Tracing the Japanese occupation in Thanbyuzayat

in #myanmar6 years ago

Tracing the Japanese occupation in Thanbyuzayat
သံဖြူဇရပ်တွင် ဂျပန်တို့ နေထိုင်ခဲ့မှုကို ခြေရာခံခြင်း
Most tourists come to Thanbyuzayat – the terminus of the Thai-Burma railway – for its war cemetery and museum, but traces of the Japanese occupation can also be discovered in the mountains surrounding the town.
သံဖြူဇရပ်ကို နိုင်ငံခြား ခရီးသွား အများအပြား လာရောက်ကြသည်။ ထိုင်း- မြန်မာ မီးရထားလမ်း၊ စစ်သင်းချိုင်းနှင့် ပြတိုက်ကို လာရောက်လည်ပတ်ကြခြင်း ဖြစ်သည်။
Words & Photos THOMAS KEAN | FRONTIER
Thomas Kean ရေးသားသည်။
AT THE TOP of a steep slope, we find it: a concrete bunker with a narrow slit, about 10 feet by 15 feet, now half-full of soil. The position once offered a commanding view over the flatlands leading to the Gulf of Mottama a few miles away, but today the coast is barely visible through rows of rubber trees.
မတ်စောက်သော ဆင်ခြေလျှော တစ်ခု၏ ထိပ်တွင် ကွန်ကရစ် ကတုပ်ကျင်း တစ်ခုကို တွေ့ရှိသည်။ ၁၀ ပေ ၁၅ ပေ ခန့် ပတ်လည်ရှိမည်။ ၎င်းသည် မြေကြီးများ တစ်ဝက်တစ်ပျက် ဖုံးနေသည်။ ၎င်းမှာ မုတ္တမ ပင်လယ်ကွေ့သို့ ဦးတည်သွားသော မြေပြန်ဒေသ တစ်ဝိုက်ကို အပေါ်စီးမှ ကြည့်ရှုနိုင်မည့် နေရာ ဖြစ်ပေလိမ့်မည်။ ယနေ့တွင်တော့ ကမ်းရိုးတန်းကို မမြင်ရတော့ပေ။ ရာဘာစိုက်ခင်းများက ကာရံနေသည်။
It’s one of the few physical reminders of the Japanese occupation of southern Mon State, which lasted just a few years during World War II. The most well known is, of course, the Thai-Burma Railway (also known as the Death Railway), which we can make out from the rear of the same hill when we look inland, towards the terminus at Thanbyuzayat. But, like the bunker, there are more traces scattered around the area – if you know where to look.
၎င်းမှာ မွန်ပြည်နယ် တောင်ပိုင်းတွင် ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်တို့ နေထိုင်ခဲ့သည်ကို သတိရစေနိုင်သော နေရာတစ်ခု ဖြစ်ပေလိမ့်မည်။ နာမည်အကြီးဆုံးကမူ ထိုင်း- မြန်မာ မီးရထားလမ်း သေမင်းတမန် ရထားလမ်းပင် ဖြစ်သည်။ ၎င်းမှာ သံဖြူဇရပ်ကနေ စတင်ခြင်း ဖြစ်သည်။ ထို ကတုပ်ကျင်းကဲ့သို့ ဂျပန်တို့၏ အရိပ်အယောင်များကို ပြသနိုင်သည့် နေရာ အတော်များများ ရှိပါသေးသည်။
Some are hidden in plain sight: At the end of the railway platform in Thanbyuzayat, for example, there’s a concrete bunker, ignored by all except the small store that rests against one of its walls. At 21 Paradise hot springs, concrete baths built for Japanese officers sit incongruously beside hotel rooms and modern, tiled bathing areas.
တစ်ချို့ကိုတော့ သာမန်ကြည့်ရှုလျှင် မတွေ့နိုင်ပေ။ ဥပမာ သံဖြူဇရပ် မီးရထား ဂိတ်မှ စင်ကြန်အဆုံးကို လျှောက်သွားမည် ဆိုပါက ကွန်ကရစ် ကတုပ်ကျင်း တစ်ခုကို တွေ့မြင်ရနိုင်သည်။ လျစ်လျူရှု ခံထားရပြီး ၎င်း၏ဘေးတွင် စတိုးဆိုင်လေး တစ်ခု ဖွင့်ထားသည်သာ ရှိသည်။ 21 Paradise ရေပူစမ်းတွင် ဂျပန် စစ်အရာရှိများ ရေချိုးသော ကွန်ကရစ် ရေချိုးကန်တစ်ခုကို ဟိုတယ်၏ ခေတ်မီ ရေချိုးကန်ဘေးတွင် တွေ့မြင်ရနိုင်သည်။
I’m not hunting these out on my own though: I’m travelling with a guide, Jack from Green Season Travel, and a former local, Henry, who now lives in Yangon. Together they’ve created a tour package focused on Thanbyuzayat’s history and the Mon culture, including a homestay in the village of Wae Ka Wah. Henry’s father, a Wae Ka Wah elder, is leading us through the rubber plantations behind the village to the World War II sites, together with another resident who is being trained up so he can guide visitors in the future.
ကျွန်တော်သည် ထိုနေရာများကို တစ်ဦးတည်း ရှာဖွေနေခြင်း မဟုတ်ပေ။ ခရီးသွား လမ်းညွှန်များ၏ အကူအညီဖြင့် သွားရောက်နေခြင်း ဖြစ်သည်။ ၎င်းတို့မှာ Green Season Travel မှ Jack နှင့် ယခု ရန်ကုန်တွင် နေထိုင်လျှက်ရှိသော ယခင် မွန်ပြည်နယ်သား Henry တို့ ဖြစ်ကြသည်။ သူတို့ ၂ ဦးက သံဖြူဇရပ်၏ သမိုင်းကြောင်းနှင့် မွန်ယဥ်ကျေးမှုကို လေ့လာနိုင်သော ခရီးသွား package တစ်ခုကို စီစဥ်ထားခြင်း ဖြစ်သည်။ ၎င်း package တွင် Wae Ka Wah ရွာတွင် ရွာသားများနှင့် အတူထေိုင်ရသော အစီအစဥ်လည်း ပါဝင်သည်။ Henry ၏ ဖခင်ဖြစ်သူသည် Wae Ka Wah ရွာသူကြီးဖြစ်ပြီး ၎င်းက ကျွန်တော်ကို ရွာနောက်ဘက် ရာဘာစိုက်ခင်းများကို ဖြတ်ကျော်ပြီး ဒုတိယ ကမ္ဘာစစ်၏ နေရာများသို့ လိုက်လံပြသသည်။ ကျွန်တော်တို့ကို လမ်းပြရန် ရွာမှ ဧည့်လမ်းညွှန် တစ်ဦးလည်း ပါဝင်သည်။
We press on, circling around the crest of the hill, and soon find a network of shallow trenches and man-made caves, now abandoned and half-hidden beneath the undergrowth. These stretch on for several kilometres; we end at a water tank filled year-round by a mountain spring, near where the Japanese officers used to live.
ကျွန်တော်တို့သည် တောင်ကုန်းများတစ်လျှောက် ရှေ့ဆက်ခရီးဆက်ခဲ့ကြရာ လူလုပ်ဂူများ အများအပြားရှိသော နေရာကိုရောက်သည်။ ဂူများသည် ခြံနွယ်များဖြင့် ဖုံးအုပ်နေသည်။ ထိုဂူများကို ဖြတ်ကျော်သွားသောအခါ ဂျပန်အရာရှိများ နေထိုင်ခဲ့သော နေရာအနီး သံရေကန်ကြီး တစ်ခုဆီကို ရောက်သည်။ ထိုရေကန်သည် အနီးတဝိုက် တောင်ကုန်းများက စီးဆင်းလာသော စမ်းချောင်းများမှ ရေများဖြင့် ဖြည့်တင်းသည်ဟု သိရသည်။
I’m told that when Allied forces bombed the area, the Japanese troops would take cover in the caves. It’s an elaborate setup, and it makes me wonder whether there was more to the bunkers and caves than just defence and repelling a coastal offensive.
မဟာမိတ်တပ်များက ထိုနေရာကို ဗုံးကြဲတိုက်ခိုက်သောအခါ ဂျပန်များသည် ဂူများအတွင်း ပုန်းခိုကြသည်ဟု သိရသည်။ ၎င်းမှာ အစီအစဥ်တကျ လုပ်ဆောင်ထားသော ဂူများဖြစ်ရာ ကတုပ်ကျင်များနှင့် ဂူများအပြင် ကမ်းရိုးတန်းမှ လာရောက်တိုက်ခိုက်မှုကို ခုခံရန်အပြင် တခြား စိတ်ဝင်စားစရာများ ရှိလိမ့်ဦးမည်ဟု ကျွန်တော် ထင်မိသည်။
The locals certainly seem to think so. Most believe that the caves contain treasures, presumably gold, left by the Japanese. An underground railway is said to have once linked the hills with the main line near Thanbyuzayat, its rusted tracks lying beneath the soil just waiting to be uncovered.
ဒေသခံများကလည်း ထိုသို့ ထင်ကြသည်။ ၎င်းဂူများအတွင်းတွင် ဂျပန်များ ဖွက်ထားခဲ့သော ရတနာများ အထူးသဖြင့် ရွှေများရှိမည်ဟု အများက ထင်မြင်ကြသည်။ ၎င်းနေရာတွင် မြေအောက် ရထားလမ်းရှိပြီး ၎င်းသည် သံဖြူဇရပ်မှ အဓိက လမ်းမကြီးနှင့် ဆက်သွယ်ထားသည်။ ယခုအခါတွင် သံချေးများ တက်နေပြီး မြေကြီးများ ဖုံးအုပ်နေသည်။
Treasures were hidden elsewhere, too. Beside the railway line is a pagoda and a Japanese memorial guarded by lion statues, which, unusually, have empty sockets where the eyes should be. The story goes that Japanese officers hid rubies inside the eyes; when the veterans later returned, they secretly recovered the precious stones.(pic)
ရတနာများကို တခြားနေရာများတွင်လည်း ဖွက်ထားနိုင်သည်။ ရထားလမ်း၏ ဘေးတွင် ဘုရားတစ်ခုရှိပြီး ဂျပန်များ၏ အမှတ်တရ အဆောက်အဦးရှိပြီး ခြင်သေ့ရုပ်တုများ ရှိသည်။ ခြင်သေ့၏ မျက်စိများတွင် မျက်လုံးများ မရှိဘဲ ဟောက်ပက်ဖြစ်နေသည်။ ဒေသခံများက ပြောကြားရာတွင် ဂျပန်အရာရှိများသည် ယင်မျက်လုံနေရာတွင် ပတ္တမြားများ ဖွက်ထားခဲ့ပြီး မြန်မာနိုင်သို့ ပြန်လာပြီး ယင်းပတ္တမြားများကို တိတ်တဆိတ် ပြန်လည်ရယူသွားကြခြင်း ဖြစ်သည်ဟု ဆိုသည်။
Similar tales exist over the border in Thailand, particularly at a cave called Ban Lichia in Thong Pha Phum district. In July 2000 the Bangkok Post reported that six treasure hunters died from suffocation while searching the cave “for gold they believed was hidden there by Japanese soldiers during World War II”.
ထိုင်းနိုင်ငံဘက်တွင်လည်း ထိုသို့သော ပုံပြင်များရှိသည်။ Thong Pha Phum ခရိုင်ရှိ Ban Lichia ဂူတွင် ၂၀၀၀ ခုနှစ်က ဂျပန်များ ဖွက်ထားခဲ့သော ရတနာများကို ရှာဖွေသော လူတစ်ခုသည် ဂူအတွင် ပိတ်မိပြီး သေဆုံးခဲ့သည်ဟု Bangkok Post က သတင်းထုတ်ပြန်ခဲ့သည်။
In 2014, the writer of an article in the state-owned Global New Light of Myanmar recalled speaking to elders in their village who had escaped from forced labour on the Thai-Burma Railway. They spoke of “finding discarded or hidden treasures, which they hid in caves somewhere. Of how they drew up sketchy maps of those hidden treasures and how they split the map into pieces and kept a piece each among those who escaped together, with promises of going back to that place when the situations permitted.”
၂၀၁၄ ခုနှစ်တွင် နိုင်ငံပိုင် Global New Light of Myanmar သတင်းစာသည် ထိုင်း- မြန်မာ မီးရထားလမ်း ဖောက်လုပ်စဥ်က အတင်းအကျပ် လုပ်အားပေး ခိုင်းစေခံရသော ထိုရွာမှ အဖိုးများနှင့် စကားပြောဆိုခဲ့ရပုံကို ရေးသားထားသည်။ သူတို့က ဂျပန်တွေ ဖွက်သွားသော ရတနာများကို ရှာဖွေတွေ့ရှိခဲ့ခြင်းများ ရတနာမြေပုံကို လွတ်မြောက်လာသူများကြား တစ်ပိုင်းစီ ခွဲယူထားကြပြီး အခြေအနေ ကောင်းသောအခါ ပြန်လာယူကြရန် စီစဥ်ထားခဲ့ကြပုံများကို ပြောပြသည်။
So believed are these stories that our trekking through the rubber plantation – and, in particular, interest in the caves – aroused suspicions in Wae Ka Wah because some residents had presumed we were searching for the hidden gold.
ထိုသို့သော ပုံပြင်များကို ယုံကြည်ထားကြသည်ဖြစ်ရာ ကျွန်တော်တို့က ရာဘာစိုက်ခင်းတွေကို ဖြတ်ကျော်ပြီး ဂူများကို စိတ်ဝင်တစား ကြည့်ရှုနေကြသဖြင့် Wae Ka Wah ရွာနေများက ကျွန်တော်တို့ကို ရွှေလာရှာသူများဟုပင် သံသယ ရှိနေပုံရသည်။
Of course, they didn’t let this on when we had dinner in the village that evening. We opened a bottle of whiskey and the entrance to the wooden house, built on stilts in the Mon style, quickly filled up with relatives.(pic)
ညနေပိုင်း ကျွန်တော်တို့ ရွာကိုပြန်ပြီး မွန်ရိုးရာ ဆောက်လုပ်ထားသော နေအိမ်တွင် ဝီစကီ ပုလင်းကိုဖောက်ကာ ညစာစားသောအခါတွင် သူတို့က မေးမြန်းကြသည်။ စိတ်ဝင်စားသဖြင့် ဆွေမျိုးများ အားလုံး လာရောက်ကြည့်ရှုကြသည်။
One, an 84-year-old man, was the oldest in the village. He recalled that during the occupation, the Japanese pretty much left Wae Ka Wah alone.
အသက် ၈၄ နှစ်အရွယ် အဖိုးအိုသည် ထိုရွာတွင် အကြီးဆုံး ဖြစ်သည်။ ကိုလိုနီခေတ်တွင် ဂျပန်များသည် Wae Ka Wah မှ ထွက်ပြေးသွားခဲ့ရသည်ဟု သူက ဆိုသည်။
Then, towards the end of the war, he was up in the hills searching for wild durian. This was long before the fruit trees common to the area – the durian, rambutan, grapefruit and mangosteen – had been replaced with rubber. As he gazed up at the trees, the humming of engines slowly filled the air. From his vantage point he watched as Allied aircraft circled Thanbyuzayat several times – possibly alerting residents to take cover – and unleashed a hail of bombs on the town.
စစ်ပြီးခါနီးတွင် သူသည် တောင်တန်းများပေါ်တွင် ဒူးရင်းသီးများကို ရှာဖွေနေခဲ့သည်။ ထိုအချိန်က ထိုဒေသတွင် ဒူးရင်းကို သိပ်များအျား စိုက်ပျိုးခြင်း မရှိခဲ့ပေ။ ထိုနောက်မှ ဒူးရင်း၊ ဂရိတ်ဖရု၊ မင်းဂွတ်သီးများ စိုက်ပျိုးလာခဲ့ကြခြင်း ဖြစ်သည်။ ထိုစိုက်ခင်း နေရာများသည် ယခုအခါတွင် ရာဘာစိုက်ခင်းများ ဖြစ်နေပြီဟု သူကဆိုသည်။ သူသည် ဒူးရင်းပင်ကို မော့ကြည့်နေစဥ်မှာ လေယာဥ်ပျံသံ ကြားလိုက်ရသည်။ မဟာမိတ်တပ်များက သံဖြူဇရပ် အနီးတဝိုက်တွင် ပတ်လည် ပျံသန်းနေသည်။ ဒေသခံများ ပုန်းကွယ်နိုင်ရန် သတိပေးခြင်း ဖြစ်သည်။ ထို့နောက်တွင်တော့ ဗုံးမိုးများ ရွာကျလာတော့သည်။
We thought that was the end of the story. But, of course, the conclusion of World War II was less the end of armed conflict in Myanmar than the beginning of a bloody new phase. And so, as he helped himself to another glass of whiskey, the relative continued the story of his war. In his thick Mon accent, he explained how he and about 150 locals had, at the encouragement of a Thailand-based Kuomintang agent, rallied at a monastery in nearby Pa Nga, opposite the town’s railway station, before marching all the way to Shan State for military training. It was an arduous trek over the mountains; some died along the way. And after all that, the training was a disappointment – they were given just a few guns between them. They marched all the way back, ready to be called into action.(pic)
ကျွန်တော်တို့က စစ်ပြီးပြီ။ အားလုံးအေးချမ်းသွားပြီလို့ ထင်ထားတာ။ တကယ်တော့ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးသွားတာက မြန်မာနိုင်ငံမှာ စစ်မက်တွေ အဆုံးသတ်သွားတာ မဟုတ်ဘူး။ သွေးထွက်သံယိုတွေရဲ့ အစဦးသာ ဖြစ်ခဲ့တယ်။ အဖိုးအိုက ဝီစကီ တစ်ခွက်ကို ကိုင်မော့လိုက်ချိန်တွင် အဖိုးအို၏ ဆွေမျိုးတစ်ဦးက သူ၏ စစ်ပွဲ အတွေ့အကြုံများကို ပြောပြသည်။ သူနှင့် ဒေသခံ ၁၅၀ ခန့်တို့သည် ထိုင်းအခြေစိုက် ကူမင်တန် ကိုယ်စားလှယ်များ၏ ဆွယ်မှုကြောင့် အနီးအနားမှ Pa Nga ရွာမှ ဘုန်းကြီးကျောင်း တစ်ခုတွင် စုဝေးခဲ့ကြပြီး ရှမ်းပြည်နယ်တွင် စစ်သင်တန်းတက်ရန် ထွက်ခွာခဲ့ကြသည်။ ခရီးက ကြမ်းတမ်းသဖြင့် တစ်ချို့ လမ်းတွင် သေဆုံးခဲ့သည်များ ရှိသည်။ ထိုသင်တန်းမှာ စိတ်ပျက်ဖွယ်ရာသာ ဖြစ်ခဲ့ပြီး သူတို့ကို သေနတ် သုံးလေးလက်ခန့်သာ ပေးပြီး ရွာပြန်ကာ တော်လှန်ခိုင်းသည်။
To complement their handful of arms, they were given matches and told to burn Mudon, south of Mawlamyine. Nobody seemed too enthusiastic about this plan and when one of their leaders was shot they used it as a pretext to call off the attack, before later surrendering to the government. He settled down, got married, and here we were, 60 years later.
သေနတ်က နည်းပါးသဖြင့် သူတို့ကို အားဖြည့်ပေးရန်ဟုဆိုက မီးခြစ်ဆံများပေးပြီး မုဒုံမြို့ကို မီးရှို့ခိုင်းသည်။ ထိုသို့ မီးရှို့သည့် အလုပ်ကို မည်သူမျှ မလုပ်ရက်ကြပေ။ ထို့ကြောင့် သူတို့၏ ခေါင်းဆောင် သေနတ်ဖြင့် ပစ်ခံရသောအခါတွင် သူတို့က တိုက်ခိုက်ရန် အစီအစဥ်ကို ဖျက်သိမ်းပြီးနောက် အစိုးရထံတွင် လက်နက်ချခဲ့ကြသည်။ ထိုမှစပြီး သူက အိမ်ထောင်ပြုကာ အေးချမ်းစွာပဲ ဆက်လက်နေထိုင်ခဲ့သည်ဟု ဆိုသည်။
As the story went on, the people around us grew more silent and attentive; only the man’s wife looked bored. I learned later that most had never heard him speak of his time as an insurgent.
သူစကားပြောနေစဥ်တွင် လူအများသည် တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေကြသည်။ ထိုသူ၏ ဇနီးသည်သာ ပျင်းရိနေပုံပေါ်သည်။ သူပုန်ဖြစ်ခဲ့သော အချိန်က အကြောင်းများကို သူက ပြောပြလေ့ မရှိကြောင်း သိရသည်။
I had no way of knowing how true this story was, or even whether I had understood the details correctly (let alone whether he remembered it accurately). The translation came in snatches, and there was little chance to ask follow-up questions.
သူပြောပြသော အကြောင်းအရာများမှာ မည်မျှ မှန်ကန်သည်ကို ကျွန်တော် သိနိုင်ရန် နည်းလမ်း မရှိပေ။ ဘာသာပြန်ပေးသူကလည်း တစ်လုံးစ နှစ်လုံးစသာ ပြန်ပေးပြီး နားမလည်သည်ကို ပြန်မေးရန် အခွင့်အလမ်းလည်း မရရှိခဲ့ပေ။
But it largely fits with accounts of the period. The Allies bombed Thanbyuzayat heavily in 1943, for example – an offensive that forced the evacuation of a labour camp near the railway marshalling yard.
သို့သော် ထိုအချိန်က သမိုင်းဖြစ်ရပ်များနှင့် ကိုက်ညီနေသည်။ မဟာမိတ်တပ်များသည် ၁၉၄၃ ခုနှစ်တွင် သံဖြူဇရပ်ကို ဗုံးများ ကြဲခဲ့သည်။ မီးရထားလမ်း ဖောက်လုပ်ရာတွင် သုံးသော အလုပ်သမားများကို ကယ်ထုတ်ရန် ဖြစ်သည်။
In February 1952, Mon political leaders rebelled against the U Nu government and formed the Mon People’s Solidarity Group, which would later become the Mon People’s Front. Its leader was Nai Aung Htun, a native of Pa Nga, just south of Wae Ka Wah.
၁၉၅၂ ဖေဖော်ဝါရီလတွင် မွန်ပြည်နယ်မှ နိုင်ငံရေး ခေါင်းဆောင်များသည် ဦးနုအစိုးရကို ပုန်ကန်ခဲ့ပြီး Mon People’s Solidarity Group ကို ဖွဲ့စည်းခဲ့သည်။ ၎င်းသည် နောက်ပိုင်းတွင် Mon People’s Front အဖြစ် ပြောင်းလဲခဲ့သည်။ ခေါင်းဆောင်မှာ Wae Ka Wah တောင်ဘက် Pa Nga ရွာမှ နိုင်အောင်ထွန်း ဖြစ်သည်။
In Mon Nationalism and Civil War in Burma: The Golden Sheldrake, Ashley South wrote that in its early years the MPSG sought assistance from the KMT, which was then also allied with the Karen National Union. During the 1953 dry season the Mon group fought together with KMT troops in an unsuccessful attempt to defend Pa Nga. “[I]t seemed at first that the MPSG would receive significant amounts of arms and money from the Chinese nationalists. However, little assistance was actually forthcoming and the relationship soon waned,” South wrote.
Mon Nationalism and Civil War in Burma: The Golden Sheldrake စာအုပ်တွင် Ashley South က ရေးသားခဲ့သည်မှာ Mon People’s Solidarity Group သည် ၎င်း၏ အစောပိုင်း ကာလများတွင် ကူမင်တန်များထံမှ အကူအညီ ရယူခဲ့သည်ဟု ဆိုသည်။ ကူမင်တန်များသည် ထိုအချိန်က Karen National Union နှင့်လည်း မဟာမိတ် ဖြစ်သည်။ ၁၉၅၃ ခုနှစ် နွေရာသီတွင် MPSG သည် KMT နှင့်အတူ Pa Nga ရွာတွင် အစိုးရ တပ်များနှင့် တိုက်ခိုက်ခဲ့ရာ မအောင်မြင်ခဲ့ပေ။ အစပိုင်းတွင် MPSG သည် ကူမင်တန် တရုတ်များထံမှ လက်နက်နှင့် ငွေကြေးများ လုံလောက်စွာ ရရှိမည်ဟု ထင်ထားသော်လည်း အကူအညီ အနည်းငယ်သာ ရရှိခဲ့သဖြင့် ဆက်ဆံရေး ကြဲသွားခဲ့သည်။
After a series of defeats, most of the MPF forces – said to have been 1,111 soldiers in all – surrendered to the U Nu government in exchange for an amnesty and the right to form a political party. Some, including Nai Aung Htun, won seats in the 1960 election, but most were arrested during General Ne Win’s coup two years later. The junta ignored the promises made to the Mon in 1958. The online Mon News Agency recently described the MPF’s surrender as “the darkest day for the Mon people”.
တိုက်ပွဲအတော်များများ ရှုံးနိမ့်အပြီးတွင် တပ်သား ၁၁၁၁ ဦးခန့်ရှိသော MPF မှ တပ်သားအများစုသည် ဦးနု အစိုးရထံတွင် လက်နက်ချပြီး လွတ်ငြိမ်းချမ်းသာခွင့်နှင့် နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ကို တောင်းဆိုခဲ့သည်။ ၁၉၆၀ ရွေးကောက်ပွဲတွင် နိုင်အောင်ထွန်း အပါအဝင် အများစုသည် လွှတ်တော်အမတ်နေရာများ ရရှိခဲ့သည်။ သို့သော် ၂ နှစ်ကြာမြင့်ပြီး ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းသောအခါတွင် ဖမ်းဆီးခံခဲ့ရသည်။ ထိုစစ်အစိုးရသည် ၁၉၅၈ ခုနှစ်တွင် မွန်များကို ပေးခဲ့သော ကတိစကားများ အားလုံးကို လျစ်လျူရှုခဲ့သည်။ အွန်လိုင်း Mon News Agency က မကြာသေးမီက ဖော်ပြရာတွင် MPF ၏ လက်နက်ချမှုသည် မွန်ပြည်သူများအတွက် ကံဆိုးမိုးမှောင် ကျခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
With the Mon nationalist movement snuffed out under Ne Win, the people of Wae Ka Wah, Pa Nga and other villages in the area instead got down to business. This being the socialist period, that meant smuggling. By night they loaded rickety boats with rubber and other commodities and travelled down the coast as far as Thailand, Malaysia and Singapore, before returning with impossible-to-find consumer goods that would be resold in Mawlamyine and Yangon.(pic)
ဦးနေဝင်း၏ လက်အောက်တွင် မွန်အမျိုးသားရေး လှုပ်ရှားမှုများ အရေးနိမ့်ခဲ့ရာ Wae Ka Wah ရွာ Pa Nga ရွာနှင့် တခြားရွာများမှ ပြည်သူများသည် စီးပွားရေးကိုသာ လုပ်ဆောင်ကြတော့သည်။ ထိုအချိန်က ဆိုရှယ်လစ်ခေတ် ဖြစ်သောကြောင့် မှောင်ခိုလုပ်ငန်းဟု ခေါ်ဆိုပေမည်။ သူတို့သည် ညပိုင်းတွင် ရာဘာများနှင့် တခြားကုန်စည်များကို စက်လှေဖြင့် သယ်ဆောင်ပြီး ကမ်းရိုးတန်းတစ်လျှောက် ထိုင်း၊ မလေးရှား၊ စင်ကာပူအထိ သွားရောက်ကြသည်။ ထို့နောက် မြန်မာနိုင်ငံတွင် ရှာဖွေရခက်ခဲသော ကုန်ပစ္စည်းများကို ပြန်သယ်ယူလာပြီး ရန်ကုန်နှင့် မော်လမြိုင်တွင် ပြန်လည်ရောင်းချကြသည်။
Pa Nga was also famous – and still is – for its salt fields and nga pi (fish paste), two intertwined industries. One street at the eastern edge of the town is lined with warehouses where trucks drop off a reeking cargo of fermented fish and prawns. This is shovelled into baskets and then dumped on the floor of the warehouses, where workers shovel in salt and mix it around. The rest happens out the back – an area I wasn’t too keen to explore due to the smell.
Pa Nga ရွာသည် ဆားလုပ်ငန်းနှင့် ငါးပိလုပ်ငန်းတို့ဖြင့် နာမည်ကြီးသည်။ ရွာ၏ အရှေ့ဘက် လမ်းမတွင် ကုန်လှောင်ရုံများရှိပြီး ကုန်တင်ကားများက အချဥ်ဖောက်ထားသော ငါးနှင့် ပုဇွန်များ လာရောက်ချထားသည်။ ငါး နှင့် ပုဇွန်များ အချဥ်များကို ကုန်လှောင်ရုံ ကြမ်းပြင်တွင် ချခင်းပြီး အလုပ်သမားများက ကော်ပြားများကို အသုံးပြုကာ ဆားများနှင့် နယ်သည်။ ကျန်လုပ်ငန်း အဆင့်ဆင့်ကို ကုန်လှောင်ရုံ၏ အနောက်ဘက်တွင် လုပ်ကိုင်သည်။ အနံ့ဆိုးသဖြင့် ကျွန်တော် သွားရောက်ကြည့်ရှုခဲ့ခြင်း မရှိပေ။
The work is hard and hot, particularly out on the salt fields, where the sun reflects fiercely off the white ground. Many of the workers are migrants from other parts of Myanmar, lured by the slightly higher wages, and they live in bamboo houses on the edge of the town.
အလုပ်လုပ်ရသည်မှာ ပင်ပန်းသည် ဆားနေလှန်းသော နေရာတွင် နေရောင်က ရောင်ပြန်ဟပ်သဖြင့် ပူပူလောင်လောင် အလုပ်လုပ်ရသည်။ အလုပ်သမား အများစုသည် မြန်မာနိုင်ငံ တခြား အစိတ်အပိုင်းများမှ ဖြစ်သည်။ လခ အနည်းငယ် ပိုရသဖြင့် လာရောက်လုပ်ကိုင်ကြခြင်း ဖြစ်သည်။ သူတို့သည် မြို့အစွန်တွင် ဝါးအိမ်လေးများဖြင့် နေထိုင်ကြခြင်း ဖြစ်သည်။

It’s an indication of how the two R’s – rubber and remittances – have reshaped the local economy. Many working-age Mon have migrated to Thailand, and the money they send back supports entire families. The paucity of labourers drives wages up and draws in workers from around the country. The remittances are often used to purchase land for small rubber plantations that then provide a steady income for migrants and their families when they return home. As a result, the Thanbyuzayat area seems to enjoy relative prosperity, and there’s a relaxed and comfortable atmosphere.
ရာဘာနှင့် နိုင်ငံခြား သွားရောက်လုပ်ကိုင်နေသော ဒေသခံများ၏ ဝင်ငွေဖြင့် မြို့၏ စီးပွားရေးကို ပုံဖော်ထားခြင်း ဖြစ်သည်။ အလုပ်လုပ်ကိုင်နိုင်သော အရွယ် လူငယ် အများစုသည် ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်နေကြသည်။ ၎င်းတို့က မိသားစုကို ပြန်ပို့သော ငွေဖြင့် မိသားစု တစ်ခုလုံးကို ထောက်ပံ့ခြင်း ဖြစ်သည်။ အလုပ်လုပ်ကိုင်မည့်သူ ရှားပါးသဖြင့် လစာများ စျေးတက်လာပြီး နိုင်ငံအနှံ့မှ အလုပ်သမားများကို ဆွဲဆောင်နိုင်ခဲ့သည်။ ဒေသတွင်းမှ နိုင်ငံခြား သွားရောက်လုပ်ကိုင်သူများသည် ၎င်းတို့ ပြန်ပို့သော ငွေဖြင့် ရာဘာခြံများကို ဝယ်ယူထားကြသည်။ ထိုသို့ဖြင့် ၎င်းတို့ နေရပ်ပြန်လာသောအခါတွင် ပုံမှန်ဝင်ငွေကို ရရှိစေမည် ဖြစ်သည်။ ထိုသို့ဖြင့် သံဖြူဇရပ် အနီးတဝိုက်မှ ဒေသများသည် ဖွံဖြိုးကြွယ်ဝနေပြီး နေထိုင်၍ ကောင်းသော ပတ်ဝန်းကျင်တစ်ခု ဖြစ်နေသည်။
In the late afternoon, we stop in at the Thanbyuzayat War Cemetery on our way back to Wae Ka Wah. Maintained by the Commonwealth War Graves Commission, it hosts the remains of more than 3,000 Commonwealth and Dutch prisoners of war who died while building the Thai-Burma railway.
နေ့လယ်ပိုင်းတွင် ကျွန်တော်တို့သည် သံဖြူဇရပ် စစ်သင်းချိုင်းကို ဝင်ရောက်လည်ပတ်ပြီး Wae Ka Wah ကို ပြန်လာခဲ့သည်။ သံဖြူဇရပ် စစ်သင်းချိုင်းကို Commonwealth War Graves Commission က ထိန်းသိမ်းစောင့်ရှောက်ထားခြင်းဖြစ်ပြီး ဓနသဟာရ နိုင်ငံများမှ စစ်အကျဥ်းသားများ ဒက်ချ်လူမျိုး စစ်အကျဥ်းသားများ၏ အကြွင်းအကျန်များကို မြုပ်နှံထားသည်။ ထိုင်း မြန်မာ မီးရထားလမ်း ဆောက်လုပ်စဥ်က အတင်းအကြပ် အလုပ်စေခိုင်းခံရပြီး သေဆုံးခဲ့သူများ ဖြစ်ကြသည်။
Outside, three teenage boys sit in the shade. We started a conversation, and one remarked that they no longer went to school. “We don’t need to worry,” he said, “our families have rubber plantations.”
ခြံဝင်း၏ရှေ့ အရိပ်ထဲတွင် ကောင်ကလေး ၃ ယောက် ထိုင်နေသည်။ ကျွန်တော်တို့က စကားစမြည် ပြောကြည့်သောအခါ ဆယ်ကျော်သက်အရွယ် ကောင်ကလေး တစ်ယောက်က သူ ကျောင်းဆက်မတက်တော့ကြောင်း ပြောသည်။ သူတို့က ဘာမျှ ပူစရာမလိုကြောင့် ဝင်ငွေအတွက် ရာဘာခြံတွေ ရှိတယ်ဟု ပြောသည်။
TOP PHOTO: A marker inscribed with Japanese characters near a pagoda close to the start of Thai-Burma Railway in Thanbyuzayat. (Thomas Kean | Frontier)
အထက်ပုံ သံဖြူဇရပ်ရှိ ထိုင်း မြန်မာ မီးရထားလမ်း အနီး ဘုရားတစ်ခုတွင် ဂျပန် အက္ခရာဖြင်း ထွင်းထားသော စာတန်းတစ်ခု

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64271.38
ETH 3157.43
USDT 1.00
SBD 4.25