အကြွေး ဟူသည်

in #myanmar6 years ago

ဘဝရဲ့ အကောင်းအဆိုးဆိုတာ တစ်ခါတလေ ကံကြမ္မာကြောင့် မဟုတ်ဘဲ ကိုယ့်ကိုကိုယ် ဖန်တီးယူတက်တာမျိုးလည်း ရှိတယ်။ ပြဿ နာတစ်ခုနဲ့ နှိုင်းယှဉ်ပြောရမယ်ဆိုရင် လူတစ်ယောက် အကြွေးတွေ ပတ်ချာဝိုင်းနေလို့ ကိုယ့်ကိုကိုယ် သတ်သေသွားတယ်။ ဒါဟာ ကံကြမ္မာကြောင့်လား ကိုယ့်ရဲ့ ဆင်ခြင်တုံတရားလား။ ပြောကျလိမ့်မယ် ကိုယ့်ကိုကိုယ်သတ်သေရမဲ့ကံကြောင့်လို့။ တကယ်တော့ အဲ့လိုသတ်သေအောင် အဓိက တွန်းပို့ပေးတဲ့ ပြဿ နာက အကြွေးဆိုတဲ့ နွံ့ပါဘဲ။ ဒီအကြွေးကို ကံကြမ္မာက မယူတာတော့သေချာပါတယ်။ လူက ယူတဲ့ ဒီကြွေးကြောင့် ဒီလူ သေရတယ်။ ဒါဆိုရင် ဒီဖြစ်စဉ်မှာ ကံကြမ္မာကြောင့် မဟုတ်ဘဲ လူကြောင့် သူ့ရဲ့ ကံဖြစ်လာတယ်ဆိုတာ ရှင်းလင်း မြင်သာနိုင်ပါတယ်။

တစ်ခါတစ်ရံလူတို့သည် မိမိအပြုအမူကြောင့် ဒုက္ခဆင်းရဲရောက်ရသည်ကို သတိမမူကျဘဲ ကံမကောင်းလို့ ကံနည်းလို့ ဖြစ်ရသည်ဟု ကံကိုသာလျှင် ယိုးမယ်ဖွဲ့တက်ကျလေသည်။ မိမိသည် ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သောကြောင့် ကံသည် အလုပ်ဟု ယုံပါသည်။ အလုပ်ကောင်းကောင်းမလုပ်ဘဲ ကံမကောင်းနိုင်ပါ။ မြန်မာလူမျိုးအများစုသည် အလုပ်မလုပ်ဘဲ ကံမကောင်းဟု ဆိုတက်ကျသည်။ စာရေးသူမိမိသည် အခြေခံဝန်ထမ်းတစ်ဦး ဖြစ်ပါသည်။ မိမိရသော လစာသည် ၂သိန်း ဝန်းကျင်သာရှိသည်။ မိသားစုအတွက် စားဝတ်နေရေး ကလေးကျောင်းစရိတ်ကို ထိုငွေဖြင့် လောက်ငအောင် မဖြေရှင်းနိုင်ပါ။ ထိုအခါ စာရေးသူသည် ဝန်ထမ်းအလုပ်နှင့် တွဲဖက်လုပ်ကိုင်နိုင်သော တခြားအလုပ်တစ်ခုကို စဉ်းစားရပေပြီ။

image
credit image source

ထိုအလုပ်မှာ ပိုက်ဆံလည်း မျိုးမျိးမြတ်မြတ်ရသော စက်ချုပ်ခြင်းဟူသော အလုပ်ဖြစ်ပါသည်။ တစ်နှစ်ခန့် အချိန်ယူပညာသင်၍ စက်ချုပ်လာသည်မှာ ယနေ့အချိန်အထိ ဖြစ်ပါသည်။ အပိုဝင်ငွေ များစွာရသည့်အပြင် မိမိအဝတ်အစားအား မိမိကိုယ်တိုင် ချုပ်လုပ်သည့်အတွက် ချုပ်ခသက်သာကာ ငွေပိုထွက်လာလေသည်။ ထိုငွေပိုအား စုဆောင်းပါသည်။ စာရေးသူသည် စာအိပ်လေးများနှင့် ခွဲကာ တပတ်ဈေးဖိုး ကျောင်းစရိတ် အဝတ်အထည်ဖိုး အိမ်သုံးပစ္စည်းဖိုး ကျန်းမာရေးအတွက် စုငွေ အပိုစုငွေ စသည်ဖြင့် ခေါင်းစဉ်အလိုက် ပိုက်ဆံများကို စနစ်တကျခွဲထားတက်ပါသည်။ မဝင်လာသေးသော ငွေအတွက် ဘယ်တော့မှ အပိုမသုံးပါ။ ဆိုလိုသည်မှာ ဒီလအတွက် လစာမရသေးဘဲ အကြွေးမယူပါ။

ထို့အပြင် စာအိပ်လေးတစ်အိပ်ကိုလည်း သည်းသန့်ခွဲထားတက်ပါသည်။ ထိုစာအိတ်လေးမှာ နိဗ္ဗာန်လမ်းအတွက် အလှူ ငွေဟု ရေးထိုးထားပြီး ငွေစုပါသည်။ ထိုအိပ်ထဲက ငွေသည် လှူ ဒါန်းစရာ ကိစ္စများအတွက် အသုံးချရန် ဖြစ်ပါသည်။ ထိုစာအိပ်တွင် ပိုက်ဆံ အသစ်ကလေးများရလာပါက စုဆောင်းထားတက်ပါသည်။ စက်ချုပ်လုပ်ငန်းအပြင် ရုံးလုပ်ငန်းတစ်ဖက်ဖြင့် လုပ်နိုင်သော ဖုန်းဘေရောင်းချခြင်း ယုံကြည်ထိုက်သူများကို အတိုးချေးခြင်း စသည့် အလုပ်များကိုလည်း လုပ်ကိုင်ပါသည်။ ထိုအခါ စာရေးသူ၏ ဝင်ငွေလည်ပတ်မှုသည် အရှိန်အဟုန်မကောင်းသော်လည်း ခက်ခဲသည်ဟူ၍ မရှိတော့ဘဲ လူတန်းစေ့နေနိုင်စားနိုင်သော အခြေအနေဖြစ်ပါသည်။ ငွေကြေး၏ အခက်အခဲကို စာရေးသူသည် ထိုကဲ့သို့ ကျော်လွှားပြီး ငွေကြေးကို စီမံခန့်ခွဲပါသည်။

image
credit image source

ငွေကြေးစီမံခန့်ခွဲတက်ခြင်းသည် အတက်ပညာတစ်ခုအဖြစ် လေ့လာသင့်သည်ဟု မြင်ပါသည်။ ငွေကြေးကို သေချာမကိုင်တွယ်တက်လျှင် စာရေးသူ ဖြစ်လာနိုင်သည့် ဘဝကို လေ့လာပြပါမည်။ လစာနှင့် မလောက်ငခြင်းကြောင့် ပိုက်ဆံကို အတိုးဖြင့်ချေးယူမည်။ ယခုလ လစာသည် ယခင်လအတွက် အတိုးသတ်၍ ပိုငွေကိုစားဝတ်နေရေးဖြေရှင်းမည်။ ဒီကြားထဲ ကလေးနေမကောင်းလျှင် ဆေးခန်းသွားရမည်။ ပိုက်ဆံမရှိလျှင် ထပ်ချေးရမည်။ထိုသို့ အတိုးပေါ်အတိုးများဆင့်ကာ အကြွေးပင်လယ်ဝေပြီး နောက်ဆုံးတွင် ကိုယ့်ကိုကိုယ် သတ်သေဖို့သာရှိပါတော့သည်။ ထို့ကြောင့် အကြွေးဟူသောနွံ့တွင် မနစ်ကျစေချင်ပါ။ ကြွေးဟူသည် တင်လာလျှင်လည်း ဆပ်တက်ဖို့လိုပါသည်။ မည်သည့် အကြွေးရှင်မျှ ဖဲ့ဆပ်တာကို လက်မခံတာမရှိပါ။ နည်းနည်းခြင်းနှင့် ကတိတည်တည်ပေးဆပ်ပါက ကြွေးကင်းသော ဘဝကို ပိုင်ဆိုင်နိုင်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် ကံသည် လူတို့၏ ဘဝကို အရာရာတိုင်း မဖန်တီးပါ။ တစ်ချို့သောကိစ္စများသည် လူတို့၏ ဆင်ခြင်တုံတရားနည်းခြင်းကြောင့် ဖြစ်ကျရပါသည်။ ကံကောင်းခြင်း ကံဆိုးခြင်းသည် မိမိ၏ လုပ်ရပ်နှင့်လည်း များစွာသက်ဆိုင်ပါသည်။ မိမိ အကြွေးမယူလျှင် အကြွေးမတင်ပါ။ ယူလို့သာတင်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကံကောင်းစေသော အကျိုးတရား ကံဆိုးစေသော အကြောင်းတရားများကို မိမိဥာဏ်နှင့် ဝေဖန်ပိုင်းခြား ပယ်သတ်နိုင်ကျပါစေကြောင်းနှင့် ကြွေးကင်းသော ဘဝကို ပိုင်ဆိုင်နိုင်ကျပါစေကြောင်း ဥာဏ်နှင့်ယှဉ်၍ ရေးသားအပ်ပါသည်။

@suhlaing
msc 175

Sort:  

မက်မက်စုအာ့ဆိုမြန်မာတွေပြောနေတဲ့စကားတစ်ခုရှိတယ် ကြွေးကင်းတာခွေးပဲရှိတာဆိုတာဘာလဲဗျာ နားမလည်ဘူးသိပ်ပြီးတော့ မောင်လေးတို့လဲကြွေးကင်းအောင်လုပ်လို့ရတာပဲလေနော့်။

ကောင်းတယ် မတ်မတ်စုရေ

ကျေးဇူးပါ ကလင်းရေ

အ​ကြွေးက​တော့ ရှိရင်​မလွယ် ​အမ​ရေ

အကြွေးဆိုတာ သံသရာလည်တက်တဲ့သဘောရှိတယ် အောင်ကြီးရေ

သိပ်တော်တဲ့ သမီးလေးပါ
မာမီ တို့ရောက်လာတော့ သမီးလေးမှာလူနဲ့မလိုက်ဘူး အလုပ်တွေက 'အောင်မြင်နေတဲ့ သမီးပါ''ပိုပြီးကြိုးစားနိုင်ပါစေနော်သမီး'

ချီးကျူးတဲ့အတွက် ကျေးဇူးပါ မာမီ ရိုးသားစွာနဲ့ ကြိုးစားရှာဖွေရင်း ဘဝကို အေးချမ်းစွာဖြန်သန်းသွားပါ့မယ်

The more we do, the more we can do, the more busy we are,the more leisure we have.

ရောဘတ်ကီယိုဆာကီကတော့ အကြွေးကောင်းနဲ့ အကြွေးဆိုးနှစ်မျိုးပြထားတယ်၊ အကြွေးဆိုးဆိုရင် တစ်ကျပ်တောင်မချေးသင့်ဘူးတဲ့ဗျာ။

မြန်မာတွေ ပြောလေ့ပြောထရှိတယ် ဆရာ ကြွေးတင်ရင်ရှင်ဘုရင်ဆပ်မယ်ဆိုတဲ့စကား

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကောင်းလိုက်တဲ့ ငွေကြေးစီမံခန့်ခွဲမူလေး

အဲ့လိုမလုပ်ရင် ရောသွားပြီး မလိုတာတွေ အသုံးများလို့ ညီမရေ

နည်းနည်းအမြင်ကတ်လာပြီနော် ဟိဟိ

ကောင်စလိုက်တာဗျာ

ကျေးဇူးပါ

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.032
BTC 64579.45
ETH 3101.05
USDT 1.00
SBD 3.83