အဖွဲ့အစည်းအတွင်း စည်းလုံးညီညွှတ်စွာနေထိုင်ခြင်း

in #myanmar5 years ago

နောက်လိုက်ကောင်းတွေမှာ ထားရှိအပ်တဲ့ အရည်အချင်းတစ်ချို့ကိုလည်း ဆက်လက်ဖော်ပြလိုပါတယ်။ နောက်လိုက်ကောင်းတစ်ယောက်ရဲ့ အလိုအပ်ဆုံး အရည်အချင်းကတော့ ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်တက်ဖို့နဲ့ တာဝန်အရမဟုတ်ဘဲ ကိုယ့်ရဲ့ အလုပ်အပေါ်မှာ စေတနာထားတက်ဖို့ပါဘဲ။ နောက်တစ်ချက်ကတော့ ဆင်ခြေတက်ခြင်းကနေ ရှောင်ရှားဖို့ပါ။ ကိုယ်မလုပ်နိုင်ရင် အကျိုးသင့် အကြောင်းသင့် ရှင်းပြပြောပြပြီး တစ်ခြားထမ်းဆောင်နိုင်တဲ့ တာဝန်ကို လုပ်ဆောင်ဖို့ တောင်းဆိုအပ်ပါတယ်။ နောက်တစ်ချက်ကတော့ တစ်ခုခိုင်းမှ တစ်ခုထလုပ်တက်တဲ့ အကျင့်ရှိရင် ဖျောက်ရပါမယ်။ ကိုယ့်ကို တိုက်ရိုက်မခိုင်းသော်လည်း ခေါင်းဆောင် အနေနဲ့ မနိုင်ဝန်ဖြစ်တဲ့ ကိစ္စမျိုးဆိုရင် ဝင်ရောက်ကူညီသင့်ပါတယ်။ နောက်တစ်ချက်က အလုပ်လုပ်ရပြီဆိုရင် မငြီးငြူပါနဲ့။ ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ စေတနာ အပြည့်နဲ့ လုပ်ပါ။

ဒုတိယအချက်ဖြစ်တဲ့ ခေါင်းဆောင်တာဝန်ယူနေရတဲ့သူတွေ ထားရှိအပ်တဲ့ စိတ်ထားအကြောင်းကို ဆက်လက်ဆွေးနွေးချင်ပါတယ်။ ကိုယ်က အထက်လူကြီး ဖြစ်လို့ ငါခိုင်းတာလုပ် ဘာမှ ပြန်မပြောနဲ့ ဆိုတဲ့ တစ်သွေးတစ်သံ တစ်မိန့်နဲ့ ငယ်သားတွေကို ဘယ်တော့မှ မအုပ်ချုပ်သင့်ပါဘူး။ ပြီးတော့ ငယ်သားတွေရဲ့ အခြေအနေကို လိုက်ပြီး သင့်လျှော်ရာတာဝန်တွေကို ချမှတ်ပေးတက်ပါတယ်။ မိမိလက် မိမိခြေမှ စိတ်တိုင်းကျတက်တဲ့ အထက်လူကြီးများအဖို့ အငယ်တွေကို ခိုင်းစေရာမှာ ပြောဆို သင်ပြပြီးမှ ခိုင်းစေသင့်ပါတယ်။ ဒါလေးတောင် မတက်ဘူးလားဆိုတဲ့စကားနဲ့ ခိုင်းမရပါဘူး သုံးစားမရဘူးဆိုတဲ့ စကားမျိုးပြောထွက်တဲ့ လူကြီးလောက် အသုံးမကျတာ မရှိဘူးလို့ မြင်မိပါတယ်။ လူတွေဟာ တစ်ဦးချင်းဆီ အရည် အချင်းရှိကျပါတယ်။ ခိုင်းမရတာမဟုတ်ပါ။ အထက်လူကြီးရဲ့ ခိုင်းမတက်ခြင်းသာဖြစ်ပါတယ်။

image
source

ခေါင်းဆောင်နဲ့ငယ်သားတွေမှာ ထားရှိအပ်တဲ့ စိတ်ဓာတ်နဲ့ တာဝန်ထဲက အချက်အနည်းငယ်ကို ဆွေးနွေးပြီးတဲ့ နောက်မှာ အဖွဲ့အစည်းအတွင်းစည်းလုံးစွာနေထိုင်ခြင်းဆိုတဲ့ ခေါင်းစဉ်လေးကို ဆက်ပါ့မယ်။ အဖွဲ့အစည်းတစ်ခုအတွက် စုပေါင်းလိုက်ပြီဆိုထဲက တစ်မိတည်းပေါက်တွေကနေ ဆင်းသက်လာကျတာ မဟုတ်ဘူးဆိုတာ နားလည်ထားဖို့လိုပါတယ်။ တစ်မိတည်းပေါက်တွေတောင် သဘောထား မတိုက်ဆိုင်ကျရင် မိတစ်ထောင်ပွားတွေ အတွက် သဘောထားကွဲလွဲတာ မဆန်းပါဘူး။ သဘောထား မတူညီတဲ့အတွက် ကိုယ်သန်ရာ သန်ရာတွေးပြီး ပြောကျမှာပါဘဲ။ ဒီ အပြောတွေကြောင့် အဖွဲ့အစည်းအတွင်း စိတ်ဝမ်းကွဲလာကျမယ်ဆိုရင်တော့ ဒီ အဖွဲ့အစည်းဟာ မကြာမီ ပြိုကွဲတော့မည့် အလားအလာဖြစ်ပါတယ်။ ဒီတော့ သဘောထားမတိုက်ဆိုင်တာ မတိုက်ဆိုင်ဘဲ နေလို့ရပါတယ်။ ဒါပေမဲ့ စိတ်ဝမ်းမကွဲကျပါနဲ့။ တစ်ခရီးတည်းသွားနေကျသူတွေအချင်းချင်း ယုံကြည်ချက် ဦးတည်ချက်တူညီကျပါတယ်။ ယုံကြည်ချက်တူသူတွေ ပေါင်းစည်းထားတာ ဖြစ်လို့ ဒီအဖွဲ့တိုးတက်ရေး ကောင်းစားရေးကို ထည့်သွင်းစဉ်းစားပြီး ဘယ်လိုအောင်မြင်အောင် လုပ်ဆောင်ကျမယ်ဆိုတာ ဆွေးနွးသင့်လှပါတယ်။ ဒီလိုဆွေးနွေးတဲ့ အခါမှာ သဘောထားကွဲလွဲနိုင်ကောင်း ကွဲလွဲနိုင်ပါတယ်။ ဒါကို စိတ်မခု စိတ်မမြတ်ကျစေဘဲ ပုစ္ဆာတစ်ပုဒ်ကို ဝိုင်းဝန်းအဖြေထုတ်တဲ့ အဆင့်မှာသာ ထားရှိစေပြီး စိတ်ဝမ်းမကွဲကျပါနဲ့လို့ အကြံပြု ရေးသားအပ်ပါတယ်။

image
source

@suhlaing
msc 175

Sort:  

အဓိကက​တော့အလုပ်​အ​ပေါ်​စေတနာထားပြီး၊အဖွဲ့အစည်းတိုးတက်​​ရေးအတွက်​ဦးစား​ပေးသင့်​ပါတယ်​....

Posted using Partiko Android

အမှန်ပါဘဲ ညီမရေ

မစည်းလုံးမညီညွတ်နားလည်မှု မရှိကြပါက သင်းဖွဲ့ ပျက်စီးတတ်ပါသည်

Posted using Partiko Android

မှန်ပါတယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဟုတ်

တန်‌ဘိုးရှိ‌သောpost‌ကောင်းတစ်‌ခုပါ ဗျာ။‌လေးစားပါတယ်‌မမစု။ကျွန်‌‌တော်‌တို့လို ဝန်‌ထမ်း‌တွေမှာ ပို‌တွေ့ မြင်‌ဖူးပါတယ်‌။

မှန်ပါတယ် ကိုမဟော် အဖွဲ့အစည်းဆိုပေမဲ့ မိသားစုလို သဘောထားပြီး နားလည်ပေးကျရင် နေပျော်တဲ့အဖွဲ့အစည်း ဖြစ်လာမှာပါ

ရေသာခိုတာ အကျင့်ပါနေပြီလေ

သူ့ကြည့် ငါ့ကြည့်နဲ့ အဲ့မှာ သွားတာဘဲ

ကောင်းပါတယ်ခင်ဗျာ။ခေါင်းဆောင် နှင့်နောက်လိုက်များအတွက် ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးလေးတွေ ပြောပြသွားတာ မှတ်သားစရာကောင်းပါတယ်အစ်မ။

ကျေးဇူးပါရှင့်

ရေးပြထားတာ တစ်​ကယ်​​ကောင်းတယ်​ မမစု

Posted using Partiko Android

ဟုတ်ကဲ့ ကျေးဇူးပါရှင့်

စေတနာတေ မြင်ရပါတယ် မယ်စုရေ😘

Posted using Partiko Android

ကိုယ်တွေက စေတနာထားပါတယ်အေ

စည်းလုံးခြင်းသည် အသ်းအားပါမစု

Posted using Partiko Android

ဒါပေါ့ ကိုအေးရေ

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.040
BTC 70446.49
ETH 3571.68
USDT 1.00
SBD 4.73