ကျေနပ်အောင်နေလိုက်တာပါ

in #myanmar6 years ago

တခါတရံပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်ဟာ
ကိုယ့်အရိပ်ကိုတောင် ရန်သူထင်အောင်
ခြောက်ခြားမှုတွေရှိခဲ့ဖူးပါတယ် ။

အေးချမ်းမှုတွေလိုက်ရှာရင်း ပူလောင်မူတွေပိုပြီး
ရင်ဆိုင်ကြုံတွေ့ လာခဲ့တယ် ။

ချစ်ခြင်းမေတ္တာတရားတွေပေးရင်း
ကိုယ့်ဟာအလိုလိုနေရင်း တန်ဖိုးထားမခံရတာတွေကို
နာကျင်စွာခံစားခဲ့ရပါတယ် ။

ပျော်ရွှင်တဲ့ ဘဝကိုလိုချင်လို့  လိုက်လျောမှုတွေ
ထားမိပြန်တော့ အလိုလိုနေရင်
ကိုယ်ဟာပိုပြီး အထီးကျန်ဆန်ဆန်ဖြစ်သွားခဲ့ရတယ် ။

လောကမှာ ခဏတာ ဧည့်သည်အဖြင့်လာချိန်လေး
တူညီတဲ့မေတ္တာတရားကို လူတိုင်းတောင့်တမိကြမှာပါ ။

အတ္တနည်းစွာ ရှင်သန်နေတယ်
ဒါပေမဲ့ ဒဲ့လာတိုးတဲ့ ပြဿနာတွေကို ရှောင်လွဲဖို့ အထိ
ဘယ်သူ လုပ်နိုင်ပါ့မလည်း ။

ကိုယ်ကလည်း ပုထုဇဉ်လူသားပဲလေ
အမှန်တရားအတွက်တော့ ရင်ဆိုင်ချင်ပါတယ် ။

ကောင်းတာကို အားပေးဖို့ ခက်ခဲတဲ့ လောကကြီးရဲ့
သဘာဝတရားဟာ
တခါတရံ နလန်မထူနိုင်အောင်ရိုက်လဲတတ်တာလည်း
ကြုံဖူးခဲ့ပါပြီ ။

ဒါကြောင့်လည်း နေတတ်ရင်ကျေနပ်စရာလို့ ဟစ်ကြွေးနေတဲ့
လူတွေဟာတကယ်လည်း နေတတ်ကြရဲ့လား
မေးလိုက်ခြင်မိပါတယ် ။

နေတတ်လို့  ကျေနပ်ရတာမဟုတ်ပဲ ကျေနပ်အောင်
နေထိုင်လို့  ကျေနပ်နေရသူတွေ အများကြီးပါ ။

နယူတန်ရဲ့ နိယာမအတိုင်း အရာရာဟာတိုင်း
ထပ်တူမကျနိုင်ပေမဲ့ ကိုယ့်မေတ္တာ စေတနာကို
နားလည်တန်ဖိုး ထားတတ်တဲ့ သူတွေ ကိုတော့
တောင့်တမိတာအမှန်ပါ ။

အကောင်းဆုံးကတော့
ကိုယ်နဲ့ အယူဆမတူသူတွေနဲ့  ဝေးရာရှောင်တတ်ခြင်းဟာ
ကိုယ့်စိတ်အတွက် အသက်သာဆုံး ငြိမ်းချမ်းမှုအဖြင့်
ခံယူပြီး နေထိုင်လိုက်ပါတယ် ။
Wong_lifeisbeautiful_webready_2048x2048.jpeg
@steemitarrman

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 62062.59
ETH 3002.04
USDT 1.00
SBD 3.77