အဆင်ပြေပါတယ် အမေ (၄)

in #myanmar6 years ago (edited)

https://steemit.com/myanmar/@suhlaing/asangeyappaty-aem-03f358db374a7

https://steemit.com/myanmar/@suhlaing/asangeyappaty-aem-2-a9490b46ab631

https://steemit.com/myanmar/@suhlaing/asangeyappaty-aem-8ef4cd60ca2f

ရွာပြန်ရောက်တာနဲ့ မလွန်းက သူသိသမျှကို မိဘများအားပြောပြတိုင်ပင်ပါတယ်။ အဖေကတော့ မလွန်းကို စိတ်ချယုံကြည်မှုနဲ့ ကိုယ်တိုင်ဆုံးဖြတ်ခိုင်းပါတယ်။ အမေကတော့ မိန်းမသားမို့ စိတ်ပူခြင်း စိတ်မချခြင်းတွေနဲ့ မသွားစေချင်ကြောင်း ငြင်းပါတယ်။ မလွန်းလည်း စိတ်ချစေလိုကြောင်းနဲ့ ဒီတိုင်းနေလျှင် သစ်ပိုးသမဘဝ ကျွတ်မည်မဟုတ်ကြောင်း မိသားစုတစ်စုလုံးကောင်းစားရေးအတွက် မိမိသွားလိုကြောင်းနှင့် အဆင်ပြေပါက မောင်နှမများအားလည်း လှမ်းခေါ်မည်ဖြစ်ကြောင်း ဖျောင်းဖျပြောဆိုပါတယ်။ နောက်ဆုံးတော့ မလွန်းရဲ့ စိတ်အားထက်သန်မှုကြောင့် မိဘများမှာ ခွင့်ပြုခဲ့ရပါတယ်။

image
credit image source

မလွန်း အပါအဝင် အမွန်းရယ် တခြားမြို့နယ်များမှ မိန်းမငယ် ၁၅ယောက် ပါဝင်တဲ့ အဖွဲ့လေးဟာ ဒေါ်ခေါန် ဦးဆောင်တဲ့ နောက်ကို လိုက်ခဲ့ကျပါတယ်။ မြန်မာပြည် လွယ်ဂျယ်မြို့လေးကနေ တဆင့် ခိုးလမ်း မလွယ်ပေါက်မှနေ၍ တရုတ်ပြည် ရင်ကျန်းထဲကို ဝင်ရောက်ခဲ့ကျပါတယ်။ အဲ့ကနေ တဆင့် မိမိတို့ အလုပ်လုပ်ရမည့် ဆိုင်များဆီသို့ ခွဲပို့ပေးပါတယ်။ မလွန်းနဲ့ အမွန်းက ဆိုင်မတူပါဘူး။ ဆိုင်ဆိုသော်လည်း တချို့က ကလပ်များမှာ လုပ်ကျရသလို တချို့က အနှိပ်ခန်းတွေမှာ လုပ်ကျရပါတယ်။ မလွန်းရတဲ့ အလုပ်က အနှိပ်ခန်းဖြစ်ပါတယ်။ လစာကို တရုတ်ငွေနဲ့ ရရှိပြီးတော့ မြန်မာငွေနဲ့ လဲရင် ၁သိန်းကျော်ခန့် ရရှိပါတယ်။ စရိတ်ငြိမ်းမို့ လစာအသတင်စုလို့ ရသည်ပေါ့။

image
credit image source

လုပ်ငန်းကလည်း ပင်ပင်ပန်းပန်းတော့ မလုပ်ရပါ။ သစ်ပိုးအလုပ်ထက်စာလျှင် လွန်စွာသက်သာသည်ဟု မလွန်းထင်ပါသည်။ အလုပ်စဝင်တော့ တရုတ်အမျိုးသမီးတစ်ဦးက မလွန်းတို့ကို အနှိပ်ပညာသင်ပေးပါတယ်။ ဧည့်သည်တွေကို အနှိပ်ပညာနဲ့ ဧည့်ခံရပါတယ်။ sectionအလိုက်ခွဲပြီး တာဝန်ယူရပါတယ်။ နေ့ဘက်တွေတော့ မလွန်းတို့ အားနေတာများပါတယ်။ မြို့ထဲထွက်လည် လိုတဲ့ အဝတ်အစားဝယ်ပေါ့။ ညဘက်ဆိုလျှင်တော့ ညနက်တဲ့အထိ အလုပ်လုပ်ကျရပါတယ်။ မလွန်းတို့ အနှိပ်ခန်းမှာ မလွန်းအပါအဝင် မိန်းကလေး ၈ယောက်ရှိပါတယ်။ ၄ယောက်တစ်ခန်းဆီ ခွဲနေရပါတယ်။ မလွန်းနဲ့ တစ်ခန်းထဲ အဖော်တွေကတော့ ကရင် ဗမာ ကပြားမလေး မနော်ထူး။ အောက်ပိုင်းကနေ တက်လာတဲ့ မဖြိုးစံပယ်နဲ့ မမိုးထက်မြင့်အောင်။ မလွန်းတို့ နယ်ထဲက ရှမ်းမလေး မကျင်ခမ်းတို့ ဖြစ်ပါတယ်။

ဆက်ရန်...
@suhlaing
msc 175

Sort:  

မလွန်းရယ် ကိုယ်တော့ရင်ကျိုးပါပြီကွယ်။မင်းလုပ်ရက်တယ် ကိုယ့်မှာတော့စောင့်နေတာမင်းပြန်အလာကို သစ်ခြောက်ပင်ကြီးရဲ့အောက်မှာပေါ့။မင်းကတော့အနှိပ်ခန်းထဲရောက်နေပါပေါ့လားမလွန်းရယ်။အင်းပေါ့လေမင်းက အဲယားကွန်းနဲ့ ကိုယ်ကတော့ ကျွဲနွားတွန်းရင်းနဲ့ပေါ့ကွယ်။

လွမ်းမနေနဲ့ လိုက်ခဲ့ပါကွီးဇာ ၃၈သိန်းရတယ်ဆိုလည်း ဆိုးပါဘူးနော်

မတွေးနေနက် ဈေးကောင်းရတုန်း
လိုက်သွားလက်တော့ ခိုဇာရေ...
အောက်ပြည်အောက်ရွာမှာ ၃၄သိန်းပဲပေါက်တာ..မတ်မတ်စုက ၄သိန်းတောင်ပိုပေးထားတာ...အချင်းချင်းမို့..

အား​ပေး​နေပါတယ်​ မစု​ရေ .. ဇာတ်​က ခုချိန်​မှာ ​ကောင်းမှာလား ဆိုးမှာလား မသိ​ပေမယ့်​​မလွန်းအတွက်​ရင်​​လေးတယ်​ဗျို့ ..

ဘဝတွေက ဒီလိုပါဘဲကွယ်

အင်း စာဖတ်ပြီး ဇာတ်ကြောတတ်ချင်လာသလိုပဲ မတ်မတ်စုရေ ဟီးးးးးစတာဘာ စတာဘာ

ဦးဇင်းတွေဆို ပညာလှူ တယ်တဲ့ ဘုရား စတာပါ စတာပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကိုယ်နိုင်ငံမှာ အလုပ်အကိုင်အခွင့်လမ်းက နည်းနေတော့ သူများနိုင်ကိုသွားအလုပ်လုပ်ရတာပေါ့။ သူများနိုင်ငံမှာဆိုတော့ အနည်းနဲ့အများ အတရာယ်ရှိနိုင်တာပေါ့ အလုပ်လုပ်သူတေအတွက်။ခိုးဝင်ထားတဲ့သူတေဆိုရင်သာဆိုးသေးတယ်ပေါ့ဗျာ။

ဟုတ်တယ် o တွေက ဘယ်နိုင်ငံဖြစ်ဖြစ် အန္တာရယ်ရှိတယ်

အယ်တော် တရုတ်ပြည်ရောက်သွားပီ
နောက်၁ခန်း မဖတ်ခင် မှာဘေးကင်းပါစေ ဆုတောင်နေတယ်

၅နာရီလောက် ကားစီးရင် တရုတ်ပြည်ရောက်တာဘဲ

မလွန်းလိုဘဝမျိုး​တွေ မြန်​မာပြည်​မှာဘယ်​နှစ်​​ယောက်​ရှိလဲမသိနိုင်​ဘူး​နော်​။

နိုင်ငံခြားသွားတိုင်းလည်း အဆင်ပြေတာ မဟုတ်ဘူး မအိရေ

တရုပ်​ပြည်​ထဲ​တောင်​​ရောက်​သွားပီ

လာလည်ပါအုံးတဲ့ ဟွောင်ကြီး

Aww မတ်​မတ်​စု ရ်​ယ

အော် ဦးအင်ဥရယ်

ငွေကြေးအတွက်ဘဝတွေတော့ ခက်ရချည်းရဲ့ ဗျာ

ငွေအတွက် ပေးဆပ်လိုက်ရတဲ့ ဘဝတွေ တစ်ပုံကြီး ဦးထွေးရေ

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.033
BTC 64647.16
ETH 3160.49
USDT 1.00
SBD 4.13