Single Motherများရဲ့ ကိုယ်ပိုင်ဘဝ

in #myanmar6 years ago

ကိုယ်ခွဲမရှိတဲ့ single motherတွေ အတွက် ကလေးတဖက် အလုပ်တစ်ဖက်နဲ့အင်မတန် ပင်ပန်းလှပါတယ်။ ကလေးထိန်းရတာ လွယ်ကူတဲ့ အလုပ်မဟုတ်ဘူးဆိုတာ ကလေး မိခင်တိုင်းသိကျပါတယ်။ ကိုယ့်သားသမီး ဘယ်အရွယ်ဘဲဖြစ်ဖြစ် မိခင်ဖြစ်သူက ပင်ပန်းရတာပါဘဲ။ လသားအရွယ်တုန်းကလည်း အိပ်ရေးပျက် အစားပျက်နဲ့ ဖြတ်သန်းခဲ့ရသလို နှစ်သားအရွယ်ရောက်လာပြန်တော့လည်း ကလေးထိန်းကျောင်းခြင်းကိစ္စ အလုပ်ကိစ္စများနှင့် စိတ်ဖိစီးမှု ခံကျရပြန်ပါတယ်။

image
credit image source

ဒီလို မိခင်မျိုးတွေအတွက် နေ့စဉ်ဘဝကို ဘယ်လိုဖြတ်သန်းကျမလဲဆိုတာ နည်းနည်း တွေးကြည့်ရအောင်။ ပညာစတင်သင်ကြားရတော့မဲ့ မူလတန်းအရွယ် မိခင်တစ်ယောက်ရဲ့ နေ့စဉ်ဘဝကို ပုံဖော်ကြည့်ကျပါစို့။ ရုံးမှာ အလုပ်လုပ်တဲ့ မိခင်ဖြစ်တဲ့အတွက် ရုံးချိန်အမီ ရောက်ဖို့ ပြင်ဆင်ခြင်းနဲ့အတူ ကလေးကျောင်းပို့ရေး ကိစ္စက ထည့်သွင်းစဉ်းစားရပါပြီ။ ကိုယ့်အထက်လူကြီးက နားလည်မှုပေးပြီး အနည်းငယ်နောက်ကျခြင်းအတွက် လက်ခံပေးတဲ့ လူကြီးရှိသလို သေးသေးတင်မခံတဲ့ စာအုပ်သမားမျိုးလည်း ရှိပါတယ်။ ဒါဆိုရင် ကလေးကျောင်းကို ကိုယ်တိုင်လိုက်ပို့ရတဲ့ မိခင်တစ်ယောက်အတွက် လုပ်ငန်းခွင်မှာ အဆင်မပြေမှုတွေ စတင်ပြီပေါ့။ ဒါကို ဘယ်လိုဖြေရှင်းကျမလဲ။ အကောင်းဆုံးကတော့ မိမိအိမ်နဲ့အနီးစပ်ဆုံး စာသင်ကျောင်းမှာ ကလေးကျောင်းထားခြင်းပါ။ အပို့ အကြို လွယ်ကူစေပါတယ်။ ဒါပေမဲ့ အနီးဆုံးကျောင်းက မိခင်ရဲ့ ပညာရေး planနဲ့ အံမဝင်ဘူးဆိုရင်တော့ ပညာရေးကောင်းတဲ့ အိမ်နဲ့ အနည်းငယ်ဝေးတဲ့ ကျောင်းကို ထားနိုင်ပါတယ်။

image
credit image source

ဒီအချက်မှာ အဓိကက ကျောင်းအပို့ အကြိုကိစ္စဖြစ်လာပါပြီ။ ဒါဆိုရင်တော့ ကျောင်းဖယ်ရီသည် ဖြေရှင်းနိုင်မဲ့ အချက်ဖြစ်ပါတယ်။ကျောင်းရဲ့ ဖယ်ရီနဲ့ ထည့်ပါ။ ကျောင်းအပို့ အကြို ကိစ္စမှာ ကလေးရဲ့ လူနေမှုဘဝ ဘေးကင်းလုံခြုံဖို့လည်း လိုအပ်ပါတယ်။ မိခင်ကိုယ်တိုင် လိုက်ပို့မှာ မဟုတ်တဲ့အတွက် စိတ်ချရတဲ့ ကျောင်းဖယ်ရီနဲ့ ထည့်ပါလို့ အကြံပေးချင်ပါတယ်။ အစိုးရကျောင်းထက် ကိုယ်ပိုင်ကျောင်းတွေရဲ့ အားသာချက်ကတော့ ကျောင်းရှေ့ ဝင်ပေါက်ထွက်ပေါက်မှာ ကလေးများကို တာဝန်ရှိသူတွေက စနစ်တကျ ကြိုဆိုခြင်းနဲ့ ကျောင်းဆင်းချိန်မှာ လာကြိုတဲ့ မိခင် ဒါမှမဟုတ် ဆွေမျိုးတစ်ဦးဦးကို သေချာထည့်ပေးခြင်းများဘဲ ဖြစ်ပါတယ်။ ဒါအပြင် နေ့လည်ဘက် ထမင်းစားချိန်မှာ ဆရာမတစ်ဦးမှ စောင့်ကြပ်ပြီး ထမင်းစားစေခြင်းများဟာ အလုပ်တစ်ဖက်နဲ့ မိခင်များအတွက် ပိုမိုသင့်လျော်သော အချက်များဖြစ်ပါတယ်။

ဆက်ရန်...
@suhlaing
msc 175

Sort:  

သြော်..သံယောဇဉ်..မက်မက်စုလဲတော်တော်ပင်ပမ်းမှာ။

ဒါကြောင့် steemမှာ စာတွေ ကြိုးစားရေးနေတာပေါ့အေ ၂၀၂၀မှာ ဘောစိမ ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့

ဟုတ်​တယ်​ အစ်​မ​ရေ .. လင်​မယားနှစ်​​ယောက်​ကို က​လေးနှစ်​​ယောက်​နဲ့ ​ဒေါင်​ချာစိုင်း​နေတာ .. single mother ​တွေ ဆို အရမ်းပင်​ပန်းကြမှာပဲဗျာ ..

ခုခေတ်က အရင်ခေတ်လို ပြီးပြီရောမရဘူး မောင်လေးရေ သက်ငယ်မုဒိန်းကြောက်ရ ကလေးပျောက်မှာကြောက်ရနဲ့ မလွယ်ဘူးအေ

အမရေခလေးတစ်ကိုနှစ်ယောက်ရှိတာတောင်မလွယ်ဘူး ။ကိုယ်တွေကလက်တွေ့ပဲ😋😋😋

ယောက်ျားလေးမွေးထားရင် ပိုဆိုးအေ

သူငယ်​ချင်းက​လေးအ​မေ​တွေကြည့်​ရတာနဲ့ကို​က​လေးတစ်​​ယောက်​တာဝန်​ဆိုတာမလွယ်​မှန်းသိလာတယ်​။

အပျိုကြီးတော့ လုပ်ပါနဲ့အေ မအိ

ဒုက္ခ ဆိုတာ သမုဒယ ကြောင့်ပဲလေ၊ ပိုင်တယ်ထင်လို့ပူပင်ရတယ်၊ ဆိုင်တယ်ထင်တော့ သောကပွေရတယ်။ ရင်လည်းဆုံးရှုံးမှာပူရ၊ မရသေးတော့လဲ ရည်မှန်းချက်မပြည့်မှာပူရ၊ သမုဒယမကင်းသမျှဒုက္ခတွေခံနေရဦးမှာပဲလေ။

ဟုတ်ကဲ့ပါ ဆရာ

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

You got a 7.02% upvote from @redlambo courtesy of @suhlaing! Make sure to use tag #redlambo to be considered for the curation post!

Congratulations, your post received 7.54% up vote form @spydo courtesy of @suhlaing! I hope, my gratitude will help you getting more visibility.
You can also earn by making delegation. Click here to delegate to @spydo and earn 95% daily reward payout! Follow this link to know more about delegation benefits.

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.033
BTC 64647.16
ETH 3160.49
USDT 1.00
SBD 4.13