B Pyae နဲ့အလွဲလေးများ …… ၂

in #myanmar6 years ago

လွဲပြီဆိုမှတော့ လွဲကိုလွဲတာပါဘဲ ……
လွဲပါတယ်ဆိုမှ လွဲကိုလွဲတယ်ပြောနေရတယ် ……
မြန်မာစကားကလဲ ပြောရတာခက်သား ။

ဒီအလွဲကို ဘယ်ကစ ပြောရပါ့ ? B Pyae နဲ့ တစုံတယောက် စကားများရာက စတယ်ပေါ့ ။ သူကအူတိုတတ်တော့ ရန်ဖြစ်ရင်အနိုင်လိုချင်တဲ့ B Pyae က သူစိတ်တိုအောင် သူမြင်အောင် တခုခုကိုလုပ်ပြတိုင်း အောင်မြင်ခဲ့တာချည်းပါ ။ ဒီတခါတော့လွဲတာပေါ့နော် ။

missing-someone-no-text-from-them-worst-feeling-13280630.png

credit # photo google search

ထုံးစံအတိုင်း ကိုယ်က သူငယ်ချင်းတွေနဲ့အပြင်ထွက် ဓာတ်ပုံတွေရိုက်ပြီး Steemit တင်လိုက်ရင် သူက အူတွေတိုပြီး ဘယ်လောက်ရန်ဖြစ်ဖြစ် ကိုယ့်ကိုပြန်လာခေါ်နေကျဆိုတော့ B Pyae လဲ လုပ်ပြတာပေါ့ ။

ကိုယ်ထင်သလို ဒီတခါတော့ သူကမဟုတ် ။ B Pyae ကို သူထင်တာက

  • သူတောင်ပျော်သေးတာ ငါလဲဘာလို့ မပျော်ရမှာလဲ ?
  • သူတောင်မခေါ်ဘဲနေနိုင်သေးတာ ငါလဲနေမယ်
  • ငါဘာလို့  ပြန်ခေါ်ရမှာလဲ ? စတဲ့ ကိုယ်ထင်တာနဲ့ ဆန့် ကျင်ဘက်တွေဖြစ်ပြီး ခါတိုင်းလိုမဟုတ်တော့ဘဲ အခြေအနေတွေက တင်းမာလာတော့တာပါ ။

သူ့ရဲ့အထင်ကိုfb မှာသူတင်တာ ကိုယ်ကတွေ့တော့ ကိုယ်ကလည်း ဒေါသပိုဖြစ်ပြီး တကယ့်ရန်သူတွေလိုဖြစ်တော့တဲ့အထိပါဘဲ ။ ကိုရီးယားဇာတ်လမ်းတွဲထဲကလို ပြောရမယ်ဆို ဓာတ်လှေခါးအဝင်အထွက်လွဲသလို လွဲချိန်တန်လို့  လွဲရတယ်ပေါ့ ။

FB_IMG_1514001337652.jpg

နောက်တခုက B Pyae ရေးတင်ထားတဲ့ အလန်းဇယားစိတ်ကူးယဉ်တဲ့စာဟာ အဆက်တွေနဲ့ ရေးထားပြီးသားပါ ။ ဒါပေမယ့် အကြောင်းကြောင်းတွေကြောင့် မတင်ခဲ့ရဘူး ။ စိတ်ကူးရေးထားတဲ့နောက်အပိုင်းတွေမှာ တစုံတယောက်ပါနေပါတယ် ။ အဲ့ဒီတစုံတယောက်က အခု B Pyae နဲ့က စိတ်ကူးထဲကလို မဟုတ်တော့တဲ့အတွက် အပိုင်းဆက်တွေတင်ဘို့ လည်း လွဲခဲ့ရပါတယ် ။

ခုလိုရေးသားလိုက်လို့  တစုံတယောက်ဖတ်မိခဲ့လို့  B Pyae ကိုဆက်တင်ဘို့ လာပြောရင်လဲ လက်မခံပါဘူး ။ သူလက်ခံအောင်ရေးသားခြင်းမျိုးမဟုတ်ပါဘူး ။ B Pyae ရဲ့ နေ့စဉ်ဖြစ်တဲ့ life ကို MSC ကလည်း copy မတင်ရတဲ့အတွက် Own အစစ်ကို ရေးသားခြင်းဖြစ်တဲ့အတွက် လွဲတဲ့အလွဲကို ဦးတည်ရေးသားခြင်းပါ ။

images.jpeg

credit # photo google search

B Pyae နဲ့ အလွဲလေးများကိုဖတ်ပေးတဲ့အတွက် ကျေးဇူးပါရှင် ။ MSC အကိုအမများ မင်္ဂလာပါ ။

@pyaesonekhinkhin

MSC 021

Sort:  

လွဲလွဲလေးလည်း ကောင်းပါတယ် 😁

ကောင်းရတော့မှာပေါ့ sis ရယ်

လွဲရင်လွဲတယ်မှတ်

အလွဲဖတ်ရင်း ကို လွဲနေတာပါမောင် 😁

အွံ ဘယ်နားလွဲပြန်ပီလားအူးထွေးရေ နိုချင်လက်ထာ

အလွဲ​လေး​တွေ ပြန်​တည့်​လိုက်​​လေ

တည့်လိုမှမရတော့တာ :(

ကံကောင်းသော လွဲခြင်းမျိုးပဲ လွဲချင်တယ်

ဒါပေမယ့်လည်း ဘုန်းရယ် ခ်ခ်

လွဲလွဲလေးပဲကောင်းပါတယ်ဟိဟိ။

ငမ့် ကောင်းပုဂျ

တည့်နေလည်း လွဲသွားပြန်ပြီနော်

လွဲပီအဖွားရေ

အင်း …လွဲမှန်သိတယ် ဆိုတော့ အဆိုးကြီး မဟုတ်သေးဘူး ဘဲ

ဟိုက်! ခေးလိမ်မာပါတယ်မမရ

တစ်​ခါတစ်​​လေ လွဲစရာက ကြံဖန်​ပြီး ကို လွဲတတ်​​လေသည်​ ..

ဟုပ ဟုပ လွဲကိုလွဲတာ

ဘာပြောရမှန်းမသိဘူး လွဲနေတာ ကောင်းဘူး ပြန်တည့် လိုက် အဟီး

တည့်မာပေါ့ ကျေးဇူး

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64837.84
ETH 3174.86
USDT 1.00
SBD 4.17