အဆင်ပြေပါတယ် အမေ (၁၂)

in #myanmar6 years ago

DJတီးလုံးများနှင့် ရောင်စုံမီးလုံးများအောက်တွင် လှပစွာကခုန်နေကျသော လိပ်ပြာမလေးများမှာ အရောင်အသွေးစုံလှသည်။ DJ ကကွက်နားတော့ ညိမ့်ညောင်းလှစွာသော စန္တရားသံနှင့်အတူ မလွန်း၏ အေးချမ်းသော အသံလေးက ထွက်ပေါ်လာသည်။ ကခုန်ရတာ မောလွန်းလှသဖြင့် တဖန် စားပွဲဝိုင်းများတွင် ပြန်ထိုင်ကာ ဝိုင်များ ဝီစရီများကို ဇိမ်ခံသောက်သုံးရင်း မလွန်း၏ တေးသံတွင် နှစ်မျောနေကျပြန်သည်။ ညသည် နက်သည်ထက်နက်လာပြီး မနက် ၁နာရီကျော်လောက်မှပင် ကလပ်မှ ပြန်သူများလည်း ရှိသည်။ တစ်ညလုံး ကလိုက် ခုန်လိုက် သောက်လိုက် စားလိုက်နှင့် ထိုနေရာသည် အရွယ်စုံ စိတ်အပန်းဖြေရာ ဖြစ်လာခဲ့သည်။

မိန်းကလေးများပင်လျှင် သောက်စားမူးရစ်ကာ အိမ်ပြန်ကျသည်ကို မလွန်းတွေ့မြင်လာရသည်။ ငွေကို ရေလို သုံးဖြုန်းနိုင်သောထိုသူများကိုလည်း မလွန်း အားကျမိပါသည်။ မလွန်းမှာတော့ ရသမျှလေး ခြစ်ကုတ်စုကာ မိသားစုထံထောက်ပံ့ရသူဖြစ်သည်။ ဘဝများသည် မိုးနှင့်မြေလိုကွာခြားလှပေစွဟု မလွန်းတွေးနေမိသည်။ မိမိအရွယ် မိန်းမငယ်များပင် ကလပ်သို့လာကာ ပိုက်ဆံအထပ်လိုက်သုံးဖြုန်းနိုင်ကျသည်။ မိဘများမှာ မည်မျှ ချမ်းသာကျပါသနည်း။ မလွန်းသည်ပင် ဒီကလပ်ရောက်မှ ဝတ်နိုင်စားနိုင်လာသည်။ တစ်ခါတစ်ရံ ဧည့်သည်များက ပန်းကုံးဆုချတက်ရာ ဆိုင်မှ ရာခိုင်နှုန်းဖြင့် ပြန်လည်ခွဲဝေပေးမှုကြောင့် ဘောက်စူးရသည်။ လစာတွင်လည်း အပိုကြေးဆိုကာ ထည့်ပေးတက်သေးသည်။

image
credit image source

ငွေပိုငွေလျှံကလေး ရလာတော့ မလွန်း သုံးနိုင်လာသည်ပေါ့။ ခပ်ဆင်းဆင်းလေးနှင့် အိစက်နေသော ဆံပင်ရှည်ရှည်လေးကို ခေတ်နောက်ကျသည်ဟု မြင်ကာ ဆံပင်အရောင်တင်ကာ ကောက်ပစ်လိုက်သည်။ မလွန်းမျက်နှာနှင့် လိုက်ဖက်သည် ဆွဲဆောင်မှုရှိသည်ဟု ပြောကျသည်။ မနော်ထူးပင် ဆံပင်ပုံကြောင့် ပြောင်းလဲသွားသော မလွန်းကို ငေးကြည့်ယူရသည်။ ပြီးတော့ ခြေသည်းလက်သည်း ရှည်ရှည်လေးတွေ ထားကာ အဝတ်အစားအရောင်နှင့် လိုက်ဖက်အောင်ဆိုးသည်။

ပြင်ဆင်လိုက်သောအခါ ရုပ်အတန်ထွက်လာသော မလွန်းကို မန်နေဂျာမှလည်း မျက်နှာသာပေးလာသည်။ တနေ့က မလွန်းကိုခေါ်ကာ ဘောက်စူးအဖြစ် ဖုန်းဝယ်ပေးသည်။ စကပ်အတို အကျပ်လေးနှင့် အပေါ်အကျီင်္ ခပ်ဖားဖားကို ခါးတွင်ချည်နှောင်ကာ ဆံပင်ခွေခွေလေးနှင့် မလွန်းသည် အဆိုတော်များကြားတွင် ပေါ်လွင်လှပေသည်။ ဖြူဖွေးသော အသားအရည်နှင့်လိုက်ဖက်စွာ ပြင်ဆင်ထားသော မလွန်းသည် ရောင်စုံစလိုက်များကြားတွင် လှချင်တိုင်းလှနေပါတော့သည်။

image
[credit image source]

@suhlaing
msc 175

Sort:  

ဒန့့် ဒန်​ ဒန်

ဒွန် ဒွန့် ဒွန်

အဆင်ပြေပါစေ

ပေးတဲ့ဆု ပြည့်ပါစေ

လူ့ဘဝကုသိုလ်ယှဉ်လို့မရပါ

လူချင်းတူပေမဲ့ ကုသိုလ်အကျိုးပေးခြင်းကွာတာပေါ့ အန်တီ

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဘယ်လို ဖြစ်မှာပါလိမ့် ကွယ်

ဆက်ရန် ဖတ်ပေးပါ မမမြန်မာရေ

မိန်းကလေးတွေက အလှမက်ကြ
ယောက်ျားလေးတွေကလဲ အလှမက်ကြ
အလှကြောင့် ဘဝတွေ မပျက်စေချင်

မိန်းကလေးတွေ ဆင်းရဲတွင်းနက်ရင် ပျက်စီးသလို ယောက်ျားလေးတွေ ချမ်းသာရင် ပျက်စီးသတဲ့ ဦးထွေးရေ

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

မလွန်းဘဝသာယာစ ပြုလာပြီးသောအခါ ......
ဟင်းးးးဆက်ဖတ်မယ်နော် သမီး

အာပေးနေတဲ့အတွက် ကျေးဇူးပါ မာမီ

ရှေ့​လျှောက်​ အဆင်​​ပြေပါ​စေ မလွန်း​ရေ

အနိမ့်အမြင့်လေးပေါ့ အောင်ကြီးရယ်

ဆက်ရန် လား မတ်မတ်စု တန်းလန်းရီး😁

ဆက်ရန်ပြီး ဆက်ရန် ဆက်ရန်ပေါ့ မတ်မတ်ကြည်ရယ်

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 71539.00
ETH 3603.23
USDT 1.00
SBD 4.75