ငဖဲမြို့သွား ခရီးလမ်း မှတ်တမ်း ( ၂)

in #myanmar5 years ago

ကျမတို့ သားအမိ နှစ်ယောက်လည်း မကွေးသို့ ခရီးဆက်ရမည်ဖြစ်သဖြင့် မကွေးကားဂိတ်တွင်ဆင်းကျပါသည်။ မန္တလေး မကွေးကားများသည် expressကားများလည်း ရှိသလို အန်စာတုံးကားအသေးလေးများလည်းရှိပါသည်။ ထိုကားလေးများသည် ၂နာရီ ၃နာရီခြားတစ်စီးထွက်တက်ပြီး မန္တလေး မကွေးခရီးစဉ်ကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပါသည်။ မြေလတ်မြို့တော် ဖြစ်သည့် မကွေးမြို့ရောက်သည်နှင့် မြသလွန်စေတီတော်ကြီးကို စိတ်မှန်းဖြင့်ဖူးမြှော်ကာ ငဖဲမြို့သို့ ခရီးဆက်ရန် ကားဂိတ်ပြောင်း၍ စီးရပါသည်။ ငဖဲမြို့နှင့် မကွေးမြို့သည် (၃၆)မိုင်ခန့်သာကွာဝေးသဖြင့် ၂နာရီနီးပါးခန့် စီးပြီးလျှင် ငဖဲမြို့သို့ ရောက်ရှိလာပါသည်။

ငဖဲမြို့သည် ပုဂံခေတ်ထဲက မြို့တည်ထားပြီးဖြစ်သော်လည်း ရာဇဝင်ထဲတွင် ကျန်ရစ်ခဲ့သည် မြို့ဟု ဆိုချင်ပါသည်။ အောင်ကျော်လီ ငဖဲတည်ဟု ဆိုခဲ့သည့်အတိုင်း သက္ကရာဇ် ၄၂၁တွင် စတင်တည်ထောင်ခဲ့သည်ဟု မှတ်သားရပါသည်။ ဘိုးတော်ဘုရားလက်ထပ်တွင် ပန်းတိမ်းမြို့စား ဖိုးရွှေယောက်နှင့် မဖဲ မောင်နှမနှစ်ယောက်ရှိခဲ့ရာ နှမဖြစ်သူ မဖဲမှ ငဖဲရွာကို စတင်တည်ထောင်ခဲ့လေသည်။ မဖဲရွာမှ အဆင့်ဆင့်ပြောင်းလဲလာကာ ငဖဲမြို့ တွင်လာသည်ဟု ရာဇဝင်အရ သိရှိရပါသည်။

image

image

source

ခြံဝန်းကျယ်ကြီးထဲတွင် သီးနှံအစုံအလင်စိုက်ပျိုးထားသော အဘိုး၏ ခြံလေးသည် နေချင်စဖွယ်ဖြစ်လေသည်။ ထိုခြံထဲမှ လှမ်းမျှော်ကြည့်လျှင် ရခိုင်ရိုးမတောင်တန်းကြီးကို မှိုင်းပျပျတွေ့မြင်ရလေသည်။ ၃မိုင်ခန့်ဆက်၍ သွားလျှင် ငဖဲဆည်သို့ ရောက်ရှိသည်ဟု အဘိုးက ပြောပြပါသည်။ နောက်တစ်နေ့ နံနက်တွင် ရန်ကုန်မှ ဆွေမျိုးများ ထပ်ရောက်လာလေသည်။ သားသမီးမြေးမြစ်များကို ကြည့်ကာ အဘိုးသည် ဝမ်းသာကြည်နှုးနေဟန်ရှိပါသည်။ ညနေစာအဖြစ် ဝါစေ့ပင်ပေါက် လဲလူရွက် ဗူးရွက် ဆူးပုတ်ကြီးတို့ဖြင့် ချက်ပြုတ်ထားသော ဟင်းရည်နှင့် မန်းချောင်းမှ ရသည် ငါးသေးသေးလေးများကို ရောသမကာ ချက်ပြုတ်ထားသည့် ငါးဟင်းတို့ဖြင့် တည်ခင်းကျွေးမွေးပါသည်။ စားကောင်းလိုက်ကျသည်မှာ ဆန်တစ်ပြည်ချက်ကို တက်တက်စင်ပြောင်လေတော့သည်။

Sort:  

ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

@suhlaing, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

အယ်​ ငဖဲမြို့​လေက ​နေချင်​စရာ​လေး​နော်​ အဲ့လိုသစ်​ပင်​​လေး​တွေအုံအုံ့ဆိုင်းဆိုင်း​လေးနဲ့ ​လေ​ကောင်း​လေသန့်​​လေးနဲ့ တအား​အေးချမ်းမယ်​​နော်

Posted using Partiko Android

တကယ်နေချင်စရာမြို့လေးပါ အေးအေးချမ်းချမ်းနဲ့ ရိုးသားကျတယ်

မဖဲ အနွယ်ဝင်လေးလား😁

Posted using Partiko Android

ဟုတ်ဘူးရယ် နော့

မိတ်ဆွေ၏ ပိုစ့်အား C2 Myanmar Cuation အဖွဲ့မှာ ရွေးချယ်လိုက်ပါသည်။

ကျေးဇူးပါ

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 70223.87
ETH 3561.28
USDT 1.00
SBD 4.73