B Pyae ရဲ့ အမှားများစွာ …… ၁

in #myanmar6 years ago

B Pyae ရဲ့မဟာအလွဲများစွာကို ထင်ထင်ရှားရှားသိမြင်လာခဲ့ရသည့်အချိန်ကတော့ MSC gathering ပွဲကို ပုဂံမှာတက်ရောက်စဉ်အချိန်ကာလဘဲ ဖြစ်ပါတယ် ။

ပုဂံမှာဆိုတော့ B Pyae ရဲ့ online နဲ့ပတ်သက်တဲ့ ပေါက်တတ်ကရအလုပ်တွေရော အမှန်အကန်အလုပ်တွေရောကို line ဖွင့်ပြီးလုပ်ခဲ့ရပါတယ် ။

ပုဂံမှာ line ဖွင့်ပြီးလုပ်တယ်တယ်ဆိုတော့ အိမ်မှာက မဖွင့်ဘဲလုပ်လို့ ရတာလားလို့ တော့ မမေးနဲ့နော် ။ အိမ်မှာက wifi ဖွင့်ထားတော့ ဖုန်းbill ဘယ်ရွေ့ဘယ်မျှကုန်တာကို တိတိကျကျ မမှတ်သားမိပါဘူး ။ wifi မရတုန်းခနမှာ pack ဝယ်သုံးတာဆိုတော့ သိပ်မသိသာတဲ့သဘောမျိုးပေါ့ ။

ပုဂံမှာ ပထမရက်ရောက်ရောက်ချင်းမှာ သတိမထားမိတော့ package မဝယ်သုံးမိဘဲ B Pyae လုပ်နေကျအလုပ်တွေကို သတိမေ့လျော့ပြီး အရှိန်နဲ့လုပ်နေခဲ့မိတာ လိုင်းတလည်လည်ဖြစ်နေတော့ bill စစ်ကြည့်မိတာ ထည့်ထားတဲ့ ၂၀၀၀ ကုန်သွားပါရော ။

Oredoo က ၂ထောင်ဘေဖြည့်တိုင်း ၂ထောင်အပိုရတာဆိုတော့ ခုတလောမှာ B Pyae ဘေလ်ထည့်ရင် ၂ထောင်ချင်း ထည့်ဖြစ်တာများနေတာပေါ့ ။ ထပ်သတိထားမိသွားတာက bonus ၂ထောင်ရတဲ့ဟာအပြင် ထည့်ထားတာကုန်သွားဆိုတော့ အံ့ဘြတာပေါ့ ။

တချိန်ထဲမှာ နောက်ထပ် သတိထားမိတာက ထပ်ထပ်ပေါ်လာပြန်ပါတယ် ။ packs မဝယ်ဘဲသုံးမိတော့ကုန်တာဖြစ်မယ် မနက်ဖြန်မပြန်သေးဘူးဆိုတော့ သတိတရ packs ဝယ်ထားမှပါလေပေါ့ ။ ဒါနဲ့ Oredoo ၂ထောင်ဖြည့် ထုံးစံအတိုင်း ၂ထောင် bonus ရ နဲ့ ဖြည့်ထားတဲ့ ၂ထောင်ကို 1499တန် pack လေး သတိတရ ချက်ချင်းဝယ်ထားတာပေါ့ ။

ဒီနေ့ ရတဲ့အမှားမျိုး မနက်ဖန်ထပ်မဖြစ်အောင် သတိထားခဲ့ပြီး မနက်ဖန်အတွက်ကို B Pyae ရဲ့ ပေါက်တတ်ကရအလုပ်ရော အမှန်အကန်အလုပ်ရောကို လုပ်ဖို့ အတွက် ready ဖြစ်အောင် ပြင်ဆင်ထားပါတယ် ။

B Pyae ရဲ့ မဟာအမှားတွေက ခပ်များများဆိုတော့ အပိုင်းလေးတွေနဲ့ ရေးချင်မိတဲ့ဆန္ဒကြောင့် အမှားတခုချင်းစီကိုဘဲ ရေးပြသွားပါရစေ ။ နောက်ထပ်အမှားတခုဖတ်ရန်အတွက် နောက်ရက်မှတင်ပါ့မယ်ရှင် ။

1ee160ec244917eaee92b725e8a38a55.jpg

photo credit # facebook

@pyaesonekhinkhin

MSC 021

Sort:  

ပုံတင်တာတောင် လှိုင်းမမိလို့ မိတဲ့ဆီသွားတင်ရတာ 😀😀😀
အဲ့ခါကျမှ လှိုင်ကောင်းတဲ့တန်ဖိုးနားလည်တော့တယ်

အမှား စီရီးဆွဲတော့မယ်ဆိုပါတော့။

ချမာ အ့မှ ပေါက်မာအထွေးရ ခ်ခ်

အမှားကို ငွေနဲ့ဝယ်လိုက်ရတာပေါ့

နာတော့ ပုဂံပြည်ကြီးမယ်လိုင်းမမိတာခပ်များများရယ်

မမိဘူးဆိုပီး ဖွင့်မိတာ မိတဲ့နေရာရောက်တော့ ဆွဲပါလေရော့လေ

ဖြစ်ရလေအေ

သတိထားရမဲ့အမှားတွေကတခါတလေဖြစ်တတ်ပါတယ်

ဟုတ်ကဲ့ အန်တီမလာဖြစ်ဖူးနော် နောက်နှစ်ကျဆုံချင်ပါတယ်ရှင့်

ငိ နာတို့ကြပုဂံမှာလိုင်းမိဘူး

နာတို့ တည်းတဲ့ဆီမာမိတယ်ယေ

အမှားတွေကများ ဒုက္ခပါပဲလား ငပြည့်ရယ်။

ဟုပ အူးချပိန်ရာ

ခဲတံမှာ ခဲဖျက်က အလကားထည့်ပေးထားတာမှမဟုတ်တာ အမှားများတဲ့သူက အမှန်ဆုံးဖြစ်တတ်တယ်

ဟု ခဲဖျက်သုံးလိုက်မယ်လေ

တစ်ခါတစ်လေတော့ ဒီလိုမျိုးမှားတတ်ကြပါတယ်။ဖြစ်ပြီးသွားရင် သတိလေးနဲ့ နောက်မဖြစ်အောင် ဂရုစိုက်ကြတာပေါ့ဗျာ။ဗဟုသုတအတွက် နောက်အပိုင်းလေးတွေ စိတ်ဝင်စားလှပါ၏။

ရေးမှာပါအကို ဖတ်ပေးလို့ ကျေးဇူးပါ

ဘာတွေထပ်ပြီးမှားနေသေးတယ်မသိ😂😂😂

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64837.84
ETH 3174.86
USDT 1.00
SBD 4.17