ငဖဲမြို့သွား ခရီးလမ်း မှတ်တမ်း ( ၁ )

in #myanmar5 years ago

ဗန်းမော်မြို့မှ အထွက်...

မနှစ်ကသွားခဲ့တဲ့ ဇလုံတောင် ခရီးစဉ်ပြီးကတည်းက ခရီးမထွက်ဖြစ်တော့တာ ဒီလအထိပါဘဲ။ မနေ့က သားဖြစ်သူရဲ့ ဖခင်ဘက်က အမျိုးတွေက အမျိုးတွေ စုပြီး စုပေါင်းရှင်ပြူနားသ အလှူအတွက် ပါဝင်ပေးဖို့ ဖုန်းဆက်လာတာနဲ့ ထည့်မယ်လို့ ဆုံးဖြတ်ပြီးသကာလ ခရီးသွားဖို့ ပြင်ဆင်ရပါပြီ။ ဝန်ထမ်းတို့မည်သည် ကိုယ်သွးချင်ရာကို လွတ်လပ်စွာ သွားနိုင်တဲ့ အခွင့်အရေးမရှိသဖြင့် ခွင့်တင်ရ လုပ်လက်စအလုပ်များကို ဖြတ်တောက်ရနှင့် သွားမည့်ရက်မတိုင်ခင် အသင့်ပြင်ဆင်ထားရပါသည်။ ထို့နောက် ကားလက်မှတ်ဖြတ်ချင်းနှင့် မန္တလေးမှ မကွေး ငဖဲ ခရီးစဉ် အဆင်ပြေချောမွေ့စေရန် ကားထွက်ချိန်များနှင့် မည်သည့်ကားစီးရမည်ကို ကြိုတင်စုံစမ်းရန် တစ်ခန်းကျော်တွင် နေထိုင်သွားသော တီချယ်ကြီးထံ ဖုန်းဆက်မေးမြန်းရပါသည်။ တီချယ်ခိုင်၏ လမ်းညွှန်စုံစမ်းပေးမှုကြောင့် ခရီးစဉ်တစ်ခုလုံး အဆင်ပြေချောမွေ့စေရန် plan ချနိုင်ခဲ့သဖြင့် တီချယ်ကြီးအား အထူးကျေးဇူးတင်မိပါသည်။

image

image

image

source

ထို့နှင့် ခရီးထွက်ရမည့် ရက်ကို ရောက်လို့ လာပါသည်။ မွန်းလွဲ ၃:၃၀တွင် ဗန်းမော်မှ မန္တလေးသို့ ထွက်ခွါမည့် တက်နေလင်း အထူးကားဖြင့် သွားရန် ကားဂိတ်သို့ ထွက်ခွာလာပါသည်။ ပစ္စည်းများ များများစားစားမထည့်ဘဲ ကျောပိုးအိတ်တစ်လုံးနှင့် လက်ဆောင်ပစ္စည်းထည့်ထားသော အိတ်တစ်လုံးသာ ပါပါသည်။ ယာဉ်ထွက်ချိန် ၃နာရီခွဲဟုဆိုသော်လည်း ၁၅မိနစ်ခန့် နောက်ကျမှ ထွက်ပါသည်။ သည်တစ်ခုက လွဲလျှင် ဝန်ဆောင်မှု ကောင်းသည်ဟု ဆိုရပေမည်။ ဆိုဖာဆိုင်ခုံများကို ခြေထောက်တင်နိုင်ရန် ခေါက်ခုံများပါရှိသဖြင့် လမ်းခရီးတစ်လျှောက်တွင် သက်တောင့်သက်သာရှိလှပါသည်။ ရေသန့်ဗူး စလိုးတာဝါနှင့် ချိုချဉ်များ ပေးသည့်အပြင် ထမင်းစားကတ်များ အခမဲ့ပေးဝေပါသည်။ သည့်ထက် ဝန်ဆောင်မှုကောင်းသည်မှာ မန္တလေးရောက်သောအခါ ဘူတာကြီးနှင့် ကျွဲဆည်ကန်သွားမည့် ခရီးသည်များကို သွားလိုသည့် နေရာအထိ လိုက်ထရိတ်ကားငယ်လေးဖြင့် အခမဲ့ ပို့ဆောင်ပေးပါသည်။

ဆက်ရန်...

@suhlaing
msc 175

Sort:  

@suhlaing, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

သူများ​တွေ​တော့ သွားနိုင်​ကြတယ်

ခရီးသွားတော့ ရေးဖို့စာထွက်လာတာပေါ့ ကသက်ရေ

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 62432.37
ETH 3003.22
USDT 1.00
SBD 3.78