ဂိုးရင်းတူ တမြို့လုံးအနှံ့

in #myanmar6 years ago

တညလုံးတအီအီလုပ်နေတဲ့ B Pyae ဒီနေ့တော့ လည်လည်ထွက်ရပြီလေ ။ တနေကုန်ထွက်လည်လိုက်တာ ၉နာရီခွဲမှပြန်ရောက်တာ ထုံးစံအတိုင်းပေါ့နော့ ။ အပြင်ကထွက်ရတုန်း တနေကုန်ဘဲ ။

ညက တညလုံး ခုလိုထွက်ဖို့ အရေးကို ဂျီကန်ရတာ မနက်၅နာရီထိုးသွားတယ် ။ အမဖြစ်သူကပေးမယ့်မုန့်ဘိုးလဲလိုချင်တော့ သူ့ ဘြဝါဒလဲနာကြားလိုက်ရသေးတာလေ ။

received_258442091393188.jpeg

မဆုံတာကြာတဲ့သူငယ်ချင်းတွေကိုပတ်ခေါ်ပြီး စိတ်ညစ်စရာတွေမေ့ထားပြီး လည်လိုက်တာအတော်စုံသွားတယ် ။ ပထမဦးဆုံးသွားဖြစ်တာက Ocean ပေါ့ ။ မာမီက အရုပ်အသစ်ဝယ်ဝယ်ဘို့  မုန့် ဘိုးလဲပေးတော့ အရုပ်သေးသေးလေးတွေရွေးဝယ်ဖြစ်တယ် ။

ကိုကြိုက်တဲ့စားစရာကို သူငယ်ချင်းတွေက ဝယ်ပေးတယ် ။ အဲ့တော့ ကိုယ်က တခုခုပြန်ကျွေးရမှာပေါ့ ။ MSC leader လာလည်တုန်းကစားခဲ့တဲ့ 12 ပန်းနားမှာ ညစာဝင်စားလိုက်တယ် ။

received_258440831393314.jpeg

12ပန်းနားမှာရပ်ထားတဲ့ မီနီအိုးဝေကို တပတ်ငှားစီးပြီး သူငယ်တစု ဓာတ်ပုံလဲရိုက်ခဲ့ပါသေးတယ် ။ နောက်ခန်းထဲမှာ ပြွတ်သိပ်ထိုင်ကြပြီး စီးရတာ မီနီအိုးဝေလေးအားနာစရာ ။

received_258441778059886.jpeg

မီနီအိုးဝေလဲစီးပြီးပြီ ။ စားလဲစားပြီးပြီဆိုတော့ သူငယ်ချင်းတွေဆုံတိုင်း မသွားမဖြစ်တဲ့နေရာကို မျက်စပစ်ပြီး တယောက်နဲ့တယောက် အချက်ပေးကြတာပေါ့နော် ။ ဘယ်နေရာဆိုရင်တော့ soprano ကာရာအိုကေမှာ အော်ကြဟစ်ကြဘို့ ပေါ့ ။ ဒီလိုနဲ့ ဆိုဖြစ်သွားတယ်ပေါ့ ။

received_258441971393200.jpeg

Doprano ကနေ သူငယ်ချင်းတွေကိုလိုက်ပို့ ပြီး အိမ်ပြန်လာခဲ့ပါတော့တယ် ။ ဒီနေ့ အမှတ်တရ B Pyae ရဲ့ ပျော်စရာလည်လည်ခရီးလေးကို အဆုံးသတ်လိုက်ပါတော့တယ် ။

@pyaesonekhinkhin

MSC 021

Sort:  

ပျော်​စရာ လည်​လည်​ခရီး​လေး​ပေါ့😁

အေးပေါ့ကွီးအောင်ရေ
နိတို့ သတိရလို့  အ့ဆိုင်သွားစားတာယေ

ဖွားဖွားလည်း အဲလိုမျိုးကို သိပ်ကြိုက်
ပျော်စရာဆိုပျော်သာပျော် သမီးလေးရေ

အဖွားရေ ပုဂံလိုက်ခဲ့နော်
မာမီက သေချာပေါက်အဖွားပါမယ်ပြောနေတာ ဓတ်ပုံရိုက်ကြမယ်လေနော်

အဖွားရေ B Pyae ရဲ့အမပါ
မင်္ဂလာပါရှင်

အမကြီးရေ သမီးငယ်ပြောလို့  လာနှုတ်ဆက်တာ မမှီတော့ဘူး မင်္ဂလာပါနော်

အရူးစိတ်ချမ်းသာရင် ကမ္ဘာကြီးငြိမ်းချမ်းပါတယ်

အ့ဆိုလည်း စက်ချုပ်ဆိုင် အထည်ဖိုးရှင်းလက်ပါအူးလေ

အရမ်းပျော်ခဲ့တယ်ပေါ့ ညီမအပျော်တွေ မမဆီပါရောက်တယ်😊😊

တကယ်လားမမပျော်တာ မွှချိမမ

ငင့်😔😔

This post has received a 1.61 % upvote from @booster thanks to: @pyaesonekhinkhin.

ပျော်စရာကြီးပေါ့နော့🎤🎤😅😅😂

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63457.41
ETH 3119.12
USDT 1.00
SBD 3.94