“ မိုးသည်းည လွမ်းတေးတစ်ပုဒ်(စ) ”

in #myanmar6 years ago (edited)

IMG_20171211_182328.jpg

ယခင်အပိုင်း(၁)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (ပ) ”

ယခင်အပိုင်း(၂)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (ဒု) ”

ယခင်အပိုင်း(၃)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (တ ”

“ မိုးသည်းည လွမ်းတေးတစ်ပုဒ်(စ) ”

အခန်း( ၇ )

အချိန်တွေက ကုန်တာမြန်လိုက်တာဗျာ၊ ညနေစောင်းကာ မှောင်လုနီးပေပြီပဲ။ ဒီနေ့ တစ်နေ့လုံး ကျနော့အလုပ်ထဲမှာ စိတ်နှစ်ကိုယ်နှစ် လုပ်ဆောင်နေခဲ့လို့လားမသိတော့ ကျနော်အရမ်းပင်ပမ်းနေပါပီ။ အလုပ်စားပွဲကိုရှင်းရင်း အိမ်ပြန်ရန် ပြင်ဆင်လိုက်ပါတယ်။ အလုပ်စားပွဲမှ စာရွက်စာတမ်းများ သိမ်းဆည်းနေရင်း လုပ်ဖော်ကိုင်ဖက်တစ်ဦးမှ အနားရောက်လာပါတယ်။

“ဟေ့လူ ကြိုးစားလှချည်လား ကောင်မလေးနဲ့ နီးအောင် အလုပ်တွေ အတင်းကြိုးစား နေတာလားဗျာ၊ အချိန်အတော်နောက်ကျနေပီဗျ၊ ကျွန်တော်တို့ အလုပ်မှာ ခင်ဗျား တစ်ယောက်ပဲ အလုပ်ကိုကြိုးစားတယ်၊ အမြဲနောက်ကျပီးမှ ပြန်တယ်၊ ဒါကြောင့်လည်း အလုပ်ရှင်သဌေးက ခင်ဗျားကို သဘောကျတာကိုးဗျာ” “ဟုတ်တယ်အကိုရေ ဒီနှစ်သီတင်း ကျွတ်ရင် ကျနော့်ချစ်သူနဲ့ နီးနိုင်အောင် အလုပ်ကြိုးစားနေရတာဗျို့”။ စကားပြောရင်း ပစ္စည်းသိမ်းရင်း ကျနော့လုပ်ဖော်ကိုင်ဖက်နှင့် မျက်နှာချင်းဆိုင် လိုက်သည်။

img.jpeg
Credit Image Source

“ဟာ ညီလေး မင်းနှာခေါင်းမှာ ဘာဖြစ်တာလဲ” “ဗျာ ဘာဖြစ်နေလို့လဲဗျ၊ ရုတ်တရက် ယားကျိကျိဖြစ်လာသော နှာခေါင်းဝအား ယောင်ရမ်းကာ ကိုင်ကြည့်မိလိုက်သည်” “ဟာ နှာခေါင်းသွေးယိုနေတာပါလား”။ ဟုတ်ပါသည် ကျနော်ယခုတစ်လော အလုပ်ပင်ပမ်းသည့် အချိန်များတွင် ယခုလို နှာခေါင်းသွေးယိုခြင်း မကြာခဏဖြစ်နေတတ်သည်။ ဆရာဝန်နှင့် ပြသတိုင်ပင်သည့်အခါ လိုအပ်သည့်ဆေးစစ်မှုများ ပြုလုပ်ရမည်ဖြစ်သဖြင့် သွေးနမူနာများ ပေးခဲ့ရသည်။ နောက်တစ်ပတ်တွင် ဆရာဝန်ထံ သွားရောက်ပြကြည့်ရအုန်းမည်။ ကျနော်ပင်ပမ်းနေပါပီ ယနေ့အတွက် အနားယူတော့မည်။ ကျနော့ချစ်သူထံ ဒီနေ့တော့ သွားမတွေ့နိုင်တော့ချေ။ လွမ်းလိုက်တာ ချစ်သူရယ်။

အခန်း( ၈ )

အရမ်းလွမ်းတာပဲမောင်ရယ် မောင်နဲ့ကျမ မတွေ့မမြင်ဖြစ်တာ တပတ်ကျော်ခဲ့ပါပြီ။ မောင်တစ်ယောက် အခုတစ်လော အလုပ်ကြိုစားနေကြောင်း၊ ပင်ပင်ပမ်းပမ်း ကြိုးစားနေ ကြောင်းကို မောင်ရဲ့လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ယောက်ထံမှ သိရသည်။ မောင်တစ်ယောက် ကျမနဲ့နီးဖို့ ကြိုးစားနေတာသိရလို့ ကျမရင်ထဲ ၀မ်းသာရမှာလို၊ ၀မ်းနည်းရမှာလို ခံစားနေရပါတယ်။ မောင်တစ်ယောက်ပင်ပမ်းနေတာကို ဘေးနားကနေ အားပေးနေချင်လိုက်တာ မောင်ရယ်။

Image.jpeg

Credit Image Source

မောင့်ဆီက ဘာသတင်းမှမကြားရတာ ရက်အတော်ကြာလာခဲ့ပါပြီ။ သေချာပါပြီ မောင် တစ်ယောက် အလုပ်ကြိုးစားနေလို့ ဖျားနာနေတာဖြစ်ပါလိမ့်မယ်။ ကျမလည်း မနေတတ် နိုင်အောင် ဖြစ်ရပါပီ။ မောင်ရှိရာကို သွားတွေ့နိုင်အောင် အခွင့်အရေးဖန်တီးရအုန်းမယ်။ အခုတစ်လော မေမေကလည်း ခါတိုင်းလိုမဟုတ် ကျမကို ဘယ်သွားမှာလဲ၊ ဘာလုပ်နေလဲ ဆိုကာ အမြဲစစ်ဆေးနေတတ်တယ်။ စိတ်ညစ်လိုက်တာနော်။ အချစ်က စိတ်ညစ်ရတတ်တာ ကျမ သိပါပီမောင်ရေ။--

ဝုန်း -- ဂျိန်း -- ဟော လေတွေတိုက်၊ မိုးတွေရွာလာပီမောင်ရေ၊ မိုးသည်းလေနှင့်အတူ မိုးပေါက်တို့ကား တ၀ုန်းဝုန်းရွာချ လာကြသည်။ ကျမမောင့်ကိုသွားရောက်တွေ့မည့် အစီ အစဉ် ပျက်သွားရပြန်ပါပီ။ ခွင့်လွှတ်ပါမောင်ရယ် ကျမနှုတ်မှ တတွတ်တွတ်ရွက်ဆို နေမိပါတယ်။ မောင်နေမကောင်းဖြစ်နေတာ သိနေပါရက်နဲ့မောင့်အနားကိုလာပီး ပြုစု စောင့်ရှောက် လုပ်မပေးနိုင်တာ ခွင့်လွှတ်ပါမောင်ရယ်။ ကျမ၏ မျက်ဝန်းတွင်တော့ သူ့အလိုလို ကျလာနေသော မျက်ရည်စတို့ ခိုတွဲလျက်။ မသုတ်ရက်ပါဘူးမောင်ရယ်၊ မောင့်ကိုလွမ်းလို့ ကျလာတဲ့မျက်ရည်လေးတွေကို ကျမလေ သုတ်မပြစ်ရက်ပါဘူးရှုင်။

I-miss-you-tears-in-hopeful-eye.jpg

Credit Image Source

အခန်း( ၉ )

ဆက်ပါအုန်းမည် ---

steemit last photo.jpg

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 02:30 AM (12.5.2018)

#Myanmar #Literature #Writing #Love #Story

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

မိန်းခလေးဘက်ကနေရေးတာပေါ့ကောင်းချက်ကွီးရွှေ။ကလောင်နာမည်ရွေးထားတယ်ရွှေညီ။အချစ်ကစိတ်ညစ်စရာကများတယ် အသုပ်စုံနော်ကွီးရွှေရေ။

ဟုတ်ကဲ့ဗျာ အခု ၀တ္ထုတိုလေးက မိန်းကလေးနေရာကရော ကောင်လေးနေရာကပါ ၀င်ရေးထားတာပါ။ အားပေးနေလို့ ၀မ်းသာကျေနပ်ပါတယ်ဗျာ။

ရေးလည်းနေနိုင်ပါ့ ကိုရွေရေ…အာပေးနေတယ်

ဟုတ် ကိုရှိန်းရေ ရေးထားတာကြာပါပီဗျာ ။ ကြိုးစားပမ်းစားရေးပီး တင်ဆက်နေပါတယ်ဗျာ။ အားပေးနေလို့လဲ ပျော်ပါတယ်ဗျ။

အဲ့ မိုးသည်းညကို အတော်မုန်းနေပီ လေပါခေါ်ခေါ်လာသေးတယ် သူလာတာနဲ့ မီးကအရင်ပျက်ကရော ခုလည်းပျက်နေပြန်ပီ

မိုးသည်းညဇာတ်လမ်းလေးက တိုက်ဆိုင်သူများပါတယ် ကိုစိုးရေ ကျနော်တို့ဆီမှာလဲ လေတိုက် မိုးရွာ မီးပျက် အတူတူပါပဲဗျ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinyiwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဇာတ်လမ်းလေးက ဆက်ဖတ်ချင်နေပြီ။တစ်ယောက်က နှာခေါင်းသွေးထွက်လာတာနဲ့ စွဲဆောင်ထားပြီး တစ်ယောက်က မျက်ရည်လေးတွေမသုတ်ပဲအချစ်ကိုဖော်ကြူးထားတယ်။မရဘူးပြောပြတော့ဗျာ။

ဟုတ်ကဲ့ကိုသန့်ဇင်ရေ ဇာတ်ရှိန်မြင့်လာတော့ ဖတ်ရတာ ရသစုံအောင် ရေးနေပါတယ်ဗျာ့။ နောက်အပိုင်းတွေမှာ ပိုပြီးခံစားကြည့်လိုက်ပါဗျာ။ အားပေးနေလို့ ဝမ်းသာရပါတယ်။

ခံစားချက်လေးတွေထိတယ် ဘဘ ကျတဲ့မျက်ရည်တောင် မသုတ်ရက်ဖူးတယ်။
သိပ်ချစ်တာဘဲနော်

ဟုတ်တယ် ကိုနန်းထိုက်ရေ အချစ်ကို ခံစားတတ်သူများ ရသလေး ပိုပီပြင်အောင် ဖော်ကြူးထားတာပါဗျာ။

ချစ်​တတ်​လိုက်​ကြတာဗျာ .. လွမ်းလို့ကျတဲ့ မျက်​ရည်​​လေး မသုတ်​ရက်​ဘူးတဲ့​လေ ..
အ​ရေးအသား​တွေ အားကျ အတုယူရပါတယ်​ ကိုကြီး​ရေ ..

ဟုတ်ကဲ့ ကိုမြန်မာပြည်သားရေ အလွမ်းသရုပ်လေးပီပြင်အောင် ဆွဲဆောင်ရေးသားထားတာပါ။ အားပေးလို့ ကျေးဇူးတင်တယ်ဗျို့။

လွမ်းရတာ မိုးတွေနဲ့အပြိုင် ခိခိ

ဟုတ်တယ် အခုလို ရာသီဥတုလေးမှာ အကြောင်းတိုက်ဆိုင်တဲ့ ဇာတ်လမ်းလေး တင်ပေးနေတာပါ။ အားပေးနေတာ ကျေးဇူးဗျာ။

အမြင် နှစ်မျိုး နဲ့ ဖတ်ရတာပဲ စွန်းမိုက်တယ် ဦးညီ

ဟုတ်ကဲ့ဗျာ ကျွန်တော်လဲ စိတ်ကူး ပေါ်လာလို့ ကြိုးစားရေးထားတာပါဗျာ။ ရေးပုံရေးနည်း အသွင်မတူလို့ အတော်လေးခက်ပါတယ်ဗျာ။ အတွေ့အကြုံရတယ်ဗျို့။ အားပေးတာ ကျေးဇူး။

ညီလည်း ​လေ့လာ​နေတာ အစ်​ကို။ ​ရေးလိုက်​တိုင်း ကိုယ်​တိုင်​ဇာတ်​​ကောင်​ဖြစ်​၊ ​ကောင်းစား​နေ အဲ့လိုဖြစ်​​နေလို့။

ဟုတ်ကဲ့ ကိုဖြိုးဇော်ရေ ကိုယ့်ဇာတ်ကောင်တွေက အတင်းဇိမ်ကျနေရင် လူတွေက အားမပေးကြဘူးလေ အဲဒီတော့ အတင်းကို ခံစာခိုင်းပြစ်လိုက်တယ်။ ဇာတ်ကောင်ကို မညှာပါနဲ့ ညှာရင်ဖတ်မကောင်းတော့ဘူး ။ သဘာဝထဲကိုပဲ အသက်သွင်းပေးလိုက်ပါ။ အဆင်ပြေတဲ့ ပြေပါစေဗျာ။

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66753.89
ETH 3256.47
USDT 1.00
SBD 4.34