Why?

in #myanmar6 years ago (edited)

  ဒီပို့စ်လေးရဲ့ ခေါင်းစဉ်ကို Why "ဘာကြောင့်လဲ" လို့ အမည်ပေးချင်ပါတယ်။ 

ဆိုတော့ ဘာကြောင့်ပေးတာလဲ? 

မိတ်ဆွေတို့ရော လူမှုဝန်းကျင် အသိုင်းအဝန်း မိသားစု မိတ်ဆွေ အပေါင်းအသင်းကြားမှာ WHY? လို့ မေးခွန်းတွေ ထုတ်ခဲ့ကြဖူးလား?  

crd img

  အဖြစ်အပျက်ကလေး တစ်ခုကို ဦးစွာ ပြောပြပါရစေ။  

  လူငယ်လေးတစ်ယောက် နည်းပညာ တက္ကသိုလ်ကနေ ဘွဲ့ရပြီးနောက် ကုမ္ပဏီကြီး တစ်ခုမှာ ဝင်အလုပ်လုပ်ပါတယ်။ ကုမ္ပဏီကနေ ပို့ချတဲ့ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းတွေကိုလည်း အခါအားလျော်စွာ တက်ရောက်ရတာပေါ့။  

  သင်တန်းမှာ လာရောက်ပို့ချတဲ့ ဆရာတစ်ဦးက ခုလို Activity လေးတစ်ခုကို လုပ်ဆောင်ခိုင်ပါတယ်။  

  သင်တန်းသား အယောက်တိုင်းစီကို ဗူပေါင်း တစ်ခုစီပေးပါတယ်။ ယင်းဗူပေါင်းတွေကို လေမှုတ်သွင်းခိုင်းပါတယ်။ ပြီးနောက် ဗူးပေါင်းတွေကို အပ်နဲ့ဖောက်ခိုင်းပါတယ်။ သင်တန်းသား အယောက်တိုင်းစီကလည်း ဆရာပြောတဲ့အတိုင်း တသွေမတိမ်း လိုက်လုပ်ကြပါတယ်။ အားလုံးလည်း ပြီးရော ဆရာက ခုလိုပြောပါတယ်။  

  သူခုလို လုပ်ခိုင်းတာကို ဘာကြောင့် လိုက်လုပ်တာလဲ လို့ မေးခွန်းပြန်ထုတ်ပါတယ်။ သင်တန်းသားများကလည်း ဆရာခိုင်းတဲ့အတိုင်းပဲ လုပ်တာပါလို့ ပြန်ဖြေကြတယ်။  

  အဲ့ဒီမှာ ဆရာက ခုလိုပြောပါတယ်။ ဆရာက ဗူပေါင်းတွေကို လေမှုတ်ခိုင်းတယ်။ ပြီးတော့ တပင်တပန်း မှုတ်ထားတဲ့ ဗူပေါင်းတွေကို အပ်နဲ့ဖောက်ခိုင်းတယ်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ဘာကြောင့် လဲ လို့ တစ်ခွန်းမှ ပြန်လှန်မေးခွန်းထုတ်တာမျိုး မလုပ်ကြဘူး။ အဲ့တာပဲ ဆရာတို့ လူမှုအသိုင်းအဝိုင်းက မေးခွန်း ထုတ်ရမှာကို အရမ်းကြောက်နေကြတယ်။ ကျောင်းမှာရော အပြင်မှာရော လူတိုင်းက မိမိဘာကြောင့် လုပ်ဆောင်သင့်သလဲဆိုတာကို ပြန်လှန်မေးခွန်းထုတ်ရမှာကို ဝန်လေးသလို နှုတ်တွေက ဆွံ့နေကြတယ်။ ဒါဟာ မကောင်းပါဘူး။   

  ဟုတ်ပါတယ်။ ဆရာပြောသလိုပဲ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းကြီးမှာ လူအများစုက ပြန်လှန် မေးခွန်းထုတ်ရဲတဲ့ အလေ့အကျင့်အရမ်းနည်းပါတယ်။ မရှိသလောက်ပါပဲ။ မြန်မာ့ ဓလေ့ထုံးတမ်းအရ လူကြီးမိဘဆရာသမားကို ပြန်လှန်မေးခွန်းထုတ်တဲ့ အလေ့အကျင့်ကို အားမပေးသလို မေးခွန်းထုတ်တဲ့ သူဟာလည်း အာခံတတ်တဲ့ ရိုင်းစိုင်းတဲ့ အပြုအမူလို့ ယူဆကြတတ်လို့ပါပဲ။  

  ကျောင်းမှာလည်း ဒီလိုပဲ အိမ်မှာလည်း ဒီလိုပဲ။ မိသားစုမှာလည်း ဒီလိုပဲ။ အရွယ်ရောက် လုပ်ငန်းခွင် ဝင်တော့လည်း ဒီလိုပဲ။ အဲ့ဒီတော့ အကျိုးဆက်အနေနဲ့ မေးခွန်းထုတ်ခွင့်မရဘဲ လက်ညိုးထောင် ခေါင်းညိမ့် မလုပ်မရှုပ်မပြုတ်ဆိုတဲ့သူတွေ လူမှုအဖွဲ့အစည်းမှာ များပြားလာတော့တာပါပဲ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒီလိုလူတွေများလာတဲ့အခါ တိုင်းပြည်အနေနဲ့ ဘယ်နည်းနဲ့မှ ကောင်းမွန်ခြင်းရှိလာမှာ မဟုတ်ပါဘူး။ ငတေမာ ပြီးရောဆိုတဲ့သူတွေ များလာတော့တာပါပဲ။ တစ်ခြားမကြည့်ပါနဲ့ ဖေ့ဘုတ်လို လူမှုကွန်ရက်မှာတောင် မေးခွန်းထုတ်တတ်တဲ့ အလေ့အကျင့်မရှိလို့ မလိုလားအပ်ဘဲ ကောလဟလကစလို့ အမှိုက်စက ပြဿာဒ်မီးလောင် အဖြစ်မျိုးတွေ ဖြစ်လာရခြင်း အကြောင်းအရင်းပါပဲ။ 

သူတစ်ပါးတောင် မပြောနဲ့ မိမိကိုယ်ကိုတောင် မေးခွန်းထုတ်တဲ့ အလေ့အကျင့်တွေ အားနည်း ပျောက်ဆုံးကုန်တော့တာပါပဲ။   

  စောနက ဆရာသည်လည်းပဲ မေးခွန်းမထုတ်တတ်တဲ့ လူ့အဖွဲ့အစည်းကြီးမှာ ရှင်သန်ကြီးပြင်းခဲ့ပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ မေးခွန်းထုတ်တတ်တဲ့ အသိုင်းအဝိုင်း ပညာရေးနဲ့ ထိတွေခခဲ့ရပြီး မေးခွန်းထုတ်ခြင်းရဲက တန်ဖိုးနဲ့ မေးခွန်းမထုတ်တတ်တဲ့ အားနည်းချက်ကို သိရှိလာရခြင်းဖြစ်ပါတယ်။  

  နိဂုံးချုပ်အနေနဲ့ ပြောရရင် ကျွန်တော်တို့ မြန်မာတွေလည်း မေးခွန်းထုတ်တတ်ပါစေ။ အားမနာပါနဲ့။ မေးခွန်းထုတ်ခြင်းဟာ သူတစ်ပါးကို "အာရုံစားဖို့မဟုတ်ပါဘူး" WHY ဘာကြောင့်လုပ်သင့်တာလဲ ဆိုတာကို တိတိကျကျသိရှိပြီး အမှန်အမှားကိုခွဲခြားလို့ ကောင်းမွန်တဲ့ အပြုသဘောဆောင်တဲ့ အမြင်တွေ အကြံအစည် အလုပ် တွေ ဖြစ်လာဖို့အတွက်သာ ဖြစ်သင့်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါရစေ။  

  ယနေ့ကစ အပြုသဘောဆောင်တဲ့ မေးခွန်းတွေ ထုတ်ကြည့်ကြပါစို့  

  Thanks for your UPVOTE COMMENT & RESTEEM 


  Follow me @shankhunsam  


Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64664.11
ETH 3166.18
USDT 1.00
SBD 4.11