-မင်း​ဘောရွာ သို့​ရောက်​ခဲ့သည်​-

in #myanmar6 years ago (edited)
  • စတီးမစ်​မြန်​မာများအားလုံး မင်္ဂလာပါခင်​ဗျာ။ may,7,2018 ​နေ့ မင်း​ဘောရွာသို့ ​ရောက်​ရှိသွားရပုံအား ဤpost က​လေးဖြင့်​ ​ဖော်​ပြပါရ​စေ။

IMG_20180508_163616.jpg

ရွာထဲသို့ ဝင်​သည်​နှင့်​ သာသနာ့အလံ လွှင့်​ထူထား​သော ​မော်​​ တော်​ဆိုင်​ကယ်​​လေး ၅စီး လူ ၁၀​ယောက်​ဖြင့်​စီးကာ ခရီးဦး ကြိုပြုကြသည်​။ လူငယ်​အချို့မှ လည်း အိုးစည်​ဒိုးပတ်​များဖြင့်​ ကခုန်​တီးမှုတ်​ ​ပျော်​ရွှင်​​နေကြသည်​။ သက်​ကြီးရွယ်​အို အဘိုး အဖွား များကလည်း ကြည်​နူးမှူအပြည့်​ဖြင့်​ လက်​အုပ်​ က​လေး များချီကာ ပူ​ဇော်​ကြ​ပေသည်​။

IMG20180507174741-01.jpeg

မိုးရာသီကူ​ပြောင်းစ ​နေနှင့်​မိုး အပြိုင်​ရာသီ လု​နေခိုက်​ဝယ်​ ရှည်​လျှားလှ​သော ကားလမ်းမကြီး​ပေါ်၌ ကျွနု​ပ်​အပူရှိန်​ကို အံတုကာ ​မော်​​တော်​ဆိုင်​ကယ်​က​လေးအား မ​နှေးမမြန်​​မောင်း လာခဲ့သည်​။ အချိန်​ကား​နေ့လည်​ ၁၂နာရီ​ဝန်းကျင်​ခန့်​ဖြစ်​ပြီး အပူရှိန်သည် ​​ကျွနု​ပ်​တို့ ဧရာဝတီသားတို့အတွက်​ ​ပြောမဆုံး​ အောင်​ ပူပြင်းလှ​ ပေသည်​။ ကျုံမ​ငေး​မြေသို့​ရောက်​ ရန်​ ၁၅မိုင်​ ၃ဖာလုံသာလို ​တော့​ပေသည်​။

IMG20180503113756-01.jpeg

ထိုစဉ်​ဝယ်​ Airplane Mode မပြုထား​သော မိမိဖုန်းက​ လေးမှ 🎧တစ်​ချိန်​မှာတို့နှစ်​​ယောက်​ လက်​ထပ်​မယ်​ ​×××
×စိတ်​ကူးယဉ်​အိမ်​မက်​××××🎧 စသည့်​ဖြင့်​ ringtone ​လေးမြည်​လာပါ​တော့သည်​။ ဆိုင်​ကယ်​အား စက်​ရှိန်​​လျော့၍ ဖုန်း​လေးအားထုတ်​ကိုင်​လိုက်​ပါသည်​။ ကျွနု​ပ်​၏ တွဲ​ဖော်​ အသက်​ ၃၅ ဝန်းကျင်​ရှိ စက်​ပြင်​ဆရာ ကိုအာလူးမှ ဘယ်​ ​​ရောက်​ပြီလဲ×ဘာညာ ၂နာရီထိုအလှူခံ စထွက်​မည်​ စသည်​ ဖြင့်​ အသိ​ပေး​ချေ​တော့သည်​။

မိမိလည်း အလှူခံ​နောက်​ကျ၍ မလိုက်​ရမည်​စိုးသဖြင့်​ ပုံမှန်​ထက်​ ဂရုစိုက်​ကာ စက်​ရှိန်​နည်းနည်းတင်​၍ ​မောင်းနှင်​ ခဲ့​ပေသည်​။ ဦးစွာ အိမ်​သို့ဝင်​ကာ အ​မော​ဖြေ အဝတ်​စားလဲပြီး၍ ထမင်းစားလိုက်​​သေးသည်​။ နာရီအားတစ်​ချက်​ကြည့်​မိသည့်ဖြင့်​ ၂နာရီ ၁၀မိနစ်​ရှိ​ချေ​တော့သည်​။ မိမိလည်း ခပ်​သွပ်​သွပ်​က​ လေး ပြုကာ ဦးထုပ်​ဆွဲ၍ ဘုန်းကြီး​ကျောင်းသို့ ​ပြေးရ​ချေ​တော့ သည်​။

အလှူခံသည်​ကား လွန်​ခဲ့​သော လအနည်းငယ်​၌ ပျံလွန်​​တော်​ ​မူသွားရှာ​သော မင်း​ဘော ဆရာ​တော်​ဘုရားကြီး တည်​​ဆောက်​ လက်​စဖြစ်​သည့်​ ​ကျောင်း​တော်​အား ဆက်​လက်​ ပြီးစီး​အောင်​ ​မြင်​နိုင်​ရန်​ အုန်​ပင်​​ကျောင်းမှ အရှင်​ဦး​ဇောတိက ဦး​ဆောင်​ ကာအလှူခံ ထွက်​ကြခြင်းဖြစ်​​ပေသည်​။

ကျုံမ​ငေးမြို့​ပေါ်ရက်​ကွက်​အသီးသီးသို့ လှည့်​လည်​ကာ အလှူခံပြီးစီး ပြီးချိန်​ဝယ်​ ည​နေ့ ၅နာရီသို့ဆိုက်​​ရောက်​ ခဲ့​ချေ​ တော့သည်​။ မိမိစိတ်​တွင်​ အလှူခံပြီးလျှင်​ ပြီးပြီဟု ထင်​ခဲ့​ ​သော်​လည်း ၎င်း​ဆောက်​လုပ်​ဆဲ​ကျောင်း​တော်​တွင်​ တည်​ထား ပူ​ဇော်​ရန်​အတွက်​ ဥာဏ်​​တော်​(မည်​မျှရှိ သည်​မသိ) ဗုဒ္ဓရုပ်​ ​ပွား​တော်​ တစ်​စုအား မင်း​ဘော​ကျေးရွာ မင်း​ဘော ဘုန်းကြီး​ ကျောင်းသို့ပို့​ဆောင်​ရန်​ကား ရှိ​နေ​ပေ​သေးသည်​။

အလှူခံသိမ်းပြီး​နောက်​ အုန်​ပင်​​ကျောင်း၌ အလှူခံရ​ငွေများ သက်​ဆိုင်​ရာ ဘုန်း​ကြီးများနှင်​ စစ်​​ဆေး အပ်​နှံပြီး အလှူခံ ထွက်​စဉ်​၌ ဖွင့်​​သော အသံချဲ့စက်​များအားတင်​သည့်​ကား​ပေါ် သို့ ဗုဒ္ဓရုပ်​ပွား​တော်​အား ပင့်​​ဆောင်​ကာ ဘုန်းကြီးများ အလှူခံ အဖွဲများ အတွက်​ ကား​လေးနှစ်​စီး ဗုဒ္ဓရုပ်​ပွား​တော်​နှင့်​ အသံချဲ့ စက်​ဖွင့်​လူငယ်​များ မှကားတစ်​စီး စုစု​ပေါင်း ကားသုံးစီး ဖြင့်​ မင်း​ဘော ​ကျေးရွာသို့ ထွက်​ခွာ​လေ​တော့သည်​။

မင်း​ဘော ​ကျေးရွာသည်​ ကျုံမ​ငေးမြို့နှင့်​ သိပ်​မ​ဝေးလှ။ ရုပ်​ပွား​တော်​ကြီး ပင့်​​ဆောင်​လာရသည့်​အတွက်​ ကားအား ညင်​သာစွား​မောင်​လာ၍သာ အချိန်​အနည်းငယ်​ပိုရ​ပေသည်​။ သို့​သော်​ ကားလမ်းမကြီးနှင့်​ မင်း​ဘောရွာအတွင်းသို့ တစ်​မိုင်​ခန့့်​မောင်းနှင့်​ရ​သေးသည်​။ လမ်းက​လေးသည်​လမ်း ရွာလမ်း က​လေးဖြစ်​သည့်​အတွ ကျဉ်း​မြောင်း​သော​ကြောင့်​ ကားအား ပိုမိုဂရုစိုက်​စွာ​မောင်းနှင်​ရ​ချေသည်​။

IMG20180507173622-01.jpeg

ရွာအနီးသို့​ရောက်​သည်​နှင့်​ ရွာသားအချို့မှ သာသနာ့ အလံစိုက်​ထူထား​သော ဆိုင်​ကယ်​က​လေးများ အိုးစည်​ ဒိုးပတ်​များဖြင့်​ စီးကြိုကခုန်​​ပျော်​ပါး​နေကြသည်​။ သက်​ကြီးရွယ်​အိုများမှလည်း ကြည်​နူးမူ ပီတိ မျိုးစုံဖြင့်​ လက်​အုပ်​က​လေးများချီကာ ပူ​ဇော်​​နေကြရှာသည်​။

ရွာသာများ၏ ​ကျေနပ်​ဝမ်းသာ ပီတိဖြစ်မူအတိုင်းအတာအား ၎င်းရွာသားများ၍ မျက်​နှာများတွင်း အထင်းသား​ပေါ်လွင်​​နေ သည်​။ အလွမ်းဓာတ်​ခံရှိ၍လား၊ စိတ်​ထား​ပျော့၍လားမသိ ကျွနု​ပ်​ပင်​ ၎င်းတို့၏ ​ပျော်​ရွှင်​မူအား မျက်​ရည်​ဝဲရ​ချေသည်​။

IMG20180507173654-01.jpeg

ရွာသားများသည်​ ၎င်းတို့ရွာအတွင်းတံတား​လေးဖြင့်​ ကားဝင်​၍မရသည်​နှင့်​ တက်​ညီ လက်​ညီ ကိုယ်​ပိုင်​​ထော်​ လာဂျီဖြင့်​ ဝိုင်းဝန်းကူး​ပြောင်းကာ မင်း​​ဘော ဘုန်းကြီး​ ကျောင်းသို့ ပင့်​​ဆောင်​ကြ​ပေသည်​။ ကျွန်ု​ပ်​တို့ဧည့်​သည်​ ​များကိုလည်း ရွာသားများ ဧည့်​ဝတ်​​ကျေစွာ ဆက်​ဆံပြူငှါ ကြသည်​။ အိမ်​အပြန်​လက်​​ဆောင်​အ​နေဖြင့်​လည်း ရွာမှမိမိခြံထွက်​ သရက်​သီးများ ငှက်​​ပျောသီးများ လက်​​ဆောင်​​ပေးပြန်​​ချေ​သေးသည်​။

IMG20180507174828-01.jpeg

ဘုန်းကြီးများနှင့်​ ကျွနု​ပ်​တို့သည်​လည်း ပြုလုပ်​စရာများ ပြုလုပ်​ ​ကာ ည​နေ​စောင်းပြီဖြစ်​၍ ကားသုံးစီးဖြင့်​ ကျုံမ​ငေးသို့ ပြန်​လာ ကြ​တော့သည်​။ အိမ်​အပြန်​လမ်းတွင်​​တော့ ကျွနု​ပ်​သည်​ ၎င်းမင်း​ဘောရွာက​လေး၏ ပီတိဝမ်းသာမူများကို ပြန်​လည်​​တွေး​တောကာ ပြုံးမိပါ​ချေ​သေးသည်​။ ရွာသားများနှင့်​ထပ်​တူ ကျွနု​ပ်​လည်း ဝမ်းသာပီတိဖြစ်​ရပါသည်​။

ခင်​မင်​​လေးစားစွာဖြင့်​ ဖြိုး​ဇော်​ဦး ကျုံမ​ငေး
Writimg by phyozawoo
@phyozawooburmes
MSC-071

Sort:  

ဒီလိုပျော်စရာကောင်းတဲ့ ဓလေ့လေးတွေက တောရွာတွေမှာဘဲ ရှိတတ်တာပါ

ဟုတ်​တယ်​ အစ်​ကို ​တော်​​တော်​​ပျောက်​ကွယ်​သွားရှာပြီ။

မင်းဘောရွာမှာ
ကုသိုလ်ယူခဲ့တျာပေါ့နော်

နည်းနည်း​တေယ့ရခဲ့တယ်​ထင်​​တယ်​ အစ်​ကို။

ခရီးတာထွက်​တာ ခရီးသွား​ဆောင်းပါးမ​ရေးတပ်​တာခက်​တယ်
သူငယ်​ချင်း​ရေ့

ချ​ရေးကြည့်​​ပေါ့အစ်​ကို သူဟူသူထွက်​လာ​​လေ့မယ်​၊

ရေးတတ်​​တော့း စာတစ်​ပုဒ်​ရသွား​ရော..​တော်​တယ်​ဗျာ..

အခြားလည်းရည်​ရွယ်​ထားတာ မရှိ​တော့ ဖြစ်​​အောင်​​ရေကြည့်​တာပါ အစ်​ကို။

မျက်စိထဲတောင် ကိုယ်ရောက်သွားသလိုမြင်ယောင်မိပါတော့တယ် ညီရေ😊😊

ဟုတ်​ပါရဲ့လားအစ်​ကို ညီ​ရေးထားတာ က​သောင်းကနင်းများဖြစ်​​နေမလားလို့။

အစ်ကိုကတော့ ကုသိုလ်တွေအမြဲ လိုက်စုနေတာဘဲနော်

ဟုတ်​ကဲ့ အစ်​ကို စနစ်​တကျ မလုပ်​နိုင်​​ပေမယ့်​လည်း နိုင်​သ​လောက်​က​လေးဘဲ အစ်​ကို​ပြောသလို တဖြည်းဖြည်းစု​နေ​ရတာ​ပေါ့။

ညီက ကုသိုလ်‌‌ရေးကို ‌တော်‌‌တော်‌လုပ်‌တယ်‌‌နော်‌အား‌ပေးတယ်‌ ‌ကောင်းမွန်‌‌သော လုပ်‌ရပ်‌ပါ သာဓု ပါညီ။

ဟုတ်​ကဲ့ အစ်​ကို လုပ်​ပါတယ်​ လုပ်​အားနဲ့ ပိုလုပ်​ပါတယ်​ အစ်​ကို။

ကျုံမငေး ကိုတော့ကြားဖူးတယ် မင်းဘောရွာ ဆိုတာ ဘယ်တိုင်းထဲမှာလဲဗျ

အနီးက ရွာဘဲ အစ်​ကို မ​ဝေးလှပါဘူး။

ကုသိုလ်​လုပ်​တာ​ကောင်းပါတယ်​....ရွာက​လေးကသာယာတယ်​ထင်​တယ်​...​ပျော်​စရာကြီးဘဲ...

ရွာကလူကြီး​တွေ​ကောင်း၊ လူငယ်​​တွေညီ​တော့ ရွာသာတာ​ပေါ့ အစ်​မရယ်​။

You got a 31.75% upvote from @nado.bot courtesy of @phyozawooburmes!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

Thank,for ur upvote.!

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63945.57
ETH 3135.76
USDT 1.00
SBD 4.00