“ခေတ်လူငယ်နှင့်---”

in #myanmar6 years ago

IMG_20171211_182328.jpg

“ခေတ်လူငယ်နှင့်”

“တစ်ခါတုန်းက တောအုပ်ကြီးတစ်ခုရှိတယ်တဲ့။ ထိုတောအုပ်ကြီးထဲမှာ အင်မတန်မှ ခွန်အား ကြီးမားသော ခြင်္သေ့ကြီးတစ်ကောင်ဟာ တောဘုရင်အဖြစ် အုပ်ချုပ်မင်းလုပ်နေတယ် ပေါ့ကွယ်။ တစ်နေ့မှာတော့ ထိုတောအုပ်နှင့် မနီးမဝေးက တောအုပ်တစ်ခုက မြေခွေး တစ်ကောင်ဟာ ခြင်္သေ့ကြီးရှိရာ တောအုပ်ကို မျက်စိလည်ကာရောက်ရှိလာခဲ့တယ် ပေါ့ကွယ်။”

“ဘဘရေ တော်ပီဗျာ တစ်ခါလာလဲ တောဘုရင် ခြင်္သေ့ကြီး၊ တစ်ခါလာလဲ ခြေခွေးမိုက် ကြီးနဲ့ ဒီပုံပြင်တွေပဲ ခဏခဏပြောနေတာ ပျင်းလာဘီဗျာ တစ်ခြားပုံပြင်လေး ပြောင်းပီး ပြောပါ ဘဘရာ”။ အိမ်ရှေ့ကွပ်ပျစ်တွင် အဘိုးဖြစ်သူမှ မြေးနှစ်ယောက်ကို ပုံပြင်ပြောပြ နေကြခြင်းဖြစ်သည်။ အဘိုးဖြစ်သူသည် အနည်းငယ်ပြုံးလိုက်ပြီးလျင် “အေးပါကွယ် င့ါမြေးတို့ နားထောင်ချင်တဲ့ ပုံပြင်ကို ဘဘလဲ ပြောပြချင်တာပေါ့ကွယ် မြေးတို့က ထူးထူးဆန်းဆန်း ပုံပြင်တွေကိုမှ နားထောင်ချင်တော့ ဘဘလဲ မစဉ်းစားတတ်အောင် ဖြစ်နေရပီကွယ့်” “တော်ပီဘဘရေ ပုံပြင်နားမထောင်တော့ဘူး အခွေပဲကြည့်တော့မယ်” “ဟုတ်တယ် ဘဘပုံပြင်တွေက ပျင်းစရာကြီး သားလဲနားမထောင်တော့ဘူး ဂိမ်းပဲကစား တော့မယ်” ပြောပြောဆိုဆို မြေးနှစ်ယောက်လုံး ကွပ်ပျစ်လေးမှဆင်းပြေးသွားကြသည်။

img.jpeg
Credit Image Source

အဘိုးအိုမှာ သူ့နဘေးမှ ပြေးထွက်သွားသော မြေးနှစ်ယောက်ကို ဝေသီနေသော မျက်ဝန်းအစုံဖြင့် လှမ်းကြည့်ရင်း ယနေ့ခေတ်ကာလတွင် တိုးတက်ပြောင်းလဲလာသည့် အကြောင်းအရာများနှင့်အတူ ခေတ်လူငယ်လေးများ၏ တိုးတက်လာမှု၊ ဆုတ်ယုတ်လာမှု တို့အား တွေးတောကြည့်နေမိတော့သည်။

ယနေ့ခေတ် လူငယ်လေးများသည် ကံကောင်းသည်လား၊ ကံဆိုးသည်လား ဆိုသည်မှာ ဝေခွဲမရနိုင်ဖြစ်မိသည်။ အရှိန်ဟုန်ကောင်းဖြင့်လွန်စွာတိုးတက်လာသော ခေတ်ကြီးထဲတွင် ပေါများလှသော အသုံးအဆောင် ရုပ်ဝတ္ထုပစ္စည်းများမှာ နေရာတကာ လက်ညှိုးထိုးမလွဲပင်။ ယခုလည်း မြေးငယ်လေးနှစ်ယောက်၏ ရွေးချယ်မှုကိုကြည့်လိုက်လျင် မြေးတစ်ဦးက ဒီဂျစ်တယ်နည်းပညာဖြင့် အဆင့်မြင့်လာသော ဒီဗီဒီ၊ ဗီစီဒီခေါ် ဗီဒီယိုဇာတ်ကား စီဒီအခွေ များကို နှစ်နှစ်ခြိုက်ခြိုက် စွဲစွဲလန်းလန်း ကြည့်ရှုနေချေသည်။ နောက်တစ်ဦးမှာကား ဖွံ့ဖြိုးလာသော ရုပ်ဝတ္ထုတစ်မျိုးဖြစ်သည့် ဆဲလ်ဖုန်းဖြင့် အင်တာနက်ချိတ်ဆက်ကာ ဂိမ်းအမျိုးမျိုးကို ကျွန်းကျွန်းကျင်ကျင် ကစားနေလေပြီ။

သူတို့လေးတွေကို လူငယ်ပီပီ တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်း ဆော့ကစားနေကြသည် ကိုသာ မြင်လိုသည်။ ယခုလို တစ်ယောက်က တီဗီရှေ့တွင် ရုပ်ရှင်ဇာတ်ကားများ ကြည့်ကာငြိမ်နေ၏၊ တစ်ယောက်က ဆဲလ်ဖုန်း တစ်လုံးဖြင့် ဂိမ်းများဆော့ကာ ငြိမ်နေကြ သည်။ ငြိမ်ချက်သားကောင်းနေလှသော သူတို့လေးတွေ၏ ကိုယ်ခန္ဓာနှင့် ဦးဏှောက်လေး များပါ ငြိမ်သွားမှာ စိုးရိမ်မိသည်။ ကလေးတို့မိဘများကလည်း ကလေးတွေ ငြိမ်နေလျှင် ပြီးရော ကလေးများ၏ ရှေ့ရေးအတွက် ထည့်သွင်းမစဉ်းစားနိုင် ဖြစ်နေကြ လေရော့သလားမသိ စဉ်းစားစရာပေ။

img.jpeg
Credit Image Source

ခေတ်ကာလသည် တိုးတက်လာသည်မှန်၏။ နေရာတိုင်း နေရာတိုင်းတွင် ခေတ်မှီပြီး ဆန်းပြားသော ရုပ်ဝတ္ထုပစ္စည်းတို့က နေရာယူလာကြသည်။ အတန်းပညာ၊ ကျောင်းပညာ သင်ကြားနေကြသော လူငယ်လူရွယ်လေးများသည်။ အတန်းကျောင်းမှပြန်ရောက်သည်နှင့် ကျူရှင်ဆိုသည်က ဆက်လက်တက်ကြရပြန်သည်။ လူငယ်တို့သဘာဝ လွပ်လပ်စွာ ဆော့ကစားနေရသော အချိန်တွင် ကျောင်းစာနှင့် ကျူရှင်စာနှင့် အချိန်ပိုသင်ကြားရေးတို့နှင့် ကလေးတို့၏ လွပ်လပ်သော၊ သန့်ရှင်းလတ်ဆတ်နေသော ဦးဏှောက်လေးများကို ဖိအားများစွာပေးနေကြသည်။

တိုးတက်လာသော ခေတ်ပစ္စည်းများ နှင့်အတူ ဆုတ်ယုတ်လာသော အရာများလည်း ထုနှင့်ထေးပင် ရုပ်ဝတ္ထုတို့ တိုးတက်ထွန်းကားလာသော်လည်း စိတ်ဝိဥာည်များသည်လည်း ဆုတ်ယုတ်လျော့ပါးလာကြသည်ကို မြင်တွေ့နေရသည်။ ထိုသို့ တိုးတက်ခြင်း ဆုတ်ယုတ်ခြင်းများအကြားတွင် ခေတ်လူငယ်လေးများမှာ ကြားခံနယ်တစ်ခုဖြစ်၍ နေချေသည်။ ခေတ်လူငယ်လေးများ၏ အကြား၊ အမြင်၊ အပြော၊ အကြံတို့သည် တိုးတက်လာသည်က တစ်ကြောင်းဖြစ်၏။ ခေတ်လူငယ်လေးများ၏ လွတ်လပ်သော အတွေးအခေါ်၊ သန့်ရှင်းသောစိတ်အကြံအစည်လေးများကိုကား ယုတ်လျော့မသွားစေချင်။

img.jpeg
Credit Image Source

ထိုသို့လျင် ခေတ်နှင့် လျော်ညီသော ခေတ်၏ပုံရိပ် ဆန်းသစ်သောရုပ်ပစ္စည်းများနှင့် ခေတ်၏အားသစ်၊ ခေတ်၏ရှေ့ဆောင်၊ ခေတ်၏အနာဂတ်၊ ခေတ်၏လူငယ်လေးများကို မိဘများနှင့် အုပ်ထိန်းသူများမှ ခေတ်အလိုက် ပေါ်ပေါက် လာသော ပစ္စည်းတို့အား မှန်ကန်သော အသုံးချခြင်းနည်းလမ်းများကိုသာ လမ်းညွှန်ပေး သင့်ပေသည်။ ငြိမ်နေလျင်ပြီးရောဆိုပီး လက်လွတ်စပယ် အသုံးပြုစေခြင်းကို ရှောင်ကြည်ကြစေချင်သည်။ လမ်းညွှန်ပေးကြစေချင်သည်။

ခေတ်၏လူငယ်လေးများသည် ခေတ်၏ရှေ့ဆောင်လမ်းပြများ ဖြစ်ကြသည်။ ခေတ်၏ မိုးသောက်ကြယ်လေးများ ဖြစ်ကြသည်။ သူတို့လေးတွေကို ခေတ်၏ရုပ်ပစ္စည်းများ၏ သားကောင်များမဖြစ်စေလိုပါ။ ခေတ်၏ အသုံးအဆောင်ပစ္စည်းများကို အသုံးပြုကြရင်း ခေတ်၏အနာဂတ် ဦးဏှောက်လေးများ ငြိမ်သက်မသွားစေလိုပါ။ ။

Steemit photos for paragraph.jpg

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 08:00 PM (10.6.2018)

#Myanmar #Writing #knowledge #Idea #Life

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

စစချင်းတော့ ကျွန်တော်တောင်ပုံပြင်မှတ်လို့မဖတ်တော့ပါဘူးလို့လုပ်သေးတယ်

အဟား ကိုကြီးစိုးရေ အဲဒါပဲဗျ တစ်ချို့က အစပိုင်းလေးဖတ်ပီး ဆုံဖြတ်လိုက်ကြတာ တော်ပါသေးတယ် ကိုကြီးစိုးတစ်ယောက် အစအဆုံး ဖတ်ပေးသွားလို့။

ဘဘ... ဘဘစမီးက. ဘဘပြောတဲ့သားကောင်တေဝင်စားနေကြကုန်ပြီ ဘဘ😔😔

ဟဲ့ ဘယ်လိုဖြစ်လို့ ကလေးနဲ့တွေ့နေရတာလဲဟ။

က​လေး​တွေငြိမ်​​နေရင်​လည်းစိတ်​မချရ​တော့ဘူး....​ကောင်း​သောပိုစ့်​ပါ...

ဟုတ်တယ် ကျနော် အဲဒါလေးတွေ သတိထားမိလို့ ကလေးတွေအတွက် စိတ်ပူမိတာအမှန်ပဲ။

ဟိုးရှေးရှေးတုန်းကတဲ့

ဟုတ် တယ် ရှေး ရှေး တုန်း က ----

ဟုတ်ပါတယ်ဦးညီ တိုးတက်ခြင်းရဲ့ နောက်ကွယ်က ဆုတ်ယုတ်လာသောအခြေအနေလေးတွေပါ။မိဘတွေအားလုံး ပိုပြီးသတိထားရမယ်လို့ ထောက်ပြသွားတာပါ။

မှန်တယ် ကိုသန့်ဇင်ရေ တိုးတက်လာတဲ့ခေတ်ကြီးမှာ ကလေးတွေအတွက် မိဘတွေဟာ အထူးကရုစိုက်ရမှာပါ။ ခေတ်ပေါ်ပစ္စည်းတွေသုံးပီး ကောင်းကျိုးတွေရသလို ဆိုးကျိုးတွေကလဲ ကပ်ရက်ပါလာတတ်တော့ သတိထား အသုံးပြုစေချင်ပါတယ်။

အကျိုးရှိတဲ့အလုပ်တွေကို တိုက်တွန်းမိရင် ခေါင်းခါပြတာ အကျင့်ဖြစ်နေကြပါပီကွှီးရွှေရေ

ဟုတ်တယ် ကိုစိုးရေ ဘာပဲဖြစ်ဖြစ် ပြောရမည့်သူကတော့ ပြောပေးနေရမှာပဲလေ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinyiwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64647.93
ETH 3160.25
USDT 1.00
SBD 4.09