B Pyae နှင့် သားသမီးများ

in #myanmar6 years ago (edited)

MSC မှ အကိုအမများ မင်္ဂလာပါရှင် ။ Steem နှင့် sbd ဈေးကျနေ၍ စိတ်ဓာတ်ပါအကျမခံပါဘဲ ဆက်လက်ကြိုးစားရင်း ပိုစ့်တွေရေးကြ gp မှာစကားတွေပြောကြရင်း ဈေးတက်အလာကိုစောင့်ဆိုင်းကြရအောင်ပါလို့  တိုက်တွန်းချင်ပါတယ်ရှင် ။

မိုး၅ရက် ဆက်တိုက်ကြီး ရွာလိုက် ရပ်လိုက်နဲ့ ဆိုတော့ သူများတွေလဲ နေရထိုင်ရ သွားရလာရ သိပ်အဆင်ပြေမှာမဟုတ်ဘူးလို့ ထင်ပါတယ် ။ B Pyae နဲ့ သမီးများလည်း အဆင်မပြေပါ ။

သမီးများဆိုသည်က မွေးထားသောခွေးမလေးများပါ ။ မိုးရွာတော့ ရေခဲမုန့် သည်လဲမလာ အကြော်သည်လဲမလာ ဘာစားစရာအသည်မှမလာတော့ ဝင်းတံခါးကနေလမ်းမဘက်ထွက်မျှော်လိုက် အိမ်ထဲပြန်ဝင်လိုက်နဲ့ သူတို့ တွေရှုပ်နေတော့တာပါ ။

received_831775177021598.png

ထို့ ထက်ပိုဆိုးသည်လည်း ရှိပါသေးတယ် ။ပိုင်ရှင်မရှိသော လမ်းဘေခွေးမက ကားတိုက်မိတော့ သူ့ သားသမီး၎ကောင်ကို B Pyae က သနားလို့  ကျွေးထားတာ အိမ်အပြင်မှာ အဆင်ပြေပါ့မလား မိုးရွာတော့ တွေးမိတာပါ ။ အိမ်ထဲခေါ်မွေးဘို့ ကလည်း ကိုယ်မွေးထားတဲ့သမီးတွေနဲ့တင် ချာလပတ်လည်နေတာ ။

ကိုယ့်နား အထဲက သမီးတွေကလာကပ်လိုက်တိုင်း မိုးအေးလို့ ဗိုက်ဆာတာထင်ပြီး အစာချကျွေးရတာလဲ အစာအိပ်ပင် ကုန်လုနီးနီးဖြစ်နေပါပြီ ။ အမေသေသွားသော ခွေးပိစိတွေကလည်း အစာကို စားမှစား ကြိုက်မှကြိုက်ပါဘဲ ။ ဝကစ်ပြီးစားနေကြတာ မြင်တိုင်းပါဘဲ ။

received_831774653688317.jpeg

အိမ်ရှေ့က ရေစိုနေတော့ အအေးပတ်မှာလည်းစိုးတယ် ။ ဒီနေ့ B Pyae ကြံထားသည်က အိမ်ထဲကို မာမီမသိအောင် ခေါ်သိပ်မယ်လို့ တွေးထားတယ် ။ မိုးတွေဆက်တိုက်ဆိုတော့ ရေထဲသွားလာ အစိုပေါ်အိပ်နေကြရတာ သနားတယ်လေ ။

အိမ်ထဲက သားသမီးတွေကလည်း သူတို့ နှင့်မတည့်ဆိုတော့ ညကျခိုးသိပ်ရင် သူတို့ ဟောင်တာနဲ့မာမီသိမှာ သေချာတယ် ။ မိုးတိတ်မှ အဆင်ပြေတော့မှာမို့  မိုးမရွာတော့ရင်လည်း အကောင်းသားနော် ။ မိုးဆက်ရွာနေရင်တော့ B Pyaeနှင့် သားသမီးများ အခက်တွေ့တော့မည် ။

IMG_20180604_180318.jpg

@pyaesonekhinkhin

MSC 021

Sort:  

တစ်​ပြည်​လုံးကို သိမ်းပိုက်​ထားသလား ​အောက်​​မေ့ရတယ်​ မိုး​ရေ..မရပ်​မနားပါပဲ

ဟုပ ဟုပ

ဟို လေးကောင်ကလည်းချစ်စရာလေးတွေ
အိမ်ပေါ်က မချောကတော့ ဝဝကစ်ကစ် စရာ

ဟုတ်တယ်အဖွားရေ ကျန်သေးတယ်မချောတွေ

ချစ်စရာလေးတွေ... ခွေးချစ်တက်ပေမဲ့ အမေက မမွေးခိုင်းလို့
မချစ်ခဲ့ရဘူးဗျာ

ဟုတယ် ချစ်စရာသမီးတွေ

စိတ်​ထားလှတဲ့ B pyae ​လေး 😘

မိဘမဲ့ခွေးလေးတွေက ၀၀ကစ်ကစ်လေးတွေ ချစ်စရာ

ဟုတ်တယ် ညီမလေးက အစာထုတ်နဲ့နို့ နဲ့ရောကျွေးတာ

ခေးတွေရဲ့ မေမေကြီးပေါ့လေ

ဟုတယ်အကိုစော

ချစ်စရာလေးတွေ ဝတုတ်လေးတွေနော် ကုသိုလ်ရပါတယ် B Pyae ရေ သေချာလေးကျွေးမွေးစောင့်ရှောက်ပါ မေတ္တာရောင်ပြန်ဟပ်ပါတယ်

ဟုတ်ကဲ့ဘုန်း

ခွေးအဖြူလေးက အသန့်ကော

ဟီး အ့ကမပိုညစ်ပတ်တယ် ခနခနပေလို့ ရေချိုးရတာ ခနခန

ဈေးကျတာ စိတ်ဓာတ်ကျပါဘူး
Bpyae ဗုတ်မရရင်တော့ အားပျက်တယ်ကွယ်😁😁😁

vote ပါ့မယ်အကိုရေ okပါရှင့်

ပလုတ်တုပ် ခွေးကလေးတွေ

ဟဲ့ အမ၄ လန့် လက်ထာတော်

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64777.26
ETH 3101.53
USDT 1.00
SBD 3.84