အလန်းဇယား အတွေး

in #myanmar6 years ago

ရီဝေဝေ ကိုယ့်ခေါင်းထဲမှာ ချာချာလည်နေတယ် ……
ဘယ်ဆီကိုမျှော်မှန်းကြည့်ရင် မသေချာမရေရာတယ် ………

ဒီသီချင်းသံကြားပြီး ပိုပြီးချာချာလည်သွားတာကတော့ B Pyae တယောက်ပါ ။ အပ်ကြောင်းထပ်နေပြီဖြစ်သော ပြောနေကျစကားဖြစ်သည့် Steem နဲ့ Sbd ဈေးကျလိုက်တိုင်း ကြောင်တောင်တောင်ကိုယ်က ဖြစ်တတ်လေတော့ သီချင်းနဲ့က ကွက်တိဖြစ်နေတာပေါ့ ။

146318_S.png

crd org source

မထူးပါဘူး အိမ်ရှေ့ထွက်ကြည့်လိုက်တယ် ။ ထီရောင်းတဲ့ကားက ဖွင့်တဲ့သချင်းသံဖြစ်နေတယ် ။ ရူးလက်စ ကြောင်တောင်တောင် B Pyae ဆက်ရူးလိုက်တယ် ။ ငါသာ ဒီလကုန်ထီပေါက်ခဲ့ရင်ဆိုသောအတွေးဖြင့် ထီကားဆီကိုသွား ထီထိုးလိုက်တယ် ။ အတွေးကို အကောင်အထည်ဖော်ကြည့်လိုက်တယ် အလန်းဇယားပါဘဲ ။

B Pyae ထီပေါက်ပြီကွ !!!
ထီပေါက်ကြောင်း သတင်းလာပေးတဲ့ထီသည်ကိုလဲ အိပ်ထဲကစိုက်ပြီး မုန့့် ဘိုးတွေပေးပြစ်လိုက်တာ ရက်ရက်ရောရောပါဘဲ ။ ထီသည်ကြီးကိုမှာလိုက်သေးတာက ငွေထုတ်တဲ့နေ့ကျ အလန်းဝတ်ခဲ့နော်လို့  ။ ဓာဖမ်းရအောင်မှာလေ steemit post လဲတင်ရအုံးမယ်ဆိုတော့ကား ဟီဟိ ။

1015277_S.jpg

crd org source

ကိုယ်စုထားတဲ့ပိုက်ဆံကိုစစ်ပြီး အစီအစဉ်တခုထပ်ဆွဲလိုက်တယ် ။ ထီလက်မှတ်ပြပြီး ဆုငွေထုတ်တဲ့နေ့ကျ ဝတ်ဘို့ အတွက်အဝတ်အစားကိုဝယ်ဘို့  shopping ထွက်ရအုံးမယ်လေ ။ ထီဆုယူတာဆိုတော့ တနိုင်ငံလုံးကို ထီပေါက်သူဟာ ကိုယ်ပါဆိုပြီး ဓာတ်ပုံဝိုင်းရိုက်ကြမှာ တော်ကြာနေ မလှရင်ခက်ရချည့်ရဲ့ ။

ကိုယ်ကြိုက်တဲ့ဂါဝန်ရှည်ကြီးတွေဝတ်ရမလား ? တွေးမိတော့ မဟုတ်သေးပါဘူးဒါလဲဆိုပြီး မြန်မာဝတ်စုံလှလှလေးဝတ်ရမလားက တွေးရသေးတာ ။ ဘယ်လိုဟာ ဝတ်ရပါ့မလဲနော်စဉ်းစားနေရင်း ပေါ်လာတဲ့အတွေးကတော့ လာထား ဘန်ကောက်ကို shooping ထွက်ပစ်လိုက်တယ် အလန်းဇယားဘဲဟ ။

498557_S.jpg

crd org source

ဆက်ရန် ………

@pyaesonekhinkhin

MSC 021

Sort:  

အိုကေလေစောင့်နေမယ်ကျနော်က ကိုရီးယားမှာ အထည်တွေရွေးမလို့ ဒီနေ့ပဲဖလိုက်နဲ့ဂိုးတော့မှာ ..9:00 Pm.

ဟိ ok ok

လန်းလွန်းလို့ 

ဘာဖြစ်လဲ လန်းလန်းဘဲ

ဟောလိဝုဒ်မင်းသမီးတွေလို
Evening dress တွေ ကောက်ဝတ်ပလိုက် 😛

အဟိ အလန်းဝတ်ထည့်လိုက်မယ်လေ

ဓာဖမ်းတယ်ဆိုတာက ဘာကြီး😬😬
ချာချာလည်ပီလေ😁😁😂

ဓာ့ပုံရိုက်တာကို လူငယ်တေကျောတဲ့စတိုင်လေ လူကြီးတေမတိပု

သေချာတယ် ရီဝေဝေ ဆိုတော့ကား
ပိုစ့်ကို ဘီယာသောက်ပြီးရေးထာ

၂ခွက်ထဲသောက်တာပါအူးထွေးရ

အလန်းပဲ

မိုက်တယ်ဗျာ အားကျတာ

ခ်ခ် ပိုက်ဆံပေးရတာမှမဟုတ် စိတ်ကူးယဉ်ပေါ့

No entiendo nada...

တားတို့လည်းခေါ်ဦးနော်

မကြာမှီလာမည်မျှော်

အိုက်​ အလန်းဇယား😂

အဟေး တွေးပါအေ့ ပက်ချန်ပေးတွေးင်္တာမှမဟုတ်တာ

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70391.42
ETH 3572.68
USDT 1.00
SBD 4.74