Drugwars Battle Guide which reflects the update!

in #myanmar5 years ago

ဂိမ်းဆိုတာကို ကျွန်တော် သိပ်မဆော့ပါဘူး။ Mobile Legend ဆိုရင် ယောင်ပြီးတော့တောင် သွင်းမထားပါဘူး။ မတော်တဆဆော့မိမှာကြောက်တာကြောင့်ပါ။ ရုံးမှာ ကောင်လေးတွေ ညမအိပ်ဘဲ ဆော့နေတာတွေ မြင်ပြီး စွဲသွားမှာ အရမ်းကြောက်မိပါတယ်။ ဒါကြောင့် စတီးမစ်မှာ ဂိမ်းတွေ ပေါ်လာတော့ မဆော့ဖြစ်ဘူး။ ဒေါ်လာ တစ်ဆယ်ထည့်ဆော့ပေမယ့် အရင်းကျေတယ် ပြောပြော ကိုယ်ကတော့ အချိန်ကုန်မှာ အရမ်းကြောက်မိတယ်။



ဒါပေမဲ့ Drugwars ကို စဆော့ဖို့ ကျွန်တော် တိုက်တွန်းဖြစ်ခဲ့ပါတယ်။ အလားအလာကို ကြည့်ကြည့်တာ အဆင်ပြေမယ့်ပုံပေါ်နေတာကြောင့်ပါ။ ဒါပေမဲ့ အနောက်ကနေ လိုက်ပါလာတဲ့သူ အတော်နည်းပါတယ်။ ရှေ့က မြေစမ်းခရမ်းပျိုးတွေ အဆင်ပြေနေပြီဆိုတော့မှ အသည်းအသန်လိုက်လာကြပေမယ့် အရင်းကျေဖို့က အချိန်အတော်စောင့်ရပါတော့တယ်။ ကြားမှာလည်း သူ့ဗားရှင်းတွေက အမျိုးမျိုးပြောင်းနေပြီး အခုတစ်ခါမှာတော့ ပရိုဖိုင်းတွေ ဝင်ကြည့်လို့ မရအောင် စိတ်ကြိုက်အကောင်ကို တိုက်လို့ မရအောင် ပုံစံတစ်မျိုးပြောင်းထားပါတယ်။ ဒီတော့ တိုက်ပွဲခေါ်သံတွေက မမြင်မစမ်းတိုက်လာရတော့တယ်။


Drugwars က ပရိုဖိုင်းကြည့်ခွင့်ပိတ်ထားတာနဲ့ပဲ တစ်ဖက်က စစ်အင်အားကို မမြင်ရတော့ဘူးလား ?


တိုက်ရင် အမြတ်ကျန် မကျန်ကို မသိရတော့ဘူးလား ?


ကျွန်တော် တစ်ခါပြောဖူးပါတယ်။ စတီးမစ်ကို ကြိုက်တာက သူက အိုးပင်းသဘောဖြစ်လို့ပါ။ ဘယ်သူ ဘာလုပ်တယ်ဆိုတာ အကုန်သိရပါတယ်။ Drugwars က သူ့ပရိုဖိုင်းကို ကြည့်ခွင့်ပိတ်လို့ မရပါဘူး။ စိတ်ကြိုက်လူကို ရှာပြီး တိုက်လို့ ရအောင်ပဲ လုပ်နိုင်ပါတယ်။

ဒီတော့ တိုက်တဲ့အခါ မြတ်အောင် ဘယ်လိုတိုက်မလဲ မှန်းဆနည်းကို ကိုယ့်လူတွေ အမြတ်ရစေလိုတဲ့အတွက် ရေးတင်ပေးလိုက်ပါတယ်။ ကျွန်တော်ပြတဲ့နည်းကို သုံးပြီး ကျွန်တော့်အကောင့်တွေကိုတော့ လာမတိုက်ပါနဲ့နော်။ ကြိုပြောထားတာပါ။ မဟုတ်ရင် ရေဆုံးမြေဆုံး လိုက်တိုက်တတ်တဲ့အကျင့်ရှိတာကြောင့်ပါ။

Step-by-step Guide

---------------

  • BATTLES > FIND TARGETS မှာ ကိုယ်တိုက်လို့ ရမယ့်သူတွေကို ကြည့်ပါ။ နာမည်တစ်ခုချင်းစီယူပါ။

***************

  • အဲဒီမှာ ကိုစိုင်း @saipanpha ကို တွေ့တယ်ဆိုပါစို့။ သူ့ ပရိုဖိုင်းကို ဝင်ကြည့်ချင်လာပြီ။ ဒါမှ သူ့မှာ D W A ရှိ မရှိနဲ့ unit ရှိ မရှိကို တွေ့ရမှာပါ။ busy က Activity မှာ ဝင်ကြည့်ပါမယ်။

https://busy.org/@saipanpha/activity

အပေါ်လင့်ခ်က saipanpha နေရာမှာ ကိုယ်ရှာချင်တဲ့လူနာမည် ထည့်ရှာလိုက်ရုံပါပဲ။

***************

  • id မှာ dw-heist က D ကို heist လုပ်ထားတာပါ။ ဇယားထဲမှာ ဘယ်လောက်လုပ်ထားလဲဆိုတာ မြင်နိုင်ပါတယ်။ D ကို သုံးလိုက်ပြီဆိုတာ မှန်းဆနိုင်ပါတယ်။

dj0u2b3uw2.png

***************

  • id မှာ dw-unit က ယူနစ်တွေကို ဝယ်ထားတာပါ။ ဘယ်အကောင်ကို ဘယ်နှစ်ခု ဝယ်ထားလဲ ဇယားထဲမှာ ကြည့်နိုင်ပါတယ်။ W A ကို သုံးလိုက်ပြီဆိုတာ မှန်းဆနိုင်ပါတယ်။

c2gawxja6p.png

***************

  • id မှာ drugwars က တိုက်ခိုက်ထားတာပါ။ ပစ်မှတ်က ဘယ်သူလဲ။ ဘယ်ယူနစ်ကို လွှတ်ထားလဲဆိုတာ ဇယားထဲမှာ အသေးစိတ်ပါဝင်ပါတယ်။

bexu2pibv7.png

***************

  • id မှာ dw-upgrade က level မြင့်ထားတာပါ။ D W A သုံးခုစလုံး သုံးထားတယ်ဆိုတာ သိနိုင်ပါတယ်။

8n1xyt6y5i.png


ကိုယ်တိုက်မယ့်သူရဲ့ တစ်ပတ်အတွင်း လှုပ်ရှားမှုကို ကြည့်ကြည့်ပါ။ သူ့ရဲ့တစ်နေ့တာ ထုတ်နိုင်တဲ့ D W A ပမာဏနဲ့ နှိုင်းယှဉ်ပါ။ မြတ်မှပဲ တိုက်ပါ။ မဟုတ်ရင် လက်ရှောင်ပါ။ မျက်ကန်းလမ်းလျှောက် မဖြစ်ရအောင် ပြောထားတာပါ။ အသုံးဝင်မှသာ သုံးလို့ ရပါတယ်။ ဒီနည်းလမ်းကို သုံးပြီး ကိုယ့်အချင်းချင်း ပြန်မတိုက်ရင် ကျေနပ်ပါပြီ။


@sawlwin

MSC - 176

Sort:  

ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

ကျေးဇူးပါကိုစောရေ……

ဟုတ်ကဲ့

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

မိတ်ဆွေရဲ့ ပိုစ့်ကို C2 Myanmar Curation အဖွဲ့မှ ရွေးချယ်၍ အပ်ဗုတ်ပေးခဲ့ပါသည်။

အဲလို လိုက်ရှာကြည့်နေရတာ ပျင်းတော့ ပျင်းသား
စိတ်ချချင်တော့လည်း ကြည့်ရတာပါပဲ😁
Thanks for sharing

Posted using Partiko Android

ကြည့်တာ မမှားပါဘူး

Posted using Partiko Android

nice tactic bro!

Posted using Partiko Android

@sawlwin, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ဗုတ်ပေးတာ ကျေးဇူးတင်ပါတယ်

ဂိမ်းတော့ မျက်စိမကောင်းလို့မဆော့ဘူး
အမှန်ပြောရရင် ဂိမ်းစွဲသွားမှာလည်းကြောက်တာ
ကိုယ်တွေက အစွဲအလန်းကြီးတယ်လေ 😁

ဟုပေါ့ တော်တန်ရုံဟာက မစဘဲနေတာ အကောင်းဆုံးပါ

ဝါသနာပါသူများအဖို့က​တော့ verry good ​ပေါ့ဗျာ

ကြည့်​​တော့ကြည့်​တယ်​ ဒါ​ပေသိ ကိုယ်​နဲ့တိုက်​မယ့်​​ကောင်​က steemmoon ​ဆော့​တာလား dice ​ဆော့တာလားမသိ history ​တေပြည့်​နာပဲ စိတ်​မရှည်​တာနဲ့သွားတိုက်​တာ ကုန်​ပြန်​​ရော

Posted using Partiko Android

နောက်တစ်နည်း ရှိသေးတယ် ပြောပြမယ်

Posted using Partiko Android

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63547.08
ETH 3070.13
USDT 1.00
SBD 3.83