Advantages and disadvantages of using a paper dictionary over an online dictionary ! [Myanmar]

in #myanmar5 years ago

Translated from Advantages and disadvantages of using a paper dictionary over an online dictionary !

ဘာသာပြန်တစ်ဦးအနေဖြင့် ဒစ်ရှင်နရီအမျိုးမျိုးကို စာအုပ်နှင့်ရော အွန်လိုင်းမှာပါ အသုံးပြုရပါသည်။ ၄င်းတို့အထဲမှ အွန်လိုင်းဒစ်ရှင်နရီများသည် ကွန်ပျူတာဒစ်ရှင်နရီများ၊ မိုဘိုင်းဒစ်ရှင်နရီများနှင့် အင်တာနက်လိုင်းပေါ်ရှိ ဒစ်ရှင်နရီများဟူ၍ အမျိုးမျိုးရှိပါလိမ့်မည်။ ၄င်းတို့အားလုံးတွင် ထူးခြားမှုများကိုယ်စီ ရှိပါသည်။ သို့သော်လည်း သူတို့၏ ကောင်းကျိုးများနှင့် ဆိုးကျိုးများလည်း ရှိပါသည်။


66evf8f339.png

Source


ပထမဆုံးအနေဖြင့် စာအုပ်ဒစ်ရှင်နရီကို အဓိကထား ပြောပြလိုပါသည်။ ၄င်းသည် ဈေးသက်သာပြီး မျက်စိထိခိုက်မှု မရှိစေဘဲ လွယ်ကူစွာ ဖတ်ရှုနိုင်သော်လည်း အိတ်ဆောင်ဒစ်ရှင်နရီမှအပ ကျန်သည်များသည် သယ်ဆောင်ရ ခက်ခဲလှပါသည်။ အင်္ဂလိပ်စာသည် ယေဘုယျစကားလုံးများ၊ တိရစ္ဆာန်နှင့်ဆိုင်သည့် စကားလုံးများ၊ သိပ္ပံနည်းပညာတို့နှင့်ဆိုင်သောစကားလုံးများစသဖြင့် အကိုင်းအလက်ခွဲများစွာရှိကြောင်း ကျွန်တော်တို့အားလုံး သိကြပါသည်။ ထိုဘာသာရပ်များအားလုံးကို ကုံစုံအောင် လေ့လာရမည်ဆိုလျှင် စကားလုံးတစ်လုံးကို ရှာဖွေရန် စာရွက်များနှင့် စာအုပ်များ တန်ချိန်နှင့်ချီပြီး သိမ်းထားရပါမည်။ ထို့ကြောင့် အိတ်ဆောင်ဒစ်ရှင်နရီများရော တခြားဒစ်ရှင်နရီများအုပ်လိုက်ဖြင့်ပါ ပရောဂျက်တစ်ခု၏ ဘာသာပြန်မှု တစ်ခုလုံးကို ပြည့်စုံရန် မလုံလောက်ပါ။


5uhwglqny5.png

Source


နည်းပညာတွေ ထွန်းကားလာပြီးနောက် ဒစ်ရှင်နရီများကို အီလက်ထရွန်းနစ်ပုံစံအသွင် ပြောင်းလဲလိုက်ပါသည်။ ထို့နောက် ၄င်းတို့ကို သယ်ဆောင်ရာတွင်လည်းကောင်း မြီငြမ်းစရာပေါင်းများစွာမှ မသိသော စကားလုံးများကို ရှာဖွေရာတွင်လည်းကောင်း လွယ်ကူသွားစေပါသည်။ ထို့ပြင် ဖုန်းတစ်လုံးထဲတွင် ကွန်ပျူတာတစ်လုံးတည်းထဲတွင် ဒစ်ရှင်နရီဖိုင်ပေါင်းများစွာကို သိမ်းဆည်းရသည်မှာ လွယ်ကူသွားပါသည်။ သို့သော်လည်း ၄င်းတွင်လည်း ၄င်း၏ဘေးထွက်ဆိုးကျိုးကတော့ ရှိမြဲသာပင်။ ၄င်းသည် ကျွန်တော်တို့၏ မျက်လုံးများကို ထိခိုက်စေပြီး ကျွန်တော်တို့၏ အမြင်များကို ဝေဝါးစေပါသည်။ တစ်ခါတစ်ရံ မျက်လုံးကင်ဆာ သို့မဟုတ် အခြားပြင်းထန်သည့်ရောဂါများကို ဖြစ်ပွားစေပါသည်။ ကျွန်တော်တို့တွင် ဖုန်းများ ကွန်ပျူတာများ မရှိသည့်အခါတွင်လည်း ၄င်းကို အသုံးပြုရသည်မှာ ခက်ခဲလှပါသည်။


4fs5wby4vd.png

Source


သို့သော်လည်း အင်တာနက်က ထိုပြဿနာကို ဖြေရှင်းလိုက်ပါသည်။ စကားလုံးအားလုံးကို အင်တာနက်တွင် စစ်ဆေးနိုင်သွားပါသည်။ ရုပ်ပုံများနှင့် ဗီဒီယိုများအပါအဝင် ဆက်နွယ်သည့် အကြောင်းအရာများကို ရှာဖွေနိုင်သွားပါသည်။ အင်တာနက်တွင် အားလုံးရှိသည်ဟု ပြောနိုင်သွားပါသည်။ ထို့ကြောင့် ဂူဂဲလ်မှာ ရှာပါဟု တချို့သူများက ပြောကြခြင်း ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ ဂူဂဲလ်ဝက်ဘ်ဆိုက်တွင် ထိုစကားလုံးများ ထိုအချက်အလက်များကို ရှာဖွေနိုင်သည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ ကျွန်တော်တို့နှင့်အတူ ကျွန်တော်တို့၏ဖုန်းများ ကွန်ပျူတာများကို ယူဆောင်စရာ မလိုအပ်တော့ပါ။ အင်တာနက်လိုင်းရနိုင်သည့် နေရာများတွင် ဒစ်ရှင်နရီများကို အသုံးပြုနိုင်သွားပါသည်။ ဟုတ်ပါသည်။ အဲဒါကလည်း အင်တာနက် အွန်လိုင်း ဒစ်ရှင်နရီများအတွက် ပြဿနာဖြစ်ပါသည်။ အင်တာနက်လိုင်းမကောင်းလျှင်ဖြစ်စေ အင်တာနက်လိုင်းဆွဲအား နည်းလျှင်ဖြစ်စေ ဘာမှ လုပ်၍ မရတော့ပါ။ ဖုန်း သို့မဟုတ် ကွန်ပျူတာကို ထိုင်ပြီး ကြည့်နေရုံသာ တတ်နိုင်ပါတော့သည်။


tk8qs9bg80.png

Source


ထို့ကြောင့် ဒစ်ရှင်နရီများအသုံးပြုရာတွင် မည်သည့်အရာကမှ ပြီးပြည့်စုံသည်မရှိပါ။ ဒစ်ရှင်နရီတိုင်းတွင် ပြစ်ချက်ကိုယ်စီရှိပါသည်။ ထိုအကြောင်းကြောင်းများကြောင့် ကျွန်တော်တို့၏အလုပ်များ ပြီးစီးအောင် ဒစ်ရှင်နရီ နှစ်မျိုး သုံးမျိုးကို ပေါင်းစပ်သုံးစွဲရခြင်း ဖြစ်ပါသည်။ ၄င်းတို့၏ ကောင်းကျိုးများကို အသုံးပြုသည်။ ၄င်းတို့၏ဆိုးကျိုးများကို ကောင်းသည့်အရာများဖြင့် ဖြည့်စွက်သည်။ သို့သော်လည်း ထိုမျှနှင့် ကျွန်တော်တို့ မရပ်တန့်ကြပါ။ ဒစ်ရှင်နရီများကို ပြီးပြည့်စုံစွာအသုံးပြုနိုင်အောင် ထပ်ခါတလဲလဲ ကြိုးစားနေကြပါသည်။ တစ်နေ့တွင် အကောင်းဆုံးနှင့် အပြည့်စုံဆုံး ဒစ်ရှင်နရီများကို ကျွန်တော်တို့ ရွေးချယ်နိုင်မည်ဟု ယုံကြည်ထားပါသည်။


@sawlwin

MSC 176

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

dictionary ဆောင်းပါးလေးပေါ့ဗျ။ ရေးထားတာ ကောင်းလိုက်တာ ဘဒို။

Posted using Partiko Android

အားပေးတာ ကျေးဇူးတင်ပါတယ် bro

Posted using Partiko Android

Hello! I find your post valuable for the wafrica community! Thanks for the great post! We encourage and support quality contents and projects from the West African region.
Do you have a suggestion, concern or want to appear as a guest author on WAfrica, join our discord server and discuss with a member of our curation team.
Don't forget to join us every Sunday by 20:30GMT for our Sunday WAFRO party on our discord channel. Thank you.

Google translator ကလည်း ဒစ်ရှင်နရီတစ်မျိုးပါပဲဟုတ်တယ်၊နောက် wikipeia

ဟုတ်ပါတယ် CAT ကိုလည်း သုံးလာကြတယ်

Posted using Partiko Android

ဟုတ်​ပါတယ်​...​ပြီးပြည့်​စုံတာမရှိ​သေးလို့ဆိုးကျိုး​နေရာမှာဖြည့်​စွက်​ရမှာပါပဲ...

Posted using Partiko Android

အစုံသုတ်နေရပါတယ်

Posted using Partiko Android

Dictionary apkထဲမှာ ဘယ်ဟာလေး ကောင်းလဲကိုစော

Iabidan က မဆိုးဘူး e to m ရော m to e ပါ ရတယ်

Posted using Partiko Android

မှန်​ပါ့ အာစိရယ်​ တမ္ဘာလုံး ဘာသာစကားတခုနဲ့တခု ကူးလူးကြတဲ့အခါမရှိမဖြစ်​ပါဘဲ

ဟုတ်ပါသကောဗျာ

Posted using Partiko Android

အင်္ဂလိပ်စာ ဘာသာပြန်သူတွေအတွက် အထောက်အကူဖြစ်စေပါတယ် ကိုစောရေ

Posted using Partiko Android

ကျွန်တော်တို့ က အများကြီး လိုက်ရဦးမယ်။လေးစားလျက်

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.034
BTC 66095.77
ETH 3184.92
USDT 1.00
SBD 4.12