Art of placing hard and soft things | Myanmar
နေရာချခြင်း အနုပညာ _
အလုပ်စားပွဲတစ်ခုရပြီဆိုတော့ ပစ္စည်းတွေကို နေရာချဖို့ စဉ်းစားရပါပြီ။ မူလကိုယ့်မှာပါတာက ပြက္ခဒိန်တစ်ခု၊ ဖန်ခွက်တစ်လုံး၊ laptop တစ်ခု ဖြစ်ပေမယ့် နောက်ထပ် desktop တစ်လုံးရလာတော့ ပစ္စည်းတွေကို ဆက်စပ်တပ်ဆင်ရပါပြီ။ စားပွဲက အတော်တော့ ကျယ်ပါတယ် ဒါပေမဲ့ အကန့်တွေ မလုပ်ဘဲ တခြားစားပွဲတွေနဲ့ ခေါင်းချင်းဆိုင် ဘေးချင်းကပ်ဆိုတော့ ကိုယ့်စားပွဲက ကြည့်ကောင်းဖို့ လိုလာပြီပေါ့။ အစတုန်းက စိတ်ကူးဖူးတယ်။ အပင်လေးတွေ စားပွဲပေါ်မှာ တင်မယ်။ ရေနွေးငွေ့စက်ကလေးကို ထားမယ်ပေါ့။ ဒါပေမဲ့ desktop ကို ကြိုးဆင်တော့ ကြိုးက အတော်လေးတိုနေတယ်။ ဒီတော့ စဉ်းစားရပါပြီ။ စားပွဲပေါ်ကို တင်မှ ဖြစ်တော့မယ်။ ဒါနဲ့ပဲ စိတ်ကူးထားတာလေးတွေ နည်းနည်းဖျက်လိုက်ရတယ်။
ထို့အတူပါပဲ ကိုယ်ကတော့ ဘာတွေ လုပ်မယ် ဘယ်လိုတွေ ရှေ့ဆက်မယ် plan တွေ ချပေမယ့်လည်း အခြေအနေအရ ထင်သလို မဖြစ်တာတွေ အများကြီးပါ။ အဆင်ပြေသလိုသာ ဇာတ်ဆရာကြိုးဆွဲသလို ကပြအသုံးတော်ခံနေရပါတယ်။ ဒါကိုမှ ဒါဆိုပြီး ရူးသွပ်နေသူတွေကတော့ ခြွင်းချက်ပေါ့။ ပုံတူ မဟုတ်ပေမယ့် အတတ်နိုင်ဆုံး တူနေကြတယ်လေ။ စုတ်ချက်ကို ကိုယ်ဆွဲပေမယ့် စုတ်ချက်ဆွဲရာနောက် လိုက်သွားသူတွေလည်း ဒုနဲ့ဒေးဆိုသလို မြင်နေရတယ်။ ယုံကြည်ရာအတိုင်း ရှေ့ဆက်လျှောက်ကြတယ်။ ကိုယ့်ခရီးအတွက် ကိုယ်နောင်တမရဘူး။ လမ်းမှားနေရင် ပြင်ရဲတဲ့သတ္တိရှိတယ်။ ဒါပေမဲ့ လမ်းကြောင်းတော့ မမှားဘူး ... စသဖြင့် လူတွေကတော့ အတော်လေးရှားပါတယ်။
ဒီနေ့ အတော်လေး စိတ်မကောင်းစရာ တွေ့လိုက်ရလို့ ဒီစာကို ရေးလိုက်တာပါ။ မြန်မာတွေ အဖွဲ့တွေ ကွဲနေတာက စိတ်ခံစားမှုကိုယ်စီကြောင့်ပါ။ ဒါပေမဲ့လည်း နေရာတကာ အဲဒီစိတ်ခံစားမှုကို မဖျေဖြောက်နိုင်တာကတော့ အတော်လေးဆိုးပါတယ်။ စတီးမစ်သမုဒ္ဒရာပြင်ကျယ်ကြီးမှာ မင်းကတော့ ဒီနေရာ ငါကတော့ ဒီနေရာ နယ်မကျော်ကြေးဆိုတာကို ပါးစပ်ကသာ သတ်မှတ်မထားဘူးဆိုပေမယ့် အတွင်းစိတ်ကတော့ သတ်မှတ်ထားတာတွေ တွေ့နေရတယ်။ စည်းကမ်းဘောင်တွေကြားမှာ ပိတ်မိနေသူတွေ ရှိသလို လွတ်လမ်းရှာရင်း အဲဒီစည်းကမ်းဘောင်တွေကို မကျေနပ်စိတ်က အခုထိ မပြေပျောက်နိုင်ဘဲ တနုံ့နုံ့နဲ့ မိမိသောက မိမိရှာနေသူတွေလည်း တွေ့တယ်။ စည်းလွတ်ဝါးလွတ်နဲ့ အရင်က မရဖူးတဲ့ လွတ်လပ်မှုကို ခံစားရင်း စည်းကျော်နင်းသူကိုလည်း တွေ့ပြန်ရောပဲ ...
ဒီတော့ အဆုံးသတ်ပြောရရင်တော့ မိမိကိုယ်ကို မိမိသာ နေရာချတာပါ။ တခြားသူကို လက်ညှိုးမထိုးပါနဲ့။ မိမိမှာရှိတဲ့စိတ်ချမ်းသာမှုပျောက်ဆုံးပါမယ်။ နယ်ချဲ့နဲ့ ဖက်ဆစ်ကို အခုထိတော်လှန်နေပြီး တိုးတက်နေတဲ့ တရုတ်ကို အားကျနေသူတွေ တိုက်လိုက်တဲ့ ကော်ဖီတစ်ခွက်က မနက်ခင်းအတွက် စာတစ်ပုဒ်ရလိုက်ပြီလို့ ဆိုရပါမယ် ...
Author - @sawlwin
MSC - 176
!sbi status
Hi @sawlwin!
Did you know Steem Basic Income has a Quality Policy?
!bookkeeping drugwars
Hi @sawlwin!
drugwars
Received:
Spent:
Total:
First transfer was before 20.39 days.
Your ROI per day is 11.59 % and you are earning approx. 3.48 STEEM per day.
!bookkeeping drugwars
Hi @sawlwin!
drugwars
Received:
Spent:
Total:
First transfer was before 18.03 days.
Your ROI per day is 12.27 % and you are earning approx. 3.69 STEEM per day.
!sbi status
Hi @sawlwin!
Thank you for your information @sbi5
You're welcome!
I love you, guys! <3
!sbi status
Hi @sawlwin!
Did you know Steem Basic Income has a Quality Policy?
Please tell me !sbi status
Hi @sawlwin!
Did you know Steem Basic Income has a Quality Policy?
!sbi status , please
Hi @sawlwin!
Did you know Steem Basic Income has a Quality Policy?
!sbi status
Thank you.
Hi @sawlwin!
Did you know Steem Basic Income has a Quality Policy?
!bookkeeping drugwars
Hi @sawlwin!
drugwars
Received:
Spent:
Total:
First transfer was before 9.91 days.
Your ROI per day is 15.03 % and you are earning approx. 4.52 STEEM per day.
!bookkeeping drugwars
Hi @sawlwin!
drugwars
Received:
Spent:
Total:
First transfer was before 10.89 days.
Your ROI per day is 14.98 % and you are earning approx. 4.50 STEEM per day.
!bookkeeping drugwars
Hi @sawlwin!
drugwars
Received:
Spent:
Total:
First transfer was before 13.39 days.
Your ROI per day is 14.28 % and you are earning approx. 4.29 STEEM per day.