မှုန်ပြပြ အတွေးကဗျာများ

in #myanmar6 years ago (edited)

IMG_20171211_182328.jpg

“ ခြေရာများ ”

img.jpeg
Credit Image Source

အကြောင်းဆိုတာက သူ့ဟာသူ ဖန်လာလေသလား
ရှင်းမပြတတ်တာ နှစ်ပေါင်းအတော်ကြာခြဲ့ပီလေ။

ပြောစရာစကား မယ်မယ်ရရမရှိပဲ
သူစိမ်းတွေကို ပြုံးပြနှုတ်ဆက်နေခဲ့ရ နှစ်ပေါင်းအတော်ကြာခဲ့ပြီလေ။

လစာထုတ်ရက်ကိုတွေးကာ ပျော်နေခဲ့မိပေမယ့်
လစာထုတ်ပီးတိုင်း ငါမျက်ရည်ကျနေခဲ့ ရတာ နှစ်ပေါင်းအတော်ကြာခဲ့ပြီလေ။

ငါမုန်းတဲ့သူတွေကို ငါကပဲပြန်ပီးပြုံးပြနေခဲ့ရ
ငါ့အံဆွဲထဲမှာလဲ ပိုးဟပ်တွေကိုက်ဖဲ့ခံထားရတဲ့ စိတ်ဓါတ်လေးတွေ တစ်စစီပြန့်ကြဲလို့။

မိုးရွာတုန်းရေခံကြဟ ငါ့အဖေမှာခဲ့တဲ့စကားများ--
အခုလို ဘ၀နာပီဆိုမှ တန်ဘိုးရှိကြောင်းနားလည်လိုက်ပီလေ။

ပျော်ပျော်နေသေခဲ မော်တော်တွေရေထဲ
ငွေရှာနည်းသာ အဖြေရှာမရရင် မင်းရင်ဘတ်ထဲမှာ ပိုးခြည်မျှင်တန်းရော့မည်။

ကဲ အမုန်းဆုံးလူကို အသေသတ်ကြေးဟေ့လို့ ကြေငြာလိုက်စမ်းပါ
မင်းဘယ်သူ့ကို အရင်သတ်မလဲ။
ငါကတော့ ငါ့ကိုငါ အရင်သတ်မိပြီပေါ့
ငါ့ရင်ဘတ်ကိုဖြဲကြည့်လိုက်စမ်းပါ ရိုးသားခြင်းပန်းပွင့်ရဲ့
ပွင့်ဖတ်ခြောက်လေးတွေမင်းတွေ့လိမ့်မယ်။

တကယ်တော့ ငါတို့တွေရဲ့ ဘ၀ဆိုတာဟာ
နောက်ဆုံးမှာ မှုန်ဝါးဝါးခြေရာလေးတွေပဲကျန်ခဲ့တာပါလေ---။

ဈာန် ( မုံရွာ )

steemit last photo.jpg

Writer >>> ဈာန်(မုံရွာ)သည် ကျွန်တော်၏ ကဗျာရေးသော ကလောင်ဖြစ်သည်(@nyinyiwin) ။

@nyinyiwin(Steemit) MSC-006

Writing End Time >>> 12:00 AM (10.6.2018)

#Myanmar #Poem #Life

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

ကွီးရွှေက မော်ဒန်တွေလဲ ရတာပဲကို စွယ်စုံရ စာရေးဆရာ ပါပဲဗျာ။

ဟုတ် ကိုမြင့်ရေ အကုန်မရသေးပေမယ့် တတ်သလောက်မှတ်သလောက်လေးတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတာပါဗျာ။

မှုန်တုံတုံဝါးတားတား ဘ၀ ကိုယ်ပိုင်ဆိုင်ပီးတော့ မှုံတုံတုံဝါးတားတားနဲ့ ဗီဇာကုန်ရင် ပြန်ရတော့မယ် ☺☺☺

ကိုစိုး ဗီဇာက ဘယ်တော့ သက်တမ်းကုန်မှာလဲ အဟိ။

ကုန်မယ့်နေ့ကြိုသိနေရင် မကောင်းမှုမလုပ်ဖြစ်လောက်တော့ဘူး

ဘယ်နေ့ကုန်မှန်းမသိတာ ခုတည်းကကောင်းမှုများများလုပ်ထားလေ။

မှုန်ဝါးဝါးခြေရာ

ဟုတ် ကိုကြီးစိုး မှုန်ဝါးနေတုန်းပါပဲ ။

ကောင်းပါတယ်​ဗျာ

ဟုတ် လာရောက်အားပေးတာ ကျေးဇူးဗျာ။

ကဗျာ​ကောင်းပါ...👍

ဟုတ် ကျေးဇူးပါဗျာ ။ အကောင်းဆုံးကြိုးစားနေပါတဟ်ဗျ။

စာရေးဆရာအပြင်ကဗျာဆရာပါတကား

ဟုတ်တယ် ငယ်ငယ်က ကဗျာလေးတွေ ရေးတာ ၀ါသနာပါလို့ အရှိန်ကပါလာတာလေ။

ဟုတ်ပါတယ်လေ
'ဘဝ'ဆိုတာ 'မှုန်ဝါးဝါးခြေရာတွေပါ' သား

ဟုတ်ကဲ့အန်တီရေ လာရောက်အားပေးလို့ ကျေးဇူးပါခင်ဗျ။

စကားလုံး​တွေသုံးထားတာ​ကောင်းတာရှင်​။

ဟုတ်ကဲ့ဗျ အားပေးမှုကို ကျေးဇူးပါဗျာ။

စိတ်‌ပျိုကိုယ်‌နုတဲ့။တို့ဆရာက နုနုရွရွ‌လေးလည်း ‌ရေးတတ်‌တယ်‌ဆို‌တော့ ကိုယ်‌လည်း ကျန်းမာ‌နေမယ်‌ထင်‌ပါတယ်‌။

ဟုတ်ကဲ့ဗျာ စိတ်ကတော့နုတယ်ဗျာ လူကတော့ မနုနိုင်တော့ပါဘူး အဘိုးကြီးဖြစ်နေပါပီ။ ခန္ဓာကိုယ်ကတော့ ကျန်းမာရေးလေးဂရုစိုက်နေရပါတယ်ဗျာ။

မူန်ဝါးဝါးနဲ့လျှောက်နေပါသည်

ဟုတ်တယ် မှုန်တုန်ဝါးတားပဲ အခုထိ ရှင်းရှင်းလင်းလင်းကိုမရှိသေးဘူး။

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 63519.79
ETH 3073.58
USDT 1.00
SBD 3.82