“လွယ်ကူကြရာဝယ်”

in #myanmar6 years ago

38446285_460845687723422_2499775355452129280_n.jpg

“လွယ်ကူကြရာဝယ်”

တစ်ခါတစ်ရံမှာ ကျနော်စဉ်းစားမိတာလေးရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဖြတ်သန်းလာ ခဲ့သော ဘ၀ခရီးလမ်းတွင် အချို့သော အကြောင်းအရာများကို ဖြတ်လမ်းတစ်ခုခုမှ သို့မဟုတ် လွယ်ကူသောလမ်းတစ်ခုခုမှ ရွေးချယ်လုပ်ဆောင်တတ်ကြသည်ကို တွေ့ကြုံ တတ်ကြပါတယ်။ ဒီလိုလုပ်ဖို့အတွက် ကျွန်တော်တို့ဟာ စွန့်စားမှုတစ်ခုကို လုပ်ရသည့် အလား လောင်းကစားတစ်ခုကို လုပ်နေရသည့်အလား စိတ်ခံစားမှုများ ပေါ်ပေါက်လာတတ် ကြပါတယ်။ ကျွန်တော်ဆိုလိုချင်သည်မှာ လွယ်ကူသောလမ်းကို လိုက်ပြီးသည့်နောက် ခက်ခဲသော အန္တရာယ်များကလည်း အတူပူးတွဲပါလာတတ်သည်ကို မမေ့ကြဘို့ဖြစ်ပါတယ်။

ဒီလို မိမိဆုံးဖြတ်ချက်၏ ဆိုးကျိုးပြန်လည်သက်ရောက်မှု အကြောင်းများ၊ ဖြတ်လမ်း သို့မဟုတ် လွယ်ကူသောလမ်းကို လျောက်လှမ်းပြီးနောက် ပုံမှန်မဟုတ်သော ခက်ခဲမှုနှင့် ရင်ဆိုင်ရတဲ့ သာဓကများသည် ကျွန်တော်တို့ ဘေးပတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်းတွင် များစွာရှိနေပါတယ်။ ဒီအကြောင်းများစွာထဲမှ ကျွန်တော်ဖတ်မှတ်လေ့လာဖူးသော အနောက်တိုင်းပုံပြင်လေးတစ်ခုကို အလျင်းသင့်သဖြင့် အကျဉ်းအားဖြင့် ပြောပြပါဦးမည်။

work success.jpg
Cedit Image Source

တစ်ခါက တောဘဲအုပ်တစ်အုပ်သည် ကောင်းကင်တွင် ပျံဝဲရာနေရာမှ အစာအလို့ငှာ လယ်ကွင်းတစ်ခုအတွင်း သက်ဆင်းကာ စားကြတယ်။ တောဘဲတစ်ကောင်ဟာ လယ်စောင့်တဲအနီးမှ လယ်သမားမွေးထားသည့် အိမ်မွေးဘဲများနှင့်ရောနှောကာ ချကြွေး ထားသော ပြောင်းဆန်တို့အား နှစ်သက်စွာ စားသောက်လေတယ်။ ထို့နောက်တွင်တော့ လွယ်လွယ်ကူကူပြောင်းဆန်ကို စားနေရသဖြင့် လူမွေးဘဲအုပ်ထဲသို့ ရောနှောကာ နေလိုက်တယ်။ ထိုဘဲလေး၏ စိတ်ကူးတွင်ကား နွေးထွေးလုံခြုံသောနေရာတွင်အိပ်ရသည်၊ အစားကောင်းကောင်းစားရသည်၊ သက်သက်သာသာနေရသည်ဟူ၍ဖြစ်လေသည်။

သို့နှင့် တစ်ရက်ပီးတစ်ရက် အချိန်များစွာ ကုန်လွန်သွားသော်လည်း သူ့၏မူလ တောဘဲအုပ်မှဘ၀ကို မေ့လျော့သွားလေတော့တယ်။ သူ၏ရွေးချယ်လိုက်သော ထိုအခိုက်အတန့်လေးသည် လွယ်ကူလှပနေတော့သည်။ တစ်နေ့တွင်တော့ ရာသီ ပြောင်းချိန် ကျရောက်လာသဖြင့် တောဘဲအုပ်သည် အခြားသောဒေသတို့ ခိုလှုံရန် ပြောင်းရွေ့ကြရန်အတွက် လေထဲပျံဝဲတက်ကြကာ အဖော်အပေါင်းများဖြင့် စုစုစည်းစည်း အမြင့်သို့ ပျံတက်ကြလေသည်။ ထိုအမြင်ကွင်းကို မြင်မိလေတော့မှ လူမွေးဘဲအုပ်ထဲက ကိုတောဘဲလေးဟာ သူ၏မူလ တောဘဲဘ၀ကို အမှတ်ရလေပြီး အဖော်များနောက် လိုက်ရန် လေတွင်ပျံဝဲရန် ကြိုးစားအားထုတ်လေရာ သက်သက်သာသာ၊ စားချင်သလိုစား နေချင်သလို နေလာခဲ့သော သူ၏၀လာသော ခန္ဓာကိုယ်အား ကြွတက်ပျံသန်းရန် မတတ်နိုင်ဖြစ် လေတော့သည်။


Credit Image Source

ဒီဇတ်လမ်းလေးကို ဖတ်မိလေတော့မှ လွယ်ကူခြင်းသည် နေရာတိုင်းနှင့် မသင့်တော်သည်ကို မှတ်သားသိရှိခဲ့ရသည်။ အကြောင်းအရာများအား ဖြတ်သန်း၊ ကျော်ဖြတ် သွားကြရသည့် ကျွန်တော်တို့ လူ့လောကကြီးတွင် လွယ်ကူသောလမ်းကို လူတိုင်းလူတိုင်းက နှစ်သက်ကြသည်။ သို့သော် အကောင်းဆုံးလမ်းတစ်ခု မဟုတ်နိုင်သည် ကိုတော့ သတိချပ်သင့်ကြသည်။

ကျွန်တော်တို့သည် တစ်စုံတစ်ခုအား ရလိုမှုဖြင့် ကြိုးစားအားထုတ်ရန် ခက်ခဲနေသလား၊ ခိုးယူခြင်းခြင့် အလွယ်တကူရသည်ကို နှစ်သက်နေကြလေသလား။ လွယ်ကူသော လမ်းများကို နှစ်သက်နေကြပါသလား။ ဥပမာအားဖြင့် ရှာဖွေစုဆောင်းခြင်းထက် ချေးငှားရယူခြင်းက ပို၍လွယ်ကူနေသည်။ ထိုချေးငှားခြင်းနောက်ကွယ်က အကြွေးနွံနစ်ခြင်း အန္တရယ်ကိုကား မမြင်တွေ့ကြလေသလား။ လုပ်ငန်းဆောင်တာတစ်ခုအား အစီအစဉ် အကျအနရေးဆွဲကာ လုပ်ဆောင်ခြင်းထက် အခုလိုမှ အခုထလုပ်လိုက်မည်ဆိုသည့် လူများက များနေသည်။ ထိုသို့ ခုလိုမှ ခုထလုပ်တော့ အခက်အခဲအမှားအယွင်းများဖြင့် ဆုံးရှုံးနစ်နာခဲ့သော လုပ်ငန်းများ မည်မျှများနေကြသနည်း။ လွယ်ကူသောလမ်းသည် စဉ်းစားစရာပါ။ လွယ်ကူခြင်းလမ်းဟူသည် စနစ်တကျ တည်ဆောက်ထား သောလမ်းနှင့် စနစ်မရှိ လမ်းလွဲလိုက်သောလမ်းဟူ၍ နှစ်မျိုးနှစ်စားရှိသည်ကို တွေ့မြင်ကြရမည်။


Credit Image Source

ကျွန်တော်တို့သည် တောဘဲအုပ်နည်းတူ သဘာဝအတိုင်း မိုးမြင့်ယံထက်ပျံသန်း လိုကြသည်။ သို့သော် တစ်ခုသော အတိုင်းအတာအားဖြင့် ကျွန်တော်တို့ ပေးဆပ်နိုင်မှသာ အမြင့်သို့ ပျံတက်နိုင်ကြမည်ဖြစ်သည်။ အသင်သာဆိုလျင် မည်သည့်လွယ်ကူသော လမ်းကို လိုက်မည်နည်း။ လွယ်ကူခြင်း၏ နောက်ကွယ်မှ ကြုံတွေ့ရမည့် အခက်အခဲများကို ကျော်လွှားနိုင်ကြပါစေ။

မှတ်ချက်။ ။ အထက်ပါဆောင်းပါးသည် အမည်မမှတ်မိတော့သော အင်္ဂလိပ်စာရေးဆရာတစ်ဦး၏ ဆောင်းပါးတစ်ပုဒ် ကိုဖတ်ခဲ့ဖူးသည်မှ ကျွန်တော်မှတ်မိသလောက် ကျွန်တော်၏ အတွေးအမြင်များနှင့် ပြန်လည် တင်ပြထားခြင်းဖြစ်ပါသည်။

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 12:30 AM (9.8.2018)

#Myanmar #Community #Life #Literature

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

Sort:  

မှတ်သာ့းရပါတယ်ဗျာ။

လာရောက်အားပေးတာ ကျေးဇူးဗျာ။

အလွယ်တော့ ကြိုက်မိနေသလိုပါဘဲ ဒါပေမဲ့ မလွယ်ခဲ့တာ ခုထိပါဘဲဗျာ တစ်ခါတစ်လေ လွယ်ချင်ပေမဲ့ အလွယ်နောက်က ပိုခက်တာကို ပိုကြောက်မိတယ် ကွီးရွှေရေးသလိုပါဘဲလေ ။ ဘဲလေ နော့ ။

အေးလေ ကိုဒိုမီရေ လွယ်ချင်ပေမယ့် ခက်သွားရတာတွေလဲအများကြီးပါ။

အလကားရတာ ဘာမှမရှိပါ ကွှီးရွှေ

ဟုတ်ပကိုစိုးရေ လောကနိယာမအတိုင်း တစ်စုံတစ်ခုအတွက် အရာတစ်ခုပေးဆပ်ကြရတယ်ဆိုတာပေါ့လေ။

ဖြတ်လမ်းနဲ့ ဘဝကို ထောင်တက်သွားသူတွေရှိသလို ဖြတ်လမ်းကြောင့် ဘဝမှာ ထောင်ကျသွားသူတွေလည်းရှိတယ် ဖြတ်လမ်းဆိုတာ တကယ်တော့ သေချာသုံးသပ်ဆင်ခြင်ပြီးလုပ်နိုင်မှ အမှားနည်းနိုင်သလို ရေဘဲလေးလိုဘဲ အောင်မြင်တယ် ထင်ရပေမဲ့ ဘေးထွက်ဆိုးကျိုးလည်း ရှိပါတယ်

ဟုတ်တယ် မစုလှိုင်ရေ ကျနော်ဆိုလိုတာ အဲတာပဲဗျ အလွယ်လမိးကို ဆင်ခြင်အသုံးပြုသင့်ကြောင်းဗျာ။

တောဘဲ ဥပမာ လေးက တကယ်ကိုထိထိရောက် နှင့် အဓိပ္ပာယ်ရှိလှပါတယ် ကွီးရွှေ ရေ...
အလွယ်မကြိုက်ဖို့ စိတ်ကို ဆုံးမရဦးမယ်။

ဟုတ်တယ်ကိုမြန်မာကိုကိုရေ အလွယ်မက်မိတဲ့ တောဘဲလေး အဖော်တွေနောက်မလိုက်နိုင်ဖြစ်ရပီလေ။

အလွယ်ရရင် အလွယ်ဘဲဆုံး၇ှုံးရတာများပါတယ်ဗျာ ဘာဖြစ်လို့ဆို လွယ်လွယ်ရတော့ တန်ဖိုးမထားကြလို့ပါ

မှန်တယ်ဗျာ အလွယ်ရတော့ တန်ဘိုးနားမလည်ဖြစ်တော့တာပေါ့။

လွယ်လွယ်လုပ်တဲ့အလုပ်က ပျက်ဆီးဖို့လည်းလွယ်တယ်

ဟုတ်တာပေါ့ဗျာ လွယ်လွယ်လုပ်တဲ့နောက်မှာ ပိုခက်တာလိုက်လာတတ်တယ်။

profile ပုံ ပြောင်းသွားပြီပဲ

ဟုတ်တယ် ကိုစောရေ ပုဂံကအပြန် အမှတ်တရလေးဖြစ်အောင် ပြောင်းထားတာ။

အလွယ်လမ်းလိုက် ရေသာခို အချောင်လိုက်ရင်တော့ အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး

ဟုတ်တယ် ကိုဘီလျံရေ မှန်သောစကားပါပဲဗျာ။

လူ့သဘာဝက လွယ်လွယ်ကူကူသာ ထမင်းစားရရင် အကုသိုလ်တောင်မကြောက်ဘူး

ကိုမင်းစိုးနိုင်ပြောသလို ဟုတ်တော့လဲ ဟုတ်နေတာပဲ လူတွေကိုက အလွယ်ကြိုက်ကြတာပါ။

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70601.11
ETH 3576.21
USDT 1.00
SBD 4.78