Myanmar Steemit Community one year anniversary 2017-2018

in #myanmar6 years ago

မင်္ဂလာပါ။ Myanmar Steemit Community ၏ တနှစ်ပြည့် နှစ်ပါတ်လည် တွေ့ဆုံပွဲအား ပုဂံ ဧရာဝတီ မြစ်ကမ်းဘေးရှိ ဝါးကျောင်း ဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပခဲ့သည်မှာ MSC Members များအားလုံးသိရှိပြီး ဖြစ်ပါသည်။ အလှူအတန်းများနှင့် အတူ MSC စကားဝိုင်း အပြင် ပုဂံဘုရားစုံ ဖူးခြင်း အစီအစဉ်များ ပါဝင်ခဲ့ပါသည်။ ဤတွေ့ဆုံပွဲ တွင် အဖက်ဖက်မှ လိုအပ်ချက်များ အခက်အခဲများ ရှိခဲ့ကြသော်လည်း members တို့၏ နားလည်မှုနှင့် အတူ ပျော်ရွှင်ဖွယ် ရာတွေ့ဆုံပွဲ တနည်းအား ဖြင့် နှစ်ပါတ်လည် တွေ့ဆုံပွဲ တခု ဖြစ်ခဲ့ပါသည်။

ဤ MSC နှစ်ပါတ်လည် တွေ့ဆုံ ပွဲ ဖြစ်မြောက် စေရန် အတွက် အဖက်ဖက်မှ ကူညီခဲ့ကြသော ၊ အစီအစဉ် ဆွဲခဲ့ကြသော MSC admin များ အား လည်းကောင်း ၊ အလုပ်မအား အချိန် မပေးနိုင်သည့် ကြားမှ တက်ရောက်လာခဲ့ကြသော MSC members များအားလုံးနှင့် အတူ ဤ တွေ့ဆုံပွဲတွင် ငွေအား ၊ လုပ်အား များအပြင် MSC ရေရှည် တည်တံ့ရေး အတွက် မိမိ တို့ ခံစားချက် အမြင်များအား ဖလှယ်ခဲ့ကြသော MSC Members များအားလုံးအား ကျွန်တော် Henry Aung မှ အထူးကျေးဇူးတင်ပါသည်။

လာမည် ၂၀၁၈- ၂၀၁၉ MSC ဒုတိယမြောက် နှစ်ပါတ်လည် အား တောင်ကြီး မြို့တွင် ယခုနှစ်ကဲ့သို့ပင် ပျော်ပျော်ရွှင်ရွှင် ကျင်းပသွားပါမည့် အကြောင်းလည်း သတင်းစကားပါးလိုပါသည်။ ၂၀၁၇-၂၀၁၈ MSC နှစ်ပါတ်လည် တွေ့ဆုံပွဲ ဓါတ်ပုံအချို့အား ဖေါ်ပြပေးလိုက်ပါသည်။

received_1277376312398056.jpeg
ဆွမ်း ပဒေသာပင်

received_539568506476020.jpeg
group photo

received_1063015170513845.jpeg
group photo

received_448402398992094.jpeg
Admin and Sub-group leader Team

P80803-175626.jpg
group photo

received_240299923282278.jpeg
Thank you, @donkeypong (Tom)

received_1649200048539225.jpeg
အာရုံဆွမ်း လောင်းလှူ

received_2076071126054075.jpeg
Discussion

received_585620665166065.jpeg
Happy togrther

received_882828125244651.jpeg
Happy together

MSC members များအားလုံး ရွှင်လန်းချမ့်မြေ့ကြပါစေ။

Henry Aung

MSC Leader

Sort:  

Congratulations and keep up the great work!

စွမ်းနိုင်သလောက် အပင်ပန်းခံလုပ်ပေးသွားသည့် @thatkozaw
ကိုသက် ကို လေးစား ချီးကျူးမိပါသည်။
အဘယ်သို့ ရှိစေကာမူ စိတ်မပျက် လက်မလျှော့ဘဲ Steem အိပ်မက်ကို ဆက်လက်မွေးဖွားရှင်သန်စေချင်သည့် @kachinhenry ကိုဟင်နရီအောင် အားလည်း လေးစား ယုံကြည်မိပါသည်။
မျှော်မှန်းထားခဲ့သလောက် အဖွဲ့ဝင် အချင်းချင်း ပိုမို ရင်းနှီးမှု၊
နွေးထွေးမှု၊ ယုံကြည်မှု မရခဲ့သည်ကိုတော့ မိမိအပါအဝင် အဖွဲ့သား
များစွာကိုတော့ အနည်းငယ်မျှ အားပျက်မိပါသည်။
မည်သို့ပင် ဆိုစေ ဖြစ်စေကာမူ ...
ရှေ့သို့ လှမ်းချီ MSC
Steem အိပ်မက် ဆက်မက်ကာဖြင့်
နောင်နှစ်ကိုလည်း ကြိုဆို မျှော်လင့်နေပါမည်။

MSC ၏ ယခုတနှစ်ပြည့် နှစ်ပါတ်လည်တွေ့ဆုံပွဲမှသည် နောင်နှစ်များတွင်လည်း နှစ်နှစ် သုံးနှစ်မှသည် ငါးနှစ်ဆယ်နှစ် တွေ့ဆုံပွဲများဆီသို့ အောင်မြင်စွာ ဆက်လက် ချီတက်ကြမည်ဖြစ်ပါစေကြာင်း ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်။

အရမ်း​ပျော်​ခဲ့ရသလို စီစဉ်​​ပေးကြသူအားလုံးကိုလည်း ​ကျေးဇူးအထူးတင်​ပါတယ်
နောင်​နှစ်​​တောင်​ကြီးကျင်းပမည်​ပွဲကြလည်း
လာနိုင်​​အောင်​ကြိုးစားပါ့မည်​။

Really happy and unforgettable moment. Wana meet again at next year gathering.
Thank alot everyone!
And love you guys.

အားလုံးလည်း အရမ်းပျော်ရွှင်ခဲ့ကျမှာပါ msc ရည်ရှည်တည်တံ့ပါစေ

သာဓု သာဓု သာဓု ခေါ်ပါသည်။

နောင်နှစ်မှာလည်း ယခုလို ဆုံတွေ့ပြီး တသက်စာ အမှတ်တရတွေ
ထပ်ပြီးရချင်ပါသေးတယ်ဗျ။
အရမ်းကို ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ MSC gathering
ပါပဲဗျာ 😍😍😍

ပျော်ရွှင်ကြည်နူးခဲ့ရပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64029.44
ETH 3157.04
USDT 1.00
SBD 4.02