MSC gathering နဲ့ B Pyae

in #myanmar6 years ago (edited)

MSC Gathering သွားဘို့  MSC က အကိုအမတွေက ဘာတွေပြင်ဆင်ထားကြလဲမသိ ။ B Pyae တော့ မနေ့က ပုဂံသွားရင်ဝတ်ဖို့ အတွက် ပိုပိုလိုလိုဝတ်ဘို့ အတွက် အကျီ င်္၂စုံဝယ်ခဲ့ပါပြီ ။

IMG_20180301_175038.jpg

ဟောပြောပွဲမှာဝတ်ရမှာက တူညီအကျီ င်္ဆိုတော့ တနေကုန်ချွေးကထွက်တော့ ညနေပိုင်းမှာ အကျီ င်္လဲမှအဆင်ပြေမှာလေ ဟီဟိ ။ ပုဂံအသွား ကားပေါ်မှာတစုံလဲလိုက်မှလားလို့  စိတ်ကူးပြီး ဝယ်ထားလိုက်တာ ။ မလဲရဘူးဆိုလဲ အပြင်သွားတော့ ဝတ်လို့ ရတာဘဲဟာ ဘာမှဖြစ်ပါဘူးလေနော့ အပိုဆောင်ထားလိုက်မယ် ။

ဆွမ်းကပ်ရအုံးမှာဆိုတော့ မြန်မာဝတ်စုံလေးနဲမှ အဆင်ပြေမယ်ဆိုပြီး မြန်မာဝတ်စုံတစုံပါ ဝယ်ထားလိုက်တာ ။ စက်ချုပ်ဆိုင်က ကြာမှာဆိုတော့ ခုထဲက အပ်ထားလိုက်မှ အသင့်ဖြစ်မှာဆိုပြီး သူငယ်ချင်းတွေကို ချုပ်ပုံရွေးခိုင်းရင်း စက်ဆိုင်တခါထဲအပ်ခဲ့လိုက်တယ် ။ ဝီရိယထားရတာပေါ့လေ နော့ ။

received_257973534773377.jpeg

ညက မာမီနဲ့ဘယ်တွေသွားလည်ခဲ့လဲပြန်ပြောပြရင်း အကျီ င်္တွေအပိုဆောင်မယ့်အကြောင်းပါပြောပြလိုက်တာ Leader က နင့်ပစ္စည်းအိပ်မြင်ပြီး မခေါ်ဘဲထားခဲ့မှာ သေချာပေါက်တဲ့ အားပေးရှာတယ် ။

ပုဂံဘုရားဖူးက B Pyae က ခနခနလည်ဘူးနေတော့ အထာနပ်နေပြီ ။ ဖူးရတဲ့ဘုရားတွေကလဲများတာရယ် ဘုရားအမြင့်တွေပေါ်တက်ပြီး ဆဲလ်ဖီဆွဲရတာရယ် ဆဲလ်ဖီဒုတ်တံတကားကားနဲ့လွယ်ထားရတဲ့အိပ်ရယ် အစုံအစိဆိုတော့ ပေါ့ပေါ့ပါးပါးလေးဝတ်မှဖြစ်တာ ။ ထမိန်နဲ့ B Pyae နဲ့ ပစ္စည်းတွေနဲ့ အဆင်ပြေလောက်ဖူးဆို ။

received_830681530464296.jpeg

အ့လိုနဲ့ ယူမယ့်ဟာ ရွေးထားလိုက်မိတာ အများကြီး ဟီးး ။ B Pyae ယူမယ့်ဟာ leader မမြင်အောင် ပုဂံကအသိအိမ်ကို ကြိုပို့ ထားမှလားမသိ ။ B Pyae သူငယ်ချင်း၂ယောက်ကို လိုက်ဖို့ ဖိတ်ထားတာ မသေချာသေးဘူး ။ လိုက်မယ်သေချာရင် ဧည့်သည်ကဒ်လုပ်ရအုံးမှာဆိုတော့ သေချာအောင် ဒီနေ့ ထပ်မေးရအုံးမယ် ။

received_830614177137698.jpeg

သုံးဘို့ ပိုက်ပိုက်ကလဲ သိပ်မပူရလေ MSC က ၂လစာရေးလို့ ရတာ power up မလုပ်ရဘဲ ထုတ်သုံးခွင့်ပြုထားပြီးသားဆိုတော့ကား ok တာပေါ့ ။

B Pyae တော့ gathering လုပ်မယ့် august လကို အမြန်ရောက်ချင်နေတော့တာ ။ MSC က အကိုအမတွေနဲ့အတူတွဲပြီး ဓာတ်ပုံတွေရိုက် စတီးမစ်ပိုစ့်တွေတင်ချင်လှနေပြီ ။

@pyaesonekhinkhin

MSC 021

Sort:  

ဝတ်စုံလေးတွေက အလန်းစားလေးတွေဗျာ။ ငါ့ ချွေးမလေးကတော့ ကဲတော့မယ်ပေါ့လေ။

ငါပို့ တာတွေမဝတ်ဖူးလားကောင်မလေး

ဝတ်မာ တဘက်ပါသေးပုနော်

မ မြင်‌ဖူးဘဲ ‌တွေ့ရမှာဆို‌တော့ တစ်‌မျိုး‌ပျော်‌စရာ‌ကောင်းမှာပါ။လာ ဖြစ်‌‌အောင်‌လာပါ့မယ်‌။

welcome ပါ ပုံပုံတွေရိုက်ကြမယ်လေ

ပြင်​ဆင်​မှု​တွေ​တောင်​ လုပ်​ပြီး​နေပါ​ပေါ့လား☺

အေးပေါ့အေ နိမလိုက်ဖူးဆို ခ်ခ်

ပွဲသွားကျော့ကျော့ ပွဲပြန်နေမကောင်းတော့ မလုပ်နဲ့ပေါ့

ငမ့် အနားကပ်ထိုင်ပြီးမန့် နေတယ်

မိန်းမကိုစောင့်ရှောက်ရမှာမို့ ဒီတစ်ခေါက်တော့မဆုံနိုင်သေးဘူး

အယ် လိုက်ခဲ့ပါအေ

ပျော်စရာ ကောင်းမှာပါလေ

လိုက်ဖူးလား အကို့ အတွက် လက်ဆောင်တခုပါတယ်ပေးမလို့ 

လိုက်မှာပေါ့
အမျိုးသမီးပါ ခေါ်ခဲ့မလားလို့

good တာပေါ့ ညီမလေးအဖော်ရတယ်လေ

မိတ်ဆွေတွေဆုံရမယ့်ပွဲမို့ ပျော်စရာကောင်းမှာပါဗျာ

ဆက်ဆက်လာခဲ့ပါ ဆုံကြမယ်ပျော်ပျော်ပါးပါး

အင်း
စိတ်ကူးနေတုန်းပဲ လာဖြစ်ပါ့မလားမသိ🙉🙉

You got a 2.28% upvote from @upme thanks to @pyaesonekhinkhin! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% daily payouts ( no commission ).

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 62796.11
ETH 3045.55
USDT 1.00
SBD 3.85