လောဘ (သို့မဟုတ်) Avarice

in #myanmar6 years ago

လူတိုင်းတွင်လောဘကိုယ်စီရှိကြသည်။ လောဘ
နည်းသူနှင့်များသူသာကွာသည်။ အချို့နေရာများ
တွင် လောဘရှိမှ ကောင်းသည်။ ဥပမာ- ပညာသင်
သည့်အခါတွင်ဖြစ်သည်။ ပညာသင်ချိန် သို့မဟုတ် ပညာရပ်တစ်ခုလေ့လာသင်ယူချိန်တွင် လောဘရှိ
မှသာ အများထက် ပိုမိုတတ်မြောက်မည်ဖြစ်သည်။ စီးပွားရှာသည့်အခါတွင်တော့ သင့်တင့်သောလောဘကိုသာ ထားသင့်သည်။

image

လောဘကြီးသူသည် အလိမ်ခံရတတ်သည်။ ထိုသူ တို့သည် ငါးစာသာမြင်၍ ငါးမျှားချိပ်ကိုမမြင်သည့် ငါးပမာ အစာဟပ်၍ ဒုက္ခရောက်တတ်သည်။
လောဘဇောတက်လာသောအခါ မှန်၏ မမှန်၏
ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစားနိုင်တော့ပဲ ထိုသူပြောသမျှ ဟုတ်နိုးနိုးယုံစားကာ လိုက်လျောမိသဖြင့် ဒုက္ခ
ရောက်တတ်ကြသည်။

image

ကျမအသိအဒေါ်ကြီးတစ်ဦး လောဘကြီး၍ ဒုက္ခ
ရောက်ခဲ့ပုံကို ပြောပြချင်ပါသည်။ တစ်နေ့တွင်
အဒေါ်ကြီးတစ်ဦး ဒေါ်နီဟုခေါ်ပါစို့။ ဒေါ်နီသည် အိမ်အနီးရှိ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်
သောက်နေစဉ် လူနှစ်ဦးချဉ်းကပ်လာပြီး မိတ်ဆွေဖွဲ့သည်။ ဒေါ်နီမှာ စကားကခပ်များများ၊ လူလိမ်နှစ်ဦးကလည်း စကားပြောညက်လှသည်ဖြစ်ရာ ခဏ
အတွင်း ခင်မင်သွားကြသည်။

image

ထို့နောက် ၎င်းတို့နှစ်ဦးက မည်သည့်ရွာမှလာ၍
ပွဲရုံသို့ ဆန်အိတ်များ လာသွင်းကြောင်း ဈေးနှိမ်၍
မသွင်းတော့ပဲ ပြန်လာကြောင်း၊ ၎င်းတို့ဆန်အိတ်များမှာ ဆန်ကောင်းပြီးဈေးသက်သာကြောင်း၊ ဆန်အိတ်များကို တဖက်လမ်းတွင် ကားဖြင့်ရပ်ထားခဲ့
ကြောင်း၊ ရွာပြန်မသယ်တော့ပဲဒေါ်ကြီးကို
မြင်မြင်ချင်း ခင်မင်မိ၍ ဒေါ်ကြီးကိုပဲရောင်းတော့
မည်လို့ မြှူဆွယ်သည်။

image

ဒေါ်နီက စိတ်ဝင်စားသော်လည်း ပိုက်ဆံမပါ
ကြောင်းပြောသောအခါ ဒေါ်ကြီး၏ လက်ဝတ်
လက်စားများသာ ချွတ်ပေးရန်၊ ယခုပင် နေအိမ်သို့ ဆန်ကားကိုယူလာခဲ့မည်ပြောပြီး တစ်ဦးကထွက်သွားသည်။ လောဘတက်လာသောဒေါ်နီကလဲ
ချွတ်ပေးသည်။ ကျန်ခဲ့သော နောက်လူတစ်ဦးကလဲ ဒေါ်နီအားမည်သို့ပြောပြီးထားသွားခဲ့သည်မသိပေ။ အတန်ကြာ စောင့်သည်အထိ ထိုလူပေါ်မလာတော့မှ လိမ်သွားမှန်း ရိပ်မိတော့သည်။ ထိုအခါမှ ငိုကြီး
ချက်မဖြင့် အိမ်ပြန်လာရတော့သည်။

image

ဒေါ်နီကတော့ တို့ဆေးမိသည်ဟု ပြောသည်။
တကယ်တော့ သူမ၏လောဘသည်သာ တို့ဆေး
ဟုပင် ပြောရပေမည်။ အလိုကြီးလျှင် အရနည်း၍ သူတစ်ပါးပစ္စည်း အချောင်လိုချင်ပါက ကိုယ့်ပစ္စည်းပါ ဆုံးပါးတတ်ကြောင်း ဒေါ်နီ၏ သာဓကကို Steemit မိတ်ဆွေများ သိရှိနိုင်စေရန် ဤစာစုဖြင့်
တင်ပြလိုက်ရပါသည်။

Author @nweoomon
Photo @nweoomon
9.5.2016

Sort:  

တို့ ဆေးဆိုတာ လောဘပဲဗျ
လောဘတို့ ဆေးမိတာပါ

ဟုတ်ပါတယ်
လောဘဆိုတဲ့တို့ဆေး မိသွားတာပါ

You got a 45% upvote from @aungzawhtwe courtesy of @nweoomon ! its cool fee free .

ကျေးဇူးပါရှင်

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 1.41% upvote!
I was summoned by @nweoomon. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.033
BTC 63036.79
ETH 3067.42
USDT 1.00
SBD 3.82