A person's journey who visited to Panandin Village at high school Education of northern Myanmar(32)

in #myanmar6 years ago (edited)

IMG_3362.JPG
တခါတလေလည်း ဆိုင်ကယ်နောက်လိုက်စီးရင်း စိတ်ကူးအတွေးလေးတွေရဲ့နောက်မှာ ပျော်ပါးကျက်စားရင်း...တစ်ယောက်ထဲအတွေးနယ်ချဲ့လို့ကလည်း သိပ်ကောင်းပေါ့...ဟိုး..မျက်စိတစ်ဆုံးကြည့်လိုက်ရင်..တောင်ညိုညိုထိပ်ပေါ်က တိမ်လိပ်တွေလေ တအိအိနဲ့လိမ့်ကျလာသလို မိုးတွေများသည်းနေလိုက်တာများ ....တစ်ဟုန်ထိုးစီးဆင်းလာကြတဲ့ ချောင်းရေတွေကလည်း သူ့ထက်ငါအပြိုင် တစ်ကြောင်းထိုးစီးဆင်းနေလိုက်ကြတာများ...တိတ်ဆိတ်နေတဲ့တောတောင်ကြီးတစ်ခုလုံးကိုတောင် ခွင်းထွက်သွားသလိုခံစားရတာပေါ့...။တဝေါဝေါ..စီးကျနေတဲ့ ဆူညံသံတွေနအတူ ငှက်ကလေးတွေခမျာ အပြင်မှာရွာသွန်းနေတဲ့မိုးတွေကိုလည်း ကြောက်လွန်းလို့လားမသိဘူးနော် တစ်ကောင်မှကောင်းကင်ယံမှာလည်းမရှိကြတော့ဘူးပေါ့....။

IMG_1603.JPG
ကျနော်တို့လည်း...ရှီမန်ရွာလေးကအထွက် တောင်ခြေမှာ ကပ်စီးဆင်းနေတဲ့ချောင်းရိုးကြီးတစ်လျောက် ဆိုင်ကယ်အဖွဲ့လေးမောင်းနင်းလာလိုက်တာ ခုဆိုရင် ကတ်ထုရွာလေးရောက်ဖို့ခရီးတောင်အတော်ရောက်နေရှာရောပေါ့... ချောင်းရိုးတစ်လျောက်ဆိုတော့...ရေစီးတွေကလည်းသန်လိုက်တာ..သာမှန်လေးကလေးတောင် ရေအဆန်မှာ အင်ဂျင်ပါဝါ (၆)လုံးထိုး တပ်ဆင်မောင်းနင်းမယ်ဆိုရင်ကို ရှေ့တိုးဖို့ အတော်ကြိုးစားရမယ်အခြေအနေပေါ့..။ဒီကြားထဲ...ရေလိုင်း ရေလုံးကြီးတွေဘယ်လောက်လိုင်းထန်နေပါစေ ရေအဆန်ကိုတိုးနေကြတဲ့ သူတို့ဒေသတွေဆီက ခေါ်တဲ့..ရေခဲငါးလေးတွေကလည်း အတိုင်းသားမြင်နေရတာပေါ့..ရေကလည်း အရမ်းအေးပီးသိပ်ကြည်တာကိုး...။
IMG_1577.JPG
ရှိသေးတယ်..ကိုယ်တွေကသာ ဒီလိုညိုမိုင်းမိုင်းရာသီဥတုနဲ့ အဆက်မပျက်ရွာသွန်းနေတဲ့ မိုးတွေထဲမှာ အတွေးတွေရွက်လွင့်ပီးခံစားနေရင်း..ချောင်းရိုးတစ်လျောက်ကြည့်ပီးလိုက်နေတဲ့အချိန်မှာပဲ ကတ်ထုရွာလေးနဲ့ အရမိးနီးလာလို့လားမသိဘူး..လူကြီး၊လူငယ်၊လူရွယ်လေးတွေကအစ..အင်္ကျီဗလာနဲ့အောက်ခံဘောင်းဘီအတိုင်းသားဝတ်ထားကြပီး လက်တစ်ဖက်မှာက မှိန်းတံလိုလို ဂျင်ဂလီမျှားကို ကိုင်ဆောင်ထားကြတာပေါ့..။ဒါနဲ့ ကျနော်လည်းဂရုတစ်စိုက်ကြည့်မိလိုက်တယ် ထူးခြားတာနောက်ထပ်တစ်ခုက သူတို့ရဲ့နဖူးပေါ်မှာစွပ်ထားတဲ့ ရေကြည့်မှန်ခေါင်းစွပ်နဲ့တူပါတယ်..။ဟော...ဗွမ်း...ဆိုပီး မှိန်းကိုင်ထားတဲ့လူရွယ်တစ်ယောက်က ဒလဟောစီးနေတဲ့ ရေတွေထဲ..ဒိုင်ဗင်ပစ်ထိုးချလိုက်တယ်...။ခဏကြာတော့မှ...ငါးကြီးကြီးတစ်ကောင်ကို မှိန်းနဲ့တွဲလန်းကြီးကိုင်ကာ ပေါ်လာတော့တယ်..။အင်း..အဲ့ဒီလူတွေကို အစမှာမြင်လိုက်တော့..ဘာတွေလည်းလို့တွေးလိုက်ရတာ...ဒီကြားထဲ ကိုယ်ဆီများလာပီး အန်နရယ်ပြူရင် ခက်ရော..ဆိုတဲ့အတွေးက ဝင်လာခဲ့သေး..။ခုတော့..နားလည်သွားရောပေါ့..သူတို့ခမျှာ ကျောက်တုန်းလေးတွေပေါ်ကနေ ရေထဲပြေးလွှားနေတဲ့ငါတွေကို စောင့်ကြည့်နေကြတာကိုး..။မသိခင်တုန်းက..ဘာထင်ခဲ့လည်းဆိုရင် ကျနော့စိတ်ကနေ့ အင်း..ဒီဘက်နယ်မြေဒေသမှာက အယူဝါဒမတူညီတာတွေ များတယ်ဆိုတော့..သူတို့တွေချောင်းထဲမှာ အကျင်းမှားတရားတွေကို အားထုတ်နေတယ်လို့ထင်တာပေါ့..။ကိုယ့်အနေ့နဲ့သာ အဲ့လိုပြောရပေမယ့်..သူတို့တွေအတွက်ကတော..စားစရာတွေမှန်သမျှ ဘုရားသခင်က ဖန်ဆင်းပေးတာဆိုပီး..အဲ့ဒါတွေသက်ရင် အပစ်မရှိဘူးဆိုပီး မှိန်းတွေနဲ့ရေထဲက ငါးတွေထိုးလိုက်ကျတာများ ..ကတ်ထုရွာလေးဝင်လာတဲ့အထိ..လူမပျက်သလောက်ပေါ့..။
IMG_1546.JPG
တစ်ချို့တစ်လေဆိုလည်း..ရလာတဲ့ငါးလေးတွေကိုကြိုးနဲ့သွယ်ပီး ကျနော်တို့ဆိုင်ကယ်အဖွဲ့ ခရီးသွားတွေဆီကို လာပီးတောင်ပေးသေးဗျာ...။အင်း..သူတို့ရဲ့စေတနာကို နားလည်းပေးနိုင်ပေ့မယ်..သူတို့ခံယူထားတဲ့သဘောထားကိုတော့..ကျနော်လေ..ပြောင်းလဲပေးချင်လိုက်တာဆိုပီး ရင်ထဲတစ်ဆို့နင့်နင့်ဖြစ်နေတာပေါ့လေ..။‘ငါးတွေကို နာကျင်စေပီးရင် ကိုယ့်ကိုလည်း အဲ့လိုလုပ်ရင် လက်ခံမလား ကြိုက်မလား...လေစတဲ့ ကိုယ်ချင်းစာတရားလေး သူတော့စိတ်ထဲမှာ ရှိစေချင်ကတော့ အမှန်ပါ့..။ဒါမယ့်ကျနော့်စိတ်ထဲမှာသာ ...ဘာလို့လည်းဆိုတော့..သူတို့ကလူကြီးတွေဆိုတော့..ပြောလို့မလွယ်ဘူးပေါ့..။
ဒါမယ့်..ကျနော့စိတ်ထဲမှာ လူကြီးလို့လက်မခံနိုင်ရင်..ကျနော်သင်ရမယ့်ကျောင်းရောက်ရင် ကလေးငယ်တွေကို ပြောဆိုဆုံးမဖို့ သင်ခန်းစာပဲလေးဆိုပီး စိတ်ထဲတေးထားခဲ့လိုက်ပါတယ်။ပြောဆိုသလို..ရှေ့မှာ ဂတ်ထုရွာအဝင်တံတားထိပ်က ဈေးဆိုင်လေးကိုရောက်တော့..ကျနော်တို့ဆိုင်ကယ်အဖွဲ့လည်းရပ်လိုက်တော့တယ်..။
IMG_1558.JPG

IMG_1568.JPG

နောက်မှဆက်ပါအုံးမယ်နော်..အမျိုးတို့ရေ..။အားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့..။
အားလုံးလည်း ကိုယ်စိတ်နှစ်လုံးအမြဲရွင်ပြုံးကျပါစေလို့...ဆုတောင်းနေရင်း....။
Credit photo-facebook
@sheinthu(MSC-026)

Sort:  

ဆိုင်ကယ်နဲ့ခရီးသွား ရင်း စိတ်ကူးယဉ် ရေးသားလိုက်တဲ့ ပို့စ်လေး ပေါ့ ရှုခင်းတွေလဲ လှဗျာ

ဘယ်လောက်ဘဲကြာသွားခဲ့ပါစေတော့လေ...ဒီအဖြစ်ပျက်လေးတွေက ကျနော့ရင်ထဲမှာရှားပါးလွန်းခဲ့လို့ အမှတ်တရတွေအနေနဲ့ဥနောက်မှာမှမိနေခဲ့တာရယ်...:-)

မိုးထဲ လေထဲ ခရီးသွားမြဲပါလားဗျ

ဟုတ်ကဲ့ ကိုကြီးထွေး...ခုတော့လည်း မိုးရာသီရောက်လာပီလေ...

ဖတ်​လို့​ကောင်းလိုက်​တာ အစ်​ကို​ရေ .. ပုံ​လေး​တွေလည်းမိုက်​တယ်​ဗျို့ ..

ကျေးကျေး ကိုမြန်မာလေး..အတွေးသိပ်မထွက်ပေမယ့်..မျက်စိထဲကထွက်မပြေးနိုင်တဲ့ ပုံရိပ်လေးတွေဆိုတော့..ခုတော့ ကျနော့ကိုကျေးဇူးပြုနေကြပီလို့....:-)

သာယာလ်ုက်တာ ရေတံခွန်တေရော နော်

တို့က..သာယာတဲ့နေရာကိုရောက်နေတယ်ဆိုတော့ကား..အိမ်ကပါလာတဲ့..ပစည်းတွေ ကားပေါ်ကချလိုက်ဟေ့......:-)
...နေဝင်းလေသံနဲ့..:-)

ဟား ဘဝတူတွေပါလား ဈေးဦးဖောက်ပီ

ဟီး...ဟုတ်ပရေ ကိုမင်းရေ...:-)

ငါး​စောင့်​​နေတာပါအကိုရယ်​ အကျင့်​မှား​တွေကျင့်​​နေတာမဟုတ်​ရပါဘူး😂

သိဘုးလေ..သူတို့ဟာက အဲ့လိုရပ်နေမှတော့...:-)

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 22.24% upvote!
I was summoned by @sheinthu. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

ကိုယ်တိုင်ရိုက်ထားတဲ့ပုံတွေတင်တာတောင် cheetah ကလာသေးနော်။

ဟုတ်ပ..ကယ်ပဲပြောချင်ဘူးလို့...:-)

သွားလည်ချင်လိုက်တာ

ဟုတ်ပ့ကွယ်...:-)

Congratulations @sheinthu! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last announcement from @steemitboard!

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 62062.59
ETH 3002.04
USDT 1.00
SBD 3.77