ခိုလှုံရာ ရိပ်မြုံ ( ဇာတ်သိမ်း )

in #myanmar6 years ago

'' အမေ တကယ်သွားဖို့ ဆုံးဖြတ်လိုက်တာလား''

'' အမေ့ ဘဝ နောက်ဆုံးရက်တွေကို အေးချမ်းချင်လို့ပါ သားရယ်
အမေ မသေခင် တရားအားထုတ်ချင်တယ်''

'' အမေ ဆုံးဖြတ်တယ်ဆိုလည်း သား မတားတော့ပါဘူး အမေ ဒါပေမဲ့ အမေ ဟိုမှာ အဆင်ရင် သားတို့ဆီ ပြန်လာခဲ့ပါ''

'' ကောင်းပါပြီ သားရယ်''

ထိုညက သားလည်း အိပ်ပျော်ဟန်မရှိ။ သက်ပြင်းချသံကို ဒေါ်ကြည်အေး ကြားနေရလေသည်။ မနက်စောစောထကာ ဒေါ်ကြည်အေးသည် ကိုယ်လက်သန့်စင်ကာ မိမိတွင်ရှိသော အကောင်းဆုံး ရောဂီထဘီနှင့် အကျီင်္အဖြူ ရင်ဖုံးလက်ရှည်လေးကို ဝတ်ဆင်ထားလိုက်သည်။ မလိမ်းတာကြာပြီဖြစ်သော မျက်နှာပြင်ထက်ကို ရှင်မတောင် သနပ်ခါးရည်ကျဲလေး လိမ်းကျံလိုက်သည်။ ထို့နောက် ဖွာလန်ကျဲနေသော ဆံပင်ဖြူဖြူများကို အုန်းဆီထည့်ကာ သပ်သပ်ရပ်ရပ်ဖီးသင်ပြီး ဝါးဘီးလေးနှင့် တပတ်လျှိုကာ ထုံးလိုက်သည်။ မြွေရေခွံ့အိမ်ဟု ခေါ်သော ပလက်စတစ်လက်ဆွဲအိပ်လေးထဲသို့ မိမိ မသုံးအဆောင်လေးများကို ထည့်လိုက်သည်။ ပြီးတော့ သားတို့မိသားစု ဓာတ်ပုံလေးနှင့် ကွယ်လွန်သွားပြီဖြစ်သော ခင်ပွန်း၏ ဓာတ်ပုံကိုထည့်သည်။ ပြင်ဆင်ပြီးသောအချိန်တွင် ပရဟိတကားလေးသည် လမ်းထိပ်တွင် ထိုးဆိုက်လာလေသည်။ ပရဟိတအသင်း တူညီ ဝတ်စုံများကို ဝတ်ထားသော လူငယ်လေးတစ်သိုက်သည် လမ်းသွယ်လေးအတိုင်း ရွံ့အိုင်များကို ရှောင်ကာ ဝင်လာကျလေသည်။ ထို့နောက် အိမ်ရှေ့တွင်ပင်ရပ်ကာ စကားပြောကျလေသည်။

image
source

'' အကိုတို့ အမတို့ အဘွားကို ရိပ်သာကို ခေါ်သွားဖို့ ခွင့်ပြုပါသလား''

သားဖြစ်သူက ပါးစပ်သာ ဟလာပြီး စကားတစ်လုံးမှ ထွက်မလာပေ။ ချွေးမဖြစ်သူမှသာ မိမိတို့သည် စီးပွားရေး အဆင်မပြေကြောင်း ကလေးများနှင့် လုပ်ကိုင်စားသောက်နေရကြောင်း အမေသည် ကျန်းမာရေးလည်း ချူ ခြာလာသောကြာင့် မိမိတို့သည် ဆေးဖိုးဝါးခမတက်နိုင်ကြောင်း ပြောကြားပြီး လက်ခံပါသည်ဟု ပြောလေသည်။ သား ဖြစ်သူမှာ အင်းမလှုပ် အဲမလှုပ်နှင့် နောက်ဆုံးမှ ခေါင်းတစ်ချက်သာ ညိမ့်လေသည်။ သို့နှင့် ဒေါ်ကြည်အေး၏ အထုတ်ကလေးကို သားဖြစ်သူက ကိုင်ကာတင်ပေးရင် မျက်ရည်များဝဲနေလေသည်။

'' အမေ အဆင်မပြေရင် ပြန်လာခဲ့နော်''

'' အေးပါ သားရယ် အမေ့သားလေး ကျန်းမာရေး ဂရုစိုက်နော် မြေးလေးတွေကိုလည်း ဂရုစိုက်ပါ ကဲ အမေ သွားပြီ သား''

သားဖြစ်သည် မျက်ရည်များစီးကျလာကာ ဒေါ်ကြည်အေးကို တွေတွေကြီး စိုက်ကြည့်နေလေသည်။ မြေးမအကြီးမှလည်း အိမ်ထဲမှ ပြေးထွက်လာကာ

'' ဘွားဘွားကြီး မသွားရဘူး သမီးတို့နဲ့ဘဲ နေရမယ် ''ဟုဆိုကာ ဒေါ်ကြည်အေးကို ဖက်ကာ ငိုလေသည်။ ဒေါ်ကြည်အေးသည် မြေးလေးကို ဖြောင်းဖျပြီး ကားပေါ်သို့တက်လိုက်လေသည်။ ထို့နောက် ဒေါ်ကြည်အေးကို ခေါ်ဆောင်သွားသော ကားလေးသည် သံယောဇဉ်များတည်ရှိရာ အိမ်လေးနှင့် ဝေး၍ ဝေး၍ သွားပြီးလျှင် ခိုလှုံရာ သစ်ဆီသို့....

image
source

ထိုနေရာလေးသည် အေးချမ်း၏ တိတ်ဆိတ်၏ ထိုနေရာလေးသည် သန့်ရှင်း၏ သပ်ရပ်၏ ထိုနေရာလေးသည် တရားဓမ္မသံများဖြင့် သင်းထုံ၏ ထိုနေရာလေးသည် စားစရာ မပူရ။ ဝတ်စရာ မပူရ။ ကျန်းမာရေးမကောင်းလျှင် ဆေးဝါးမပူရ။ လောကအပူ သောကအပူ ဒေါသအပူ အပူအားလုံး ငြိမ်းစေ၏ ထိုနေရာလေးသည် ငြူ စူသူ အလျဉ်းမရှိ။ ထိုနေရာလေးသည် အေးချမ်းခြင်း အစစ်အမှန်ဖြစ်လေသည်။ ထိုနေရာလေးတွင် တရားဘာဝနာပွားများရင်း အိမ်ပြန်မည့် သူများများပြားလှပေသည်။ သို့သော် ဆူညံ့ခြင်း တိတ်ဆိတ်ခြင်း ပူပန်ခြင်းကင်းလျှက် စောင့်ဆိုင်းနေကျသည်။ ထိုနေရာလေးတွင် ဆောင်ပုဒ်တစ်ချို့လည်း ကပ်ထားသည်။

'' သင်လည်း တစ်နေ့ အိုရမယ်''

''သင်လည်း တစ်နေ့ နာရမည်''

'' သင်လည်း တစ်နေ့ သေရမည်''

ခိုလှုံရာ ရိပ်မြုံ ဘိုးဘွားစောင့်ရှောက်ရေး ဂေဟာ

ပြီးပါပြီ။

အားလုံးကို ကျေးဇူးတင်လျှက်

@suhlaing
msc 175

Sort:  

@suhlaing, thank you for supporting @steemitboard as a witness.

Here is a small present to show our gratitude
Click on the badge to view your Board of Honor.

Once again, thanks for your support!

Do not miss the last post from @steemitboard:

Presentamos el Ranking de SteemitBoard
Introducing SteemitBoard Ranking

ဖတ်​လို့​ကောင်းတယ်​​နော်​ ဝထ္ထုလေးက

Posted using Partiko Android

ချီးကျူးတဲ့အတွက် ကျေးဇူးပါရှင်

Congratulations @suhlaing! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of comments received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Presentamos el Ranking de SteemitBoard
Introducing SteemitBoard Ranking

Support SteemitBoard's project! Vote for its witness and get one more award!

ကျွန်​​တော်​လဲ အဲ့လို့​ရေးတပ်​ချင်​တယ်
ဒါ​ပေမဲ့ မ​ရေးတပ်

ဖြစ်လာမှာပါ ဦးယုရေ ဖိုက်တင်း ကျမလည်း ကြိုးစားဆဲပါ

Posted using Partiko Android

မိသားစုနဲ့​ဝေးရ​ပေမဲ့ကျန်​ရှိ​နေတဲ့သက်​တမ်းမှာ​အေးချမ်းပြီးအပူအပင်​ကင်းသွားတာ​ကောင်းပါတယ်​...​ဆောင်​ပုဒ်​ကိုလည်းသ​ဘောကျမိတယ်​...အမြဲသတိရ​နေရမှာ....

Posted using Partiko Android

သူ့ဘဝရဲ့ ရလာတဲ့ အခွင့်အရေးလေးကို အသုံးချပြီး အေးချမ်းရာလမ်းကို ပြတ်ပြတ်သားသားရွေးလိုက်နိုင်တာကိုက တစ်ဘဝလုံးစာအတွက် ကံကောင်းခြင်းပါ သတိရပေးလို့ ကျေးဇူးပါ ညီမရေ

Posted using Partiko Android

အသေမဦးခင် ဥာဏ်ဦးအောင် ကြိုးစားကြရမည်နော်မစု။

Posted using Partiko Android

အမှန်ပါဘဲ ကိုအေးရေ

Posted using Partiko Android

ခိုလုံရာရိပ်မြုံကောင်းလေး တွေ့သွားရှာပြိပေါ့

Posted using Partiko Android

အစစ်အမှန်ပါဘဲ

ရင်ထဲစို့လိုက်တာ။
မိဘနှစ်ပါးက သားသမီးဆယ်ယောက်ကိုလုပ်ကျွေးနိုင်တယ်။
သားသမီးဆယ်ယောက်ကတော့...

မိဘတွေ အသက်ကြီးမှ စွန့်ပစ်ချင်ကျတာ

Posted using Partiko Android

အရမ်းကောင်းတဲ့ စာလေးပါ ကိုစိုးရေ

Posted using Partiko Android

အသက်‌ကြီး မိဘ‌တွေရဲ့ခံစားချက်‌ကို မသိရင်‌ ကိုယ့်‌အလှည့်‌ကျ ‌နောင်‌တရပါလိမ့်‌မယ်‌။

အလှည့်ကျတော့ မနွဲ့စတမ်းပေါ့ ကိုမဟော်

Posted using Partiko Android

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64678.67
ETH 3086.68
USDT 1.00
SBD 3.87