“ မိုးသည်းည လွမ်းတေးတစ်ပုဒ်(ဆဌ) ”

in #myanmar6 years ago (edited)

IMG_20171211_182328.jpg

ယခင်အပိုင်း(၁)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (ပ) ”

ယခင်အပိုင်း(၂)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (ဒု) ”

ယခင်အပိုင်း(၃)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (တ) ”

ယခင်အပိုင်း(၄)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (စ) ”

ယခင်အပိုင်း(၅)အား ပြန်လည်ဖတ်ရှုရန် >> “ မိုးသည်းည လွမ်းတေးတစ်ပုဒ် (ပဉ္စ) ”

“ မိုးသည်းည လွမ်းတေးတစ်ပုဒ်(ဆဌ) ”

အခန်း( ၁၁ )

ပျော်လိုက်တာရှင် မောင်လေ မောင်ပေါ့ နေမကောင်းရာက ပြန်ကောင်းလာလို့ ကျမကို တွေ့ချင်တယ် စာအုပ်အငှားဆိုင်ကို လာခဲ့ပါတဲ့ သူ့သူငယ်ချင်းက တိတ်တိတ်လေး လာပြောတယ်။ ၀မ်းသာလွန်းလို့ ပျော်လွန်းလို့ မြူးနေမိတယ်မောင်ရယ်။ “ဟဲ့ ဟိုကလေးမ ဘာတွေ အူမြူးနေတာလည်း၊ ညည်းနော် ရည်းစားများရနေပီလား၊ ကျောင်းတက်နေတုန်း ဘာစိတ်မှ မမွေးသေးနဲ့ မယ်မင်းကြီးမရေ”။ မေမေထံမှ ငေါက်သံကြောင့် ကျမရဲ့ အပျော်လေးတွေ ကိုယ်ရှိန်သတ်လိုက်ရပါတယ်။

မိသားစု ထမင်းစားဝိုင်းမှာလည်း ပြုံးပျော်နေသော၊ ဧည့်ခန်းမှာ မိသားစုလိုက် တီဗီအစီအစဉ် ကြည့်နေစဉ်မှာလည်း ပျော်နေသော ကျွန်မကို မေမေက သတိပေးနေပါပီ။ ဟုတ်တော့လည်း ဟုတ်နေသည် ကျွန်မ၏ အပျော်များမှာ တားမနိုင်၊ ဖုံးမနိုင် ပွင့်အန်ထွက်ကျကုန်ပီ မောင်ရေ။ မျက်နှာပိုးသတ်၊ ကိုယ်ရှိန်သတ်ကာ ကျမအခန်းရှိရာသို့ အသာလေး လစ်ထွက်နေလိုက်သည်။ အိမ်ခန်းထဲမှာ မောင်ဖတ်ဖို့ စာလေးတစ်စောင် ခိုးရေးနေလိုက်တယ်၊ ပီးတော့ အငှားစာအုပ်ဆိုင်က စာအုပ်ထဲမှာ အသာလေး ညှပ်ထားလိုက်ပါတော့တယ်။

img.jpeg
Credit Image Source

မနက်ဖန်မနက် မောင်နှင့်တွေ့ရမည်၊ မောင့်ကိုတွေ့လျင် ဆိုးနွဲ့ပစ်လိုက်မည်။ မတွေ့ခဲ့ရသည့် ရက်များကို လက်ချိုးရေတွက်ခဲ့ရသော ကျမဖြစ်အင်ကို မောင့်ကို ပြောပြမည်။ ပီးတော့ မောင်နှင့် လက်ချင်းတွဲကာ လမ်းအတူလျောက်ကြမည်။ ချစ်စကားတွေ၊ လွမ်းနေရတာတွေ တ၀ကြီးပြောလိုက်မည်။ ကျမ တစ်ယောက်တည်း တွေးကာ ပြုံးနေမိလိုက်သည်။ ညတာရယ်ရှည်လိုက်တာ မိုးမြန်မြန်လင်းပါတော့။ အိမ်ပြင်ဘက်မှာတော့ မိုးသည်းလေးက တဖွားဖွား ရွာသွန်းနေသံကို ကြားနေရသည်။ အိပ်မပျော်သော၊ ချစ်သူကိုသတိရနေသော ကျမကို ပိုပီးလွမ်းအောင် ဖေးကူနေကြတာလား မိုးစက်လေးတွေရယ်။

အခန်း( ၁၂ )

မနက်ခင်း နေခြည်နွေးနွေးနှင့်အတူ ညကရွာထားသောမိုးကြောင့် ပတ်ဝန်းကျင်သည် စိမ်းလန်းစိုပြေ၊ သာယာနေသည်။ ကျမလည်း နံနက်ပိုင်း မေမေနှင့် အိမ်မှုကိစ္စများ ကူညီဆောင်ရွက်ပေးရင်း စိတ်ကူးထဲတွင်တော့ မောင်နှင့်ချိန်းထားသည်ကို တွေးကာ ပျော်နေမိသည်။ မေမေ့ကို ဖါးထားရမည် ဒါမှ ကျမသွားလိုသော စာအုပ်ဆိုင်သို့ ရှောရှောရှုရှု သွားခွင့်ပေးမည်မဟုတ်ပါလား။ “မေမေရေ ဒီဟင်းလေးတစ်ခွက်ချက်ပီးရင် သမီးလေ ရေချိုးလိုက်အုန်းမယ်၊ ပီးတော့လေ နေ့လည်ခင်းကျရင် သမီးကြိုက်တဲ့ စာရေးဆရာမလေးရဲ့ ၀တ္ထုစာအုပ်အသစ်ထွက်တာ စာအုပ်ဆိုင်ကို သွားငှားအုန်းမယ်နော် မေမေ”။

img.jpeg
Credit Image Source

“သမီးရေ ညည်းသွားရင် မေမေလဲ လိုက်ခဲ့မယ်အေ၊ စာအုပ်ဆိုင်ကို ရောက်တာကြာပီ၊ ကာတွန်းစာအုပ် မဖတ်ရတာလဲကြာပီအေ့”။ ဟယ် ဒုက္ခပါပဲ မေမေလိုက်မယ်ဆိုရင် ကျမ အစီအစဉ်များ ပျက်ရတော့မည်။ ဘယ်လိုလုပ်ရပါ့ ကျမတစ်ယောက် အကြံအိုက်ကာ ချွေးပြန်သွားရသည်။ ဒီမေမေကလည်း သမီးရည်းစားနဲ့ချိန်းတဲ့နေ့မှ လိုက်လာချင်ရ တယ်လို့ရှင် ဒုက္ခပါပဲ ကျမ ခေါင်းကို ကုတ်ကာ မေမေ့နား မယောင်မလည်ရပ်နေမိသည်။ စိတ်ထဲတွင်လည်း ပြာယာခတ်ကာ ကြက်သွန်လှီးနေသော ကျမလက်သည် စစ်ကနဲဖြစ် သွား၍ ငုံ့ကြည့်မိလိုက်သည်။

“ဟယ် သမီးလက် ဓါးထိသွားပီ ပြစမ်းပြစမ်း သွေးတွေမနည်းပါလား၊ လာလာ ရေဆေး သန့်ရှင်းလိုက် ဆေးထည့်ရအောင်”။ ကျမ ဘယ်လိုဖြစ်လို့ ဘာဖြစ်သွားမှန်းမသိလိုက် ဓါးရှသွားသော လက်ကို ကြောင်ကြည့်နေကာ မေမေဆွဲခေါ်ရာနောက်သို့ လိုက်ပါသွား မိသည်။ အို မောင်ရယ် မောင့်အကြောင်းတွေးရင်း မီးဖိုချောင်မှာ လက်ကို ဓါးရှမိတယ် မောင်ရယ်။ “ဒီကောင်မလေးဟာလေ အလုပ်လုပ်ရင် ပြာယာပြာယာနဲ့ အခုတော့ လက်ကိုဓါးရှရပီ၊ ညည်းနှယ်အေ တစ်ခါမှ ဒီလိုမဖြစ်ဖူးပါဘူး၊ တမနက်လုံး အူမြူးနေတာ အခုတော့ ထိပီမို့လား” လက်က ဒဏ်ရာကို ဆေးထည့်ပေး၊ ပတ်တည်းစည်းပေးနေရင်း မေမေ၏ ဆူနေသံတို့သည် ကျမနားသို့ ၀င်လာတချက် မ၀င်တချက်။ ကျမအတွေးတို့တွင် မောင့်ကိုသာ မြင်ယောင်နေမိတယ် မောင်ရယ်။ မောင်ရေ မောင့်ရဲ့အချစ်တွေနဲ့ ကျမရဲ့စိတ်နှလုံးတစ်ခုလုံးကို သိမ်းပိုက်လိုက်တာကို ကျမမသိလိုက်ပေမယ့်၊ ကျမလေ ကျေကျေနပ်နပ်ကြီး အသိမ်းပိုက်ခံနေလိုက်မှာပါမောင်ရယ်။

img.jpeg
Credit Image Source

အခန်း( ၁၃)

ဆက်ပါအုန်းမည် ---

steemit last photo.jpg

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 02:30 AM (12.5.2018)

#Myanmar #Literature #Writing #Love #Story

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

တော်တော်ကောင်းတာပဲကွီးရွှေ။ဝတ္ထုတစ်အုပ်စာရတော့မှာ။ချုပ်ပြီးဖြန့်ရင်ကောင်းမယ်။

ဟုတ်ကဲ့ ကိုဇာမဏီရေ ကျွန်တော်လဲ ဆက်တိုက်ရေးနေတော့ အပိုင်းဘယ်လောက်ရောက်တယ်မတွက်တော့ဘူး ဇာတ်လမ်းလေး ရသပါအောင် ကြိုးစားရေးနေတာပါ။ နောင်တစ်ချိန်ကျရင်တော့ စာအုပ်ထုတ်ဖြစ်မယ်ထင်ပါတယ်။ အားပေးနေလို့ ကျေးဇူးဗျာ။

ဒီကောင်မလေး အကြံအဖန်လုပ်တော့မယ်

ဟုတ်တယ် မိန်းကလေးများ ချစ်မိကြပီဆို အခွင့်အရေးရှာကြတယ်လေ။ အားပေးလာတာ ကျေးဇူးပါ။

နေရာလဲပြီး ဝင်ရေးရတော့ ဘယ်လို မုခ်မျိုးနဲ့ ရေးလည်း ကွီးရွှေ

အဲဒီmood က တော်တော်ခက်တယ်။ စာရေးဆရာမဟုတ်သေးတော့ ပထမတော့ ကြောင်တောင်တောင်ပဲ ။ နောက်တော့ ဒီနေရာမှာ ငါက ဒီလို ခံစားတယ် သူဆိုရင် ဘယ်လိုခံစားရမလဲ ဆိုပီး တွေးကြည့်တယ် အဲလိုနဲ့ မိန်းကလေးနေရာကနေ ရေးတတ်သွားတာ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinyiwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဆရာတင်က ထုတ်ဝေသူ လုပ်မလို့တဲ့။ ဝတ္ထုရှည်အတွက် ကွက်တိလောက်ပဲ ကွီးရွှေ။

ဟုတ်လား ၀မ်းသာစရာပဲ။ ဆာတင်သာထုတ်ဝေသူလုပ်ရင် စတီးမစ်ဆိုက်တစ်ခုလုံး သူ့ စာရေးဆရာတွေဖြစ်ကုန်မယ် ခုကတည်းက တန်းစီထားမှပဲ။

လှပလွန်းသော စာပေရသ ဝတ္ထုတွေဖြစ်နေပါပြီ အရမ်းအားကျတယ် ဦးညီ vote နည်းနေလို့ ညနေမှ vote
ပါရစေ ဦညီရေ GOOD

ဟုတ်ကဲ့ကိုညီထွန်းရေ အားပေးနေလို့ ကျေးဇူးပါ။ ရသလေးတွေပေးစွမ်းတဲ့ စာလေးတွေရေးနိုင်အောင်ကြိုးစားနေပါတယ်။

မောင်ဆိုတော့ ကား သတိရတွားတယ်😂

အဟား မောင်တွေ အများကြီးလား ငိငိ။ သတိရရင် လွမ်းပီပေါ့။

😂😂😂😂ငိငိ.. ဟိဟိ😂😂😂ဘဘ

မမ. ဟားဟား😂😂😂😂

ကောင်မလေး ရောက်လာပီ ဆုချမယ် ။ စာမဖတ်ရင် ဆုမချဘူး ။ စာဖတ်မှ ရမယ်။

မဂ္ဂဇင်းမှာ အခန်းဆက်ထည့်မယ်

ကောင်းတယ်ဗျာ လမ်းညွှန်ပေး ရေးမှာ အများကြီး

အရမ်းကောင်းပါတဟ်ဗျာဇာတ်လမ်းလေးကပိုပြီးသက်ဝင်လာပြီ

ဟုတ်ကဲ့ဗျာ ကောင်းခန်းရောက်နေပါပီ။ အားပေးမှုကိုကျေးဇူးပါဗျာ။

မောင်ရေ မေမေကြီးက စာအုပ်ဆိုင်လိုက်မယ်ဆိုတော့ ကျမ အာရုံနောက်ပြီး လက်တောင်ဓါးရှသွားပြီးမောင်ရေ။အော် ကောင်းပါတယ်ဆိုမှ နောက်တစ်ခန်းရောက်သွားပြန်ပြီ။ဘယ်လိုပဲဖြစ်ဖြစ် စာဖတ်ပရိသတ်ကိုတော့ မိုးသည်းညလေးက ဖမ်းစားထားနေပြီနော်။ဦးညီ ကျန်းကျန်းမာမာနဲ့ နောက်ထပ် စာဖတ်ပရိသတ်တွေကို ဘယ်လိုများဆွဲစောင်ထားမလဲဆိုတာ စိတ်ဝင်စားလှပါ၏။

ဟုတ်ကဲ့ ကိုသန့်ဇင်ရေ ခုလိုအားပေးကြတာတွေ့ရလို့ အရမ်းဝမ်းသာမိပါတယ်။ ရေးရတာလဲ အားရှိတယ်ဗျာ။ စိတ်ချပါဗျာ ကျနော့ကို အားပေးတဲ့ အကိုတို့ စိတ်မပျက်စေရအောင် ကြိုးစားပီး ရသလေးတွေ ပေးသွားမှာပါ။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64507.66
ETH 3080.07
USDT 1.00
SBD 3.85