အေးရာအေးကြောင်း …… ၂

in #myanmar6 years ago

အဟမ်း … ဒီနေ့အေးရာအေးကြောင်းက အထူးရှာစရာမလိုဘူးရှင့် ။

  • မနေ့ညကရွာတဲ့မိုးရယ်

  • ဒီနေ့လဲအုံ့နေတဲ့ရာသီဥတုရယ်

  • စနေနေ့ဖြစ်တာကြောင့်ရယ်ကြောင့် B Pyae တယောက် အိမ်စောင့်တာဝန်ကျလေပြီ ။ အိမ်မှာတယောက်ထဲထားခဲ့ပြီး စားစရာတွေချက်ပေးခဲ့တဲ့ အစ်မတော်ကလည်း သူငယ်ချင်းလာခေါ်လို့  shopping ထွက်တယ် ။

2521591_S.jpg

crd org source

B Pyae လဲ မိုးအုံ့ အုံ့ နဲ့ သာယာနေတဲ့ ရာသီဥတုကို ဘယ်လက်လွတ်ခံပါ့မလဲလေ ။

  • စားစရာတွေစားလိုက် အိပ်လိုက်

  • အိပ်ယာကနိုးပြန်စားလိုက် လိုင်းလေးသုံးလိုက်

  • လိုင်းပေါ်ရောက်တော့ အဖိုးကြီးကို စလိုက်

  • အလုပ်ရှုပ်နေတဲ့အဖိုးကြီးကို ဖုန်းပြောလိုက်နဲ့ တနေကုန်ခါနီးတော့ ပျင်းလာတယ် ။

အမယ်ထူးထူးခြားခြား ဒီနေ့မှ မပျက်ဘူး လာနေတယ်ဆိုတော့ အိမ်မှာနေတုန်း အကျိုးရှိမယ့်ဟာလေး လုပ်အုံးမှ စိတ်ကူးရသွားတယ် ။

1870361_S.jpg

crd org source

စိတ်ကူးကို အကောင်အထည်ဖော်ဘို့  ချက်ချင်းဆိုသလို မျက်နှာသစ်လိုက်တယ် ။ ပြီးတော့ မမအခန်းထဲကိုဝင်ပြီး သူ့ မှန်တင်ခုံရှေ့က မျက်နှာပေါင်းတဲ့ ပေါင်းဆေးဘူးကိုယူဖွင့်လိုက်တယ် ။

မှန်တင်ခုံမှာ ကျကျနနထိုင် ပေါင်းဆေးတွေလိမ်းပြီး သူ့ ဘူးကိုသူ့ နေရာပြန်ထားရင်း ပိုင်ရှင်မရှိတော့ ပေါင်းဆေးဘူးကိုမှာခဲ့တယ် " ငါနဲနဲလေးယူလိမ်းသွားတယ် နင့်ပိုင်ရှင်လာရင် ပြောလိုက်အုံးနော် " လို့  ။

ပြန်ထွက်လာပြီး မိနစ်၂၀လောက်နေရင် မျက်နှာသစ်မယ် ။ မျက်နှာမသစ်ခင် စတီးမစ်တင်ဘို့  ဒီစာကိုရေးတယ်လေ ။ B Pyae တို့ က အိမ်မှာတယောက်ထဲလဲ နေတတ်ပါတယ် ။

163540_S.jpg

crd org source

အခုဆို ကိုယ်အကျိုးရှိမယ့်ဟာ ၂ခုတောင်လုပ်ပြီးပြီ ။ မျက်နှာပေါင်းတင်တော့ မျက်နှာလေးနဂိုထက်စာရင် ပိုသန့် သွားမယ် ။ စာလေးရေးတော့လဲ အကိုဟင်နဲ့သူငယ်ချင်းတွေ vote တော့ ပိုက်ဆံရမယ်လေ အကျိုးရှိတာပေါ့နော့လေ ။

B Pyae လဲ စတီးမစ်တင်ပြီး မျက်နှာသစ်ရအုံးမယ် ။ MSC မိသားစုကြီးလဲ အောင်မြင်ပါစေလို့  ဆန္ဒပြုလျှက် တာ့တာ ။

@pyaesonekhinkhin

MSC 021

Sort:  

အေးရာ အေးကြောင်း
မျက်နှာ ပေါင်းတင်
စိတ်ကြီးဝင်တဲ့ခင်

ဟီး ဟုသယ်ဟုသယ်

အေးရာ ​အေး​ကြောင်း​နေ့​လေး😂

ဟုတယ်လေ ပက်ချန်မကုန်ဘူး ခိခိ

မမစကန်ထရီ ခေးကိုဘုတ်ပေးပါမမ
https://steemit.com/myanmar/@chitsone/thu-undefined-en-undefinedngipundefineds

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.033
BTC 63900.26
ETH 3063.07
USDT 1.00
SBD 4.21