ဝမ်းပျက်​၀မ်း​လျှော၊၀မ်းကိုက်​ ​ရောဂါအ​ကြောင်း သိ​ကောင်းစရာ

in #myanmar6 years ago

image

တစ်​ကိုယ်​ရည်​ သန့်​ရှင်းမှု နည်းပါးခြင်း​ကြောင့်​ ၀မ်း​လျှောခြင်းများ ဖြစ်​တတ်​ရာ သန့်​ရှင်းမှုကို ပထမဆုံးအ​နေဖြင့်​ ဦးစား​ပေးဂရုစိုက်​သင့်​​ပေသည်​။ အကယ်​၍များ ထမင်းဆိုင်​နဲ့ ​နေအိမ်​တို့​တွေမှာ ထမင်းဟင်းချက်​ပြုတ်​တာဝန်​ယူ​နေရသူသည်​ ၀မ်းကိုက်​ပိုးရှိ​နေလျှင်​ လူအများကို ကူးစက်​​စေဖို့ ​သေချာသ​လောက်​ဖြစ်​​နေပါပီ.....၀မ်းကိုက်​ပိုးဟာ ​ရေမှတစ်​ဆင့်​၊ မဆင်​မှတစ်​ဆင့်​ ကူးစက်​တတ်​​သော ​ရောဂါပိုးဖြစ်​​ပေသည်​။ ​ရောဂါပိုးရှိတဲ့ လက်​နဲ့ ကိုတွယ်​ထိ​တွေ့တဲ့ အိုးခွက်​ပန်းကန်​များက စတင်​ပြီး စားောက်​သူ အများကို ကူးစက်​​စေနိုင်​​ပေသည်​.....
ထို့​ကြောင့်​ ၀မ်းကိုက်​​နေသူတစ်​ဦးသည်​ ၀မ်းဗိုက်​ရစ်​နာခြင်း၊ မအီမသာဖြစ်​တတ်​ခြင်း၊ ၀မ်းသွားချင်​တိုင်း မသွားနိုင်​ခြင်း၊ ခန္ဓာကိုယ်​ နွမ်းနယ်​ အားယုတ်​ခြင်းများ ဖြစ်​တတ်​​ပေသည်​။ ခန္ဓာကိုယ်​အတွင်းမှာ ရှိ​နေတဲ့ ၀မ်းကိုက်​ပိုးဟာ ​နေရာအနှံ့ကို ​ရောက်ွားတတ်​​သည်​ ။ သို့​သော်​ အသည်းသို့သာ ​ရောက်​သွားရင်​​တော့ အန္တရာယ်​များနဲ့ ရင်​ဆိုင်​ခံရနိုင်​သည်​။ ၀မ်းကိုက်​​နေရင်​ ​ပေ​ပေ​တေ​တေနဲ့ မ​နေပဲ နီးစပ်​ရာ ဆရာဝန်​​တွေဆီ သွား​ရောက်​ပြသသင့်​သည်​....အ​ရေးကြီးသည့်​အတွက်​ ​သေချာပြသသင့်​သည်​။အသက်​အန္တရာယ်​ပင်​ ထိခိုက်​​စေနိုင်​သည်​။ ထို့​ကြောင့်​ ၀မ်းနဲ့ပက်​သက်​ပီး မ​ပေါ့သင့်​​ပေ........
ဝမ်းပျက်​၀မ်း​လျှောခြင်းဟာ မသန့်​ရှင်း​သော အစားစာ၊ ​ရေ​တွေစသည်​တိှု့ အဓိကကူးစက်​တတ်​သည်​။ ပစ္စည်းတစ်​ခုတည်းကိုပဲ ၀ိုင်းသုံး​နေရင်​လည်း ကူးစက်​မှုဖြစ်​တတ်​သည်​။ အဓိကက​တော့ ယင်​နားစာ အစားစာ​တွေပဲ​ပေါ့။ မိုးရာသီမှာ သရက်​သီးမည့်​​တွေစားရာက​နေ ၀မ်း​လျှောတတ်​ကြသည်​။ သရက်​သီး​ကြောင့်​ မဟုတ်​​ပေ၊ သရက်​သီးအမှည့်​​ပေါ်ကို ယင်​လာနားစား​သောက်​သွားသည့်​အတွက်​ ကူးစက်​ခံရခြင်းဖြစ်​​ပေသည်​........ယင်​​ကောင်​ဟာ ၀မ်း​ရောဂါအမျိုးမျိုးကိုသယ်​​ဆောင်​ဖြန့်​ဖြူးတဲ့​နေရာမှာ အကန့်​သတ်​မရှိ ပြုလုပ်​တတ်​သည်​....
ဝမ်း​​လျှောမှု များလာရင်​ ​ရေဓာတ်​ဆုံးရှုံးမှု များပိုမိုဖြစ်​တတ်​သည်​။ ထို့​ကြောင့်​ ​ရေများများ သို့မဟုတ်​ ဓာတ်​ဆား​ရေများများ ကို​သောက်​သုံး​ပေးသင့်​သည်​။ ဓာတ်​ဆား​ရေသည်​ ၀မ်း​လျှောဝမ်းပျက်​ခြင်းကို အဓိက ကာကွယ်​​ပေး​သော အရာဖြစ်​သည်​။ သ်ု့​ပေမယ့်​ ဓာတ်​ဆား​ရေကို ​ဖျော်​​ပီး ၂၄ နာရီအတွင်းသာ ​သောက်​သုံးသင့်​သည်​။
ဓာတ်​ဆာ​​ဖျော်​ရာတွင်​ နီးစပ်​ရာ ​ရေကိုမသုံးသင့်​ပါ။မသန့်​ရှင်းတဲ့ ​ရေမဖြစ်​ဖို့ပါ။ ကျိုချက်​ထား​သေ​ရေ သို့မဟုတ်​ ​ရေသန့်​​ရေကိုသာ အသုံးပြုသင့်​သည်​......
ဝမ်းပျက်​၀မ်း​လျှောခြင်းဟာ မိုးရာသီးမှမဟုတ်​ဘဲ ရာသီးမ​ရွေးဖြစ်​တတတ်​တဲ့​ရောဂါမို့ မိသားစုတိုင်း ​သောက်​သုံး​ရေကို ​သေချာဂရုစိုက်​ပါ။ အစားစာများကိုလည်း ယင်​နားစာမဖြစ်​ဖို့ ​သေချာထိန်းသိမ်းပါ။ ယင်​​ကောင်​မ​ပေါက်​ပွား​အောင်​ အမှိုက်​​တွေကို​သေချာစွန့်​ပစ်​ပါ။ ဘာပဲလုပ်​လုပ်​၊ ဘာပဲကိုင်​ကိုင်​ လက်​ကို​ရေဖြင့်​ ​ပြောင်​​နေ​အောင်​​ဆေး​ကြောတတ်​တဲ့အကျင့်​ရှိ​နေကြပါ​စေလို့ တိုက်​တွန်းလိုက်​ရပါသည်​.......
image

Author >>>>>>>@pyaesone101

MSC No - 023

Sort:  

ခရီးသွားတဲ့အခါ ပိုပြီးသတိထားဖြစ်တယ်။မဟုတ်ရတော့ တော်တော်ဒုက္ခရောက်တာ

ဟုတ်​တယ်​ အကို​ရေ ကျ​နော်​ဆို ဖြစ်​ဖူးတယ်​ ခရီးသွားတုန်းက ​တ်​​သေးတာ​ပေါ့ဗျာ ​ဆေးနဲ့ဓာတ်​ဆားထုတ်​​တွေ​ဆောင်​လာခဲ့လို့.....

အခုလို အချိန် မိုးရာသီမှာ ပိုပြီး သတိထားရမယ် ။ ယင်နားစာတွေ မသန့်ရှင်းအစားအစာတွေကို သတိထား ရှောင်ကြည်သင့်ပါတယ်။ သရက်သီး၊ ပိန္နဲသီးတွေ ပေါလာပီ ပိုဆိုးမယ်။

ကျန်းမာရေးအသိ ကျန်းမာရေးသတိ

ကျန်းမာ​ရေး ဂရုစိုက်​ပါဗျာ

ကျန်းမာေ၇းအသိ၇တာ​ပေါ့ဗျာ

ကျေးဇူးပါဗျ

ဟုတ်ကဲ့ပါ bro
ဂရုစိုက်ပါ့မယ်

ဟုတ်​ကဲ့ ​ကျေးဇူးပါဗျ

ဂရုစိုက်ပါ့မယ်ဗျာ 😁

ဟုတ်​ကဲ့ ​ကျေးဇူးပါဗျ

ဝမ်းတစ်လုံးကောင်းရင်ခေါင်းမခဲဘူးတောင်ဆိုးထားတာ ဝမ်းပျက်တာတင်မကဘူး၊ဝမ်းပုပ်ရင်လည်းဆိုတယ်

ဟုတ်​ပါ့ဗျာ ၀မ်းနဲ့ပက်​သက်​ရင်​ ဘာမှမ​ကောင်းဘူးဗျာ

ငယ်ငယ်ကတခါ ၀မ်းကိုက်ဖူးတယ်ဗျာ ဆေးရုံတောင်တက်လိုက်ရသေးတယ်
တော်တော်ဆိုးတာဗျာ

ဝမ်းကိုက်​တာ ​တော်​​တော်​ခံရခက်​တယ်​ဗ

ဝမ်းမ​ကောင်းရင်​ သိတဲ့အတိုင်းပဲ

ဟုတ်​ပါ့ဗျာ ​တော်​​တော်​ဆိုးတယ်​ဗျာ ခံရခက်​တယ်

ကျန်းမာရေး အလေးထားစရာပါ

ဟုတ်​ကဲ့ ​ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70351.33
ETH 3563.43
USDT 1.00
SBD 4.72