နှစ်သက်မိသောစကားစုများ

in #myanmar6 years ago

မြန်မာစကားတချို့ကို စဉ်းစားရင်း အလွန်မှန်နေတာကို သဘောကျမိသွားတယ် ။ ဒီစကားစုတွေစပြီး ပြောသွားသူဟာ သူကိုယ်တိုင်ခံစားရလွန်းလို့  ရေးထားပြောထားခဲ့တာဖြစ်မယ်လို့  B Pyae တော့ထင်တာပါဘဲ ။

945422_S.jpg

crd org source

  • အားနာလို့ လိုက်လျောတာ အ တယ်လို့ မထင်ပါနဲ့

  • ကျွန်ုပ်ဒုက္ခရောက်စဉ်က သင်ဘာကူညီခဲ့သလဲ

  • ယနေ့ရောင်းရငွေသည် မနက်ဖန်အတွက်အရင်းဖြစ်သည်

  • ကြွေးယူစဉ်ကပြုံးပြုံး ကြွေးတောင်းတော့မုန်း

  • လူတွေအကြောင်းကိုပိုသိလေ တိရိစ္ဆာန်လေးတွေကို ချစ်လေ

  • သင့်အကြံမအောင်မြင်ခင် တပါးသူအသိမခံပါနဲ့

  • သင်တခါမကူညီခဲ့လျှင် သင်ကူညီဘူးသောအရာများမေ့ကာ ထိုမကူညီခြင်းက သင့်အပြစ်ဟုယူဆသွားမည်

အဲ့ဒီစကားစုတွေကို B Pyae အကြိုက်ဆုံးဖြစ်တာကြောင့် အလွတ်ကျက်မှတ်ထားတာပါ ။ တကယ်လည်း လက်တွေ့ကြုံခဲ့ဘူးပါတယ် ။

3325483_S.jpg

crd org source

B Pyae အဆောင်နေစဉ်က ကြုံခဲ့ရတဲ့ အဖြစ်တခုကို ပြောပြပါ့မယ် ။ အဆောင်မှာက တနင်္ဂနွေနေ့ကလွဲရင် အိမ်ကိုဖုန်းမဆက်ရပါဘူး ။ ဖုန်းဆက်တော့လဲ အဆောင်ကဖုန်းကိုဘဲသုံးရတော့ ဖုန်းဆက်ဘို့ ကိုယ့်အလှည့်ကို အကြာကြီးထိုင်စောင့်ရတာပါ ။
ရှင်းရေးတာဝန်ကျတွေက ကိုယ့်အခန်းနဲ့ကိုယ်ခွဲပေးထားတော့ B Pyae က ကပ်ပေါင်းထားပြီး အိမ်ကိုလဲပြောပြပြီး B Pyae ဖုန်းကို သူ့ဆီနားလည်မှုနဲ့ အပ်ထားတာပေါ့ ။ sunday ရောက်ရင် B Pyae ယူသုံးတော့ အဆောင်ဖုန်းကို မစောင့်ရဘဲ အကြာကြီးဖုန်းပြောရတာ အတော်လေး အဆင်ပြေနေခဲ့တာပေါ့ ။

တရက်ကျ အခန်းဖော်သူငယ်ချင်းက သူ့ အိမ်ဖုန်းဆက်ချင်တာ အဆောင်ဖုန်းစောင့်ရတာကြာတော့ တငိုငိုလုပ်နေတာနဲ့ အခန်းစောင့်ဆီသွားပြောပြီး သူ့ ဖုန်းခနယူဆက်ပါလို့  အကြံပေးမိလိုက်တာပါ ။

2055015_S.png

crd org source

သူထပ်ပြောတာက အဆောင်ဖုန်းက ပိုက်ဆံပေးရတာနည်းတယ် ။ အခန်းစောင့်ဆီကဖုန်းဆိုဈေးကြီးတယ် ။ သူ့ မှာပိုက်ဆံမပို့ လို့  ပြတ်နေပြီ ။ အိမ်ကိုပိုက်ဆံလှမ်းတောင်းမလို့ ။ သူ့ အိမ်များရေကြီးတဲ့ထဲပါလို့ လားမသိဘူးလို့  ပြောလိုက်တော့ B Pyae က မနေနိုင်ဘူးလေ ။

" နင်ဘယ်သူမှမပြောရဘူးနော် ။ ငါပြောပေးမယ် ပိုက်ဆံမပေးပါနဲ့ ။ အဲ့ဒါငါ့ဖုန်း " လို့ ပြောမိလိုက်ရော ။ သူဖုန်းဆက်ပြီးအိမ်နဲ့အဆက်အသွယ်ရခဲ့ပါတယ် ။ ဒါပေမယ့် တရက်ထဲကြာတယ် ။ တနင်္လာမနက်ရောက်တော့ ဆရာကိုသွားတိုင်တယ် ။

3236059_S.jpg

crd org source

B Pyae ဒဏ်ပေးခံရပြီး မိဘခေါ်ခံရတယ် ။ ဖုန်းသိမ်းပြီး အိမ်ကိုပြန်အပ်တယ် ။ အခန်းစောင့်လဲ အခန်းပြောင်းခံရပြီး အဆူခံရတာပေါ့ ။ ကူညီမိတာ တခါတလေမှားတယ်လို့  ထင်ခဲ့မိတာပေါ့ ။ ဒါကြောင့် အပေါ်ကစကားစုလေးတွေကို တိုက်ဆိုင်လို့  အလွတ်ကိုကျက်ထားတော့ပါ ။

@pyaesonekhinkhin

MSC 021

Sort:  

လူတွေအကြောင်းပိုသိလေ တိရစ္ဆာန်လေးတွေကိုချစ်လေ။မိန်းမမယူတော့ဘူးဆိုတော့ အသက်ကြီးရင် ခွေးမွေးမယ်ကြောင်မွေးမယ်ကြက်မွေးမယ်ဘဲမွေးမယ်ကွာBပြည့်။

ဟားး အမှန်ဘဲဗျို့

ဟင်​ .. လုပ်​လည်းလုပ်​ရက်​ပါ့ဗျာ . ​သြော်​ ငါ့ကူညီထားတာပါလားလို့ တစ်​ချက်​​လေး​တော့ ​တွေးသင့်​ပါတယ်​​လေ .. ​သြော်​ လူ့စိတ်​ .. ​ကြောက်​စရာ​ကောင်းပါ့ဗျာ ..

ဘဝရဲ့အကွေ့ လေးတွေပေါ့နော

ဟုကဲ့

အားနာ‌တော့ ခါးပါတာ‌ပေါ့ ညီမရယ်‌။

ဟုပ

Quote လေးများ ရေးမှတ်ထား B Pyae တော်တယ်လား

ဘဒိုကို သီးသန့် မှတ်ထားတယ်
gathering ကျ လက်ဆောင်တခုပေးဖြစ်အောင်ပေးမယ် အမှတ်တရပို့ စ်လဲရေးတင်မယ် စိတ်ကူးရှိတယ်

 
ဒီစကားလုံးလေးကြောင့် တို့ အိမ်ဘေး ခဏခဏ
ရန်ဖြစ်ကြပေါ့

ဟုတ်

ဟု

@therealwolf 's created platform smartsteem scammed my post this morning (mothersday) that was supposed to be for an Abused Childrens Charity. Dude literally stole from abused children that don't have mothers ... on mothersday.

https://steemit.com/steemit/@prometheusrisen/beware-of-smartsteem-scam

go away from my post
i know your link

အလွတ်ကျက်ထားတဲ့ ဟာလေးတွေက အခုတော့အသုံးဝင်ပြီပေါ့လေ။

အေ့ယေ အေ့ယေ

ကူလည်းကူညီရ​သေး

အေ့ဆို ဒဏ်ပေးခံရတယ်

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 69965.85
ETH 3540.49
USDT 1.00
SBD 4.71