သင်​ တို့ ​ အမှန်​ တကယ်​ လူကဲခတ်​​တော်​ကြသလား?

in #myanmar6 years ago (edited)

သင်​ တို့ ​ အမှန်​ တကယ်​ လူကဲခတ်​​တော်​ကြသလား?

ဒီ ပိုစ့်​​လေး ​ရေးဖို့ အကြံ​ပေါ်လာတာက​တော့...
ထူးထူးဆန်းဆန်းပါပဲ။
ကိုယ့်​​အ​ကြောင်းကိုယ်​​တွေးမိရင်းဖြစ်​တည်​လာခဲ့တာပါ။

ကိုယ့်​ဘဝတွင်​ ကိုယ်​သာဇာတ်​လိုက်​ဟူ​သောစကားရှိသည်​။ သို့​သော်​ ထို အစွဲးနှင့်​ ကျွန်​​တော်
ဇာတ်​လိုက်​မလုပ်​လိုပါ။
(သတိ-ကိုယ်​ဂုဏ်​ကိုယ်​​ဖော်​မသူ​တော်​ဟု မထင်​​စေလို)😄
...............
အများအတွက်​ ​တွေးစရာ စဉ်းစားစရာ
သတိပြုစရာတစ်​ခုခုကျန်​ခဲ့မည်​လို့ထင်​ပါတယ်​။ ဒါ​ကြောင့်​​ရေးရခြင်းပါ။
ကျွန်​​တော်​​ပြေားတာ​တွေ...ဟုတ်​မဟုတ်​ postဖတ်​ပြီးမှဆုံးဖြတ်​ကြ​လေ.....။
........................
နာမည်​အပြည့်​အစုံ ဘုန်းဆက်​ပိုင်​ဟု ​ခေါ်ပါသည်​။
ကျောင်းတတ်​စဉ်​ကာလ....
ဆံပင်​ရှည်​ထားသည်​။ဘေးတစ်​ခြမ်းအ​ပြောင်​ထိုး၍ တစ်​ခြမ်းအရှည်​ထားသည်​။
(​ဆေးပါဆိုးသည်​)
အများလို ​တစ်​လတစ်​ခါမဟုတ်​။
တစ်​ပတ်​တစ်​​ရောင်​ အနီ/အဖြူ/အဝါ/ စိတ်​ကူး​ပေါက်​လျှင်​ အစိမ်းနှင့်​အပြာပါထဆိုးသည်​။
ဘာဆိုးရမှန်းမသိလျှင်​ ​ရောင်​စုံ​ကောက်​တွယ်​သည်​။
(အ​ဆောင်​နှင့်​ ​beauty salon ကပ်​​နေ​သော​ကြောင့်​ ​ဝေး​ဝေးသွားစရာမလို)....။
ဘယ်​ဘက်​နားကို အ​ပေါက်​ 6​ပေါက်​တိတ်​​ဖောက်​ထားတယ်​/
မျက်​ခုံး​ပေါ်မှာ တစ်​​ပေါက်​ရှိသည်​။
ဤ သည်​ကာ မျက်​နာ ပိုင်း(ယွံစရာကြီးဟု​ပြေးမမြင်​ကြ​စေလို😄)....။

ဝတ်​စားဆင်​ယင်​မှု....အရ လုံးဝမြန်​မာပြည်​နှင့်​မအပ်​စပ်​​သောအဝတ်​အထည်​များသာရှာ​ဖွေဝတ်​​လေ့ရှိသည်​။ဆိုလိုရလျှင်​....
ခပ်​​ဂေါ်​ဂေါ်။
လူ 100 တွင်​ တစ်​​ယောက်​ မဝတ်​ရဲ။မန္တ​လေး​ဆောင်းရာသီ
မနက်​ပိုင်းသည်​ တစ်​ခါတ​ရံ အလွန်​ချမ်းတတ်​သည်​။Country boot အရှည်​ဝတ်​၍ ​ကျောင်းသွားတတ်​သည်​။

ဆိုင်​ကယ်​ကို Tricker FZ စ​သော ခပ်​ကြမ်းကြမ်း ခပ်​​ထောင်​​ထောင်​ဘီးမျိုးကိုစီးသည်​။
(ဆိုင်​ကယ်​​တော့ လူရှင်းလျှင်​ နွားလိုရီး​မောင်းသည်​:P)
ခန္ဓာကိုယ်​ အ​ပေါ်ပိုင်း ​​ရှေ့​နောက်​ အနှံ
Tattoo ထိုးထားသည်​။
ဤ သည်​ကာ....ကျွန်​ပ်​၏ ပုံသဏ္ဏာန်​ ..။
မျက်​လုံးထဲ မြင်​ကြည့်​ပါ​လေ။
.............................
ယခု စာဖန်​သူမိတ်​​ဆွေများ အ​နေဖြင့်​ ပုံ​ဖော်​နိင်​​လောက်​ပြီဟု ယူဆမိပါသည်​။
(ယွံစရာ​ကောင်း​လိုက်​တာဟု စိတ်​ထဲက မ​ပြေားကြ​စေလို)😂။

ကျွန်​​တော်​ပုံစံ ဒီဇိုင်းကာလာ
ဘာညာအ​နေအထားကဆိုရင်​ဖြင့်​...
မြှောက်​ကားကား ​ဒေါင့်​မကျိုး
လူဆိုးလူမိုက်​တစ်​​ယောက်​အ​နေဖြင့်​မြင်​​စေရန်​...လုံ​လောက်​​ပေပြီ....။ဤ ပုံစံအများစုသည်​လဲ ယ​နေ့​ခေတ်​တွင်​​တော့....ဆိုးသွမ်းလူငယ်​စာရင်းဝင်​ချာတိတ်​များ၏ ပုံစံသာဖြစ်​ပါသည်​။.....။
ထိုစဉ်​ကလက်​​တွေ့လဲသိခဲ့ရပါသည်​။
ကျောင်းတွင်းလဲ....​ကိုယ်​က ကိုယ်​က ဘာမှမလုပ်​​။သို့​သော်​ ​ယောကျာင်္းအချင်းချင်းရှိန်​ကြသည်​။
အ​ဆောင်​ပတ်​ဝန်​ကျင်​တွင်​လဲ ကိုယ်​တို့အဖွဲ့လာလျှင် ဆူ​နေ​သော တခြားအဖွဲ့များ အနည်းငယ်​​တော့ရှဲ သွားတတ်​သည်​။အဓိကက ကျွန်​​တော်​ ပါပဲ။ ကျွန်​​တော်
မျက်​နာထား​ မတင်းထားပါ။
သို့​သော်​ တည်​သည်​။
(မည်​သူ့ကိုမှ လူမိုက်​ကြည့်​လဲမကြည့်​ပါ)
။ရွာလူမိုက်​သည်​ပင်​....
ကိုယ့်​ကို အတိုင်းအတာတစ်​ခုထိ ဖြုံ သည်​။.....( အရူးဟုထင်​သည်​လား...
လူမိုက်​ဟုထင်​သည်​လားမ​ပြေားတတ်)

ဤ သည်​ ကိုပင်​ မည်​ သို့ မည်​ ပုံဖြစ်​သွားသည်​မသိ။
ကျွန်​​တော်​တို့က ပထမနစ်​​ကျောင်းသား​ပါ။
အ​ဆောင်​က တတိယနစ်​​တွေ final​တွေက အစ ...ကိုယ်​​တွေလို အ​ဆောင်​​နောက်​မှ​ရောက်​လာတဲ့....
ချာတိတ်​ကို လန့်​​နေကြ​လေသတဲ့။...။

သင်​​ကော မည်​ သို့ ထင်​သ နည်း။

..........................
ဤ တွင်​ ကျွန်​ပ်​၏ ဇာတ်​လမ်းပထမပိုင်း
ပြီး၏။ .......။
အဓိက​ပေးချင်​​သော အ​ကြောင်းအရာအား ဒုတိယပိုင်းတွင်​...
ဆက်​​ရေးပါမည်​။စာမရှည်​လိုသဖြင့်​....
ဖြတ်​​တောက်​ရခြင်းသာ....။....။....။
IMG_20141018_26.png
Author @ Sattpaing
Photo -sattpaing
MSU 011

Sort:  

အေးပါကွယ် vote လိုက်ပါတယ်
ကွကိုယ်တောင် တစ်ခါတလေ ဘာဖြစ်နေမှန်းကို အစိုးမရ နေတာကြောင့်
ထင်မြင်ချက်ပေးတော့ပါဘု

ကျေးဇူးပါ။
ကိုယ့်​စိတ်​ကို ကိုယ်​နားမလည်​တတ်​ကြတာများပါတယ်​​လေ။

ငါ​တော့ gp 1 မှတ်​လို့ ပို​စ့်​ကျန်​သွားတယ်​ကွာ

အေး ကွာ

ဒုပိုင်း ​စောင့်​​မျှော်​အား​ပေး​နေပါတယ်​လို့✌✌

အို​ကေ ဘရာသား👋

ပထမပိုင်း​တော့တူ​နေပြီ​ဗျားးဒုတိယပိုင်းကို​မျှော်​လင့်​​နေပါတယ်​​နော...

အို​ကေ ဘရားသား မကြာခင်​ လာပါမယ်​ဗျာ :-) .

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64961.60
ETH 3103.64
USDT 1.00
SBD 3.86