စိတ္တဇ ဒဏ်ရာ...( ဇာတ်သိမ်း )

in #myanmar5 years ago (edited)

ကျမ၏ အသံကုန်အော်ဟစ်သံကြောင့် အန်တီလေးတို့ လင်မယားသည် ကျမ အခန်းသို့ ပြေးလာကျပါသည်။

'' သီရိ သီရိ တံခါးဖွင့် အန်တီလေးတို့ပါ ဒုန်း ဒုန်း ဒုန်း''

ကျမလည်း အတော်ပင်အားရှိသွားကာ အခန်းတံခါးလော့ကို ပြေးဖွင့်ကာ အန်တီလေးကို ဖက်ထားလိုက်လေသည်။ ကျမ၏ တစ်ကိုယ်လုံးလည်း ချွေးများဖြင့်စိုရွှဲကာ တုန်ရီနေသည်။ အန်တီလေးသည် ကျမကို ဧည့်ခန်းသို့တွဲခေါ်ကာ ရေတစ်ခွက်ခပ်တိုက်လေငည်။ ထို့နောက်

'' သီရိ အိမ်မက်ဆိုး မက်ပြန်ပြီလား''

'' အိမ်မက်ဆိုး မဟုတ်ဘူး အန်တီလေး ဒါ တကယ်ဖြစ်တာ ဒီ မိန်းမ ဒီမိန်းမ''

IMG_20181205_102013.png
source

ကျမသည် ထွက်လုလု စကားများကို ပြန်ထိန်းလိုက်ရင်း စိတ်ကို အတက်နိုင်ဆုံးထိန်းလိုက်လေသည်။ ထို့နောက် အားရပါးရငိုချလိုက်ပါတော့သည်။

ရှု့ခင်းသာ ကန်တွင် ကားတစ်စီးနစ်မြှပ်နေ၍ ဆယ်ယူခြင်း သတင်း ဂျာနယ်များတွင် ပါလာသော အချိန်သည် ကျမ စိတ္တဇဆေးရုံတွင် ဆေးကုသမှုခံယူနေသော အချိန်ဖြစ်လေသည်။ ကျမသည် ဂျာနယ်ကို အပြန်ပြန်အလှန်လှန် ဖတ်ရှု့သော်လည်း အမျိုးသမီးအလောင်းပါသည်ဟုကာ ရေးမထားချေ။ ကားပိုင်ရှင်ကို စုံစမ်းနေဆဲဖြစ်သည်ဟုသာ ပါလေသည်။ ထို အမျိုးသမီး မသေတာများလားဟု တွေးမိတော့ ဒေါသထွက်ရပြန်သည်။ သေအောင်သတ်တာတောင် မသေလျှင် နောက်တစ်ကြိမ် ထပ်သတ်ရပါမည်။ ပြီးတော့ ကျမကို ဒီဆေးရုံရောက်အောင် ကောက်ကျစ်ခဲ့သော အန်တီလေးကိုလည်း ပညာပေးရအုံးမည်။ ကျမ စိတ္တဇဆေးရုံတက်ရခြင်း၏ အဓိက တရားခံမှာ အန်တီလေးပင် ဖြစ်လေသည်။ ကျမသည် အိပ်ပျက်ညတွေ များလာသောအခါ နေ့ခင်းဘက်တွင်ဖြစ်စေကာမှု ကယောင်ကတန်းထအော်ခြင်းနှင့် လူမရှိသော်လည်း တစ်ယောက်တည်းစကားပြောခြင်းများ ပြုလုပ်လာလေသည်။ ထို အချက်များကြောင့် စိတ္တဇ ဆရာဝန်နှင့် ပြသကာ ဆေးရုံတင်လိုက်ခြင်းပင်ဖြစ်လေသည်။ ကျမသည် မခံမရပ်နိုင်ဖြစ်ကာ ဒေါသထွက်လေလေ အမှားများလေလေဖြစ်သည်။ မြင်မြင်သမျှ အရာအားလုံးသည် ကျမ အတွက်တော့ ဒေါသထွက်စရာများပင်ဖြစ်လေသည်။

IMG_20181205_102419.png
source

ကျမသည် အဖြူ ဝတ် သူနာပြုများကိုလည်း မုန်းသည်။ စိတ်ငြိမ်ဆေးထိုးပေးခြင်းကိုလည်း မုန်းသည်။ ထောင်နံရံကဲ့သို့ ကာရံထားသော ဤဆေးရုံကိုလည်း မုန်းသည်။ အန်တီလေးနှင့် ထိုအမျိုးသမီးကိုလည်း မုန်းသည်။ ဝင့်ဝါ စစ်မင်းနှင့် ယွန်းကိုလည်း မုန်းသည်။ ထို သူများကို လူ့လောကမှ အပြီးတိုင် ဆွဲထုတ်ပစ်ဖို့လိုပေသည်။ သို့မှသာ ကျမသည် အေးချမ်းစွာရပ်တည်နိုင်ပေမည်။ ထို့ကြောင့် သည်နေရာမှ အမြန်ဆုံး လွတ်မြောက်နိုင်ရန် ကြိုးပမ်းရပေမည်။

'' စိတ္တဇဆေးရုံမှ စိတ်ဝေဒနာရှင် အမျိုးသမီးတစ်ဦး ထွက်ပြေးလွတ်မြောက်သွားခြင်း''

ပြီးပါပြီ။

@suhlaing
msc 175

Posted using Partiko Android

Sort:  

ဒါဆိုသူမုန်း​နေတဲ့သူ​တွေကို​ဆေးရုံက​နေထွက်​​ပြေးပြီးလိုက်​သတ်​ဦးမယ်​သ​ဘော​ပေါ့​နော့...ကိုယ့်​ဘာသာဆက်​​တွေးကြည့်​တာ😁😁အစမှအဆုံးဆန်းပြားတဲ့ဇာတ်​လမ်းမို့အရမ်းကြိုက်​ပါတယ်​လို့....

Posted using Partiko Android

စာဖတ်သူအတွက် ကြိုက်သလိုတွေးလို့ရအောင် ဇာတ်သိမ်းထားပါတယ် ကိုယ် တွေးသလို အမှန်ပါဘဲ ညီမရေ

စိတ္တဇဆေးရုံမှ ထွက်ပြေးလွတ်မြောက်သွားခြင်းနှင့်အတူ စိတ္တဇဒဏ်ရာ ဇာတ်လမ်းလေးပြီးသွားတာပေါ့နော်။ခေါင်းစဉ်နဲ့ အရေးအသားများ လိုက်ဖတ်ကောင်းမွန်လှပါတယ်ခင်ဗျာ။

ဟုတ်ကဲ့ စိတ္တဇ ဝေဒနာရှင်တစ်ယောက်အဖို့ မကုန်ဆုံးနိုင်သော ညတွေပါဘဲ အားပေးတဲ့အတွက် ကျေးဇူးပါ

ဝထ္ထု​တောင်​ပြီးသွားပြီ ဘဲ

ဟုတ်ကဲ့ ဇာတ်သိမ်းပါပြီရှင့်

Posted using Partiko Android

ဝတ္ထုကောင်းတစ်ပုဒ် ရေးလို့ ပြီးသွားပြီပေါ့။

အကောင်းကြီးတော့ ဟုတ်ဘူးပေါ့ ကိုမဟော်ရယ်

ကားထဲ တစ်​​ယောက်​ ဘာဖြစ်​သွားလဲ ဘယ်​လဲ 😄

Posted using Partiko Android

ကြိုက်သလို တွေးနိုင်ပါသည် 😊😊😊

ကားထဲ တစ်​​ယောက်​ ဘာဖြစ်​သွားလဲ ဘယ်​လဲ 😄

Posted using Partiko Android

ဆက်ဦး စုရေ😁😁ဖတ်ချင်သေးတယ်

Posted using Partiko Android

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.034
BTC 64418.55
ETH 3157.64
USDT 1.00
SBD 4.06