Memories we shouldn't forget!

in #myanmar5 years ago

Source


မိုးရေချိုးခြင်း

ရေးသားသူ - အမည်မသိစာရေးသူ

ကလေးမလေးတစ်ယောက်ဟာ တားကက်မှာ သူ့အမေနဲ့အတူ ဈေးဝယ်ထွက်နေပါတယ်။ သူဟာ ၆ နှစ်သမီးအရွယ်ပဲ ရှိဦးမှာဖြစ်ပြီး အနီရောင်ဆံနွယ်လှလှလေး တင်းတိပ်ဗရပွမျက်နှာလေးနဲ့ အပြစ်ကင်းစင်ဟန်လေးပါ အပြင်ဘက်မှာတော့ မိုးရွာနေပါပြီ။ ရေတံလျှောက်ကနေ လျှံကျလာတဲ့ မိုးရေတွေက တစ်ဗောက်ဗောက်နဲ့ မြေပြင်ကို ထိမှန်ပြီး မြောင်းထဲကို တရစပ်စီးဝင်သွားပါတယ်။ ကျွန်မတို့အားလုံးက တားဂက်ရဲ့တံခါးမအတွင်းဘက် မိုးကာအောက်မှာ ရပ်လျက်သားပေါ့။

တခြားသူတွေက ရာသီဥတုကြောင့် အလုပ်တွေ ပျက်သွားလို့ စိတ်တိုနေကြပေမယ့် ကျွန်မတို့ကတော့ စိတ်ရှည်လက်ရှည်နဲ့ မိုးတိတ်အောင် စောင့်ခဲ့ကြတယ်။ မိုးရွာသွန်းတာက ကျွန်မကို ညှို့ငင်ဖမ်းစားနေပါတယ်။ ကမ္ဘာကြီးရဲ့ဖုံမှုန့် အညစ်အကြေးတွေကို ကောင်းကင်ဘုံက ဆေးကြောပေးနေတဲ့ မြင်ကွင်းနဲ့ အသံကြားမှာ ကျွန်မ မျောပါသွားခဲ့တယ်။ အပူအပင်ကင်းတဲ့ ကလေးဘဝတုန်းက မိုးရေထဲ တဗွမ်းဗွမ်းပြေးထွက်မိတာတွေကို ပြန်တွေးနေရင်း လက်တလောမှာ စိုးရိမ်ပူပန်နေတာတွေ ရှိမနေတော့ပါဘူး။
ကျွန်မတို့အားလုံး အတွေးကိုယ်စီနဲ့ ရှိနေတုန်း အသံလေးတစ်သံက ချိုသာစွာ လှန့်နှိုးလိုက်ပါတယ်။ "မေမေ မိုးရေထဲကို ဖြတ်ပြေးရအောင်" လို့ ကလေးမလေးက ပြောလိုက်တယ်။ "ဘာဖြစ်တယ်" အမေက မေးလိုက်တယ်။

" မိုးရေထဲ ဖြတ်ပြေးရအောင် မေမေ" သူက ထပ်ပြောပါတယ်။"

"မဖြစ်ဘူး သမီး" "မိုးစဲတဲ့အထိ စောင့်ကြမယ်" လို့ အမေက ပြန်ပြောပါတယ်။

ကလေးမလေးက နောက်ထပ်အချိန်အနည်းငယ် စောင့်နေပြီးတော့ ထပ်ပြောပါတယ်။ "မေမေ မိုးရေထဲ ဖြတ်ပြေးရအောင်နော်"
"အဲဒီလိုဆိုရင် အမေတို့ မိုးစိုသွားမှာပေါ့" လို့ အမေက ပြောလိုက်ပါတယ်။"

"ဟင့်အင်း မစိုပါဘူး မေမေ" မေမေ ဒီမနက်တုန်းက ပြောခဲ့တာ ဒီလိုမဟုတ်ပါဘူး" ကလေးမလေးက သူ့အမေရဲ့လက်မောင်းကို ဆောင့်ဆွဲရင်း ပြောလိုက်ပါတယ်။

"ဒီမနက်က ဟုတ်လား မိုးရေထဲ မိုးမစိုဘဲ ဖြတ်ပြေးနိုင်တယ်လို့ အမေ ဘယ်တုန်းက ပြောမိလို့လဲ"

"မေမေ မမှတ်မိဘူးလား ဖေဖေ့ကို သူ့ကင်ဆာရောဂါအကြောင်း မေမေပြာနေတုန်းက "ဘုရားသခင်ကသာ ဒါကို ကူညီနိုင်မယ်ဆိုရင် ဘာမဆို သူလုပ်ပေးနိုင်မှာပဲ" လို့ မေမေ ပြောခဲ့တယ်လေ။

လူအုပ်ကြီးဆီက အသံတွေ တိတ်ဆိတ်သွားပါတယ်။ မိုးရွာသံကလွဲပြီး ဘာမှ မကြားရသလောက်ပါပဲ။ ကျွန်မတို့အားလုံး တိတ်ဆိတ်စွာ ရပ်နေခဲ့ကြတယ်။ တစ်ခဏလောက်ကြာတဲ့အထိ လူတွေ အဝင်အထွက် မရှိခဲ့ဘူး။ အမေက သူ ပြောမယ့်စကားကို အချိန်ခဏယူပြီး အလေးအနက် စဉ်းစားပါတယ်။ တချို့လူတွေဆိုရင် သူ့ကို ရယ်သွမ်းသွေးပြီး ရူးနေသလားလို့ ဆူပူကြမှာပါ။ တချို့ကဆို ပြောစကားကို လျစ်လျူရှူထားမှာပါ။ ဒါပေမဲ့ ဒါဟာ ကလေးငယ်လေးတစ်ဦးရဲ့ဘဝမှာ စိတ်ထဲစွဲသွားစေတဲ့ အခိုက်အတန့်လေးတစ်ခုပါ။ အပြစ်ကင်းတဲ့ ယုံကြည်မှုလေးကနေ ခိုင်မာတဲ့ယုံကြည်မှု သဒ္ဓါတရားအဖြစ် ဖူးပွင့်သွားအောင် မြေတောင်မြှောက်ပေးနိုင်တဲ့အချိန်တစ်ခုပါ။

"သမီးလေး ပြောတာ မှန်တယ်" "မိုးရေထဲ ဖြတ်ပြေးကြမယ်" ဘုရားက အမေတို့ကို မိုးစိုစေရင် မိုးရေချိုးပေးဖို့ လိုလို့သာ ဖြစ်မယ်" လို့ အမေက ပြောလိုက်ပါတယ်။

"အဲဒီနောက် သူတို့ ပြေးထွက်သွားခဲ့တယ်" ကျွန်မတို့အားလုံးက မတ်တပ်ရပ်လျက်သားနဲ့ ကားတွေ ဗွက်အိုင်တွေကြား သူတို့ ဖြတ်ပြေးသွားတာကို ကြည့်ရှုပြီး ပြုံးမိ ရယ်မောမိသွားကြတယ်။ သူတို့က ပြေးနေရင်း သူတို့ရဲ့ ဈေးဝယ်ထွက်တဲ့အိတ်တွေကို သူတို့ခေါင်းပေါ်မှာ တင်လိုက်ပါတယ်။ မိုးရေတွေ စိုရွှဲသွားပေမယ့် လူတချို့ကလည်းပဲ ကလေးတွေလို အော်ဟစ်ရယ်မောပြီး သူတို့ကားတွေဆီ ပြေးသွားကြပါတယ်။

ဟုတ်ကဲ့။ ကျွန်မ ပါခဲ့ပါတယ်။ ပြေးခဲ့တယ်။. မိုးရေစိုသွားခဲ့တယ်။ မိုးရေချိုးဖို့ ကျွန်မလိုအပ်တယ်လေ။

အခြေအနေအကြောင်းတရားတွေ လူတွေက ရှင်တို့ပိုင်ဆိုင်တဲ့ ရုပ်ပစ္စည်းတွေကို ယူဆောင်သွားကြတယ်။ ရှင်တို့ရဲ့ငွေတွေ ရှင်တို့ရဲ့ကျန်းမာခြင်းတွေကို ယူဆောင်သွားကြတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အမှတ်တရဖြစ်ရပ်တွေကိုတော့ ဘယ်သူမှ ယူဆောင်မသွားနိုင်ပါဘူး။ ဒါကြောင့် နေ့တိုင်း အချိန်ယူပြီး အမှတ်တရဖြစ်သွားစေတဲ့ အခွင့်အလမ်းတွေကို အရယူဖို့ မမေ့ပါနဲ့။ ကောင်းကင်ဘုံရဲ့ အလိုကျအတိုင်းပဲ အရာရာဟာ ဖြစ်ချိန်တန်လို့ ဖြစ်လာတာပါ။

ရှင်တို့လည်း မိုးရေထဲကို ဖြတ်ပြေးသွားဖို့ အချိန်ရဦးမယ်လို့ မျှော်လင့်ပါတယ်။


Source


Ref : Rain washed by Author Unknown

@sawlwin

MSC 176

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Hello! I find your post valuable for the wafrica community! Thanks for the great post! We encourage and support quality contents and projects from the West African region.
Do you have a suggestion, concern or want to appear as a guest author on WAfrica, join our discord server and discuss with a member of our curation team.
Don't forget to join us every Sunday by 20:30GMT for our Sunday WAFRO party on our discord channel. Thank you.

မိုးရွာတိုင်း ရင်ဘတ်မှာအသစ်ပြန်ဖြစ်
Steem ဈေးတက်ချိန်တွေ

မိုးရေထဲမှာ မျှောလိုက်ပါဗျာ 😁

Posted using Partiko Android

အခုလည်း မိုးရေစက်လက်နဲ့ ဖြတ်ပြေးနေပါတယ်

🤗🤗🤗

မှန်​ပါ့ ဗျာ တကယ့်​ အမှတ်​တရ​တွေဟာ ဘယ်​​တော့မှ ​ပြောက်​ပျက်​မသွား ​သေသည်​အထိ သတိယသွားပါတယ်၊​ဘယ်​လိုေ ဖြာက်​ဖျက်​လဲမပျက်​နိုင်​တဲ့အမှတ်​တရမျိုး​ပေါ့

နေ့စဉ်ရှိနေသင့်ပါတယ်

Posted using Partiko Android

တရားသဘောအရ ကံစီမံရာ ဆိုသလို နှလုံးသွင်းရတော့မှာ ပေါ့
အကို စောရေ

ဘာသာရေးရာ သင်ကြားမှုအရပေါ့ဗျာ

Posted using Partiko Android

ကောင်းလိုက်တဲ့ idea။ very good

Thanks

Posted using Partiko Android

အတော်ကြီးလဲ စိုရွဲနေပါပြီ ဈေးပြန်တက်တော့

ဥုံဖွ တက်စေ 😁

Posted using Partiko Android

ကောင်း​သောပိုစ့်​ပါ...ဖတ်​ပြီးမှတ်​သားစရာကျန်​ခဲ့ပါတယ်​...👍👍

Posted using Partiko Android

ကျေးဇူးပါ

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63458.69
ETH 3084.37
USDT 1.00
SBD 3.99