး။ ဦးလဲမဆောင်ချင်ဘူး။

အဲ့ဒီတော့ အမတွေဦဆောင်သမျှ ကိုယ်ကနောက်က လိုက်ယုံပဲ။ အဖေနဲ့အမေအတွက် ရ့်ာမှာ ကမ္ဗည်းထိုး
ပြီး တစ်ခုခုလှူချင်တယ်လို့ အဒေါ်ငယ်ကိုပြောပြ
တော့ အဒေါ်ငယ်ကလဲ ဝမ်းသာတယ်။ ရွာကဘုရား
ကိုပြန်လည်ပြုပြင်ဖို့ စီစဉ်နေတဲ့အကြောင်း၊
ဘုန်းကြီး ကျောင်းမှာလည်း အုတ်တံတိုင်းခတ်နေလို့ အလှူရှင်တွေလိုကြောင်း ပြောပြတယ်။

20180303_110812.jpg

ဘုန်းကြီးကျောင်းအုတ်တံတိုင်းက ပြီးသလောက်ရှိ
နေပြီး နောက်ဖက်အခြမ်းက အလှူရှင်မပေါ်သေး
ကြောင်းပြောပြတယ်။ အလှူဆိုတာ ဘယ်မှာလှူလှူ ဘယ်လိုလှူလှူ စေတနာသုံးဌာန်ပြဌာန်းရင် ကှ်ိယ့်
အလှူမွန်မြတ်တာ သိပေမယ့် ကိုယ့်တွေရဲ့အလှူကို ထွဋ်ထွဋ်မြတ်မြတ်လေးတော့ ဖြစ်ချင်တာပေါ့။

ဒါပေမယ့်လည်း စဉ်းစားတုန်းပဲရှိပါတယ်။ ဘာလှူ
ရမလဲ ညီအမတွေ မတိုင်ပင်ရသေးပါဘူး။ ဒါနဲ့
အဒေါ် ငယ်ကို နောက်တပတ်မှာ ညီအမတွေ ကားငှါးပြီ ရွာကိုလာမယ်လို့ပြောလိုက်တယ်။ အဒေါ်ပြန်သွားပြီး တပတ်လောက်နေတော့ ရွာကိုဖုန်းထပ်ဆက်တယ်။ ရွာမှာ အမေကြီးဆုံးသွားတော့ အဒေါ်
နှစ်ယောက်၊ အကိုဝမ်းကွဲလင်မယားနဲ့ သူတို့
သားလေးနှစ်ယောက် ရှိကြတယ်။

အကို့ဆီဖုန်းဆက်တော့ ဖုန်းမကိုင်ဘူး။ ဒါနဲ့ ရွာက အဒေါ်တို့အိမ်နီးချင်းဆီလှမ်းဆက်တယ်။ နက်ဖန် ညီအမတွေရွာလာမှာမို့ အကိုလင်မယားကိုစားသောက်ဖို့၊ အလှူကိစ္စ စကားပြောဖို့ စီစဉ်စရာရှိတာ စီစဉ်နိုင်
အောင်ကြိုပြီး ဖုန်းဆက်လိုက်တယ်။ ရွာကအဒေါ်
တွေနဲ့ အကိုလင်မယားက တအိမ်တည်းသာအတူ
နေကြတာ။ စကားမပြောကြဘူး။ ဒါပေမယ့်လည်း ဒီအမတွေနဲ့သင့်တင့်တော့ လုပ်စရာရှိတာ လုပ်ထားမှာပဲလို့ ထင်ခဲ့တယ်လေ။

image

အဲ့မှာစတွေ့တာပဲ။ အကိုကဖုန်းခေါ်ထားတာ မကိုင်လို့ ပြန်လည်းမခေါ်။ ကိုယ်ကလဲ ပြောပြီးပြီဆိုပြီး
ထပ်မဆက်။ ရွာသွားဖို့စီစဉ်ကတည်းက တခုမှ
အဆင်မချော။ ကားလဲ ညမိုးချုပ်မှ ငှါးမရဘူး
ပြောတော့ ညီအမတွေ သိသမျှကားဆရာတွေဆီ
ညတွင်းချင်းဖုန်းဆက်ငှါး။ မရဘူး။

ဒါနဲ့ဖေ့ဘုတ်ထဲက fri တစ်ယောက်က ကားသမား
မှန်းသိတော့ cb ကနေဖုန်းနံပတ်တောင်း။ မနက်မှ
ဖုန်းနံပတ်ပေးလို့ ဖုန်းဆက်ငှါးတာ ဈေးတည့်သွား
ပြီ။ ကားသမားကို ၈နာရီချိန်း။ အမတွေလှည့်ပတ်
ခေါ်။ ၉ နာရီမှ မြို့ထဲကထွက်ရတယ်။ ရွာရောက်
ခါနီး လမ်းခွဲမှာ လမ်းမှားသွားလို့ လမ်းတဝက်မှ
ပြန်ကွေ့လာရတယ်။ရွာရောက်တော့ အိမ်ကြီးက
ခြောက်ကပ်နေရော။

image

ဘယ်သူမှမရှိဘူးလားဆိုတော့ တောသွားကြတယ်တဲ့။ ကိုယ်ကမန်းလေးကထွက်ကတည်းက ဗိုက်ဆာနေတာ။ ရွာရောက်မှစားမယ်ဆိုပြီးအာခဲထားတာ။ ရွာရောက်တော့ ဘာမှစားစရာလုပ်မထားဘူး။ အကိုလင်မယားလည်း အမြှီးတောင်မမြင်ရတော့
ဒေါကန်ပြီလေ။ အဒေါ်ငယ်က ကျမတို့လာမှန်း
သိတော့ တောထဲကနေအပြေးပြန်လာပြီး အလှူလှူဖို့ အတွက် ဘုရားဂေါပကအဖွဲ့ဝင်လူကြိးတစ်ဦး
ခေါ်ပေးတာပေါ့။

အမတစ်ယောက်ကတော့ စိတ်တိုပေမယ့်
အေးအေးဆေးဆေးပါပဲ။ လာရင်းကိစ္စမပျက်
အောင် အခုမှပြင်မယ့်ဘုရားမှာ မုခ်ဦးလှူမယ့်
အကြောင်း ပြောနေတယ်။ သူလဲ သူ့ကိစ္စလုပ်၊
ကျမကလည်း ကျမကိစ္စနဲ့ကျမစိတ်တို။

အမကတော့ စိတ်မတိုဖို့ဖြောင်းဖျတယ်။ စိတ်မဆိုး
ချင်ပေမယ့် မျက်ရည်တွေက အလိုလိုကျလာတယ်။
ကျမက ရွာရောက်ရင် အဒေါ်တို့ကိုကန်တော့မယ်၊ အကို၊ ယောင်းမနဲ့ ကလေးတွေကို မုန့်ဖိုးပေးမယ်။
ပြီးရင် ရွာထဲလည်ပြီး ကန်တော့တန်ကန်တော့၊
လှူတန်လှူ စိတ်ကူးနဲ့စီစဉ်ထားတာ။ လာမှာမို့
ကြိုတင်ပြင်ဆင်ဖို့ ဖုန်းဆက်ပြောထားတာကို မလုပ်ထားဘူး။ တကယ်ဆို သူတို့မပြင်ဆင်နိုင်ရင်၊ မအား
ရင်လည်း ဖုန်းလေးတချက်လောက် ဆက်လိုက်ပါလား။

ခုတော့ မျက်နှာလွှဲခဲပစ်၊ ကျမတို့ကို အရေးမလုပ်၊ စာရင်းမသွင်းလေခြင်းဆိုပြီး အခုအိမ်ပြန်မယ်ဆိုပြီး ကားပေါ်တက်ထိုင်နေလိုက်တယ်။ ကားပေါ်မတက်
ခင် ပိုက်ဆံအိတ်နဲ့ မျက်မှန်နဲ့ အရင်ကားပေါ်တင်
လိုက်တယ်။ ကားပေါ်တက်ရော မျက်မှန်ကြီးကို
ခွပ်ကနဲတက်နင်းမိသွားတယ်။

image

သွားပြီ....မျက်မှန်တော့ တစစီကျိုးသွားပြီ။ အဲ့
ကိုင်းလေးက အီတလီမိတ်လေးမို့ အရမ်းကြိုက်တာ။ တပ်လာခဲ့တာ သုံးနှစ်လောက်ရှိပြီ။ ခုထိ
အရောင်မပျက်သေးဘူး။ လွန်ခဲ့တဲ့နှစ်လလောက်တုန်းက ပါဝါပြန်ချိန်ပြီး မှန်လဲခဲ့တုန်းကတောင် အမကိုင်းလေးကကောင်းတယ်နော်။ ခုထိအရောင်မပျက်ဘူး။ မာတယ် ဘာ..ညာ..နဲ့ မျက်မှန်ဆိုင်ကတောင် ချီးကျူးလိုက်သေးတယ်။ ခုတော့ အသစ်ပြန်လုပ်ရ
တော့မှာ။

အိမ်ပြန်ရောက်တော့ ခေါင်းတွေအသေကိုက်တာ။
မျက်မှန်မပါတော့ အဝေးမကြည့်နိုင်။ နေကပူ။ ခရီးကပမ်း၊ ငိုလဲငိုထားတော့ မျက်စိကကြည့်မကောင်း။
ကိုယ့်ဖာသာတရားကျမိပါရဲ့...။ ဪ...ဒေါသ ရှေ့ထားရင် မှားတတ်တာသိရဲ့နဲ့ ခဏလေးကို
သည်းမခံတော့ အခုလောလောဆယ်ကို ခေါင်းတွေ မခံမရပ်နိုင်အောင်ကိုက်နေပြီ။

ဒိထက်ဒေါသထွက်လို့များ အမှားကျူးလွန်မိရင်
နောက်ဆက်တွဲတွေ ဘယ်လောက်များလာအုံးမလဲ
မသိလို့ တွေးမိရင်း အမွေကနေ အမွှေဖြစ်မလာ
အောင် ဆက်လက်သည်းခံနိုင်အောင် ကြိုးစား
နေကြောင်း ကျမရဲ့အမွေအလှူကိုရေးသားတင်ပြ
လိုက်ရပါတယ်။

Author @nweoomon
Photo @nweoomon
MSC.265
4.11.2018

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

🌹🌹🌹🌹🌹

ဒေါသက မျက်မှန်ဆီရောက်သွားတာ အသစ်ရတပေါ့လေ နော့

တကယ်မမြင်လို့တက်နင်းလိုက်တာပါ

....အဆင်​မ​ပြေတာဆိုတစ်​ခုပြီးတစ်​ခုပါဘဲ....

Posted using Partiko Android

အဲ့ဒါအမှန်ပဲ စထွက်ကတည်းက အဆင်မပြေတာ

အဟား ဖြစ်​မှ ဖြစ်​ရ​လေဗျာ

ပြော...ပြောချင်ဘူး

အမွှေမဖြစ်ဖို့တော့ ထိန်းသိမ်းရမှာပဲဗျာ

အဲ့လိုဖြစ်မှာ တကယ်စိုးရိမ်တယ်

ဒေါသ​တွေ​ရှော့ပါဗျ

ဒေါသထွက်နေမှန်းသိရဲ့နဲ့ မလျှော့နိုင်ဘူးဖြစ်နေတာ

အဲဒါနဲ့ ဒီအတိုင်းပြန်ခဲ့ရတာလား အစ်မ

မျက်မှန်မတပ်ရဘဲ ပြန်လာရတာလေ
လှူဖို့တော့မဖျက်ပါဘူး

မျက်မှန်မရှိတော့လို့ ခေါင်းကိုက်နေပါတယ်ဆိုမှ ဒီ cheetah က အာရုံလာစားနေသေးတယ်နော်။ဒေါသထွက်ရင် သတိလေးပြန်ကပ်ပြီး ထိန်းချုပ်နိုင်ပါစေအစ်မ။

အ်ဲချိတက်ကြောင့် တကယ်စိတ်ညစိတယ်

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.033
BTC 62441.28
ETH 3020.61
USDT 1.00
SBD 3.79