Where are you, Mr.Johnsmith119 !

in #myanmar6 years ago (edited)


မင်္ဂလာပါ မြန်မာစတီးမစ်မိတ်ဆွေတို့


စတီးမစ်မှာ လေ့လာစရာတွေက များပါတယ်။ ဒါပေမယ့်လည်း မိမိဦးတည်ရာကိုတော့ သိထားရပါမယ်။ ကိုယ်က ဒါကို လေ့လာနေရင်းနဲ့ အခြားတစ်ခုကို ထည့်သွင်းမိတာလည်း ရှိမယ်။ ဒါမှ မဟုတ် ပေးချင်တဲ့ စေတနာတွေများပြီး အဆက်အစပ်မရှိတာလည်း ဖြစ်မယ်။ အချို့ကတော့ နည်းပညာအကြောင်း သိသင့်တဲ့အကြောင်းကို ရေးတော့ ရေးပါတယ်။ သေချာရှင်းလင်းထားတာ မရှိဘူးလည်း ဖြစ်နေတာတွေ တွေ့ပါတယ်။ ကိုယ်သိတာဟာ သူများ မသိတဲ့ဟာ ဖြစ်နေတာ သေချာပြီး share ပေးချင်ဇောနဲ့ ရေးသားတာတွေလည်း တွေ့တယ်။ စတီးမစ်နည်းပညာအကြောင်း ရေးမယ်ဆိုရင် တစ်ခုတော့ စဉ်းစားရပါတယ်။ ကိုယ်ပေးတဲ့ အရာဟာ အကျိုးရှိလား မရှိဘူးလား ဆိုတာပါ။ ကိုယ်ကတော့ ကောင်းစေချင်တဲ့ စေတနာနဲ့ ပေးပေမယ့် ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးတာ ဆေးကြောင့် လေးသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ ၄င်းနည်းပညာကို တလွဲ အသုံးချသူများကြောင့်ပါ။


ဥပမာအားဖြင့် ပြောပါမယ် ...

minnowsupport မှာ register လုပ်ထားရုံနဲ့ free upvote ရမယ်လို့ သိထားကြတယ် ... ဒါပေမယ့်လည်း စာများမှ ရမယ် ... post တစ်ခုကို တစ်ဗုတ်ပဲ ရမယ်လို့ သိရပြန်တော့ ... အကောင့်ပွားတွေ ဖွင့်ပါတယ် ... copy post တွေ တင်ပါတယ် ... မိမိအဆင်ပြေဖို့သာ သိကြပြီး အခြား ဖြစ်လာမယ့် အကျိုးဆက်တွေကို မသိကြဘူး ...

ထိုနည်းလည်းကောင်းပဲ ... esteem မှာလည်း မသမာမှုတွေ အသုံးပြုပြီး လုပ်ကြတယ် ... ခိုးကူးနည်းမျိုးစုံအသုံးပြုကြတယ် ... စတီးမစ်ဖွံ့ဖြိုးဖို့ ကြိုးစားနေသူတွေကို ရည်ရွယ်ချက်မှားအောင် ကြိုးစားကြတယ် ...

ဒါဟာ ဘာကြောင့်လဲ ... စေတနာနဲ့ ဖြန့်ဝေထားတဲ့ နည်းပညာဗဟုသုတကို မိမိတို့ အကျိုးဖြစ်အောင် မသမာတဲ့နည်းလမ်းနဲ့ အသုံးချတာပါ ...


နောက်ထပ်လည်း စိတ်မကောင်းစရာတစ်ခုကို တွေ့ပါတယ် ... စတီးမစ်မှာ ရှေ့ကို ရောက်နေတဲ့သူတွေက နောက်လူတွေကို မိမိခင်မင်ရာ ခင်မင်ကြောင်းတွေကို upvote ပေးခြင်းဖြင့် ကူညီတာဟာ မင်္ဂလာတစ်ပါးပါ ... ဒါပေမယ့်လည်း copy post တွေ တင်နေတဲ့သူကို ဘာလို့များ upvote ပေးကြတာလဲ ... ပုံမှန်လေး upvote ပေးနေတာတွေကို တွေ့နေရပါတယ် ... ပွင့်ပွင့်လင်းလင်းပြောတာပါ ၄င်းလူတွေအထဲမှာ msc က လူတွေလည်း ပါဝင်ပါတယ် ... ဒါဟာ သူများ ရရှိတာကို မနာလိုလို့ မဟုတ်ပါ ... လမ်းမှားရောက်နေသူကို လမ်းမှန်ရောက်အောင် ဆွဲမခေါ်ဘဲ ၄င်းလမ်းအမှားကိုပဲ သွားအောင် အားပေးအားမြှောက်ပြုရာ ရောက်နေလို့ပါ ... မသိလို့ မှားတယ်ဆိုတာ မရှိအောင် သိရှိသမျှကိုလည်း ကျွန်တော်မျှဝေပေးပါမယ် ... မသိချင်တာ ရှိရင် လာမေးလို့လည်း ရပါတယ် ... ရေရှည်အသီးအပွင့်ကို မျှော်ကိုးသူ အနေနဲ့ တစ်နပ်စားလုပ်တာကို စွန့်လွှတ်စေချင်ပါတယ် ... ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့အပြုအမူဟာ ကိုယ့်အကျင့်ကို ဖြစ်စေပြီး ၄င်းအကျင့်ကပဲ ကိုယ့်သမိုင်းကို ရေးသားသွားပါတယ် ...



အားလုံးပဲ တွေးမိမှာပါ ... စတီးမစ်ကြီးက scam ဖြစ်သွားရင် ဘယ်လိုလုပ်မလဲပေါ့ ... ဟုတ်ကဲ့ ... ဒါက ကျွန်တော်တို့လို sp ပြည့်အောင် စတီးမစ်ရဲ့စည်းကမ်းကို လိုက်နာပြီး စုဆောင်းနေသူတွေအတွက် ဖြေစရာ မလိုတဲ့ မေးခွန်းပါ ... စတီးမစ်ကြီး ပျက်စီးသွားလည်း ဘာဖြစ်လဲ ... ကိုယ်စုဆောင်းနေတာတွေ မသုံးလိုက်ရလဲ ဘာဖြစ်သွားမလဲ ... ဒါဟာ ကိုယ့်ဘ၀ မဟုတ်ပါဘူး ... ကိုယ့်အနေနဲ့ စာရေးတတ်သွားပြီ ... ကွန်ယက်တစ်ခု ဘယ်လိုချိတ်ဆက်ရမလဲ သိသွားပြီ ... အွန်လိုင်းက မူပိုင်ခွင့်တွေအကြောင်း နားလည်သွားပြီ ... စတီးမစ်မှာ မဟုတ်လည်း အပြင်မှာလည်း ဒါကို အသုံးချလို့ ရသွားပြီ ... စတီးမစ်မှာ ပေးဆပ်ခဲ့တဲ့အချိန်တွေကို အပြင်မှာ ပေးဆပ်ရတာပဲ ကွာသွားမယ် ... အောင်မြင်မှုကတော့ ရဖို့ များနေပြီ .... အခြားမကြည့်ပါနဲ့ ... အခု စတီးမစ်ကနေ သိရှိလာတဲ့ စာရေးတဲ့ အတတ်ပညာနဲ့ content writer တို့ ဘာလို့ လုပ်လို့ မရဘူးလား ... နည်းပညာတွေ ထပ်လေ့လာပြီး ကိုယ်ပိုင် blog တွေ website တွေ လုပ်လို့ မရတော့ဘူးလား ... ကျိုးကြောင်းဆက်စပ်တတ်လာမှုကို အသုံးပြုပြီး အခြားအွန်လိုင်းငွေရှာမှုမှာလည်း မိမိအတွက် အကျိုးအမြတ်ရှိအောင် လုပ်လို့ မရတော့ဘူးလား ... မိမိကိုယ်ကို ပိတ်ထားစရာ မလိုအပ်ပါဘူး ...



ဒါပေမယ့်လည်း စတီးမစ်ဟာ ယုံကြည်လို့ ရတဲ့နေရာတစ်ခု ဖြစ်ပါတယ် ... ဘယ်လိုမှ ဖျက်ဆီးလို့ မရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ် ... ဘာကြောင့် အခုလို ပြောရတာလဲဆိုရင် မသမာသူတွေ အတ္တသမားတွေ ကိုယ်ကျိုးရှာသူတွေ ဘယ်လောက်များနေပါစေ ... တရားတဲ့ဘက်တော်သားတွေလည်း ဒုနဲ့ဒေးနဲ့ ရှိနေပါတယ် ... မြန်မာအထဲမှာဆိုရင် ကျွန်တော် သိသလောက်တော့ @johnsmith119 က လှုပ်ရှားနေပါတယ် ... ဘာတွေ လုပ်နေလဲဆိုတာတော့ အရင်တုန်းက သူ post ရေးတင်ပေမယ့် အခုတော့ သူ့အကောင့် active မဖြစ်တာ အတော်လေးကြာနေပါပြီ။ ဒါပေမယ့်လည်း မနေ့က discord ကို ၀င်ကြည့်ရင်း ၀မ်းသာစရာတစ်ခုသွားတွေ့ပါတယ်။ အဲဒါကတော့ @johnsmith119 က မလှုပ်ရှားဘဲ နေတာ မဟုတ်ဘဲ သူ့လုပ်ရပ်ကို ချမပြတာဘဲ ရှိတယ်ဆိုတာပါ။ ဟုတ်ကဲ့ ... သူက steemcleaners မှာ Reporter အနေနဲ့ နေရာတစ်ခုယူထားသလို esteem မှာလည်း Community Supporter ဖြစ်နေပါတယ်။ ဒါကြောင့် ၀မ်းသာအားရနဲ့ အခု post ကို ရေးဖြစ်တာပါ။

@johnsmith119 အနေနဲ့ မိမိလုပ်ဆောင်နေတာတွေကိုလည်း ချပြဖို့လည်း တောင်းဆိုလိုက်ပါတယ် ... တကယ်အလေးအနက်တောင်းဆိုတာပါ ...
အကြောင်းပြန်လာတာကိုလည်း စောင့်မျှော်နေပါ့မယ် ...

DSCN1499.jpg


@sawlwin

MSC - 176

Image credit - https://www.pexels.com

Sort:  

Hello, as a member of @steemdunk you have received a free courtesy boost! Steemdunk is an automated curation platform that is easy to use and built for the community. Join us at https://steemdunk.xyz

Upvote this comment to support the bot and increase your future rewards!

ကိုစောရေ အားလုံးအတွက် ကျေးဇူးပါ

ကျွန်တော်လေး ကူညီပေးတာ ကျေးဇူးတင်ပါတယ်

ဦးတည်ချက်မှန်သူတွေအတွက် လမ်းမပျောက်ပါဘူး ကိုစောရေ

ဟုတ်ပါတယ် မစု

ဝါသနာနဲ့အတူယုံကြည်မှုကိုပေါင်းစပ်လိုက်သောခါ.....

အားပေးတာ ကျေးဇူးတင်ပါတယ်

ကျေးဇူးပါ

same to you ပါ

ကိုစောကတော့ ညီလေးသိလိုသမျှ ပေးကမ်းနေသလိုပါပဲ ကျေးဇူးကိုစောရေ

အသုံးဝင်မယ်ဆို ဝမ်းသာပါတယ်

စတီးမစ်ကို အကြွင်းမဲ့ယုံကြည်ပါတယ်ဗျာ

ယုံကြည်နိုင်တဲ့အရာပါ

Hello @sawlwin I am here and have plans to do somethings. Please wait and this will be soon.

Glad to know like that. I will await to see your achievement. Wish you always have a fun day.

Congratulations! This post has been upvoted from the communal account, @minnowsupport, by sawlwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63458.69
ETH 3084.37
USDT 1.00
SBD 3.99