ဝေလဲမွှေး ကြွေလဲမွှေးစေခြင်(ညီမငယ်/မောင်ငယ်လေးများကို တန်းဘိုးထားလို့ ရေးပါသည်)

in #myanmar6 years ago

ချစ်ရတဲ့ ညီမငယ်တို့ရေ...
ညီမလေးတို့အရွယ်ဆိုတာ အပျံသင်တဲ့ငှက်လေးတွေလို အရာရာကိုစူးစမ်းခြင်လိုကြတဲ့ အရွယ်လေးတွေဆိုတာ သိနေပါတယ်,
အထူးသဖြင့် သစ်ရွက်လှုပ်တိုင်း ရင်ခုန်မိတဲ့အရွယ်လေးတွေဆိုတော့ ချစ်ခြင်းမေတ္တာနဲ့ပါတ်သက်လာရင်လည်း လွယ်လင့်တကူ ရင်ခုန်စိတ်လှုပ်ရှားဖို့ အဆင်သင့်ဖြစ်နေကြမယ်လို့လည်း ထင်ပါတယ်,
ဲ့ကိုယ့်ရဲ့ချစ်သူအပေါ်ထားရှိတဲ့ နှလုံးသားထဲကအချစ်တွေ ,အကြင်နာတွေ သက်ဝင်လှုပ်ရှားပြီး သက်သေတည်နိုင်ဖို့ ချစ်သူသာ တောင်းဆိုမယ်ဆိုရင် ညီမလေးတို့အနေနဲ့ ရင်ခုန်သံတွေကို အစွမ်းကုန်ပုံအောပြီး ဖွင့်ဟရင်ခုန်ပစ်ဖို့ ဝန်မလေးတတ်ကြမယ့် အရွယ်လေးတွေဖြစ်ကြမယ်ဆိုတာကိုလည်း နားလည်ပါတယ်,
ဒီဘက်ခေတ်လို ချစ်သူရည်းစားတွေကြားမှာ လွဲမှားစွာ ခံယူနေကြတဲ့ 'Living together'နေမှ အချစ်စစ်မယ်,ပိုပြီးရင်းနှီးမှုရှိကြမယ်လို့ ထင်ပြီးချစ်သူကို ချစ်သူလိုမချစ်တတ်ကြတော့တဲ့ အချစ်ရေစီးကြောင်းထဲမှာ စိတ်ခံစားချက်အလိုလိုက်ပြီး လွယ်လွယ်မျောပါသွားမှာကိုလည်း စိုးရိမ်မိပါတယ်,
အဲဒါတွေကြောင့်မို့လို့ ညီမလေးတွေအားလုံးအတွက် ချစ်သူစုံတွဲတွေကြားမှာ ဖက်ရှင်တစ်ခုလိုဖြစ်နေတဲ့ 'Living together'ဆိုတဲ့ အခြေအနေတစ်ရပ်နဲ့ပါတ်သက်ပြီး ကျမရဲ့အမြင်တစ်ချို့ကို ရေးသားဝေငှခြင်ပါတယ်။

ကျမတို့လည်း ငယ်ရာမှကြီးပြင်းလာတဲ့သူတွေဖြစ်တဲ့အတွက် ဆယ်ကျော်သက်အရွယ်လေးတည်းကစပြီး အချစ်ကို စိတ်လှုပ်ရှားရင်ခုန်ဖူးကြပါတယ်။ဒါပေမယ့် လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်လောက်က ချစ်သူတွေရဲ့life styleနဲ့ အခုstyleကတော့ များသောအားဖြင့် မတူကြတော့ပါဘူး။အထူးသဖြင့် လက်တွေ့ကျတဲ့ ကျမတို့ပါတ်ဝန်းကျင်မှာရော လူ့မှုကွန်ယက်စာမျက်နှာထက်မှာပါ မကြားခြင်ဆုံး မမြင်ခြင်ဆုံး မြင်တွေ့နေရတာကတော့ သမီးရည်းစားဖြစ်တာနဲ့ living togetherနေဖြစ်ကြတဲ့ သတင်းတွေပါဘဲ။(ဘယ်သူမှတော့ LTနေတာကို လူသိရှင်ကြားထုတ်မပြောကြပါဘူး,ဒါပေမယ့် အချိန်တန်လို့ မယူဖြစ်ကြတော့တဲ့အခါ မကင်းရာမကင်းကြောင်းတွေဖြစ်ပြီး မဖုံးနိုင်မဖိနိုင်ဖြစ်တော့မှသာ သိရတာပါ)လူတိုင်းကိုမဆိုလိုပါဘူး။ဒီကိစ္စဆိုတာမျိုးက ခေတ်ရေစီးကြောင်းအရ တကယ်တန်း ချစ်ကြိုက်နေကြတဲ့ ချစ်သူနှစ်ယောက်ကြားသွားပြီး LTတရားသွားဟောနေလို့ အရာရောက်မယ့်ခေတ်မဟုတ်ပါဘူး။ဒါကြောင့်မို့ ကျမကLTနဲ့ပါတ်သက်ပြီး အပိုင်းနှစ်ပိုင်းခွဲပြီး ရေးခြင်ပါတယ်။ကျမရေးသားတဲ့ LTနဲ့ပါတ်သက်တဲ့ အမြင်အချို့ကို မောင်ငယ်လေးတွေရော ညီမငယ်လေးတွေပါ ဖတ်မိပြီး အတွေးတစ်ခုခု ကျန်ခဲ့ရင်ကိုဘဲ အမုန်းခံရကျိုးနပ်ပါပြီ။ဆုံးမအမိန့်ပေးတာမျိုး လုံးဝမဟုတ်ဘဲ အကြံပြုခြင်းသက်သက်သာဖြစ်လို့ လိုအပ်တဲ့သူယူပြီး မလိုအပ်တဲ့သူတွေကတော့ ကျမရေးတဲ့LTအကြောင်းနဲ့ပါတ်သက်ပြီး ဖြည့်စွက်အကြံပြု ထောက်ပြစေလိုပါတယ်။

ပထမဆုံးအနေနဲ့ သမီးရည်းစားနှစ်ယောက်လုံးနဲ့ ဆိုင်တဲ့အချက်ကိုပြောပါမယ်။LTဆိုတဲ့ ဝေါဟာရက အနောက်နိုင်ငံတွေကနေ ဆင်းသက်လာတဲ့အတွက် သူတို့လက်ခံကျင့်သုံးနေတဲ့ LTနေထိုင်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ကျမလေ့လာရသလောက် ပြောခြင်ပါတယ်။ချစ်ကြိုက်တယ်ဆိုရာမယ် တစ်ယောက်အကြောင်း တစ်ယောက်သိအောင်,ကိုယ်ရွေးချယ်ထားတဲ့ အိမ်ထောက်ဖက်က ကိုယ့်အပေါ် ဘယ်လောက်ထိစာနာနိုင်မလဲ နားလည်ပေးနိုင်မလဲ အကဲခတ်ရအောင်,ကိုယ့်အိမ်ထောင်ဖက်ရဲ့ စိတ်နေစိတ်ထားကအစ ပညာရေး စီးပွါးရေး လူနေမှုပုံစံအဆုံး မကွယ်မဝှက်ဘဲ သိနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လက်မထပ်ခင်မှာ အတူနေကြည့်ကြပါတယ်။ဒီကလူငယ်တွေထင်သလို Living Togetherကို sexတစ်ခုတည်း ရည်ရွယ်တာမဟုတ်ပါဘူး။sexတစ်ခုတည်း ရည်ညွှန်းတဲ့ အတူနေခြင်းကိုလည်း Living Togetherလို့ ခေါင်းစဉ်တပ်လို့မရပါဘူး,'Having sex'လို့ဘဲ ပြောရမှာပါ။အဲ့တော့ အနောက်တိုင်းလိုဘဲ LTနေနေ,မြန်မာလိုဘဲLTနေနေ အဲ့လိုနေခြင်းကြောင့် 'မှန်၏မမှန်၏ အကျိုးရှိ၏မရှိ၏ သက်ဆုံးတိုင် သစ္စာတည်၏မတည်၏ ' ဆိုတာတွေကိုတော့ ကိုယ့်ဦးနှောက်နဲ့ကိုသာ ဆုံးဖြတ်ကြပါလေ။

relationshipတစ်ခုမှာ မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့ချစ်သူအပေါ် ကိုယ်ချစ်တာတွေ ကိုယ့်ရဲ့ရင်ခုန်သံတွေ ဖွင့်ဟပြဖို့ဆိုတာ အသွေးအသားနဲ့မဟုတ်ဘဲ အခြားသောအနေအထားများနဲ့ သက်သေတည်လို့ရပါတယ်။မတည်မြဲနိုင်တဲ့လောကကြီးမှာ ဘယ်လောက်ဘဲခေတ်မီတယ်ပြောပြော လွန်ကျူးပြီးမှ မယူဖြစ်ရင် နစ်နာသူက မိန်းကလေးပါဘဲ။တစ်ဖက်ပိတ်အတွေးနဲ့ ပြောတာမဟုတ်ပါ။ရိုးရိုးလေးဘဲတွေးကြည့်ပါ။နှစ်ယောက်လုံးဆန္ဒအရ သာယာမှုရှာတယ်ထား,ယောက်ကျားလေးတွေနဲ့ မတူတဲ့အချက်က မိန်းကလေးတွေမှာ သားအိမ်တစ်လုံးကအပိုပါနေတဲ့အတွက် နောက်ဆက်တွဲပြသနာတွေခံစားရတာမိန်းကလေးပါ။ကိုယ့်ချစ်သူက မစာနာ မသိတတ်ခဲ့ရင် ဒီပြသနာတွေကို မိန်းကလေးကဘဲ ဆေးဝါးတွေသုံးပြီး ဖြေရှင်းရပါတယ်။ဆေးဝါးဒဏ်တွေကြောင့် ကိုယ့်ရဲ့သဘာဝအလှတွေလည်း လျော့ပါးလာရပါတယ်။ရှင်းရှင်းပြောရရင် နဂိုအလှတွေနေရာမှာ အအိုအလှတွေအစားထိုးဝင်ရောက်လာပါတယ်။အခန့်မသင့်လို့ ကိုယ့်ချစ်သူက ခြေရှုပ်ရင် တခြားရောဂါတွေပါ အဆစ်ပိုင်ဆိုင်ရပါဦးမယ်။ဒီပြသနာတွေကို ဘယ်လိုဖြေရှင်းမလဲ,???တစ်ခုဘဲရှိပါတယ် ,စိတ်အလိုလိုက်ပြီး မှားခဲ့ရင်တောင် ယောက်ကျားလေးတွေက သိတတ်ဖို့လိုပါတယ်,ကိုယ့်ချစ်သူကောင်မလေးဆိုတာ တရားဝင်မပိုင်ဆိုင်ရသေးချိန်မှာ ကိုယ်အလှကြည့်နေရမယ့် ပန်းလေးတစ်ပွင့်လိုပါဘဲ,ကိုယ်ချစ်လို့ ရွေးချယ်ထားတာဘဲ မဟုတ်လား,ကိုယ်တန်ဖိုးမထားခဲ့လို့ နွမ်းလျနေတဲ့ပန်းကို ပါတ်ဝန်းကျင်ကဘယ်သူကမှလည်း စိတ်ဝင်တစားရှိပြီး ငေးယူနေတော့မှာမဟုတ်ပါဘူး။အချိန်တန်တဲ့အထိ ပန်းလေးနဲ့တူတဲ့ ကိုယ့်ချစ်သူကို လောကအလယ်မှာ လှတပတလေးဘဲ ပွင့်လန်းစေလိုက်ပါ။ကိုယ့်တောင့်တမှုကြောင့် အရေးပေါ်ဆေးတွေ ,တားဆေးတွေရဲ့ ဟော်မုန်းဒဏ်တွေနဲ့ တစ်နေ့တခြား ပုံပျက်လာတဲ့ ကိုယ့်ချစ်သူကို လှတပတမိန်းကလေးတွေမြင်ရင် နှိုင်းယှဉ်စိတ်ပျက်ပြီး Body shamingတွေလုပ်နေတာလဲ မင်းတို့ဘဲမဟုတ်လား,ပြောခြင်တာက sex education နဲ့ပါတ်သက်ပြီး ပညာပေးတွေနဲ့ အမြင်ကျယ်လာတဲ့ ဒီဘက်ခေတ်မှာ ကိုယ့်ချစ်သူကိုတရားဝင် ပိုင်ဆိုင်ထားတဲ့ နားလည်စာနာမှုရှိတဲ့ အိမ်ထောင်သည်အမျိုးသားတွေတောင် ဒီလိုဆိုးရွားတဲ့ဆေးဒဏ်တွေနဲ့ ကိုယ့်အိမ်ထောင်ဖက်ရဲ့ အလှအပတွေကိုမပျက်စီးရစေဖို့် ကြိုတင်ကာကွယ်တဲ့နည်းတွေဖြစ်တဲ့ အကာအကွယ်တွေ သုံးကြပါတယ်။အဲ့တော့ (မကောင်းမှုကို အားပေးတာတော့မဟုတ်ပါ)အခန့်မသင့်လို့မှားခဲ့ရင်တောင် ယောက်ကျားဘသားတွေဖြစ်တဲ့ မင်းတို့က အဲ့ဒီ့အမှားရဲ့အကျိုးဆက်တွေကို ကိုယ့်မိန်းကလေးတစ်ယောက်တည်းကိုဘဲ အနစ်နာခံပြီး မဖြေရှင်းခိုင်းကြပါနဲ့။ကိုယ့်ဘာကိုယ်ဘဲ အလိုက်တသိနဲ့သိတတ်ကြပါ။ဒီလိုသိတတ်ဖို့အတွက် ကြံဆောင်ရမှာကိုလည်း မရှက်ကြပါနဲ့။'Having sex'ကိုတောင်မရှက်တတ်ကြသေးတာဘဲ မင်းတို့အနေနဲ့ ကာကွယ်မှုတွေ ကြံဆောင်ဖို့ကိုလည်း မရှက်ကြပါနဲ့,မိန်းကလေးတွေအနေနဲ့လည်း ဘယ်လိုအခြေအနေဘဲရောက်ရောက် ကိုယ့်ရဲ့အလှတွေကို အပျက်စီးမခံကြပါနဲ့,အယုံမလွယ်ကြပါနဲ့,တသက်လုံးလက်တွဲမယ်ထင်ပြီး မှားခဲ့ပြီးမှ ကိုယ့်ကိုထားသွားရင် တစ်ပူပေါ်နှစ်ပူဆင့်ပြီး မိအေးနှစ်ခါနာဖြစ်ရပါမယ်,ဘယ်ယောက်ကျားသားမှ 'သာယာမှုရသလောက်ယူတာပါ ရိုးသွားရင် နောက်တစ်ယောက်ပြောင်းခြင် ပြောင်းပါ့မယ်'လို့မပြောပါဘူး 'တစ်သက်လုံး လက်တွဲမှာပါ'လို့ဘဲပြောပြီး တောင်းဆိုကြမှာပါ,ကြားထဲက ငထွားခါးနာပြီး ယောက်ကျားတွေကိုဘဲ အပြစ်တင်ဖောင်းထုနေတာ မဟုတ်ပါဘူး,မိန်းကလေးတွေအနေနဲ့ စဉ်းစားခြင့်ချိန်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ဖို့ပြောတာပါ,ကိုယ်လျှောက်ရမယ့် ဘဝခရီးက အရှည်ကြီးပါ,အချစ်ကြောင့် နစ်မွန်းပြီး ကိုယ့်ချစ်သူရဲ့အသုံးတော်ခံဘဲ ဖြစ်မနေကြပါနဲ့,အချစ်ကြောင့်ဘဲ လှလှပပနဲ့ ကိုယ့်ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်အောင် ပုံဖော်ကြပါ။

နောက်တစ်ချက်ပြောခြင်တာကတော့ ယောက်ကျားလေးတွေအနေနဲ့ ပွင့်လင်းလာတဲ့ ခေတ်ရေစီးကြောင်းအရ LTကို ခေတ်မီတယ် LTနေရတာကို ကျေနပ်ကြတယ်ဆိုရင် LTနေဖူးတဲ့ မိန်းကလေးတွေနဲ့ကြုံလာရင်လည်း တန်ဖိုးထားနိုင်အောင် ကြိုးစားကြပါ။ယောက်ကျားလေး(တစ်ချို့ )ရှိတတ်ပါတယ်,ကိုယ်ကြတော့ နေခြင်သလိုနေခဲ့ပြီး ကိုယ့်အိမ်ထောင်ဖက်ကြမှ အပြစ်ကင်းစေခြင်ကြတာမျိုးတွေ အများအပြားပါ,အဲ့လိုယောက်ကျားမျိုးတွေကြောင့် မှားမိတဲ့မိန်းကလေးတွေခမြာ ကိုယ့်ရည်းစားကမယူခြင်လည်း လိုက်ပြီးဒူးထောက်ရတာတို့,ကောင်းကောင်းဆိုးဆိုး ကိုယ်မှားဖူးတဲ့ယောက်ကျားကိုဘဲ သည်းခံပြီး တစ်သက်လုံး ကြိတ်မှိတ်ပေါင်းရတာမျိုးတို့ စတဲ့အခြေအနေတွေလည်း အများကြီးပါ,ဒါ့ကြောင့်မို့ မိန်းကလေးတွေအနေနဲ့ မတော်တဆမှားခဲ့ပြီး ကိုယ့်ကိုလက်မတွဲနိုင်ဘူးလို့ ပြောထွက်လာခဲ့ရင်တောင် အတင်းတွယ်ကပ်ပြီးမနေကြပါနဲ့ သူလည်းသာယာမှုရှာသလို ကိုယ်လည်းသာယာမှုရှာခဲ့တယ်ဘဲမှတ်ပါ,သင်ခန်းစာယူပါ,မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးကို အဲ့ဒီ့မိန်းကလေးရဲ့ တွေးခေါ်နိုင်စွမ်းရှိတဲ့ အသိဥာဏ်တွေ အရည်အချင်းတွေနဲ့သာ အဓိကထားပြီး တိုင်းတာတတ်တဲ့ အသိမှုမြင့်မားတဲ့ယောက်ကျားလေးတွေ လောကကြီးထဲမှာဒုနဲ့ဒေး ရှိနေပါသေးတယ်,ဒါ့ကြောင့် ကိုယ့်ကိုယ်ကို upgrateမြှင့်ပြီး အမှားသံသရာထဲက ရုန်းထွက်နိုင်အောင်ကြိုးစားကြပါလို့သာ တိုင်တွန်းပါရစေ..
ပန်းကလေးတွေနဲ့တူတဲ့ မိန်းမသားလေးတွေအားလုံး ဝေလဲမွှေး ကြွေလဲမွှေးနိုင်သော မာနခဲလေးတွေ အဖြစ်နဲ့ ကိုယ့်ဘဝကို အလှပဆုံး တည်ဆောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ကျမရဲ့ဆောင်းပါးလေးကို နိဂုန်းချုပ်လိုက်ပါတယ်။
FB_IMG_1507192285289.jpg
#Photographer Ko Gyi Chit Author:@sandipoe
MSC.035

Sort:  

ညီမလေးရေ... အခုလို L T & Sexual relationship နဲ့ပါတ်သက်တဲ့ဗဟုသုတ ပေးတဲ့ ဆောင်းပါးတွေ ဟာ တော်ရုံ အမျိုးသမီးတွေ မရေး ရဲကြသလို အခုလို မျှဝေတဲ့ ကျေးဇူးတင်ပါတယ်။ ဖတ်ရသူအဖို့လည်း ရိုင်းတဲ့ အရေးအသားမပါတဲ့ အတွက် မောင် နှမသားချင်းတွေကြားမှာ ဝေ မျှ ပေးလို့ရပါတယ်။ နောက်တခုက တဖက်စွန်းမကျ ပဲ ယောက်ျားလေး ၊ မိန်းခလေး နှစ်ဦးနှစ်ဖက် မျှ ရေးထားလို့ နည်းလမ်းလည်းကျပါတယ်။ ညီမလေးရဲ့ ဆောင်းပါး ကို Facebook ပေါ်တင်သင့်တယ်လို့ ထင်ပါတယ်။ steemit က မြန်မာ လူငယ်တွေအတွက် နယ်ကျဉ်းလွန်းသေးလို့ပါ။

ဟုတ်ကဲ့ပါ
ခုလိုဆရာကိုယ်တိုင် သမီးရဲ့ဆောင်းပါးလေးကို လာရောက်ပြီး ဝေဖန်အကြံပေးထောက်ပြပေးတဲ့အတွက် ဝမ်းသာပါတယ်ရှင် ဆရာပြောသလို facebookပေါ်တင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဝေမျှနိုင်ဖို့အတွက်ကိုလည်း ဒါ့ထက်ပြည့်စုံတဲ့ ဗဟုသုတတွေပါဝင်တဲ့ အရေးအသားမျိုးတွေပါဝင်နိုင်အောင် ထပ်ပြီးကြိုးစားပါဦးမယ်ရှင်

စေတနာလေးတွေ မြင်နေရပါတယ် ပိုးရေ.. သောက်ရေအိုးထဲက ရေကိုတော့ ဘယ်သူမ ခြေမဆေးဝံ့ပါဘူးလေ😊မမ အမြင်ပါ

ဟုတ်ပါတယ်မမ

အ​နောက်​တိုင်းကLTရဲ့အဓိပ္ပါယ်​ကိုမြန်​မာမှာနားလည်​မှုလွဲ​နေပုံရတယ်​...ခုလိုပိုစ့်​​လေး​တွေ​ရေး​ပေးတာအသိ​ရောမှတ်​သားစရာပါရပါတယ်​...

လွဲမှားနေတာလေးတွေ သိစေခြင်တာပါ

ကျွန်တော်ကတော့ Lt ကို အားမပေးဘူးဗျာ မိန်းကလေးတွေကို တန်ဖိုးရှိစေချင်တ.ယ်😊

မိန်းကလေးတွေကိုယ့်ကိုတန်ဖိုးထားသလို ယောက်ကျားလေးတွေအနေနဲ့လည်း သွေးတိုးမစမ်းသင့်ပါဘူးလို့ ထင်မိပါတယ်

Living togetherဆိုတာ ယောကျာ်းလေးတွေအနေနဲ့လည်း မတောငါးသင့်သလို မိန်းကလေးတွေအနေနဲ့လည်း ချစ်သူအလိုကို မလိုက်လေိာသင့်ပါ။Living togetherက လူတိုင်းမှားနေတဲ့ ခံယူချက်ပါ@sandi

အမှန်ပါဘဲရှင်

living together ကို ဒီလို အကျယ်တဝင့် ရှင်းပြထားတာ ကျွန်တော်တို့အတွက်လည်းမှတ်သားရသလို အားလုံးအတွက်လည်းဗဟုသုတ ရစေပါတယ်။စေတနာထားတဲ့ အရေးအသားတွေကိုလည်း တွေ့မြင်နေရပါတယ်။အားပေးနေပါတယ်။လေးစားလျက်။

လူငယ်လေးတွေအတွက်အကျိုးရှိမယ်ဆိုရင် ဝမ်းသာပါတယ်ရှင်

living together ကို တစ်ချို့တစ်ချို့သော သူတွေက လက်တည့်စမ်းချင်ကြတယ်။ အဲ့ဒါက ကျွန်တော့်အမြင်မှာ မှားယွင်းတယ်လို့ထင်မြင်မိတယ် ။ ဒါကတော့ ကျွန်တော်တို့ဘာသာကို အခြေခံပြီးပြောတာပါ။

လူငယ်တိုင်းကိုအာ့လိုအသိစိတ်လေး ရှိစေခြင်တာပါ

တကယ်ကို မကောင်းတဲ့ လူနေမှုစရိုက်တစ်ခုပါဗျာ လူတိုင်းက ဆန္ဒကို သိက္ခာနဲ့ ထိန်းသိမ်းသင့်ပါပေတယ်

အမှန်ပါဘဲရှင်

အဓိက က ပြည်ပ ရဲ့ လွှမ်းမိုးမှုတွေ ကြောင့်
ဒီနိုင်ငံမှာ ဖြစ်လာကြရတာ

လွဲမှားနေတဲ့ လွှမ်းမိုးမှုဆိုရင် ပိုမှန်ပါလိမ့်မယ်

ဆယ်‌‌ကျော်‌သက်‌ လူငယ်‌‌တွေ အတွက်‌ မဖြစ်‌မ‌နေ သိရမယ့်‌အရာပါ။

လူငယ်တွေအတွက်အကျိုးရှိမယ်ဆိုရင် ဝမ်းသာပါတယ်ရှင်

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 62432.37
ETH 3003.22
USDT 1.00
SBD 3.78