စာဖတ်နူန်းကို နှစ်ဆ မြင့်တင်ခြင်း အပိုင်း(၃)

in #myanmar5 years ago

39594299_1784077661684107_740773814362701824_n.jpg

၎။ ထောက်စရာ အသုံးပြုခြင်း

သင့်မျက်လုံးက တစ်နေရာတည်းမှာပဲ စိုက်ကြည့်နေမှာမဟုတ်ပါဖူး။ မျက်လုံးဆိုတာက လူပ်ရှားမှု့ ကို အမြဲခြေရာခံနေတာပါ။ ဒါဟာဘာကိုဆိုလိုလည်းဆိုတော့ ကျွန်တော်တို့ မျက်လုံးတွေက တုန်ယင်ပြီးတော့ အမြဲရွေ့လျားနေတာကို တွေ့ရပါတယ်။ စာဖတ်နေတဲ့နေရာကနေ စက္ကန့် ရဲ့ အပိုင်းအနဲငယ်လောက်ကို ဖတ်မယ့်စာ မဟုတ်တဲ့နေရာကို ရွေ့သွားပါသေးတယ်။ ဒီလိုထောက်စရာနဲ့ ဖတ်တာကလည်း သင်ဖတ်ချင်တဲ့နေရာကိုလည်း ဖတ်နိုင်ပြီး ပိုပြီးလည်းမြန်စေပါတယ်။

သင့်လက်ညိုးနဲ့ထောက်ပြီးတော့လည်း ရောက်နေရာကိုမှတ်သားနိုင်ပါတယ်။ ဒါဟာ ကိုယ်ဖတ်နေတဲ့ စာလုံးစာသား စာကြောင်းတွေကိုမလွတ်စေပဲ နောက်တစ်ကြောင်းဆင်းရာမှာလည်း စာကြောင်းကျော်သွားတာတွေ ကိုမဖြစ်စေတော့ပါဖူး။ ဒီလိုဖတ်တာဟာ အစပိုင်းမှာ ကသိကအောက်တော်တော်လေးဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ သင်ဖတ်ချင်တဲ့ စာအမြန်နူန်းနဲ့ စာဖတ်နူန်းကို မြန်စေဖို့ အလွန်အရေးပါပါတယ်။

စာဖတ်ခြင်းကို လေ့ကျင့်မယ်ဆိုရင် လက်ထောက်ပြီး(တစ်ခုခုဖြင့်ထောက်ပြီး)စာဖတ်တာဟာ အလွန်ကို အရေးပါပါတယ်။ လက်ထောက်ပြီးဖတ်တာဟာ မထောက်ပဲဖတ်တာထက်ကို ပိုမြန်စေသလို သင့်မျက်လုံးကလည်း စာသားတွေကို ပိုပြီးလျင်မြန်စွာ လိုက်ဖတ်နိုင်စေပါတယ်။ ဒါဟာသင်သံယောင်လိုက်နေမှာထက်စာရင် သင့်စာဖတ်နူန်းကို နှစ်ဆပိုမြန်စေပြီး ပြည့်စုံတဲ့ စာဖတ်လေ့ကျင့်မှု့ကို ရရှိစေပါတယ်။

၅။ အာရုံအနှောင့်အယှက်တွေကို ရှင်းထုတ်ပစ်ပါ

အဆောင်နေတဲ့ တက္ကသိုလ်ကျောင်းသားအနေနဲ့ ကျွန်တော်သတိထားမိတာတစ်ခုက ကျွန်တော့်ရဲ့ သူငယ်ချင်းတစ်ချို့ က သူများတီဗီကြည့်နေတာတောင်မှ သူ့အလုပ်သူလုပ်နိုင်ပါတယ်။ သိပ်တော့ အံ့သြစရာတော့မကောင်းပေမဲ့ ဒီလူတွေဟာ သူတို့ တစ်ရက်ကို ဘယ်လောက်လေ့လာရမယ်ဆိုတာကို အမြဲကိုယ့်ကိုကိုယ် ပြောဆိုနေတဲ့သူတွေပါပဲ။ အနှောက်အယှက်တွေ အလွန့် အလွန် များလာတဲ့အခါမှာတော့ စာဖတ်ခြင်းကို ဘယ်လိုမှလုပ်နိုင်မှာမဟုတ်ပါဖူး။

တကယ်လို့ သင်က နားဖို့လိုအပ်လာပြီဆိုရင် နားလိုက်ပါ။ မိနှစ် အနည်းငယ် တီဗီကြည့်တာမျိုး၊ သီချင်းနားထောင်တာမျိုး ဒါမှမဟုတ် မျက်စိမှိတ်ထားပြီး စိတ်ငြိမ်အောင် အာရုံစိုက်တာမျိုးတွေပေါ့။ အလုပ်နှစ်ခုနဲ့ အထက်လုပ်ကလည်း သင့်စာဖတ်နူန်းကို ကျဆင်းစေပါတယ်။ အကောင်းဆုံးကတော့ သံယောင်လိုက်တာကိုရပ်ပြီး ဖတ်ရမယ်စာကိုချုံဖတ်လိုက်ပြီးမှ ဘယ်နေရာကိုနားမလည်သေးလည်းဆိုတာကို ရှာဖွေပြီး သေချာရှာဖတ်တာပါပဲ။

အနောက်အယှက်တွေက စာဖတ်ခြင်းကို အဟန့်အတားဖြစ်စေပြီး မြန်ဆန့် စွာ စာဖတ်နိုင်ဖို့ကို အတားအဆီးဖြစ်စေပါတယ်။ သံယောင်လိုက်ခြင်းကလည်း စိတ်ထဲမှာ ဆူညံ့ပြီး အာရုံစိုက်မရအောင် ဖန်တီးသလို သံယောင်လိုက်တာမရှိပြန်ရင်တော့လည်း ကိုယ်စာဖတ်နေတာကို တွယ်ကပ်နေဖိုက ခက်ခဲပြန်ပါတယ်။

ပြင်ပနောက်ယှက်မူ့ က ပြသနာတစ်ခုပါပဲ။ ဒါပေမဲ့လည်း အတွင်းနောက်ယှက်မှု့ကလည်း ထိုနည်းတူ အနောက်အယှက်ဖြစ်စေတာပါပဲ။ စာဖတ်နေရင်းတန်းလန်း သူငယ်ချင်းနဲ့ စကားပြောလိုက်တာ၊ ဇာတ်ကားလေးစိတ်ဝင်စားလို့ ခဏကြည့်လိုက်တာ၊ အခြားလုပ်စရာထလုပ်လိုက်တာတွေက တကယ်ကို စာဖတ်ချိန်မှာ ချင့်ချိန်စရာပါ။ အတွင်းအနောက်အယှက်ကို ဖယ်ရှားဖို့ဆိုတာ ကိုယ်ဘာလိုအပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့ နဲ့ စိတ်ပါဝင်စားနေဖို့လိုအပ်ပါတယ်။

၆။ စိတ်ပါဝင်စားမှု့ ကိုရှာဖွေခြင်း

တကယ်လို့ စာဖတ်နူန်းမြန်စေဖို့ အကြံတစ်ခုပေးရမယ်ဆိုရင် သင့်လေ့လာနေတဲ့ အရာအပေါ်မှာ ဈာန်ဝင်(စိတ်ဝင်စား)နေစေချင်ပါတယ်။ တကယ်လို့ သင်က သင်ဖတ်နေတဲ့စာအပေါ်ကို အာရုံစိုက်နိုင်ပြီဆိုရင်တော့ သင်ဟာ တကယ်ကိုနက်နက်နဲနဲ စိတ်ပါဝင်စားနေပြီး သင်စာဖတ်နေတဲ့ ရည်ရွယ်ချက်ကို ထိန်းထားနိုင်ပြီး လွန်စွာနိုးကြားပြီး အာရုံစိုက်နေနိုင်ပါပြီ။

လူအများစုက ဒီလိုမလုပ်ကျပါဖူး။ ဒီလိုလုပ်မယ့်အစား သူတို့ကိုယ်သူတို့ အတင်းအကြပ် လေ့လာသင့်တဲ့ စာအုပ်ကိုလေ့လာဖို့ နဲ့ စတင်ပြီး သူတို့စိတ်ရဲ့ စေစားရာအတိုင်း အဆုံးသတ်သွားကျကာ သူတို့လေ့လာနေတဲ့ စာအုပ်က ပျင်းစရာကောင်းသွားပြီး အခြားတစ်နေရာကိုပဲသွားချင်လာကျပါတယ်။

ပထမဦးဆုံးအနေနဲ့ စိတ်ပါဝင်စားမှု့ကိုရှာဖွေပါ။ ဒါဟာ သင့်ရဲ့ စာဖတ်ခြင်းနဲ့ ပက်သက်ပြီး တကယ့်စိတ်ဝင်စားမှု့ မျော်မှန်းချက်နဲ့ စိတ်ထက်သန်မှု့ အစစ်အမှန်ကို ရှာဖွေတွေ့ရှိနိုင်မှာပါ။ ကျွန်တော် စိတ်ပညာစာအုပ်ဖတ်မိချိန်မှာ ဘာကိုအဓိကထားပြောလည်းဆိုတော့ လူပုဂ္ဂိုလ်တိုးတက်မှု့ အခြေခံသဘောတရားဆိုတာ လူ့စိတ်ပညာ နားလည်မှု့ကနေလာတယ်လို့ ဆိုထားပါတယ်။ အဲ့ဒါကနေ ကျွန်တော်အတွေးသစ်တစ်ခုရခဲ့ပါတယ်။ ဟိုးအရင် အာရှသမိုင်းကို လေ့လာကြည့်တဲ့အခါမှာ ကျွန်တော်ဟာ အရှေ့တိုင်းနဲ့ အနောက်တိုင်းဟာ ယဉ်ကျေးမှု့တွေ ဘယ်လို ကွာခြားတယ်ဆိုတာကို အာရုံစိုက်ပြီးလေ့လာခဲ့ပါတယ်။ အဲ့ဒီကနေ အတွေးအသစ်တစ်ခုရတာက ကျွန်တော်ဆိုတာဟာ ကျွန်တော်တွေးထားသလောက် တန်ဖိုးရှိတယ်ဆိုတာပါပဲ။ နောက်ပြီးတော့ စိတ်ပညာရှင် ကွန်ဖြူးရှပ် တို့လို ပညာရှင်တွေကို လေ့လာတဲ့အခါမှာ သူတို့ခေတ်အခါမှာ သူတို့ အတွေးအခေါ်တွေဟာ အကြီးအကျယ်လွမ်းမိုးနိုင်ခဲ့တာကိုတွေ့ရပါတယ်။

ယေဘူယျ စိတ်ဝင်စားခြင်းဟာလည်း သင့်ကိုစာဖတ်စေချင်နိုင်ပါတယ်။ တကယ်လို့ သင်က ဆရာကျကျ စာမဖတ်တတ်လို့ မဖတ်ခြင်းဖူးဆိုရင် စိတ်ဝင်စားဖွယ်အကောင်းဆုံးအရာကို ရှာဖွေဖတ်တာက သင့်ကို စာဖတ်လာချင်မှာပါ။ ငါဖတ်ချင်တဲ့စာအုပ်မရှိလောက်ဖူးဆိုပြီးမတွေးပါနဲ့ သင်တီထွင်ညဏ်နဲလွန်းတယ်ဆိုရင်တောင်မှ စာအုပ်တစ်အုပ်အုပ်ကိုဖတ်ပြီး စိတ်ဝင်စားလာနိုင်ပါတယ်။

ဒုတိယအပိုင်းကတော့ စာဖတ်ခြင်းအတွက် စိတ်ဝင်စားမှု့ အသေးစိတ် ကိုဆုံးဖြတ်ရမှာပါ။ သင်စာဖတ်ချိန်မှာ ဘာကိုအသေးစိတ်ရှာဖွေဖတ်သလဲ ဆိုတာကိုပေါ့။ အိုင်ဒီယာ အသစ်လား? ပြသာနာဖြေရှင်းနည်းလမ်းလား? ယူဆချက်တစ်ခုကို နားလည်ဖို့လား? သင့်စိတ်ကို ဘယ်လိုဖော်ပြရမလည်းဆိုတဲ့နည်းလမ်းလား? ဒီလိုကိုယ်သိချင်တဲ့ အပိုင်းလေးတွေ ရွေးထုတ်လိုက်တာက သင့်ဦးနှောက်ကို အသိပညာအသစ်လက်ခံဖို့ ပြင်ဆင်လိုက်တာပါပဲ။

ဒီထက်ပိုပြီးတော့ အသေးစိတ်သိချင်တယ်ဆိုရင်တော့ Peter Kump ရေးသားတဲ့ Breakthrough Rapid Reading ဆိုတဲ့စာအုပ်ကို ရှာဖတ်စေချင်ပါတယ်။ အဲ့ဒီစာအုပ်ထဲမှာတော့ အခြေခံကနေစလို့ advanced အထိကို အသေးစိတ်ရှင်းပြထားပါတယ်။

my sign.JPG
end.png
translated by @saipanpha
msc-186

Sort:  

စိတ်ဝင်စားတာကတော့ ကာတွန်းတွေဘဲကွယ်

Posted using Partiko Android

စာကတော့ဖတ်လွန်းလို့ကန်းတော့မယ်

ငယ်​ငယ်​တုန်းက မုန့်​ဖိုး​လေးနဲ့ စာအုပ်​ဆိုင်​​ပြေး ကာတွန်းစာအုပ်​​လေး​တွေငှားကြရတာ အခု​ခေတ်​က​လေး​တွေကြမငှားကြ​တော့ဘူး ဖုန်းဘဲ ပွတ်​ကြ​တော့တာ

ရေးသားတင်ဆက်ပုံက အဆင့်အတန်း မြင့်လှပါတယ်။

သိပ်ကောင်းတဲ့အချက်တွေပါပဲ ကိုစိုင်း

Posted using Partiko Android

သိုင်းစာအုပ်​​တွေ အဖတ်​ဆုံး 😄😄

Posted using Partiko Android

Congratulations @saipanpha! You received a personal award!

1 Year on Steemit

Click here to view your Board of Honor

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @saipanpha! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 3000 upvotes. Your next target is to reach 4000 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66598.01
ETH 3236.65
USDT 1.00
SBD 4.66