Sort:  

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 7.03% upvote!
I was summoned by @nyonyoshein. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Thank you very much.

ဇာတ်အိမ်လေးခင်းထားတာ စိတ်ဝင်စားစရာကောင်းပါတယ်။စာဖတ်သူအတွက် ဆက်ဖတ်ချင်စိတ်ဖြစ်အောင် စွဲဆောင်ထားနိုင်ပါတယ်အန်တီရေ။နောက်အပိုင်းမျှော်နေပါ့မယ်။

ကျေးဇူးတင်ပါတယ်
ဆက်ပြီးအကြံပေးပါအုံးနော် သား

ရေးသားမှုတော့အရမ်းမိုက်တယ်လို့ပဲပြောတော့မယ်အန်တီရေ။ ဘဝအတွေ့အကြုံတွေကနေ နေရာဒေသနဲ့ လူတွေရဲ့အလေ့အထကိုရှာဖွေလို့ရမယ်ထင်တယ်နော် အန်တီ။
ကျနော်ဆို ဘယ်မှမရောက်တော့ လောကကြီးနဲ့ အဆက်သွယ်ပြတ်နေသလိုဖြစ်နေပြီး လူတွေရဲ့သဘာသကိုအခုအချိန်ထိသိပ်မသိသေးဘူး။ တိုင်းရင်းသားလူမျိုးတွေမှာချစ်စရာအလေ့အထတွေရှိတယ်ဆိုတာကိုတီဗွီနဲ့ စာတွေထဲကနေပဲသိမြင်ခဲ့ရတယ် လက်တွေ့မကြုံဖူးတော့မသိဘူး။
တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲဆို တစ်ခါမှတောင်မရောက်ဖူးဘူး😁😁

အလည်လာခဲ့ပါ သားရေ
တန်ဆောင်တိုင်အရမ်းစည်ကားတယ်
ဧည့်သည်တွေအရမ်းလာကြတယ်
အထူးသဖြင့် နိုင်ငံခြားတွေလာကြတယ်

သရုပ်ဖော်အရေးအသားလေးတွေ ကောင်းပါတယ် အန်တီ ... ချက်ချင်းတွေ့ပြီး ပြောတဲ့ ယောက်ျားသားရဲ့စကားကို မိန်းကလေးက ဘာမှ ပြန်မငြင်းတာတော့ မြန်မာ့သဘာဝနဲ့ မကိုက်ညီသလိုတော့ မြင်မိတယ်

ကျွန်မတို့လူမျိုးတွေကတော့ ပြန်ပြောတယ်
တစ်ကြိမ်တစ်ခါမှမမြင်ဖူးတဲ့ လူစိမ်းဧည့်သည်တွေ ခွင့်တောင်းရင်
တွဲကတယ် ကျွန်မတို့ယဉ်ကျေးမှုပါ
အသက်အရွယ်မခွဲခြားပဲနဲ့ အိုးစည်ဗုံမောင်းဝိုင်းတွေထဲတွဲကတယ်
အလွန်စည်ကားတဲ့ အခုလိုတန်ဆောင်တိုင်ပွဲတော်တွေမှာဆို
အကြီးအကျယ်ကိုကျားမ မခွဲခြားပဲအတူတူကတယ်
မြန်မာဘုရားပွဲ နတ်ပွဲတွေမှာလို လက် ခြေ မျက်လုံး နှုတ် သရမ်း
ခြင်း လုံးဝမရှိတာ အံ့သြစရာ ယဉ်ကျေးမှုတစ်ခုပါ
ကြိုက်သလောက်မူး အဲလိုကိစ္စတွေမှာယဉ်ကျေးမှုရှိတယ်ဆရာ
ဒါကြောင့် အတွေ့အကြုံလေးအတိုင်းရေးလိုက်မိတာပါဆရာ
နောက်လည်းဝေဖန်ပေးပါဆရာ
ကျေးဇူးအထူးတင်ရှိပါတယ်

ဒီလူမျိုးတွေရဲ့စိတ်ဓါတ်ဟာ အတော်လေးထူးခြားပါတယ်
အရင်းခံစိတ်ကိုက ရိုးသားတယ် ဓလေ့ထုံးစံတွေကိုချစ်တယ်
ပွင့်လင်းတယ် ဟန်ဆောင်တာလုံးဝမရှိဘူး
အထာကိုင်တာမရှိသလို အလိုမကျရင်လည်းတဲ့ဒိုးပဲပြောတယ်
အချိန်ဆွဲတာတွေ စကားကိုလှပအောင်ပြောတာတွေ မရှိတဲ့အတွက်
တစ်ခါတစ်လေမှာ ဧည့်သည်လူစိမ်းတွေက ရိုင်းတယ်လို့ထင်တတ်
ကြတယ် အလည်ခေါ်ပါအုံးမယ်ဆရာ ပျော်စရာကောင်းပါတယ်

ဟုတ်ကဲ့ အန်တီ ဓလေ့စရိုက်ကို မသိလိုက်တော့ တစ်မျိုးမြင်မိသွားတာပါ

အတွင်းကျကျလေ့လာသလိုလည်းဖြစ်အောင်
ပျော်ရွှင်မှုလေးတွေလည်းရိုးရာနဲ့အတူခံစားစေချင်လို့
လူမျိုး ၅ မျိုးရဲ့စားဝတ်နေရေးကွဲပြားပုံတွေ
စိတ်ဝင်စားစရာကောင်းတယ်ဆရာ
ခုလာမည့် တန်ဆောင်တိုင်မှာ အလည်တစ်ခေါက်တော့
ဖိတ်ခေါ်ချင်ပါတယ်ဆရာ
ကျွန်မ စာလေးတွေ ဖတ်ပေးပြီး အခုလိုဝေဖန်အားပေးမှု
လုပ်ပေးတာ အတိုင်းမသိ ကျေးဇူးတင်ပါတယ်ဆရာ
ရွှင်လန်းချမ်းမြေ့ပါစေ

အလည်ဖိတ်ခေါ်တာ ကျေးဇူးတင်ပါတယ် အန်တီ ... ဆရာ့ဆီကလည်း ကလောတန်ဆောင်တိုင် video clip တွေ ရပါတယ် ...

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66579.21
ETH 3282.19
USDT 1.00
SBD 4.30