ကြုံရတဲ့ တစ်ညတာ ( ၁ )

in #myanmar5 years ago

တိမ်မျှင်မဲမဲများသည် လေတိုက်ခတ်နေမှုကြောင့် ဆန်းစလရောင်ကို ပျောက်လိုက်ပျောက်လိုက်ဖြစ်စေသည်။ အလင်းရောင်မှုန်ဝါးဝါးအောက်တွင် သစ်ပင်များသည် ယိမ်းနွဲ့နေကျသည်။ လေသည် မကြမ်းတမ်းသည့်တိုင် တစ်ချက်တစ်ချက် သစ်ပင်များကို တုံ့ကနဲ သိမ့်ကနဲ တုန်သွားစေသည်။ မိုးသားမိုးလိပ်များကလည်း ကောင်းကင်ထက်တွင် ပြေးလွှားလျှက်ရှိသည်။ မကြာမီတော့ လရောင်ကို တိမ်ဖုံးတော့မည့်သဏ္ဍာန် ခန့်မှန်းရသည်။ သည်လို ရာသီဥတုသည် ဆိုးဝါးလွန်းလှသည်ဟု မဆိုသာသော်လည်း ညနက်သန်းခေါင် ခရီးဆက်နေသူအတွက်တော့ စိတ်ချောက်ချားစရာအတန်ငယ် ကောင်းလှပေသည်။

image
source

ကိုနောင်နောင်သည် 125ဆိုင်ကယ်လေးကို အရှိန်ထပ်မြှင့်လိုက်ရင်း ရှေ့မီးကို တောက်ကာ ကစားလိုက်သည်။ ပတ်ဝန်းကျင်ကို တချက်ကြည့်လိုက်ရင်း ဘယ်နေရာရောက်နေပြီလည်း ခန့်မှန်းကြည့်နေမိသည်။ အိမ်တွင် မိန်းမဖြစ်သူနှင့် စိတ်ဆိုး စကားများကာ ခြေဦးတည့်ရာ ထွက်လာခဲ့ခြင်းဖြစ်သည်။ မိမိနေထိုင်ရာ ညောင်ဦးမှ ထွက်ခွါလာသည်မှာ နံနက်အစော ၄နာရီ အချိန်ခန့်က ဖြစ်လေသည်။ မြင်းခြံမြို့သို့ကျော်လာတာတော့ စိတ်ထဲမှတ်မိနေသည်။ ထို့နောက် လမ်းတွင်တွေ့သော ထန်းရည်ဆိုင်တွင် တခွက် တဖလားမူးအောင်သောက်ပြီးနောက် ခရီးဆက်လာသည်မှာ အချိန်အားဖြင့် ညဉ့်နက်ပိုင်းပင် ရောက်လာခဲ့ချေပြီ။ နောက်ထပ် အရက်ဆိုင် တွေ့လိုတွေ့ညား ရှာဖွေရင်း ဆက်၍ မောင်းလာခဲ့လေသည်။ မကြာမီ မီးရောင်မှိန်မှိန်ထွန်းညှိထားသော တဲစုစုလေးကို ကိုနောင်နောင် တွေ့လိုက်ရသဖြင့် ဝမ်းသာသွားတော့သည်။ တဲတစ်တဲရှေ့တွင် ကြွက်ကြော်နှင့် ထန်းရည် ရပြီဟု ရေးသားထားသဖြင့် ထိုဆိုင်ရှေ့တွင်ပင် ဆိုင်ကယ်ကို ထိုးရပ်ရင်း ဝါးတန်းပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်ကာ ဆိုင်ရှင်ကို အော်ခေါ်လိုက်လေသည်။

'' ဗျို့ ဆိုင်ရှင် ဘာရလည်းဗျ ''

ဆိုင်နောက်ဘက်မှ ကိုနောင်နောင်ဝင်လာခါစက ထင်းခွဲနေသံကြားရသော်လည်း ထို အသံသည် တိတ်ဆိတ်သွားကာ ထူးသံမကြားရပေ။ ထို့ကြောင့် ကိုနောင်နောင်သည် အသံမြှင့်၍ ထပ်ခေါ်လိုက်လေသည်။

'' ဗျို့ ခရီးသွားပါဗျ ဘာရသေးလည်း ဗိုက်ဆာနေလို့ပါ ရှိတာ ချပေးပါ''

ထို အခါ အသက်ခပ်လတ်လတ်အမျိုးသမီးသည် မီးခွက်ကို ကိုင်ကာ ဆိုင်ထဲမှ ထွက်လာလေသည်။ ထိုအမျိုးသမီး၏ မျက်နှာသည် အတန်ငယ် ဖြူဖွေးနေသည်ဟု ကိုနောင်နောင် ထင်မိလေသည်။ သို့သော် ဗိုက်ဆာသည့်ဒဏ်ကြောင့် ကြာကြာ ဂရုမစိုက်နိုင်အားဘဲ

'' အမကြီး အရက်ရသေးလား အမြည်းလည်းရှိရင် ချပါဗျာ မြန်မြန်လေး ကျုပ် ဗိုက်ဆာနေလို့ပါ''

image
source

@suhlaing
msc 175

Sort:  

@suhlaing, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ထန်းရည်ဆိုင်နဲ့တော့ တစ်ညတာ စတွေ့ပြီပေါ့။ထန်းရည်တော့ ကြိုက်တယ်လေ။

Posted using Partiko Android

ကြွက်ကြော်လေးလည်း ကြိုက်တယ် ပြောပါ

လာပြီး မစုတို့က စာဖတ်သူကို ဆက်ဖတ်စေချင်အောင်
ရေးနိုင်စွမ်းချက်

မကြာသေးမီက တကယ့် ဖြစ်ရပ်မှန်လေးကို အခြေခံထားပါတယ် ဘထွေးရေ

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70601.11
ETH 3576.21
USDT 1.00
SBD 4.78